Pages

Thursday, July 31, 2014

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်

အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။
အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။
သြဂုတ်လ ၁၅ ရက်နေ့အထိ အင်တာနက်စနစ်ကို 20MB အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သော်လည်း ကန့်သတ်ရက် ကျော်လွန်ပါက 1MB လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း အော်ရီဒူးအရောင်း ကိုယ်စားလှယ်များက ပြောဆိုထားသည်။ အဆိုပါ အင်တာနက်ဈေးနှုန်းသည် အသုံးပြုသူများအတွက် များပြားသည့်နှုန်းထားဖြစ်သည်ဟုလည်း အင်တာနက်အသုံးပြုသူများ က ဝေဖန်ထားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဒေတာစနစ်ကူးပြောင်း၍ အင်တာနက်အသုံးပြုခကောက်ခံမည်ဟု ကြေညာခဲ့သောဈေးနှုန်းသည် ယခုကဲ့သို့များပြားခြင်းမရှိခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန် ထောက်ပြခဲ့သည်။
အော်ရီဒူးသည် ၎င်းတို့၏ဖုန်းလိုင်းများအချင်းချင်း ခေါ်ဆိုမှုကို ၂၅ ကျပ်အဖြစ် သတ် မှတ်ပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းများဆီသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ခဲ့သည်။ စာတိုပို့စနစ်၌လည်း အော်ရီဒူးသည် မြန်မာ့ဆက်သွယ်ရေး ကောက်ခံသည့်နှုန်းထားများအတိုင်း စာတိုတစ်စောင်လျှင် ၂၅ ကျပ်သာ ပြန်လည်သတ်မှတ်ပေးခဲ့သည်။ ထူးခြားမှုအနေဖြင့် အော်ရီဒူးသည် ၎င်းတို့မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ငွေဖြည့်ကတ်များကို ၁ ထောင်ကျပ်မှစတင်၍ ၂ သောင်းကျပ်အထိ ၀ယ်ယူအသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

Credit to > Internet Journal < Thank

ဝန်ထမ်း အလိုရှိသည်။

MCC ( ကျိုက်ထို) ကွန်ပျူတာသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်း အလိုရှိသည်။

ကွန်ပျူတာဘာသာရပ် သင်ကြားနိုင်သူ          - ဆရာ/ဆရာမ - (၁) ဦး

လိုအပ်သောအရည်အချင်းများ...
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။ သိပ္ပံဘွဲ့ ဦးစားပေးမည်။
- ကွန်ပျူတာဘာသာရပ်ကို အခြေခံမှစ၍ ကျွမ်းကျင်စွာ သင်ကြားနိုင်ရမည်။
- အင်္ဂလိပ်စာ အခြေခံ ရေး/ဖတ် နားလည်ရမည်။
- အိမ်ထောင်မရှိသူ ဦးစားပေးမည်။
- လုပ်ငန်းအပေါ် အမှန်တကယ် စိတ်ပါဝင်စားမှုရှိပြီး သင်တန်းအောင်မြင်မှုကို ထာဝစဉ်ကြိုးစား အကြံဥာဏ်ပေးနိုင်ရမည်။

ခံစားခွင့်များ...........
- လစာအပြင် သင်တန်းသား/သူ တစ်ဦးစီအလိုက် ခံစားခွင့်များရှိသည်။
- အစမ်းခန့်ကာလ (၃) လအပြီး လုပ်ငန်းတိုးတက်မှုအပေါ်မူတည်၍ Bonus ခံစားခွင့်များရှိသည်။
- အဆင့်မြင့်သင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချပေးမှုကို သင်တန်းကျောင်းမှ ထပ်မံပံ့ပိုးသင်ကြားပေးမှုများ ပြုလုပ်ပေးသွားမည်။
- ထိုကဲ့သို့ အဆင့်မြင့် သင်တန်းများ ဆက်လက် သင်ကြားပေးနိုင်လျှင် လစာနှင့် အခြားခံစားခံစားခွင့်များ ပိုမိုရရှိမည်။

စိတ်ပါဝင်စားသူများအနေဖြင့် တစ်လအတွင်း ရိုက်ထားသော Passport ပုံ (၂) ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ တို့ဖြင့် (၁၁.၈.၂၀၁၄) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း သင်တန်းခန်းမသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်စုံစမ်းရန် -  အမှတ် (၁၂) ခရေပင်လမ်းမကြီး၊ ဇေယျာမွန်ရပ်ကွက်၊ ကျိုက်ထိုမြို့။
                          - ဖုန်း - ၀၉-၄၂၅၃၁၂၈၂၀
                          - E-mail - thihawin3@gmail.com

မှတ်ချက်။            ။ ဝန်ထမ်းလျှောက်လွှာများကို MCC ( ကျိုက်ထို ) သင်တန်းခန်းမတွင် အခမဲ့ ထုတ်ယူနိုင်သည်။

Tuesday, July 29, 2014

၂၀၀၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ၁၀နှစ်တာကာ လအတွင်း တပ်မတော်တွင်အခြားအဆင့်ဖြင့် တာဝန်ထမ်း ဆောင်ကာ သက်ပြည့်ပင်စင်ယူခဲ့ သည့် တပ်မတော်သားများအ တွက် အငြိမ်းစားလုပ်သက်ဆု ကြေးမှ ခုနှိမ်၍ ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးအတွက် အထပ် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသတင်းရရှိသည်။

Credit to > 7Day daily < Thank
သမ္မတဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ ၂ ဦးကို ရာထူးမှ နုတ်ထွက် အနားယူခွင့်ပြုလိုက်ကြောင်း ယနေ့ ည ၈ နာရီ အစိုးရရုပ်မြင်သံကြားသတင်းဌာနက ကြေညာသွားသည်။ သမ္မတဦးသိန်းစိန်သည် ၀န်ကြီးများ နှင့် ဒုဝန်ကြီးများ ဖယ်ရှားရာတွင် မိမိဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဆိုသော စကားရပ်ကိုသာ အများဆုံး သုံးစွဲလေ့ရှိသည်။

Credito to > Facebook < Thank

Ooredoo SIM Card များကိုစတင်ဝယ်ယူရရှိနိုင်

JULY 29, 2014
ooredoosimcardကိုမန္တလေးရှိအရောင်းဆိုင်များတွင်စတင်ဝယ်ယူရရှိနိုင်နေပြီဟုသိရသည်။ Ooredoo SIM Card1cardကို၁၅၀၀ကျပ်ဖြင့်ရောင်းပေးသွားမည်ဟုသိရသည်။
Ooredoo SIM Card အချင်းချင်းဖုန်းခေါ်ဆိုပါက ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်ခန့်သာကျသင့်မည်ဖြစ်ပြီး ooredoo မှ MPT ကဲ့သို့သော တခြား Mobile Network များမှဖုန်းများသို့ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ကျသင့်မည်ဖြစ်သည်။ SMS ပေးပို့ပါက SMS တစ်စောင်လျှင် ၂၅ ကျပ်ခန့်ကျသင့်မည်ဖြစ်သည်။ မိုဘိုင်း Internet အနေဖြင့် Plan အသေးစိတ်ကိုမသိရှိရသေးသော်လည်း Mobile Data ပမာဏ 1 MB အသုံးပြုလျှင် ၂၅ ကျပ်ကောက်ခံမည်ဟု သိရသည်။
သို့သော် သြဂုတ်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ အောက်ပါအသုံးပြုခများကို Ooredoo က Free သတ်မှတ်ထားကြောင်းသိရသည်။

Ooredoo ဖုန်းအချင်းချင်း မိနစ် 900 ဖုန်းပြောခ
MPT Network ဖုန်းများသို့ မိနစ် 90 ဖုန်းပြောခ
Ooredoo ဖုန်းအချင်းချင်း SMS အစောင်ရေ ၉၀၀ ပို့ခ
MPT Network ဖုန်းများသို့ SMS အစောင်ရေ ၉၀ ပို့ခ
တစ်နေ့လျှင် မိုဘိုင်းအင်တာနက် Data ပမာဏ 20 MB အခမဲ့
Ooredoo Myanmar SIM card ဝယ်ရန် နီးစပ်ရာ Ooredoo SIM Card အရောင်းဆိုင်များသို့ မှတ်ပုံတင် မိတ္တူ ကိုယူဆောင်လာရန်လိုအပ်ကြောင်းသိရှိရသည်။
=========================
Credit to > Moon Moon (Yee Shin Mobile) < Thank
Like

Ooredoo ဆင်းကဒ်များ ရောင်းမလောက်

အိုရီဒူးဖုန်းဆင်းကဒ်များ ကို နေပြည်တော်တွင် ယနေ့ ညနေပိုင်းမှ စတင်ရောင်းချခဲ့ရာ ဆိုင်အချို့ မှာ ဆင်းကဒ်ဝယ်မရအောင်ကုန်သွားခဲ့ပြီးဆိုင်အချို့ မှာတော့ ကျိတ်ကျိတ် တိုးဝယ်ယူနေဆဲဖြစ်ပါတယ်။


Like

မန္တလေးနဲ့ နေပြည်တော် ရှိ ဖုန်းဆိုင်အချို့မှာ အူရီဒူးဆင်းကတ်တွေ စရောင်းပြီ

အူရီဒူးမြန်မာရဲ့ ဆင်းကတ်တွေ ကို မန္တလေးနဲ့ နေပြည်တော်ရှိ အူရီဒူးကိုယ်စားလှယ် ဖုန်းဆိုင်တချို့မှာ ယနေ့စတင်ရောင်းချနေပြီ လို့ သိရပါတယ်။
မှတ်ပုံတင်ရှိသူတိုင်း ဝယ်ယူနိုင်ပြီး မှတ်ပုံတင်တခုကို ဆင်းကတ် ၂၀ အထိဝယ်ယူနိုင်ပြီး အင်တာနက်လိုင်း တပါထဲပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ၁၅ ရက်အတွင်း ooredoo ဆင်းကတ်အချင်းချင်း မိနစ် ၉၀၀ စာတို ၉၀၀၊ mpt ဆင်းကတ်ကို မိနစ် ၉၀ စာတို ၉၀ ပိုခွင့်အခမဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။
video calling | miss call alert နဲ့ voice mail ဝန်ဆောင်မှုတွေလဲပါဝင် ပြီး အင်တာနက်ကတနေ့ကို ၂၀ MB အခမဲ့သုံးခွင့်ပါဝင်တာဖြစ်ပါတယ်။
အင်တာနက် အသုံးပြု ကောက် ခံတာကိုတော့ data plan နဲ့ကောက်ခံဖွယ်ရှိတယ်လို့ သိရပါတယ်။
မန္တလေး ဟွာဝေးမှ တာဝန်ရှိသူတဦးက ` ဒီနေ့ ဆင်းကတ် ၄၀၀ ရတယ်။ သြဂုတ် နှစ်ရက်နေ့ ကျရင်တော့ လိုသလောက်ရမယ် ပြောတယ်။ အင်တာနက်က ဒေတာ plan နဲ့ဖြစ်ဖို့ များပေမယ့် ခုထက်ထိသေချာမပြောသေးဘူး´ လို့ ဆိုပါတယ်။
` တချို့တွေပြောနေသလို အင်တာနက် သုံးခ 1MB ကို ၂၅ ကျပ်သာဆိုရင် ဖန်းဝဲတခုက 1 GB လောက်ရှိတာ ကျပ်နှစ်သောင်းခွဲလောက် ကျမှာပေါ့။နဲနဲတော့များတယ်´ လို့လည်း အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။
အော်ပရေတာပိုင်း အတွေ့အကြုံမရှိတဲ့ မြန်မာနိုင်ငံမှာ ဆင်းကတ်ရောင်းချမှု စတင်ပြုလုပ်ပေမယ့် တိကျသေချာတဲ့ ရောင်းချမှုပုံစံနဲ့ တာဝန်ယူမှုအပိုင်းတွေ ကိုတော့ အူရီဒူးမြန်မာက ပြောဆိုခြင်းမရှိသေးပါဘူး။


