Pages

Sunday, July 20, 2014

(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ

ယနေ့ကျရောက်သော (၆၇)နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့သည့် နိုင်ငံတော် အခမ်းအနား၌ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း။လွတ်တော်နှစ်ရပ်မှဥက္ကဌများ နှင့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အစိုးရအကြီးအကဲများထဲမှ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ အာဇာနည်နေ့အခမ်းအနား ကျင်းပရာ အာဇာနည်ဗိမ္မာန်သို့ ပထမဆုံးအကြိမ် တက်ရောက် အလေးပြု၍ လွမ်းသူပန်းခွေ ချခဲ့ကြောင်း သိရသည်။
ယခင်နှစ်များနည်းတူ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များ ၊ သံတမန်များ ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များလည်း ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ တက်ရောက် အလေးပြုကာ လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။
ထို့အပြင် ၁၉၈၈ခုနှစ်နှောင်းပိုင်းကတည်းက ဖျက်သိမ်းခဲ့သော အာဇာနည်နေ့ ဖြစ်သည့် ဇူလိုင်လ(၁၉)ရက်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် မနက်(၁၀)နာရီ (၃၇)မိနစ်တွင် ဥသြဆွဲသည့်ဓလေ့ကို ယခုနှစ်တွင် ပြန်လည် ပြုလုပ်စေခဲ့ကြောင်း သိရသည်။
ဇူလိုင်(၁၉)ရက်နေ့ မနက်(၁၀)နာရီ (၃၇)မိနစ်တွင် ထိုကဲ့သို့ အောက်မေ့ဖွယ် ဥသြဆွဲခြင်းများကို ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်မီးသတ်တိုင်းတွင် ပြုလုပ်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားထားကြောင်း ဇူလိုင်လ(၁၈)ရက်နေ့ည (၁၀)နာရီခန့်တွင် ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက အတည်ပြုခဲ့သည်။
ထိုနည်းတူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ Facebook စာမျက်နှာတွင် နိုင်ငံတော်သမ္မတမှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် ဇူလိုင်(၁၉)ရက်နေ့တွင် ဆွမ်းကပ်လှူမည်ဟု ဇူလိုင်လ(၁၈)ရက်နေ့ ည(၁၀)နာရီဝန်းကျင်ခန့်က ရေးသားဖော်ပြထားခဲ့ကြောင်း သိရသည်။
ယနေ့ကျရောက်သော (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြန်မာနိုင်ငံ အရပ်ရပ်ရှိ တသီးပုဂ္ဂလများ ၊ အဖွဲ့အစည်းများက မြို့နယ်နေရာဌာန အသီးသီးတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် အလေးပြုခြင်း ၊ ပန်းခွေချခြင်း ၊ ဆွမ်းကပ်လှူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

 Credit to > Mizzima < Thank

No comments:

Post a Comment