Credit to > Facebook < Thank

တစ်မိနစ် ၂၅ ကျပ်နဲ့ဖုန်းခေါ်နိုင်မယ့် MPT ရဲ့ဝန်ဆောင်မှုအသစ်

JULY 29, 2014 ·
MPT ကနေ MPT ရဲ့မိုဘိုင်းဖုန်းကိုင်ဆောင်သူများကို တစ်မိနစ် ၂၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်သစ်ကိုချပြလိုက်ပြန်ပါတယ်။ ဒီအစီအစဉ်မှာတော့
မိမိနဲ့အမြဲဖုန်းပြောဖြစ်တဲ့ ဖုန်းနံပါတ်သုံးခုကို ဖုန်းနံပါတ် ၁၃၃၁ ထံသို့ Message ပို့စာရင်းသွင်းထားရမယ်လို့ဆိုပါတယ်။ Message ပို့ရမယ့်ပုံစံကတော့
ဥပမာ – ADD 095888999
အထက်ပါပုံစံအတိုင်း Message တစ်စောင်ပေးပို့ပြီးတိုင်း “Success ! You can call 095888999 for 25 kyats/min until 2014-8-31″ ဆိုတဲ့ Message ကိုအသုံးပြုသူဘက်က လက်ခံရရှိမယ်လို့သိရပါတယ်။
Message သုံးစောင်အထိပေးပို့နိုင်ပြီဖြစ်ပြီး ဖုန်းနံပါတ်သုံးခု (Message သုံးစောင်) ထက်ကျော်လွန်သွားပါက “Sorry you have exceeded friend list ,you can add only 3 friends..” ဆိုတဲ့ Message ကို အသုံးပြုသူမှလက်ခံရရှိမယ်လို့ သိရပါတယ်။
မိမိ အနေဖြင့် မည်သည့်နံပါတ်သုံးခုကို Message ပေးပို့ခဲ့သည်ကို ပြန်လည်စစ်ဆေးလိုပါက ဖုန်းနံပါတ် ၁၃၃၁ သို့ VIEW ဟူသော Message ရိုက်ပြီး ပေးပို့ရပါမည်။ အသုံးပြုသူဘက်မှ “Your friend list is= 094111222 092561238 0940261139 ” စသဖြင့် ကိုယ် သတ်မှတ်ထားခဲ့သော ဖုန်းနံပါတ် စာရင်းကို Message အနေဖြင့်ပြန်လည်လက်ခံရရှိပါမည်။
စာရင်းသွင်းထားသော ဖုန်းနံပါတ်ကို အခြားဖုန်းနံပါတ်တစ်ခုခုဖြင့် အစားထိုးပြောင်းလဲလိုပါက MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးမည့်ဖုန်းနံပါတ်အသစ်) တို့ကိုရိုက်ပြီး ဖုန်းနံပါတ် ၁၃၃၁ သို့ Message ပေးပို့ရမည်လို့သိရပါတယ်။
ဥပမာ- MODIFY 094111222 094777888
အသုံးပြုသူဘက်မှ “Number 094777888 is now your new friend list” ဟူသည့် Message ကိုလက်ခံရရှိပါမည်။
ယခုဝန်ဆောင်မှုအစီအစဉ်ကို အသုံးပြုမည်ဆိုပါက ဖုန်းထဲတွင်ရှိသော ငွေလက်ကျန်ထဲမှာ ၂၅၀၀ ကျပ်ကို ၀န်ဆောင်ခအနေဖြင့်နှုတ်ယူသွားမည်ဟုဆိုသည်။ ဒီအစီအစဉ်ကို ကိုယ့်ဖုန်းမှာစတင်အသုံးပြုသည့်အချိန်မှစ၍ ရက်ပေါင်းသုံးဆယ်တိတိအသုံးပြုနိုင်မယ်လို့သိရပါတယ်။
လောလောဆယ်တွင် GSM/WCDMA ဖုန်းများတွင်သာ တစ်မိနစ် ၂၅ ကျပ် ဖုန်းနံပါတ်သုံးခု အစီအစဉ်ကို အသုံးပြုနိင်သေးပြီး CDMA ဖုန်းများအတွက်လည်း မကြာခင် အသုံးပြုနိုင်မည်ဟုသိရသည်။
================
Thet Naing Soe
တစ်မိနစ် ၂၅ ကျပ်နဲ့ဖုန်းခေါ်နိုင်မယ့် MPT ရဲ့ဝန်ဆောင်မှုအသစ် ================================= JULY 29, 2014 · MPT ကနေ MPT ရဲ့မိုဘိုင်းဖုန်းကိုင်ဆောင်သူများကို တစ်မိနစ် ၂၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်သစ်ကိုချပြလိုက်ပြန်ပါတယ်။ ဒီအစီအစဉ်မှာတော့ မိမိနဲ့အမြဲဖုန်းပြောဖြစ်တဲ့ ဖုန်းနံပါတ်သုံးခုကို ဖုန်းနံပါတ် ၁၃၃၁ ထံသို့ Message ပို့စာရင်းသွင်းထားရမယ်လို့ဆိုပါတယ်။ Message ပို့ရမယ့်ပုံစံကတော့ ဥပမာ – ADD 095888999 အထက်ပါပုံစံအတိုင်း Message တစ်စောင်ပေးပို့ပြီးတိုင်း “Success ! You can call 095888999 for 25 kyats/min until 2014-8-31″ ဆိုတဲ့ Message ကိုအသုံးပြုသူဘက်က လက်ခံရရှိမယ်လို့သိရပါတယ်။ Message သုံးစောင်အထိပေးပို့နိုင်ပြီဖြစ်ပြီး ဖုန်းနံပါတ်သုံးခု (Message သုံးစောင်) ထက်ကျော်လွန်သွားပါက “Sorry you have exceeded friend list ,you can add only 3 friends..” ဆိုတဲ့ Message ကို အသုံးပြုသူမှလက်ခံရရှိမယ်လို့ သိရပါတယ်။ မိမိ အနေဖြင့် မည်သည့်နံပါတ်သုံးခုကို Message ပေးပို့ခဲ့သည်ကို ပြန်လည်စစ်ဆေးလိုပါက ဖုန်းနံပါတ် ၁၃၃၁ သို့ VIEW ဟူသော Message ရိုက်ပြီး ပေးပို့ရပါမည်။ အသုံးပြုသူဘက်မှ “Your friend list is= 094111222 092561238 0940261139 ” စသဖြင့် ကိုယ် သတ်မှတ်ထားခဲ့သော ဖုန်းနံပါတ် စာရင်းကို Message အနေဖြင့်ပြန်လည်လက်ခံရရှိပါမည်။ စာရင်းသွင်းထားသော ဖုန်းနံပါတ်ကို အခြားဖုန်းနံပါတ်တစ်ခုခုဖြင့် အစားထိုးပြောင်းလဲလိုပါက MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးမည့်ဖုန်းနံပါတ်အသစ်) တို့ကိုရိုက်ပြီး ဖုန်းနံပါတ် ၁၃၃၁ သို့ Message ပေးပို့ရမည်လို့သိရပါတယ်။ ဥပမာ- MODIFY 094111222 094777888 အသုံးပြုသူဘက်မှ “Number 094777888 is now your new friend list” ဟူသည့် Message ကိုလက်ခံရရှိပါမည်။ ယခုဝန်ဆောင်မှုအစီအစဉ်ကို အသုံးပြုမည်ဆိုပါက ဖုန်းထဲတွင်ရှိသော ငွေလက်ကျန်ထဲမှာ ၂၅၀၀ ကျပ်ကို ၀န်ဆောင်ခအနေဖြင့်နှုတ်ယူသွားမည်ဟုဆိုသည်။ ဒီအစီအစဉ်ကို ကိုယ့်ဖုန်းမှာစတင်အသုံးပြုသည့်အချိန်မှစ၍ ရက်ပေါင်းသုံးဆယ်တိတိအသုံးပြုနိုင်မယ်လို့သိရပါတယ်။ လောလောဆယ်တွင် GSM/WCDMA ဖုန်းများတွင်သာ တစ်မိနစ် ၂၅ ကျပ် ဖုန်းနံပါတ်သုံးခု အစီအစဉ်ကို အသုံးပြုနိင်သေးပြီး CDMA ဖုန်းများအတွက်လည်း မကြာခင် အသုံးပြုနိုင်မည်ဟုသိရသည်။

Credit to > Facebook < Thank

မန္တလေးဆူပူမှုဖြစ်အောင် မုဒိမ်းမှုလီဆယ်တိုင်ခဲ့သူများအား ဖမ်းမိ

ဇူလိုင်လက ဖြစ်ပွားခဲ့သော မန္တလေးဆူပူမှု စတင်ရန်အကြောင်းဖြစ်သည့် မုဒိမ်းမှုအတုအား လီဆယ်တိုင်ကြားခဲ့သူ ရဲထွဋ် ၊ အပေါင်းအပါ နှစ်ဦးဖြစ်သည့် မဟေမာကျော် နှင့် ဒေါ်မာလာတို့အား ဇူလိုင်လ(၂၆)ရက်နေ့၌ ထိုင်းနိုင်ငံ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား ထိုင်းဘက်မှ မြဝတီ လဝကအား လွှဲပြောင်းအပ်နှံခဲ့ကာ ဇူလိုင်လ(၂၇)ရက်နေ့တွင် မဟေမာကျော် နှင့် ဒေါ်မာလာတို့ကို မန္တလေးခရိုင် ပြင်ဦးလွင်မြို့နယ်သို့ လွှဲပြောင်းပေးခဲ့ပြီး ရဲထွဋ်ကို ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
မဟေမာကျော် နှင့် ဒေါ်မာလာ တို့အား မန္တလေးခရိုင် ပြင်ဦးလွင်မြို့နယ် အမှုဖွင့်ထား၍ ပြင်ဦးလွင်သို့ လွှဲပြောင်းပေးခဲ့ကာ လိမ်လည်မှု ၊ တရားရုံး မထီမဲ့မြင် ပြုမှုများဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲထွဋ်ကိုမူ စစ်ဆေးထွက်ရှိချက်အပေါ် မူတည်၍ ပုဒ်မများ ထပ်တိုးလာမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

Credit to > EMG < Thank

အမြန်လမ်းမကြီးပေါ် ယာဉ်မတော်တဆမှုဖြစ်ပါက Hot Line နံပါတ် ၁၈၈၀ သို့ ခေါ်ယူနိုင်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျောက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက Hot Line နံပါတ် ၁၈၈၀ သို့ အရေးပေါ်ခေါ်ဆိုမှုကို ဇူလိုင်(၂၈)ရက်နေ့မှ စတင်ခေါ်ယူပြီး အကူအညီတောင်းခံနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို Hot Line နံပါတ် ၁၈၈၀ ဟာ ယာဉ်မတော်တဆမှုများကို သတင်းမေးခေါ်ဆိုနိုင်ဖို့ ထားခြင်းမဟုတ်ဘဲ ယာဉ်မတော်တဆမှုဖြစ်ပါက အကူအညီတောင်းနိုင်ရန် နှင့် သတင်းပေးပို့နိုင်ရန် ဖြစ်ကြောင်း Blue Ocean Operating Management မှ ဒါရိုက်တာ ဦးတင်ကိုကိုဝင်းက ပြောဆိုခဲ့ကြောင်း သိရသည်။
၎င်းဖုန်းလိုင်း၏ လုပ်ဆောင်မှုမှာ အဆိုပါဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ပြီဆိုပါက သက်ဆိုင်ရာ အကူအညီပေးသည့် အဖွဲ့အစည်းများ ငါးမိနစ်အတွင်း ရောက်ရှိအောင် Hot Line နံပါတ် ၁၈၈၀မှတဆင့် အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် အမြန်လမ်းရဲတပ်ဖွဲ့ ၊ မီးသတ်ယာဉ် ၊ လူနာတင်ယာဉ် နှင့် ပြုပြင်ထိန်းသိမ်းရေးယာဉ်များမှ လာရောက် အကူအညီပေးမည်ဖြစ်ကာ စီစဉ်ဆောင်ရွက်ပြီးမှုများကို မူလအကူအညီတောင်ခံသူသို့ ဖုန်းနံပါတ် ဝ၁၂၃၉၉၈၈၀ မှ ပြန်လည်သတင်းပို့ပေးသွားမည်ဟု သိရသည်။
Hot Line နံပါတ် ၁၈၈၀ အကြောင်းမိတ်ဆက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင်လ(၂၈)ရက်နေ့က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် Blue Ocean ကုမ္ပဏီမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Credit to > Mizzima < Thank

ရဲကမုဒိမ်းပြုကျင့်စဉ် မိန်းကလေးဘက်က ဝင်ကူသည့် ဆိုင်ကယ်သမားနှစ်ဦး ထောင်ကျ

ရဲတပ်ကြပ်တစ်ဦးက အသက် ၁၆ နှစ် အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တွင် ၀င်ရောက်ကူညီခဲ့သည့် ဆိုင်ကယ်သမား ငါးဦးကို တရားစွဲဆိုထားသည့်အနက်မှ နှစ်ဦးကို ထောင်ဒဏ် တစ်နှစ်စီကျခံရန် လှိုင်သာယာမြို့နယ်တရားရုံးမှ ဇူလိုင်လ ၂၃ ရက်တွင် အမိန့် ချမှတ်လိုက်သည်ဟု အမှုကို လိုက်လံဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဇူလိုင်လ ၂၅ ရက်တွင် ပြောခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ရဲအဓမ္မပြုကျင့်၍ ၀င်ရောက်ကယ်တင်ခြင်းကို ၀တ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲကာ ဖမ်းဆီးချုပ်နှောင်ထားသည့်အတွက် ရပ်ကွက်နေ ပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက “ချုပ်ရက်နုတ်ပြီး ထောင်ဒဏ်ကျခံရမှာ ဖြစ်တယ့်အတွက် သူတို့ချုပ်ရက်ကိုနုတ်ရင် နောက်ထပ် တစ်လနီးပါးလောက်ဆိုရင် လွတ်ပါပြီ” ဟု ပြောသည်။
စွဲချက်တင်ခံထားရသည့် ဆိုင်ကယ်ကယ်ရီသမား ငါးဦးအနက်မှ လင်းလင်း၊ ထက်အောင်၊ တင်မောင်ခိုင် သုံးဦးကို အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ရန် အမိန့်ချခဲ့ပြီး ဦးစစ်ပြန်ကြီး (ခ) ဦးသောင်းထွန်းနှင့် သန်း ၀င်းအောင်(ခ)ကုလားလေးတို့က ထောင်ဒဏ်တစ်နှစ်စီ ချုပ်ရက်နုတ်၍ ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်က ရွှေပြည်သာကြိုးတံတားအနီး ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ် တစ်ဦးက အသက် ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်တွင် ၀င်ရောက်ကယ် တင်ခဲ့သည့် ဆိုင်ကယ်ကယ်ရီသမားငါးဦးကို ပြစ်မှုပုဒ်မ ၃၃၂/၄၅၂/ ၁၁၄/၆၁ ဖြင့် တရားစွဲဆိုခြင်း ဖြစ် သည်။
အဆိုပါဖြစ်စဉ်တွင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် ရဲတပ်ကြပ်ကို ထောင်ဒဏ်လေးနှစ်နှင့် ရဲစည်းကမ်း ထိန်းသိမ်းရေးက ထောင်ဒဏ်တစ်နှစ် စုစုပေါင်း ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။

Credit to > Mizzima < Thank

အချုပ်ခန်း ဖောက်ပြေးသည်ကို တားဆီးရာ အချုပ်သား ၃ဦး သေဆုံး

ဇူလိုင် ၂၆ ရက် ညနေပိုင်း ၇း၁၅မိနစ် အချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ၊ ကျောက်မဲ မြို့မ ရဲစခန်းမှ အချုပ်သားများ  အချုပ်ခန်း ဖောက်ဖျက် ထွက်ပြေးမှုကြောင့် သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ရာ တရားခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်များ ဘက်မှလည်း စခန်းမှူး အပါအဝင် (၅) ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးက ထုတ်ပြန်သည်။
ဇူလိုင် ၂၆ ရက် ညနေပိုင်း ၇း၁၅မိနစ် အချိန်တွင် ကျားအချုပ်ခန်း အမှတ်(၂)အတွင်းသို့ တာဝန်မှူး ဒုရဲအုပ် ထွန်းခိုင်စိုး၊ ခင်လှဌေး၊ ရဲဒုတပ်ကြပ် နောင်နောင်တို့မှ စောင်ထုပ်များကို အချုပ်ခန်း တံခါးဝမှ သွင်းပေးစဉ် တရားခံ (၇)ဦးမှ အတင်း တွန်းထွက်၍ အချုပ်သား တစ်ဦးမှ ကင်းသား ရဲဒုတပ်ကြပ် နောင်နောင်အား လက်သီးဖြင့် ထိုးခဲ့ပြီး ၊ ထိုသို့  အချုပ်သား ၁ ဦးက လက်သီးဖြင့် ထိုးသဖြင့် တာဝန်မှူး ဒုရဲအုပ်နှင့် ကင်းမှူး ရဲတပ်ကြပ် တို့ က ပြန်လည် ဖမ်းဆီး ထိန်းသိမ်းစဉ် အချုပ်ခန်း အပြင်သို့ ထပ်မံ ရောက်ရှိလာသော အချုပ်သား ၆ ဦးမှလည်း ဝိုင်းဝန်း ထိုးကြိတ်၍ အချုပ်ခန်း အပြင်ဘက် ဘေးပတ်လည်ရှိ အုတ်နံရံတွင် ကာရံထားသော သံဇကာအား အတင်း ဆွဲဖြတ် ခဲ့ကြောင်း၊ ထွက်ပြေးသည့် တရားခံ များအား စခန်းမှူးနှင့် ကျန်ရဲတပ်ဖွဲ့ ဝင် များမှ လုံးထွေး ဖမ်းဆီးရာ တရားခံများမှ ပြန်လည် ထိုးကြိတ် ခုခံခြင်း၊ သံဇကာမှ သစ်သားတန်း များအား ဖြုတ်၍ ခုခံရိုက်နက် ထွက်ပြေးခဲ့ သောကြောင့် အချုပ်ခန်း ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များမှ M-22 သေနတ် ၁ လက်၊ HK – 33 သေနတ် ၂ လက်တို့ ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ ည ၇း၃၅ အချိန်တွင် အချုပ်သား (၇) ဦးအား ပြန်လည် ဖမ်းဆီး ရမိခဲ့ သော်လည်း အချုပ်သား ၃ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများ အရ သိရသည်။
သေဆုံး သွားသော အချုပ်သား (၃) ဦးမှာ မူးယစ်ဆေးဝါး မှုများဖြင့် တရားရုံးတွင် အမှုရင်ဆိုင် နေရသူများ ဖြစ်ပြီး ဒဏ် ရာရရှိသူ (၄)ဦးမှာလည်း မူးယစ်ဆေးဝါး မှုဖြင့်ပင် တရားရုံးတွင် အစစ်ဆေး ခံနေရ သူများ ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံး မှတ်တမ်းများ အရ သိရသည်။
ယင်းဖြစ်စဉ် နှင့် ပတ်သတ်၍ ကျောက်မဲ မြို့၊ မြို့မ ရဲစခန်းသို့ ဆက်သွယ် မေးမြန်း သော်လည်း ဆက်သွယ်၍ မရ သဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၄ဦးနှင့် ဒဏ်ရာရ ရဲတပ်ဖွဲ့ ဝင် ၅ ဦးတို့ အား ရဲဆေးစာဖြင့် ကျောက်မဲခရိုင် ဆေးရုံ ကြီးသို့  ပို့ဆောင် ထားပြီး  ရဲတပ်ဖွဲ့ဝင် (၅)ဦးအနက် စခန်းမှူးမှာ ရရှိသော ဒဏ်ရာ စိုးရိမ်ရ သဖြင့် ကျောက်မဲခရိုင် ဆေးရုံကြီးမှ မန္တလေး ဆေးရုံကြီးသို့ ပြောင်ရွှေ့ ဆေးကုသမှု ခံယူလျက် ရှိသည် ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။ ထွက်ပြေးရန် ကြံစည်ခဲ့ ကြသည့် အချုပ်သား များအား ကျောက်မဲ မြို့မ ရဲစခန်း (ပ)၃၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၇/၃၃၃/၂၉၄/၂၂၄/၁၁၄ အရ အမှုဖွင့် အရေးယူ ထားသည်။

Credit to > Mizzima < Thank

လက်ထပ်ရန်ငြင်းဆန်သည့် မိန်းကလေးကိုသတ်ပြီး ကိုယ်တိုင်သတ်သေသူ

ပြည်၊ ရွှေတောင်မြို့မှ ယောက်ျားလေးတစ်ဦးသည် မိန်းကလေးတစ်ဦးထံမှ လက်ထပ်ခွင့်တောင်းခံခဲ့ရာ လက်ထပ်ရန်ငြင်းဆန်သည့် မိန်းကလေးကိုသတ်ပြီး ကိုယ်တိုင်သတ်သေခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၆ ရက် နံနက်(၉)နာရီအချိန်က မကွေးတိုင်း ချောက်မြို့နယ်နေ ယောက်ျားလေးတစ်ဦး သည် ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု ဖိုးခေါင်ကွက်သစ်နေ ၎င်းင်း၏ချစ်သူထံသို့ လိုက်လာခဲ့ပြီး လက်ထပ်ခွင့်တောင်းခံခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့သည်။
ထိုသို့ငြင်းဆန်သဖြင့် အဆိုပါ အမျိုးသားက အသင့်ပါလာသော အရိုးအသွား (၇)လက်မ ခန့်ရှိသည့် ဓါးမြောင်ဖြင့် အမျိုးသမီး၏ဝဲဘက်နံကြား နှင့် ဝဲဘက် ချိုင်းအောက်ကို နှစ်ချက်ထိုးခဲ့ပြီး အဆိုပါဓါးဖြင့် ၄င်းကိုယ်တိုင် တစ်ချက်ထိုးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါအမျိုးသားသည် ဓါးဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ရာ နံနက် ၁၁ နာရီ တွင် ရွှေတောင်မြိုနယ် ဘို့ကုန်းကျောင်းအနီး ရေအိုင်ထဲတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရွှေတောင်မြို့မ ရဲစခန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အလုပ်လုပ်ရင်းနဲ့တွေ့ပြီး လိုက်လာတာ။ မိန်းကလေးဖက်က မကြိုက်ဘူး။ အဲဒီလူက အသေရရအရှင်ရရ လိုက်ကြိုက်နေတာ။ အငယ်မကို အရင်ထိုးတယ်။ ပြီးတော့ သူ့ဗိုက်ကိုလည်းသူထိုးတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးဖြစ်သည့် သေဆုံးသူ၏ အစ်မ မခင်ဆွေမြင့် ကပြောသည်။
“သေတယ်ဆိုတော့တရားစွဲလို့ မရတော့ဘူး။ အမှုတွဲတော့ တည်ဆောက်တယ်။ တရားခံသေဆုံးတဲ့အတွက်အမှု ပိတ်ရမယ်” ဟုလည်း ရွှေတောင်မြို့မ ရဲစခန်း စာရေးကြီးကပြောသည်။
ရွှေတောင်မြို့မရဲစခန်းတွင် သေဆုံးသူကို ဓါးဖြင့်ထိုးသူကို (ပ) ၁၉၆/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ကိုမဲလုံး(ခ)ကြည်လွင် သေဆုံးသွားသည့်အတွက် သေမှုသေခင်း အမှတ်စဉ် ၁ဝ/၂ဝ၁၄ ဖွင့်လှစ် ထားသည်။

Credit to > Mizzima < Thank

၅၄ သိန်းနီပါးခန့်ရှိ ဆေးခြောက်များ တောင်ဥက္ကလာတွင် ဖမ်းဆီးမိ

ကာလတန်ဖိုးကျပ် ၅၄ သိန်းနီပါးခန့်ရှိသည့် ဆေးခြောက် ဆယ်ပိဿာကျော် ဖမ်းဆီးရမိသော ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၂ ရက်၊ ည ၁၂ နာရီခွဲခန့်က တောင်ဥက္ကလာပ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ မူးယစ်ပုဒ်မနှင့် ဖမ်းဆီးရမိသူတစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းထံမှ ဆေးခြောက်များမှာ တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ မြင်သာ(၁၁) လမ်းတွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ်ရှိ ဒေါ်အေးမြိုင်ထံမှ ၀ယ်ယူရရှိခဲ့သည်ဟု သိရသဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့ နှင့် တောင်ဥက္ကလာ မြို့မရဲစခန်းမှတာဝန်ရှိသူများ ပူးပေါင်းကာ ဒေါ်အေးမြိုင်၏နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာတွင် ၎င်း၏နေအိမ် အိပ်ခန်းအတွင်းမှ ဆေးခြောက် ၁၀ ပိဿာ ၉၀ ကျပ်သား (၁၄ ဒသမ ၇၇၈) ကီလိုဂရမ်၊ ကာလတန်ဖိုးကျပ် ၅၃ သိန်းကျော်ခန့် သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒေါ်အေးမြိုင်ကို အရေးယူပေးပါရန် ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စု (၄၂)မှ ဒု-ရဲမှူးဝင်းမြင့်၏ တရားလိုပြုတိုင်တန်းမှုကို တောင်ဥက္ကလာပမြို့မရဲစခန်းမှ မူးယစ်(ပ) ၁၁/၁၄၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

Credit to > Mizzima < Thank

Sunday, July 27, 2014

ရွှေသံလွင်ကုမ္ပဏီက စက်မှုဝန်ကြီးဌာနထံမှ ငှားရမ်းထားသည့် စစ်တောင်းစက္ကူစက်ရုံမြေနှင့် ကုန်ကြမ်းစိုက်ခင်းမြေ ဧက ၁၀,၀၀၀ ကျော်အား မွန်ပြည်နယ် အစိုးရအဖွဲ့နှင့်ပေါင်း၍ စက်မှုဇုန်အဖြစ် လုပ်ကိုင်ရန်စီစဉ်နေ

    ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်သည် စက်မှုဝန်ကြီးဌာနထံမှ ငှားရမ်းလုပ်ကိုင်နေသည့် စစ်တောင်းစက္ကူစက်ရုံနှင့် ကုန်ကြမ်းစိုက်ခင်းမြေ ဧက ၁ဝဝဝဝ ကျော်အား စက်မှုဇုန်အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် စီစဉ်နေသည်ဟု စုံစမ်းသိရသည်။
စက်မှုဝန်ကြီးဌာနပိုင် စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီမှ ကုန်ထုတ်လုပ် ရောင်းချရန်အတွက် နှစ်ရှည်ငှားရမ်းထားကြောင်း၊ စစ်တောင်းစက္ကူစက်ရုံမြေမှာ ဧက ၉ဝဝ ကျော်အထိရှိကြောင်း သိရသည်။ ယင်းအပြင် စစ်တောင်းစက္ကူ စက်ရုံ၏ ကုန်ကြမ်းစိုက်ခင်းမြေမှာ ဧရိယာဧက ၉ဝဝဝ ကျော်အထိရှိကြောင်း၊ စက်ရုံမြေနှင့် ပေါင်းပါက ဧက ၁ဝဝဝဝ ကျော်အထိရှိကြောင်း သိရသည်။
အဆိုပါ ဧက ၁ဝဝဝဝ ကျော် ကျယ်ဝန်းသည့် ဧရိယာအား ရွှေသံလွင်ကုမ္ပဏီနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ စက်မှုနယ်မြေအဖြစ် ဖော်ထုတ်လုပ်ကိုင်ရန်စီစဉ်နေခြင်း ဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့တို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
စစ်တောင်းစက္ကူစက်ရုံမြေနှင့် ကုန်ကြမ်းစိုက်ခင်း မြေဧက ၁ဝဝဝဝ ကျော်တို့အား နိုင်ငံတော်သို့ ပြန်လည်အပ်နှံပြီးနောက် မွန်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းကြ မည်ဖြစ်ကြောင်း၊ ထိုသို့လွှဲပြောင်း ပေးလိုကြောင်းကိုလည်း သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြထားကြောင်း၊ ယခုအခါတင်ပြထားဆဲ အဆင့်သာရှိကြောင်း၊ အကယ်၍ ခွင့်ပြုချက်ရရှိပါက အဆိုပါနေရာအား စက်မှုနယ်မြေ၊ စက်မှုဇုန်ဖော်ထုတ်မည် ဖြစ်ကြောင်းသိရသည်။
ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်သည် စစ်တောင်းစက္ကူစက်ရုံအပြင် ဘီးလင်းသကြားစက်ရုံကိုလည်း တစ်နှစ်ငွေ ကျပ်သိန်း ၃ဝဝ ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ သို့သော် မကိုက်သည့်အတွက် ဟုဆိုကာ နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ကြောင်းလည်း သိရသည်။
စက်မှုဝန်ကြီးဌာန အနေဖြင့် ယခင်ကစက်ရုံများကို ငှားရမ်းရာတွင် ပုဂ္ဂလိကအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရန် ငှားရမ်းထားခြင်းမျိုး များပြားကြောင်း၊ အကယ်၍ အခြားနည်း အသုံးပြုမည်ဆိုပါက နိုင်ငံတော်သို့ပြန်လည်အပ်နှံခြင်း၊ တင်ဒါခေါ်ယူခြင်းများ ပြုလုပ်ရသည်ဟုလည်း စက်မှုလုပ်ငန်းရှင်အချို့ ပြောကြားခဲ့သည်။

Credit to > EMG < Thank
ေေေေေေေေ   ရွှေသံလွင်ကုမ္ပဏီက ငှားရမ်းထားသည့် စစ်တောင်းစက္ကူစက်ရုံမြေနှင့် စိုက်ခင်းမြေများပြ ကောင်းကင်ဓာတ်ပုံ

Wednesday, July 23, 2014

ကျိုက်ထိုမြို့နယ်ဘောလုံးအသင်းက ကျိုက်မ ရောအသင်းကို 2ဂိုး 1ဂိုးနဲ့ အနိုင် ရရှိ

ကျိုက်ထိုမြို့သူ/ မြို့သားများအတွက် ဂုဏ်ယူစရာ သတင်းကောင်းလေးပါ။


ကျိုက်ထိုမြို့နယ်ဘောလုံးအသင်းက
ကျိုက်မ ရောအသင်းကို 2ဂိုး 1ဂိုးနဲ့
အနိုင် ရရှိသွားပါတယ်


Tuesday, July 22, 2014

ဆံတော်ရှင်ကျိုက်ထီးရိုးလေးစေတီတော်မြတ် ဘုန်းတော်ကြီးသင် တိုင်းရင်းသားဖွံ့ဖြိုးရေး ပရဟိတကျောင်း

ဒီကျောင်းလေးဟာ ဆရာတော် ဦးပါမောက္ခ (ဓမ္မာစရိယ) ရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာတရားတွေကြောင့် ပေါ်ပေါက်လာတဲ့ ကျောင်းလေးပါ။ ကျိုက်ထီးရိုးလေးစေတီတော် အနီးတဝိုက်ကျေးရွာက ကလေးတွေ ပညာရေးအခက်အခဲတွေ ပြေလည်စေဖို့ စေတနာတွေလဲ ပါပါတယ်။ ကလေးတွေဟာ အစိုးရကျောင်းတွေနဲ့ဝေး၊ မြို့နဲ့ဝေး၊ စီးပွားရေးမပြေလည်၊ လမ်းပန်းဆက်သွယ်ရေးကလဲ ခက်ခဲလွန်းတာမို့ ပညာသင်ကြားဖို့အခက်အခဲတွေကို အခုတော့ ဒီကျောင်းလေးက ဖြည့်ဆည်းပေးနေပါပြီ။ ကျောင်းရဲ့အချက်အလက်လေးတွေကို ဖတ်ပြီးတော့ စေတနာရှင်များမှ လှူဒါန်းပံ့ပိုးနိုင်စေဖို့ တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးလေးစေတီတော်မြတ် ဘုန်းတော်ကြီးသင် တိုင်းရင်းသားဖွံ့ဖြိုးရေး ပရဟိတကျောင်း
- ဆရာတော်ဘွဲ့ - ဦးပါမောက္ခ (ဓမ္မာစရိယ)
- ဆရာ/ဆရာမ - (၁၀)ဦး
- တာဝန်ယူသင်ကြားသည့်အတန်း - သူငယ်တန်းမှ နဝမတန်းအထိ
- ကျောင်းသား/သူ ဦးရေ (၁၁၀)ဦး - သူငယ်တန်း - ၁၁ ဦး
ပထမတန်း - ၁၀ ဦး
ဒုတိယတန်း - ၁၅ ဦး
တတိယတန်း - ၂၁ ဦး
စတုတ္ထတန်း - ၁၂ ဦး
ပဉ္စမတန်း - ၁၈ ဦး
ဆဌမတန်း - ၁၂ ဦး
သတ္တမတန်း - ၄ ဦး
အဌမတန်း - ၂ ဦး
နဝမတန်း - ၅ ဦး
တစ်လတာကုန်ကျစရိတ် ( ၈ သိန်း)
လက်ရှိလိုအပ်သောအလှူ
(က) အဆောက်အဦး (စာသင်ဆောင် နှင့် ကလေးများ နေထိုင်ရန် အဆောင်)
(ခ) လမ်းခင်းခြင်း (လက်ရှိမြေသားလမ်းအား ပြုပြင်ရန်)
(ဂ) လစဉ်အလှူရှင်များ ( ကုန်ကျစရိတ်အား ပံ့ပိုးလှူဒါန်းရန်)
ဖွင့်လှစ်ရသော ရည်ရွယ်ချက်
အစိုးရကျောင်းများနှင့် အလွန်အလှမ်းဝေးကွာသဖြင့် ပညာသင်ရန် အခက်အခဲဖြစ်ပေါ်လျှက်ရှိ၊ မိဘများမှာလည်း စာမတတ်သူများပြား၊
စီးပွားရေးမှာတောင်ယာခုတ် အလုပ်သာလျှင်ရှိ (ဝင်ငွေနည်း) ၊ ထို့ကြောင့် ဆရာတော် ဦးပါမောက္ခမှ ဂရုဏာရှေ့ထား၍ တိုင်းရင်းသား (ကရင်၊ ဗမာ) ကလေးငယ်များ၏
အနာဂတ်အတွက် ရည်မျှော်ပြီး ၂၀၀၂ ခုနှစ်မှ စတင်ကာ (ဘုန်းတော်ကြီးသင်) မူလတန်းကျောင်းအား ဖွင့်လှစ်ပြီး ကျောင်းအိပ်ကျောင်းစားပါ စီမံ၍ သင်ကြားပေးလျှက်ရှိရာ ယခု (၂၀၁၄-၂၀၁၅) ပညာသင်နှစ်တွင် နဝမတန်းအထိ သင်ကြားပေးလျှက်ရှိပါသည်။
တည်နေရာ - ဝါးဖြူတောင်ရွာသစ်ကျေးရွာ၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
လမ်းညွှန် - (၁) ကျိုက်ထိုမြို့အနီး (မွန်ပြည်နယ်) အင်္ဂဘိုရွာတွင်လမ်းခွဲရှိ
(၂) သိမ်ဇရပ်မြို့မှ ဆိုင်ကယ်ကယ်ရီဖြင့်လာ၍လည်းရပါသည်။
ဆက်သွယ်ရန် ဖုန်း - ဆရာတော်ဦးပါမောက္ခ 09-8632069
ဆရာမ ခိုင်ဇင်နွယ် 09-255913089
Like

အမျိုးသမီး ဝန်ထမ်း (၁) ဦး အလိုရှိသည်။

MCC Kyaikhto တွင် အမျိုးသမီးဝန်ထမ်းတစ်ဦး အလိုရှိသည်။ လုပ်ငန်းတိုးတက်မှုပေါ်မူတည်ပြီး ထိုက်တန်သော အကျိုးအမြတ်ခံစားခွင့်ရှိသည်။

လိုအပ်သောအရည်အချင်းများ

၁။ ဘွဲ့ရ (မည်သည့်ဘွဲ့မဆို) ဖြစ်ရမည်။
၂။ ကွန်ပျူတာ အခြေခံကျွမ်းကျင်ရမည်။
၃။ ကွန်ပျူတာပညာရပ်နှင့် ပတ်သက်၍ သင်ကြားနာယူလွယ်သူဖြစ်ရမည်။
၎။ လုပ်ငန်းသဘောအရ အိမ်ထောင်မရှိသူဖြစ်လျှင် ဦးစားပေးမည်။
၅။ လုပ်ငန်းလိုအပ်ချက်အရ အချိန်မရွေး ခရီးသွားလာနိုင်သူဖြစ်ရမည်။

စိတ်ပါဝင်စားသူများ MCC Kyaikhto သင်တန်းခွဲတွင် စုံစမ်းနိုင်ပြီး လျှောက်ထားလိုသူများအနေဖြင့် CV Form, မှတ်ပုံတင်မိတ္တူ, ပတ်စပို့ဓါတ်ပုံ (၂) ပုံ, ရဲစခန်းထောက်ခံစာတို့ဖြင့် 27.7.2014 ရက်နေ့နောက်ဆုံးလာရောက် လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာများကို MCC Computer သင်တန်းကျောင်း၊ ဇေယျာမွန်ရပ်ကွက်၊ စက်ကွေ့တွင် အခမဲ့ လာရောက်ထုတ်ယူနိုင်ပါသည်။

Interview ဖြေဆိုရမည့်ရက် - 28.7.2014 ရက်နေ့ နံနက် (9) နာရီ

နေရာ - MCC Franchise Kyaikhto သင်တန်းခန်းမ၊ ဇေယျာမွန်ရပ်ကွက်၊ စက်ကွေ့


စုံစမ်းရန် ဖုန်း - 09-425312820. 

Sunday, July 20, 2014

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကျဆင်းမှုမရှိကြောင်း ဦးရဲထွဋ် ပြော

 မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း သတင်းမီဒီယာ သမားတွေ ဖမ်းဆီးခံရတာ ၊ အပြစ်ပေး အရေးယူခံရတာ၊ ကန့်ချုပ်ချယ်မှုတွေ ပိုမို များပြားလာနေတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားခြင်း မဟုတ်ပဲ မီဒီယာသမားတွေရဲ့ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ များလာတဲ့ အတွက် ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ၀ါရှင်တန် ဒီစီမြို့မှာရှိတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနကိုရောက်ရှိစဉ် သီးခြားပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဦးရဲထွဋ်က အဲဒီလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေကို ဦးကျော်ဇံသာက တွေ့ဆုံ မေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ။  ။ ဝန်ကြီးဦးရဲထွဋ်၊ အထူး ကျေးဇူးတင်ပါတယ်၊ ဗွီအိုအေကို (လာရောက်ခဲ့တဲ့အတွက်)။ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သိပ်ပြီးတော့ လူပြောသူပြော များနေတဲ့အချိန်မှာ မြန်မာ့မီဒီယာလောကအတွက် အင်မတန် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မီဒီယာနဲ့ အထိတွေ့ဆုံး အစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေးမြန်းခွင့်ရတာဟာ ကျနော်တို့အတွက် အခွင့်ထူးလို့ ယူဆပါတယ်ခင်ဗျ။ ..ဆိုတော့ ပထမဦးဆုံးက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မီဒီယာလွတ်လပ်ခွင့်ဟာ အတော်လေး ကောင်းနေတယ်ဆိုပြီးတော့ တကမ္ဘာလုံးကပဲ လက်ခုပ်သြဘာတီးပြီးတော့ ကြိုဆိုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာကျတော့ မီဒီယာလွတ်လပ်ခွင့်အရှိန်ဟာ လျော့နည်းလာတယ်၊ ကျဆင်းလာတယ်ဆိုပြီးတော့ ဝေဖန်လာကြပါတယ်။ အဲဒီတော့ ပထမဆုံး ဘယ်လို တုံ့ပြန်ပြောချင်ပါသလဲ။

ဦးရဲထွဋ်။         ။ ပထမဆုံး ကျနော်ပြောချင်တဲ့အချက်ကတော့ မီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားတယ်၊ ယုတ်လျော့သွားတယ်ဆိုတာ ကျနော်တို့ လက်မခံပါဘူး၊ ငြင်းဆန်ပါတယ်။ ဘာက ပြဿနာဖြစ်တာလဲဆိုတော့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ ပိုများလာတယ်လို့ပဲ ကျနော်တို့ ပြောရမှာပါ။

ဦးကျော်ဇံသာ။  ။ ဒါပေမယ့် တလောတုန်းက ကမ္ဘာမှာ မီဒီယာလွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့ နယ်စည်းမထား သတင်းစာဆရာများအဖွဲ့ရဲ့ စာရင်းအရ ကြည့်မယ်ဆိုရင် ၂၀၁၃ မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၂၀၀ နီးပါးလောက်ရှိတဲ့အထဲမှာ ၁၅၁၊ ၂၀၁၄ နှစ်စပိုင်းမှာ ၁၄၈၊ နည်းနည်း ခုန်တက်တယ်။ ဒါပေမယ့် အရှေ့တောင်အာရှမှာ ကျန်တဲ့နိုင်ငံ အတော်များများကတော့ မြန်မာနိုင်ငံအထက်မှာ ရှိနေတုန်းပါပဲ။ အဲဒီနောက်မှာမှ မြန်မာနိုင်ငံထဲမှာ ဥပမာအားဖြင့် ဖြစ်တဲ့အမှုတွေ ကျနော်တို့ရဲ့သတင်းထောက်တွေ list လုပ်ပြထားတဲ့ဟာတွေ ကြည့်မယ်ဆိုလို့ရှိရင် DVB သတင်းထောက်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ချခဲ့တယ်။ တခါ နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို ဗီဇာကိစ္စနဲ့ ပြည်ပမောင်းထုတ်ခဲ့တယ်။ ယူနတီဂျာနယ်သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတယ်။ အတော်လေး ပြင်းထန်တဲ့ ပြစ်ဒဏ်ဆိုပြီးတော့ နိုင်ငံတကာက ဝေဖန်နေကြတယ်။ သတင်းထောက်ကို ထောင်ဒဏ် ၁၀ နှစ်တောင် ချတယ်ဆိုတာ။ နောက်ပြီးတော့ Bi မွန်းတည့်နေက လူတွေကို ဖမ်းတယ်၊ တချို့ဆို ထွက်ပြေးနေရတယ်၊ နောက် သတင်းဂျာနယ်တိုက်က လူတွေကို ခေါ်ပြီးတော့ တချို့ကို စစ်ဆေးတယ်၊ ဘာညာလုပ်တယ်၊ …ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ကော အကုန်လုံး သူတို့အပြစ်ချည့်ပဲလား၊ အာဏာပိုင်တွေဘက်က အားနည်းချက်ရော မရှိဘူးလို့ ပြောချင်ပါသလား။

ဦးရဲထွဋ်။         ။ ပထမဆုံး ကျနော်- ဦးကျော်ဇံသာ ညွှန်းတဲ့ အညွှန်းကိန်းပေါ့နော်- စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အညွှန်းကိန်းကို ပြောရရင် ကျနော်တို့အနေနဲ့က အဲဒီ အညွှန်းကိန်းတွေထက် ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက် အရည်အချင်းပြည့်တဲ့၊ ကောင်းမွန်တဲ့ သတင်းတွေကို ရနိုင်သလဲ၊ သူတို့ရဲ့ ဒီမိုကရေစီရေးမှာ၊ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်တဲ့အခါမှာ၊ သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို ကျင့်သုံးတဲ့အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့အတွက်၊ ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေ ရလား မရဘူးလားဆိုတာကိုပဲ ကျနော်တို့က ပိုစိတ်ဝင်စားပါတယ်။ သူတို့ပြောတာတွေကတော့ ကျနော်တို့ အထောက်အထားတခုအနေနဲ့ ယူမယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ တန်ဖိုးမထားပါဘူး။

နောက်တခုကတော့ ဦးကျော်ဇံသာ ညွှန်းသွားတဲ့ ကိစ္စတွေပေါ့။ အဲဒီကိစ္စတွေမှာ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်တာတွေ အများကြီးရှိတယ်။ သမ္မတကြီးကို တချို့ဟာတွေဆို ပုဂ္ဂိုလ်ရေးဆန်ဆန် ပြောတဲ့ဟာတွေ ရှိတယ်။ ကျနော်တို့ ဘာမှ အရေးယူခဲ့တာတွေ မရှိဘူး။ ဦးကျော်ဇံသာ ပြောခဲ့တဲ့အမှုတွေကို ပြန်ကြည့်မယ်ဆိုရင် တဖက်က ယူနတီဂျာနယ်ဆိုရင် တကယ်ကတော့ သူရေးတဲ့သတင်းထက် သူ့ရဲ့လုပ်ရပ်ကြောင့် ကျနော်တို့က အရေးယူရတာ။ ဒီလိုမျိုး လျှို့ဝှက်ချက် အက်ဥပဒေအရ ကာကွယ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦးတခုထဲကို အယောင်ဆောင်ပြီးတော့ ဝင်လို့ရှိရင် - ကျနော်ထင်တယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီလိုပဲ အရေးယူမှာပဲ။ ယူနတီ သတင်းထောက်တင် မဟုတ်ဘူး၊ ကျနော်ဝင်ရင်လည်း ကျနော် အရေးယူခံရမှာပဲ။

နောက်တခုက DVB သတင်းထောက် မခိုင်တို့ကိစ္စပေါ့။ ဒါတွေကျတော့ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ဆိုင်သွားတယ်။ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သူများအိမ်ကိုသွားတယ်။ သွားတဲ့အခါမှာ သတင်းထောက်လို့ သူမပြောဘူး၊ အထဲရောက်မှ သူ သတင်းထောက်လို့ ပြောတယ်။ ပြီးတော့ တစ်ယောက်တည်း သတင်းသွားယူမယ့်အစား တရားပြိုင်နဲ့လိုက်သွားတယ်ဆိုတော့ သူ့ရဲ့လုပ်ရပ်တွေမှာ တဘက်က အထင်မှားစရာတွေ ရှိတယ်။ အဲဒီတော့ ဒီဟာတွေ အားလုံးကို ပြန်ခြုံကြည့်ရင် ကျနော်က မီဒီယာတွေချည့်ပဲကိုလည်း အပြစ်မတင်လိုဘူး။ အစိုးရချည့်ပဲ တာဝန်ရှိတယ်လို့လည်း မပြောလိုဘူး။ သို့သော် ဒါရဲ့ ပြဿနာအကြောင်းရင်းကို ကျနော်တို့က ရှာရမယ်ဆိုရင် တစ်- ကတော့ လူငယ် စာနယ်ဇင်းသမားတွေ အများကြီးဖြစ်လာတဲ့အခါမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်တို့၊ နောက်တခါ သတင်းလုပ်ငန်း လုပ်တယ်ဆိုတာက -- လုပ်တာမဟုတ်ဘူးလေ။ သူ့မှာရှိတဲ့ ကျင့်ဝတ်တွေ၊ ဥပဒေတွေ ရှိတယ်။ ဒါတွေအားလုံးကိုလည်း နားလည်ဖို့ လိုတယ်။

နောက်တခါ အစိုးရဘက်ကလည်း ပိုပြီးတော့မှ စာနယ်ဇင်းတွေရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုတယ်။ ဒါပေမယ့် ကျနော်ထင်တယ်။ ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ အသရေဖျက်မှုတွေ ဘာတွေနဲ့ စွဲခဲ့တာ လုံးဝ မရှိဘူး။ ဝေဖန်လို့လည်း စွဲတာ မရှိဘူး။

Bi မွန်းတည့်နေ ဆို ကျနော်တို့က ဘာလို့ စွဲလဲ၊ အခမ်းအနားကျင်းပမယ့်မနက်မှာ သူက ကြိုပြီးတော့ သတင်းရေးတော့ ဒါကို လှုံ့ဆော်သလိုဖြစ်လို့ ရေးတာ။ ဒီအခမ်းအနားပြီးမှ ရေးတယ်ဆိုရင် ကျနော်တို့က ဘာမှ ပြောစရာအကြောင်းမရှိဘူး။

ဦးကျော်ဇံသာ။  ။ အဲဒီတော့ တခုပြန်မေးချင်တာက ဝတ္တရားနှောင့်ယှက်မှုနဲ့ စွဲတာလည်း ရှိတယ်။ ကျနော်က စဉ်းစားကြည့်တယ်၊ သတင်းမီဒီယာဆိုတာလည်း စတုတ္ထမဏ္ဍိုင်ပဲ၊ မီဒီယာ သတင်းထောက်တွေ သတင်းယူဖို့ သွားတာလည်း သူတို့ ဝတ္တရားပဲ။ မီဒီယာ ဝတ္တရားကို အသိအမှတ် မပြုဘဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဝတ္တရားကိုပဲ အသိအမှတ်ပြုရာကျနေတယ်။ အဲဒါကိုရော .

ဦးရဲထွဋ်။         ။ အခုနက DVG သတင်းထောက် ဖြစ်တဲ့ကိစ္စကိုပေါ့ဗျာ။ အဓိက ဝတ္တရားနှောင့်ယှက်မှုဆိုတာ။ ဦးကျော်ဇံသာ ကျနော့်ကို တွေ့ချင်တယ်၊ အင်တာဗျူးလုပ်ချင်တယ်။ တောင်းခံလို့ရတယ်။ ဒါပေမယ့် ကျနော်က မပေးချင်လို့ ကျနော့ရုံးခန်းထဲမှာ ကျနော်နေမယ်ဆိုရင်တော့ ခင်ဗျား အတင်းဝင်လို့ မရဘူးပေါ့။ ဒီသဘောမျိုးပေါ့။ အဲလိုဖြစ်တယ်ဆိုတာလည်း အဲလို ဖြစ်တာပဲ၊ သူ့ရဲ့ရုံးခန်းထဲကို အတင်းဝင်ဖို့ ကြိုးစားတယ်။ ဆိုတော့ ဒါကြောင့် ကျနော်ပြောတာ- တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု၊ တယောက်နဲ့တယောက် စည်းကမ်းရှိဖို့ လိုတယ်။ နောက် သူ့ကို တွေ့ဖို့ မေးမယ်။ အဲဒီမှာလည်း DVB သတင်းထောက်မှာလည်း အခုနက မခိုင်တို့ ဖြစ်သလိုပဲ၊ ပြဿနာက သူတစ်ယောက်တည်း သွားတာမဟုတ်ဘူး၊ သူက ဒီပညာရေးမှူးရဲ့ အဆုံးအဖြတ်ကို မကျေနပ်တဲ့ ကျောင်းသားမိဘကို အတူခေါ်သွားတယ်။ ခေါ်သွားတယ်ဆိုတော့ ဒါက သတင်းယူတာလား၊ ဒါမှမဟုတ် ဒီကိစ္စကို ကြားဝင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မရှိဘူး။ မရှိတော့ သက်ဆိုင်ရာ အရာရှိအနေနဲ့ ဖြေဆိုဖို့ ငြင်းဆန်တယ်။ ငြင်းဆန်လို့ရှိရင် ဘယ်သူမဆို ဦးကျော်ဇံသာလည်း သိပါတယ်။ သူ့ရုံးခန်းထဲမှာ သူ့ရဲ့ ပိုင်တဲ့နေရာဖြစ်သွားပြီလေ။ ဒီထဲကို အတင်းဝင်ဖို့ ကြိုးစားလို့ သူ့ကို အတင်းရပ်ပြီးတော့မှ မေးလို့ ဒီလိုတော့ မရဘူးပေါ့။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဦးကျော်ဇံသာက တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံ မေးမြန်းမှု အပြည့်အစုံကို ဗွီအိုအေက နောက်ပိုင်းမှာ ဆက်လက် ထုတ်လွင့်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/ye-htut-kyaw-zan-tha-media-freedom-/1961280.html


မြန်မာနိုင်ငံ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ဗွီအိုအေ မြန်မာပိုင်းဌာနသို့ တွေ့ဆုံမေးမြန်းခန်းအတွက် လာရောက်စဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၄)

မန္တလေးမှ အကြမ်းဖက်မှု စတင်ဖြစ်စေသည့် ဆန်းကဖီး မုဒိမ်းမှု သတင်း လိမ်လည်တိုင်ကြားမှုဖြစ် (အစိုးရသတင်း ထုတ်ပြန်ချက်) မူရင်း ၊ ကြေးမုံ မြန်မာအလင်း

မန္တလေးမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စတင်ဖြစ်ပေါ်စေသည့် ဖြစ်စဉ် အများပြည်သူတို့ သတင်းအမှတ် သိရှိစေရန် သတင်းထုတ်ပြန်
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၈)လမ်း နှင့်(၈၂)လမ်းထောင့်ရှိ "ဆန်းကဖီး" လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခအသွင် လူအုပ်စုစတင်ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။
လူအုပ်စုချင်း ပဋိပက္ခများဆက်လက်ဖြစ်ပွားခြင်း ကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ဖျက်ဆီး ခံရပြီး တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရန် လိုအပ် လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် (၇)မြို့နယ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။
ထိုသို့ဖြစ်ပွားရခြင်းသည် နေပြည်တော် ပျဉ်းမနား မြို့တွင် မြန်မာအမျိုးသမီး တစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်ကြောင်းသတင်းကို ဇွန် ၃၀ ရက် အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
မှုခင်းဖြစ်ရပ်မှာ ၂၈-၆-၂၀၁၄ ရက်နေ့ ည ၁၀ နာရီတွင် မန္တလေးမြို့ (၂၈)လမ်းနှင့် (၈၂) လမ်းထောင့်ရှိ "ဆန်းကဖီး" လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး(၂၅)နှစ် ဗန္ဓုလရပ်ကွက် ဘုတလင်မြို့နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင်(၄၄)နှစ် (ဘ) ဦးမောင်မောင်အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် လေလာဝန်းအကွက်အမှတ်(၁၄၆)နေသူနှင့် ယင်း၏ အစ်ကို နေဝင်း(၄၅)နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် ကွက်အမှတ်(၁၄၇) နေသူတို့ နှစ်ဦးက အမျိုးအစားနှင့်ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင်ယာဉ်ဖြင့် နေပြည်တော်တွင် လက်ဖက်ရည်ဆိုင် အသစ်ဖွင့်မည်ဖြစ် ကြောင်းနှင့် အလုပ်လုပ် ရမည်ဟု ပြောဆိုခေါ်ဆောင် ပြီး၂၉-၆-၂၀၁၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းအုပ်စု ပျဉ်းမနား-တောင်ညိုကားလမ်း တော်ဝင်နန်း စားသောက်ဆိုင်အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၄င်းအား သားမယား အဖြစ်ပြုကျင့်၍ တိမ်းရှောင်သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက်အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနား မြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူခဲ့မှုဖြစ်သည်။
အဆိုပါအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ က စစ်ဆေးခဲ့ရာ တရားလိုမစိုးစိုး၏ တိုင်ကြားချက်ပါ ယင်း၏ကိုယ်ရေး အချက်အလက်များ၊ "ဆန်းကဖီး"တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့်အခြေအနေများ၊ အတူတကွ အလုပ်လုပ်ခဲ့သည် ဆိုသော တောင်သာမြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည့် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ အသေးစိတ်စုံစမ်းစစ်ဆေးခဲ့သည်။ စစ်ဆေးချက်များအရ ၄င်း၏အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ (၃၀)နှစ်ဖြစ် ကြောင်း၊ အဖအမည်မှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ်ဇာတိမှာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ဖြစ်ကြောင်း၊ "ဆန်းကဖီး"တွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာဆေးပညာနှင့် ဓာတုဗေဒ ဆိုင်ရာစစ်ဆေးချက်များအရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယင်းအားအသေးစိတ် ဆက်လက်စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက်အရ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ ငွေပေး၍ခိုင်းစေမှုအရ ဆန်းမောင်နှင့် နေဝင်းတို့က ယင်း အပေါ်သားမယားအဖြစ်ပြုကျင့်ကြောင်းဖြင့် ပျဉ်းမနားရဲစခန်းတွင် လီဆယ်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည်။
မှုခင်းဆိုင်ရာစစ်ဆေးချက်များအရ မစိုးစိုးအမည်ခံ၍ လီဆယ် တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမသည် ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အဘ ဦးကျော်ဆန်း- အမိ ဒေါ်မာလာတို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် ရင်ဆိုင်နေရစဉ် အမှုမှလွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့အား ရင်းနှီးခဲ့ကြောင်း၊ အမှု အား ၁၀-၄-၂၀၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးကတရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်၏အဒေါ် ခင်မာလွင်နှင့် နီနီဌေးတို့ အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုများပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းက တရားလို ပြုလုပ်တိုင်ကြားသဖြင့် အမှတ်(၃)ရဲစခန်း (ပ)၁၄၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅၀၆/၃၅၃ အရ အမှုဖွင့်အရေးယူခံရကာ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။
ထိုသို့ပြန်လည် အမှုဖွင့်အရေးယူခံရမှု အပေါ် ခင်မောင်ထွေး(ခ)ကိုထွေး၊ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် ဒေါ်မာ လာတို့က မကျေနပ်သဖြင့် မန္တလေးခရိုင်တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်အား သားမယားအဖြစ်ပြု ကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီး ၂၁-၅-ကျော်တို့အား နေအိမ်သို့ခေါ်ယူ၍ လီဆယ်တိုင်ကြားမည့် အစီအစဉ်ကို သင်ကြားပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး(ခ)ကိုထွေး၊ ဒေါ်မာလာနှင့်၎င်း၏ သမီး ဖြူမ(ခ) ဖြူဖြူဇော်၊ ဟေမာကျော်တို့သည် မော်တော် ယာဉ်ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော်အား လီဆယ်တိုင်ကြားမည့် ဖြစ်စဉ်နှင့်သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနှင့် စတိုးဆိုင်တို့အားပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ(ခ)ဖြူဖြူဇော်နှင့်ဟေမာကျော်တို့သည် ပြင်ဦးလွင်မြို့မရဲစခန်းသို့ သွားရောက်ပြီး ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့ သင်ကြား ပေးသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ဦးတင်မောင်ဝင်းက ၄င်းအားသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းဖြင့် ဟေမာကျော်က တရားလိုပြုလုပ်၍ လီဆယ်တိုင်ကြားခဲ့ရာ ပြင်ဦးလွင်မြို့မ ရဲစခန်း(ပ)၁၀၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်းအပေါ် အမှုဖွင့်အရေးယူ ခဲ့သည်။
ထို့ပြင် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့သည်မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်ရင်းနှီးမှုရှိပြီး ဟာဂျီထွန်းထွန်းနှင့် "ဆန်းကဖီး"ပိုင်ရှင်ဆန်းမောင်၊ "နေကဖီး" ပိုင်ရှင် နေဝင်းတို့မှာလည်း လူမှုရေးပြဿနာများကြောင့် မှုခင်းများအပြန်အလှန်ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေးသိရှိရသည်။ ဟာဂျီထွန်းထွန်းသည် ၄င်းကြက်ခြံမှ အလုပ်သမား မကေသီခိုင်(ခ)ချယ်ရီသိန်း(၂၇)နှစ်(ဘ)ဦးရဲမြင့်အား ၉-၅-၂၀၁၄ ရက်နေ့တွင်စစ်ကိုင်းမြို့တည်းခိုခန်း၌ သားမယားအဖြစ်ပြုကျင့်ကြောင်း တိုင်ကြားခံရသဖြင့် ၁၇-၅-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်း မြို့မရဲစခန်း(ပ)၂၈၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆အမှုဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှု အပေါ် ဆန်းမောင်နှင့်နေဝင်း တို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆယုံကြည်ခဲ့သည်။ ထို့နောက် ဟာဂျီထွန်းထွန်းသည် ဆန်းမောင်နှင့် နေဝင်းတို့ အပေါ် ပြစ်ဒဏ်ကြီးစွာရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားနိုင်ရေး အတွက် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီတောင်းခံခဲ့သည်။ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့်ထောင် ကျပြီး ငွေကြေးလိုအပ်နေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချ၍ သားမယားပြုကျင့်မှုဖြင့် လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း၌ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ် တို့သည် ဖြူဖြူမင်း(ခ)ကတုံးမအား မန္တလေးမြို့ရှိ ၄င်းတို့၏ နေအိမ်သို့ခေါ်ယူနေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ်ဇာတ်လမ်းဆင် သင်ကြားပေးခဲ့ပြီး အောင်မြင်ပါက ဖြူဖြူမင်း(ခ)ကတုံးမ အား ငွေကျပ် ၁၀ သိန်းပေးမည်ဟု သွေးဆောင်စည်းရုံး ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ထို့နောက် ဖြူဖြူမင်း(ခ)ကတုံးမ၊ ရဲထွဋ်(ခ)သူရရဲ ထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော်(ခ)ဖြူမတို့သည် ဆန်းမောင်နှင့်နေဝင်းတို့အပေါ် သားမယားအဖြစ်ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂၀၁၄ ရက်နေ့ ညပိုင်းတွင် ပျဉ်းမနားသို့ ရဲထွဋ်(ခ) သူရရဲထွဋ်၏ တိုရိုတာမတ်တူးယာဉ်ဖြင့် အမြန်လမ်းမကြီးအတိုင်း သွားရောက်ခဲ့ကြောင်း၊ ပျဉ်းမနားသို့ရောက်ရှိပြီး ရွှေတောင် တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့်နေရာနှင့် ပျဉ်းမနားမြို့၏အနေအထားကို ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသခဲ့ကြောင်း၊ ၂၉-၆-၂၀၁၄ ရက်နေ့ နေ့လယ်ပိုင်း တွင်ဖြူဖြူမင်း(ခ)ကတုံးမအား ငွေကျပ် ၂၅၀ဝ၀ ပေး၍ ပျဉ်းမနားမြို့မြင်း ရတနာရုပ်တုအနီးတွင်ထားခဲ့ပြီး မန္တလေးသို့ပြန်သွားခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ)ကတုံးမသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းသို့ သွားရောက်ကာ မစိုးစိုးအမည်ခံ၍ နေဝင်းနှင့် ဆန်းမောင်တို့က ၄င်းအားသားမယား အဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့သည်ကို စစ်ဆေးပေါ်ပေါက်သည်။
ဖြူဖြူမင်း(ခ)ကတုံးမသည် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့်နေဝင်းတို့က ယင်းအား သားမယားအဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ရခြင်းဖြစ်သည်ကို အမှုစစ်ရဲအရာရှိထံ ဝန်ခံထွက်ဆိုခဲ့သည်။ ထို့နောက် ၉-၇-၂၀၁၄ ရက်နေ့ တွင် ပျဉ်းမနားမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄/၃၆၄ အရ ထိုသို့လီဆယ်အမှုတိုင်ကြား ခဲ့ရသည့် ဖြစ်စဉ် အပြည့်အစုံကို ဖြူဖြူမင်း(ခ) ကတုံးမကဖြောင့်ဆိုချက်ပေးခဲ့၍ ပျဉ်းမနားမြို့နယ် တရားရုံးမှပြစ်မှုသေးအမှတ်၊ ၁၂၂/၂၀၁၄ ဖြင့်လက်ခံခဲ့သည်။ ထို့ပြင် ပျဉ်းမနားနှင့်ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ်ပြုကျင့်မှုများမှ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ထွေး(ခ)ကိုထွေး၊ ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့်ဖိုးခွား (ခ)ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လီဆယ် တိုင်ကြားခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၄ အရကြိုတင်ထွက်ဆိုချက်များပေးခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးပေါ်ပေါက်ချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေ အကြံပြုချက်အရ စိုးစိုး(ခ)ကတုံးမက တိုင်ကြားခဲ့သော ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့်ပိတ်သိမ်းပြီး လီဆယ် တိုင်တန်းသူဖြူဖြူမင်း(ခ)ကတုံးမ(ဖမ်းမိ)နှင့် ထိုသို့လီဆယ်တိုင်တန်းရ န်ညွှန်ကြားစီစဉ်သူ နုနုမြတ်(ဖမ်းမိ)၊ ရဲထွဋ်(ခ)သူရရဲထွဋ် (တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
အလားတူ ပြင်ဦးလွင်မြို့မရဲစခန်း(ပ) ၁၀၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကိုလည်း စစ်ဆေးပေါ်ပေါက်ချက်နှင့် ပြင်ဦးလွင်ခရိုင် ဥပဒေရုံး၏ ဥပဒေအကြံပြုချက်အရ ၁၈-၇-၂၀၁၄ ရက်နေ့တွင်လီဆယ်မှုဖြင့် ပိတ်သိမ်းခဲ့ပြီး လီဆယ်တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်)နှင့်ဒေါ်မာလာ (တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ပျဉ်းမနားမြို့တွင် လီဆယ်တိုင်ကြားခဲ့သော အမှုကို အကြောင်းပြု၍ မန္တလေးမြို့၌ ၁-၇-၂၀၁၄ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားစေရန်သွေးထိုးလှုံ့ဆော်မှု၊ လက်နက်မှုနှင့် ရဲအက်တို့ဖြင့် အမှုပေါင်း ၁၉ မှု အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၉ ဦးဖမ်းဆီးရမိကာ တရားခံရှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့်ပြန်လည်စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမှုမှာ ၁၇-၇-၂၀၁၄ ရက်နေ့ထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယူခံရသူပေါင်း ၈၃၄ ဦးဖြစ်သည်။ ကျူးလွန်ခဲ့သော တရားခံများနှင့်ဆက်စပ်ပါဝင်သူများကို ဥပဒေအရ အရေးယူရန် ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အများပြည်သူတို့ သတင်းအမှန်သိရှိစေရန်အတွက် ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်သည်။
Credit to >ပြည်ထဲရေးဝန်ကြီးဌာန < Thank
Like

MH-17 ပစ်ချခံရမှုအပေါ် အာဆီယံက ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌမြန်မာ ကြေညာချက်ထုတ်

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မလေးရှားလေ ကြောင်းလိုင်းပိုင် MH-17 လေ ယာဉ်ယူကရိန်းနိုင်ငံတွင်ပစ်ချခံရမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း အာဆီယံ ဥက္ကဋ္ဌတာဝန်ယူနေသည့် မြန်မာနိုင်ငံက ဇူလိုင် ၁၉ ရက်တွင် ကြေ ညာချက်ထုတ်ပြန် သည်။

သတင်းအပြည့်အစုံ....http://www.7daydaily.com/story/16282

မန်းပဋိပက္ခဖြစ်ပွားစေခဲ့သော မုဒိမ်းမှုမှာ လိမ်ညာတိုင်ကြားမှုဖြစ်နေဟုဆို

မန္တလေးပဋိပက္ခစတင် ဖြစ်ပွားစေခဲ့ သော ဘာသာခြားအမျိုးသားနှစ်ဦးက အဓမ္မပြု ကျင့်ကြောင်း အမှုဖွင့်ခဲ့သူ အမျိုးသမီးမှာ လူတစ်စုက ငွေကျပ် ၁၀ သိန်းပေးမည်ဆို၍ လိမ်ညာ တိုင်ကြားခြင်းဖြစ်နေကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့က ဇူလိုင် ၁၉ ရက်ညတွင် သတင်းထုတ်ပြန်သည်။


ကျိုက်ထျြိုမို့နယ်အေးရိပ်ငြိမ်ရေဘေး ဒုက္ခသည်များအား အမျိုးသားဒီမိုကရေစီ အဖွဲ့မှ ထမင်းထုပ်များ လှူဒါန်း

ကျိုက်ထိုမြို့ ကော့စံနိုင် အေးရိပ်ငြိမ် ကွက်သစ် တွင် ရေကြီးနေသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထမင်းထုတ်များ ပေးဝေ လှူဒါန်းနေပါသည်


အငြိမ်းစားယူပြီးနောက် သစ်သီးဝလံ စိုက်ပျိုးကာ အေးချမ်းစွာနေမည်ဟု သမ္မတဦးသိန်းစိန်ပြော

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတရာထူးမှ အငြိမ်းစားယူပြီးနောက် သူပိုင်သည့် လယ်တွင် နဂါးမောက်သီးပင်များ စိုက်ပျိုးကာ အေးချမ်းစွာနေထိုင်မည်ဟု လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအား ပြောကြားလိုက် ကြောင်း သတင်းရရှိသည်။

Credit to > 7 Day < Thank

တစ်ဘာသာဂုဏ်ထူးအထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသူ/ကျောင်းသားများ လေ့လာရေးခရီး

၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင်တစ်ဘာသာဂုဏ်ထူးအထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျိုက်ထိုတစ်မြို့ နယ်လုံးရှိကျောင်းသူ/ကျောင်းသားများအားမြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှနေပြည်တော်-မန္တလေး လေ့လာရေးခရီးပို့ ဆောင်ပေး။
Like

First Yoe Yoe Lay Co.Ltd., မှ လူနာယာဉ်တစီးလှူဒါန်း

ယနေ့ ၁၉.ရ.၂၀၁၄ ရက်နေ့ တွင် ကိုက်ထိုမြို့နေ ဦးနေထက်သိန်းနိုင်+ဒေါ်မော်မော်လျှံ (First Yoe Yoe Lay Co,Ltd ) မှ မော်တော်ယဉ် တစ်စီးကိုကိုက်ထို့ မီးသင်္ဂြိုဟ်စက်
ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီထံသို့ လာရောက်လှူဒါန်းသွားပါသည်။ှ


အာဇာနည်နေ့ ဟွန်းမတီးရနေရာတွင် ဟွန်းသံရှည်တီးခဲ့သူ လိုင်စင်အသိမ်းခံရ

(၆၇)ကြိမ်မြောက် အာဇာနည်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် မနက်(၁၀)နာရီ (၃၇)မိနစ်တွင် လှည်းတန်းလမ်းဆုံအနီး ကားဟွန်းသံရှည်တီးကာ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုခဲ့သော လမ်းသွားလမ်းလာတစ်ဦး၏ လိုင်စင်အား ကမာရွတ်ယာဉ်ထိန်းရဲက သိမ်းသွားခဲ့ကြောင်း သိရသည်။
လိုင်စင်အသိမ်းခံရသူအမည်မှာ ကိုငြိမ်းမင်းသူဖြစ်၍ မည်သည့် အဖွဲ့စည်းဝင်မှမဟုတ်ဘဲ လမ်းသွားလမ်းသာ တစ်ဦးသာဖြစ်၍ အာဇာနည်ခေါင်းဆောင်များ ကျဆုံးချိန်တွင် ဟွန်းသံရှည်တီး၍ ဂုဏ်ပြုခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။
ကိုငြိမ်းမင်းသူအား ကမာရွတ် ယာဉ်ထိန်းရဲအဖွဲ့မှ တပ်စုမှူးကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်းဖြစ်၍ ဟွန်းမတီးရသောနေရာတွင် ဟွန်းတီးခဲ့သဖြင့် ပြစ်မှုဆိုင်ရာဥပဒေနှင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ယာဉ်ထိန်းရဲဥပဒေဖြင့် ဖမ်းဆီးခြင်းသာ ဖြစ်ကြောင်း သိရသည်။

Credit to > EMG < Thank

နှစ်(၃၀)အတွင်း အခမ်းနားဆုံးသော (၆၇)နှစ်မြောက် အာဇာနည်နေ့

၂၀၁၄ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပခဲ့သော  (၆၇)နှစ်မြောက် အာဇာနည်နေ့သည် နှစ်(၃၀)အတွင်း အစိုးရ နှင့် ပြည်သူ ပူးပေါင်းကျင်းပခွင့်ရခဲ့သော အခမ်းနားဆုံး အာဇာနည်နေ့ဖြစ်သည်။
ယခုနှစ်တွင် ရန်ကုန်မြို့ အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အာဇာနည်ဗိမ္မာန်သို့ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း။လွတ်တော်နှစ်ရပ်မှဥက္ကဌများ နှင့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ နှင့် အဖွဲ့ဝင်များ ၊ သံတမန်များ ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအပါအဝင် ပြည်သူများ ၊ ကျောင်းသားများပါ လွတ်လပ်စွာ တက်ရောက်ခွင့်ရခဲ့သည့် နှစ်သုံးဆယ်အတွင်း အခမ်းနားဆုံး အာဇာနည်နေ့ဖြစ်သလို ၁၉၈၈ခုနှစ်နောက်ပိုင်း ပထမဆုံး အစိုးရအဖွဲ့က ဥသြဆွဲပေးသည့် ထူးခြားသည့်နှစ်လည်း ဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ်ပြတိုက် ၊ ဗိုလ်ချုပ်ကြေးရုပ်နေရာများတွင် ဂါရဝပြုသူများဖြင့် အထူး လူစည်ကားခဲ့သည်ဟု သိရသည်။ အာဇာနည်နေ့၌ ဝန်ကြီးများရုံးကို မနက်(၆)နာရီမှ မွန်းလွဲ(၁၂)နာရီအထိ အများပြည်သူကို ဝင်ရောက် ကြည့်ရှုလေ့လာခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။ ထိုမျှမက အစိုးရလက်ထက်၌ ပထမဆုံးအနေဖြင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆွမ်းကပ်လှူပွဲ ကျင်းပခဲ့ကာ ထိုအခမ်းအနားသို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက် လှူဒါန်းခဲ့သည်ဟု သိရသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် မနက်(၁၀)နာရီ (၃၇)မိနစ်တွင် ဥသြဆွဲသည့်ဓလေ့ကို ယခုနှစ်တွင် အစိုးရက ပြန်ပြုလုပ်ပေးရုံမျှမက ရန်ကုန်မြို့ မြို့နယ်အများအပြားမှ မော်တော်ကားများကလည်း ထိုအချိန်တွင် ဟွန်းတီး၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အသိအမှတ်ပြုခဲ့သည်။
ထိုကဲ့သို့ ဥသြဆွဲသံ ၊ ဟွန်းတီးသံများကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်တွင် လမ်းသွားလမ်းလာများက အသွားအလာ ရပ်တန့်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြုခဲ့ကြကြောင်းလည်း သိရသည်။
မွန်းလွဲပိုင်းတစ်နာရီမှ ညနေခြောက်နာရီအထိ ထောင်ချီသောပြည်သူများထဲမှ အချို့ဟာ နိုင်ငံတော်သီချင်း ၊ ဇာတိမာန်သီချင်း ၊ ကမ္ဘာမကြေ သီချင်းများ သီဆို၍ အာဇာနည်ဗိမ္မာန်သို့ ချီတက်အလေးပြုကာ ဂါရဝပေးခဲ့ကြကြောင်း သိရသည်။
ယခင်နှစ်များနှင့်ခြားနားစွာ ယခုနှစ်တွင် ပြည်သူများ ၊ သမဂ္ဂများ ၊ ကျောင်းသားများ အာဇာနည်နေ့အခမ်းအနားကို ၎င်းတို့ စီစဉ်ထားသလို ကျင်းပခွင့်ရခဲ့ပြီး အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းမျိုး မရှိခဲ့ပေ။

 Credit to > Mizzima < Thank

အာဇာနည်နေ့ အလေးပြုခြင်းအား ဆိပ္ဖူးတောင်ပရဟိတကျောင်းမှ ကလေးများပြုလုပ်ကျင်းပ

၁၉ ဇူလိုင် အာဇာနည်နေ့ အလေးပြုခြင်း. ဆိပ္ဖူးတောင်ပရဟိတကျောင်းမှ ကလေးများ ၁၀း၃၇ မိနစ်တွင် ၁ မိနစ်ငြိမ်သက်ခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခဲ့ကြပါသည်
 
 
  
 
 
 
 
 

မိုးမိုးကတွတ်ယိုစုံလုပ်ငန်းမှ သားလေးမောင်ခန့်ညားထက်၏ (၁၅)နှစ်ပြည့် မွေးနေ့အလှူ

ဆိပ္ဖူးတောင် ပရဟိတကျောင်းသို့ မိုးမိုးကတွတ်ယိုစုံမှ မောင်ခန့်ညားထက်၏ အသက်(၁၅) နှစ်ပြည့် မွေးနေ့အလှူ
Like

(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ

ယနေ့ကျရောက်သော (၆၇)နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့သည့် နိုင်ငံတော် အခမ်းအနား၌ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း။လွတ်တော်နှစ်ရပ်မှဥက္ကဌများ နှင့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အစိုးရအကြီးအကဲများထဲမှ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ အာဇာနည်နေ့အခမ်းအနား ကျင်းပရာ အာဇာနည်ဗိမ္မာန်သို့ ပထမဆုံးအကြိမ် တက်ရောက် အလေးပြု၍ လွမ်းသူပန်းခွေ ချခဲ့ကြောင်း သိရသည်။
ယခင်နှစ်များနည်းတူ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များ ၊ သံတမန်များ ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များလည်း ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ တက်ရောက် အလေးပြုကာ လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။
ထို့အပြင် ၁၉၈၈ခုနှစ်နှောင်းပိုင်းကတည်းက ဖျက်သိမ်းခဲ့သော အာဇာနည်နေ့ ဖြစ်သည့် ဇူလိုင်လ(၁၉)ရက်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် မနက်(၁၀)နာရီ (၃၇)မိနစ်တွင် ဥသြဆွဲသည့်ဓလေ့ကို ယခုနှစ်တွင် ပြန်လည် ပြုလုပ်စေခဲ့ကြောင်း သိရသည်။
ဇူလိုင်(၁၉)ရက်နေ့ မနက်(၁၀)နာရီ (၃၇)မိနစ်တွင် ထိုကဲ့သို့ အောက်မေ့ဖွယ် ဥသြဆွဲခြင်းများကို ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်မီးသတ်တိုင်းတွင် ပြုလုပ်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားထားကြောင်း ဇူလိုင်လ(၁၈)ရက်နေ့ည (၁၀)နာရီခန့်တွင် ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက အတည်ပြုခဲ့သည်။
ထိုနည်းတူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ Facebook စာမျက်နှာတွင် နိုင်ငံတော်သမ္မတမှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် ဇူလိုင်(၁၉)ရက်နေ့တွင် ဆွမ်းကပ်လှူမည်ဟု ဇူလိုင်လ(၁၈)ရက်နေ့ ည(၁၀)နာရီဝန်းကျင်ခန့်က ရေးသားဖော်ပြထားခဲ့ကြောင်း သိရသည်။
ယနေ့ကျရောက်သော (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြန်မာနိုင်ငံ အရပ်ရပ်ရှိ တသီးပုဂ္ဂလများ ၊ အဖွဲ့အစည်းများက မြို့နယ်နေရာဌာန အသီးသီးတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် အလေးပြုခြင်း ၊ ပန်းခွေချခြင်း ၊ ဆွမ်းကပ်လှူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

 Credit to > Mizzima < Thank

ထူးဖောင်ဒေးရှင်း ဥက္ကဌ ဦးတေဇ၏ အသက် (၅၀) ပြည့်မွေးနေ့အလှူ

18.7.2014                                                                                          သောကြာနေ့


မြန်မာနိုင်ငံ Htoo Foundation ဥက္ကဌ ဖြစ်သူ ဦးတေဇ၏ အသက် (၅၀) ပြည့် မွေးနေ့အလှူအဖြစ် ထူးဖောင်ဒေးရှင်းမှ ဝန်ထမ်းများက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင်  ပရဟိတကျောင်းသို့ ငွေကျပ် သိန်း (၅၀) နှင့် ဒံပေါက်စားဖွယ်ရာများကို ဆပ်ကပ်လှူဒါန်းရာ ဆိပ္ဖူးတောင် ပရဟိတကျောင်း၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဇောတိကမှ လက်ခံပေးခဲ့ပါသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း ငွေကျပ် သိန်း (၅၀) လှူဒါန်းရာ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူပြီး ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

Credit to > Internet < Thank

ဂက်စ်အိုးပေါက်လို့ ထိတ်လန့်ထွက်ပြေးရာမှ ကျောက်စိမ်းများ ပျောက်ဆုံး

မဟာအောင်မြေမြို့နယ် ကျောက်မျက်ဈေးအတွင်း ဇူလိုငလ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ (၅၅)မိနစ်ခန့်က အရောင်းအဝယ်ပြုလုပ်နေစဉ် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အထိတ်တလန့် ထွက်ပြေးကြရာ ကုန်သည်များ၏ ကျောက်စိမ်းပျောက်ဆုံးမှုတန်ဖိုး များပြားခဲ့ကြောင်း သိရသည်။
အဆောင်(၄) ၊ အခန်း(၁၁)တွင် စတင်ဖြစ်ပွားသည့် Water Cooler ဂက်စ်အိုး ပေါက်ကွဲသည့်အသံကို ဗုံးကွဲသည်ဟု ထင်ခဲ့ကြကာ ထွက်ပြေးခဲ့ကြကြောင်း ၊ ထို့ကြောင့် ကျောက်ဝိုင်းအတွင်း လူစုလူဝေးသဖွယ် ဖြစ်ပွားခဲ့ရကြောင်း ကျောက်စိမ်းဈေး လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
Water Cooler ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခြင်း မရှိသော်လည်း အလန့်တကြား ထွက်ပြေးမှုများကြောင့် ကျောက်စိမ်းကုန်သည် ပွဲစားအချို့မှာ ပါလာသော ကျောက်စိမ်းများ ပျောက်ဆုံးခဲ့သည်ဟု သိရသည်။
အရေးအကြောင်းဆို လူတောင်လွတ်အောင်ပြေးဖို့မလွယ်တဲ့လမ်းဝယ် ပြေးပြေးလွှားလွှားလူများဖြင့် တိုက်မိကာ လက်ထဲမှ ကျောက်စိမ်းအချို့ ပျောက်ဆုံးခဲ့သည့် ကျောက်စိမ်းအရည်လိုင်းလုပ်ကိုင်သူ ကျောက်စိမ်းအချို့ကို ပြန်ကောက်၍ ရပေမယ့် အချို့မှာ ပြန်မရတော့ကြောင်း သိရသည်။ သူမလုပ်ကိုင်သော ကျောက်စိမ်းအမျိုးအစားမှာ လက်သည်းခွံလောက် အရွယ်အစားရှိ ကျောက်စိမ်းတစ်ပွင့်ပင် ကျပ်သိန်း ရာ ၊ ထောင်ချီ၍ တန်ကြေးရှိကြောင်း သိရသည်။
မန္တလေး ကျောက်စိမ်းဈေးသည် ရိုးရိုးတစ်ထပ် ၊ သံဇကာတစ်ထပ် အခန်းများဖြစ်သလို အဆင့်မီခြင်း မရှိဘူးဟုလည်း ကျောက်ဝိုင်းအတွင်းမှ ဆိုင်ရှင်များက ဆိုသည်။

Credit to > Mizzima < Thank

ဒုရဲအုပ်တစ်ဦးထံတွင် တရားမဝင်ကိုင်ဆောင်ထားသော ပစ္စတိုနှင့် ကျည်ဆံများတွေ့ရှိ

ကလေးမြို့၊ တာဟန်းရဲကင်းမှ ဒု-ရဲအုပ် ကျဲအိုဒင်မွိုင်း၏ လိုင်းခန်းနေအိမ်တွင်းသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က ဇူလိုင်လ(၁၇)ရက်၊ ည(၈)နာရီခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ တရားမဝင်ကိုင်ဆောင်သည့် ပစ္စတိုတစ်လက်နှင့် ကျည်ဆံ အတောင့်(၃ဝ)ကိုဖမ်ဆီးရမိခဲ့ကြောင်းသိရသည်။
သက်သေခံအဖြစ် ဖမ်းဆီးရမိသော ပစ္စတိုသေနတ်မှာ PZ 27251 နံပါတ်ပါ  (BERETTA) USA နိုင်ငံလုပ်ဖြစ်ပြီး၊ ကျဉ်ဆံအတောင်(၃ဝ)မှာ 7.65 BR 11 SB တံဆိပ်ပါရှိသည်။
“ဒု-ရဲအုပ်ကျဲအိုဒင်မွိုင်းကို စစ်ဆေးတော့ ဖမ်းမိတဲ့ သက်သေခံ ပစ္စတိုသေနတ်နဲ့ ကျည်အတောင့်(၃ဝ)ကို လွန်ခဲ့တဲ့ ခုနှစ်လလောက်က ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးနိုထန်ကပ်က အပ်နှံထားခဲ့တယ်လို့ထွက်ဆိုပါတယ်။ ကလေးမြို့မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ချင်းရေးရာဝန်ကြီးရုံး အပေါ်ထပ်မှာ ဝန်ကြီးနဲ့နှစ်ဦးတည်း တွေ့ပြီး ဝန်ကြီးက ခေတ္တသိမ်းဆည်းထားဖို့ အပ်နှံထားတာလို့ စစ်ဆေးပေါ်ပေါက်ပါတယ်”ဟု ကလေးမြို့နယ် ရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။
ဒု-ရဲအုပ် ကျဲအိုဒင်မွိုင်းသည် ယခင်က ချင်းတိုင်းရင်သားဝန်ကြီးဦးနိုထန်ကပ်၏ လမ်းကြောင်းအချို့တွင် လုံခြုံရေးဝန်ထမ်းအဖြစ် လိုက်ပါခဲ့ဖူးသူလည်းဖြစ်သည်။
တရားမဝင် လက်နက်ကိုင်ဆောင်ထားသူ  ဒု-ရဲအုပ် ကျဲအိုဒင်မွိုင်းကိုအရေး ယူပေးပါရန် ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲအုပ်လှသိန်း၏ တရားလိုပြုတိုင် တန်းချက်ကို ကလေးမြို့မရဲစခန်းက(ပ) ၃၈၄/၂ဝ၁၄၊ လက်နက် ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။
တရားခံ၏ ထွက်ဆိုချက်မှန်ကန်ပါက ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး အနေဖြင့် လက်နက်ကိုင်ဆောင်ခွင့် ရှိ၊မရှိ သိလိုကြောင်း၊ အကယ်၍ အုပ်ချုပ်ရေးဌာနမှ ဝန်ကြီးတစ်ဦးအနေဖြင့် လက်နက်ကိုင်ဆောင်ခွင့်မရှိဘဲ လက်နက်ကိုင်ဆောင်ပါက ဥပဒေအရ မည်သို့ဆက်လက် အရေးယူမည်ကို စောင့်ကြည့်လိုကြောင်း၊ ဝန်ကြီးအဆင့် အစိုးရဝန်ထမ်းဖြစ်၍ ထိရောက်စွာ အရေးယူမှုမရှိပါက တရားဥပဒေစိုးမိုးမှု ရှိမည် မဟုတ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုလျက်ရှိသည်။

Credit to > Mizzima < Thank

မာစတာစပို့ ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ ခန့် ဆန္ဒပြ

ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံပိတ်သွား၍ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ၈၀၀ ခန့်က လစာနှင့် နစ်နာကြေးများရရှိရန် ဇူလိုင် ၁၇ ရက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံရှေ့မှ နံနက် ၈ နာရီမှ စတင်လမ်း လျှောက်ကာ ဗဟန်းမြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့တွင် နေ့လယ် ၂ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့သည်။
စက်ရုံ ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်ရှင်က အလုပ်သမားများကို ဇွန်လအတွက် လုပ်ခလစာထုတ်မပေးသည့်အပြင် ကြိုတင်အကြောင်းကြားဘဲ အလုပ်ရပ်နားလိုက်ခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းက ပြောသည်။
Master Sports ဖိနပ်စက်ရုံတွင် ဆက်လက်လည်ပတ်ရန် ကုန်ကြမ်း မလုံလောက်တော့သဖြင့် စက်ရုံပိတ်သိမ်းမည်ကြောင်း စက်ရုံတာဝန်ခံ ဒေါ်ခင်ထွေးက ဇွန်လ ၂၅ ရက်က အလုပ်သမားများကို အသိပေးခဲ့သည်ဟု အလုပ်သမား ကိုကျော်စွာက ဆိုသည်။
Master Sports ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈၀၀ ခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့်နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ ၄ နာရီအထိ စက်ရုံရှေ့တွင် ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်သည်။
ယင်းစက်ရုံသည် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားခြင်းမရှိဘဲ စက်ရုံ ပိတ်လိုက်ခြင်းသည် “မြန်မာနိုင်ငံအလုပ်သမားဥပဒေကို ချိုးဖောက်ရာလည်းရောက်သည်ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမား ဒုတိယတာဝန်ခံ ဒေါ်မာမာဦးက ဆိုသည်။
ဇွန် ၃၀ ရက်က လုပ်ခလစာနှင့် နစ်နာကြေးပေးရန် ညှိနှိုင်းခဲ့ရာတွင် စက်ရုံပိုင်ရှင် တောင်ကိုရီးယာ နိုင်ငံသားမှာ ပြည်ပသို့ ရောက်ရှိနေသဖြင့် အလုပ်သမားများ၏ လစာနှင့် နစ်နာကြေးကို ဇူလိုင် ၅ ရက်မှ ၁၀ရက်အတွင်း ဖြေရှင်းပေးမည်ဟု အလုပ်ရှင်ကကတိ ပေးခဲ့သည်ဟု အလုပ်သမားများက ပြောသည်။ သို့သော် ယနေ့အချိန်ထိ ဖြေရှင်းပေးခြင်း မရှိသေးပေ။
Master Sports စက်ရုံအရေးကို ဇူလိုင်လ ၁၈ ရက်တွင် သမ္မတအပါအ၀င်၊ ရှေ့နေချုပ်၊ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာန၊ လွှတ်တော်ဥက္ကဋ္ဌများထံ စာတင်သွားမည်ဟု အလုပ်သမားများကို အကူအညီပေးနေသည့် ရှေ့နေဦးဌေးက
ပြောသည်။
ယင်းအပြင် စက်ရုံက ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်က အလုပ်သမား ၅၈ ဦးခန့်ကို ချိန်းဆိုကာ လစာတစ်လစာပေး၍
စာရွက်အလွတ်တွင် လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု အလုပ်သမားများက ပြောသည်။
ထိုစက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာမှာ ခုနစ်သောင်းဝန်းကျင် ရရှိပြီး အဆင့်မြင့်ဝန်ထမ်းများ၏ အခြေခံလစာမှာ ၁၄၀,၀၀၀ မှ စ၍ ၁၈၀,၀၀၀ ၀န်းကျင် အထိ ရှိသည်။
ကိုရီးယားသံရုံးရှေ့တွင် Master Sports စက်ရုံလုပ်သားများ ဆန်္ဒပြရာတွင် အခြားစက်ရုံမှ အလုပ်သမားသမဂ္ဂ၊ မြို့နယ်များရှိ အလုပ်သမားသမဂ္ဂများက ပူးပေါင်းပါဝင်ခဲ့သည်။
ယင်းသို့ ဆန္ဒပြရန် ဖြတ်သန်း လမ်းလျှောက်မည့် မြို့နယ်အသီးသီးထံမှ ခွင့်ပြုမိန့်ရထားပြီးလည်း ဖြစ်သည်။
Master Sports ဖိနပ်စက်ရုံမှာ ၂၀၁၃ ခုနှစ်၊ ဇွန်လကမှ ဖွင့်ထားခြင်းဖြစ်ပြီး စက်ရုံ သက်တမ်းတစ်နှစ်ခန့်သာ ရှိသေးသည်။

Credit to > Mizzima < Thank

သားမယားအဖြစ်နေထိုင်ပုံများကို အင်တာနက်တင်သူ မကွေးမြို့နယ်တရားရုံးက ထောင်နှစ်နှစ်ချမှတ်

မကွေး ဇူလိုင် ၁၀

မကွေးမြို့တွင် နာမည်ကြီး (SHOPPING MALL) စတိုးဆိုင်တွင် လွန်ခဲ့သော ကိုးနှစ်ခန့်ကတည်းက အလုပ်လုပ်ကိုင်နေသည့် တရားလိုမိန်းကလေးသည် အဆိုပါ ဆိုင်မှပစ္စည်းဝယ်ယူဖောက်သည်ဖြစ်သည့် ဦး...အသက်(၄၂)နှစ် ကန်သာရပ်ကွက်နေသူနှင့် ခင်မင်ရင်းနှီးကာ စတိုးဆိုင်ပိတ်ချိန် နောက်ပိုင်းတွင် တီဗွီအောက်စက် ပြုပြင်သည့် ပညာသွားရောက်သင်ယူခဲ့စဉ် ငြိစွန်းခဲ့ပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ထိုသူတွင် အိမ်ထောင်ရှိ ကြောင်းသိရသဖြင့် တရားလိုမိန်းကလေးက ရှောင်တိမ်းနေစဉ် ရက်မမှတ်မိ ည ၇ နာရီချိန် ထိုသူရောက်ရှိလာပြီး ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်သို့ အတင်းအကျပ် ခေါ်ဆောင် သွားသဖြင့် လိုက်သွားခဲ့ရာ ၎င်းကသားမယားအဖြစ် နေထိုင်ရန်ပြောကြားခဲ့ရာ ငြင်းဆန်ခဲ့သဖြင့် မိန်းကလေး၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ခန္ဓာကိုယ်အား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ထို့နောက် သားမယားအဖြစ် နေထိုင်သည့် ပုံများကို အင်တာနက်တင်မည်ဟု ခြိမ်းခြောက်ကာ အခွေများအား မိန်းကလေး ထံလာရောက်ပေးသဖြင့် တရားလို မိန်းကလေးက ရှက်သဖြင့် မန္တလေးသို့ နှစ်ပတ်ကြာထွက်သွားခဲ့သည်။

ထို့နောက် မကွေးမြို့သို့ ပြန်လည်ရောက်ရှိပြီး မိမိအလုပ်လုပ်ကိုင်ခဲ့သည့် စတိုးဆိုင်တွင် ပြန်လည်အလုပ်လုပ် ကိုင်နေစဉ် ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်မှဝန်ထမ်းအမျိုးသားက တရားလို မိန်းကလေးနှင့် သားမယားအဖြစ်နေထိုင်သည့် ဗွီဒီယိုအား အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုတွင် ကြည့်ရှုရ ကြောင်းပြောကြားရာ သိရှိခဲ့သဖြင့် ဦး...အား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သော အမှုဖြစ်သည်။ မကွေးမြို့မရဲစခန်းမှ ဦး...အား (ပ) ၁၃၇/၂၀၁၃ ပုဒ်မ ၃၇၆/၅၀၀/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး အဆိုပါ အမှုအား ခိုင်မာစွာတည်ဆောက်၍ မကွေးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မကွေးမြို့နယ် တရားရုံးကဇူလိုင် ၄ ရက်တွင် တရားခံ ဦး...အား ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

Credit to > MOI Webportal Myanmar < Thank

https://www.facebook.com/MOIWebportalMyanmar?fref=nf

သင်္ချိုင်းမြေကို အုပ်ချုပ်ရေးမှူးက ရောင်း၍ လမ်းဘေးတွင် သဂြုင်္ိဟ်နေရ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာအသုံးပြုနေသော သင်္ချိုင်းမြေကို မိဘပိုင်မြေဟုဆို၍ ဗိုလ်တက်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက ဧပြီလ ၅ ရက်တွင် ရောင်းချလိုက်သောကြောင့် သေဆုံးသူများ သင်္ဂြိုဟ်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး လမ်းဘေးတွင် မီးသင်္ဂြိုဟ်နေရသဖြင့် တိုင်းအစိုးရထံ တိုင်ကြားမည်ဟု သိရသည်။
လက်ရှိ သေဆုံးသူများကို လမ်းဘေးတွင် မီးရှို့နေရသည်မှာ ခုနစ်ဦးရှိပြီဟု ဒေသခံများက ဆိုသည်။
ဘိုတက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက မိမိတို့၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး သင်္ချိုင်းမြေမဟုတ်ကြောင်း ၊ ထို့ကြောင့် ဇူလိုင်လတွင် ပုံစံ ၇ လျှောက်ခဲ့ရာ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါမြေကို ခြံခတ်ပြီး ရောင်းချရန် လုပ်နေသော်လည်း သင်္ချိုင်းမြေဖြစ်နေသောကြောင့် ၀ယ်မည့်သူမရှိသေးကြောင်းလည်း သိရသည်။
“ဒီမြေရောင်းတာ သိသိချင်းပဲ ကျွန်တော်တို့ ရပ်မိရပ်ဖတွေရယ်၊ ကျေးရွာအထောက်အကူပြုအဖွဲ့တွေရယ် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို အကြိမ်ကြိမ်သွားရောက် ညှိနှိုင်းမှုတွေ လုပ်တယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ အဆင်မပြေဘူး။ အခုရွာကသေရင် ချစရာမရှိတော့ဘူး။ လမ်းဘေးမှာ မီးရှို့နေရတယ် ဘာမှလုပ်ပေးတာ မရှိဘူးဆိုရင် တိုင်းအစိုးရကို တိုင်ကြားသွားမယ်”ဟု လက်ကောင်းကျေးရွာမှ ဦးလှသောင်က ပြောကြားသည်။
သင်္ချိုင်းမြေ ပြန်လည်ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးများနှင့် အကြိမ်ကြိမ်သွားရောက်တွေ့ဆုံဆွေးနွေးမှုများလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပုံစံခုနစ်လက်ဝယ်ရှိနေသောကြောင့် ဆောင်ရွက်မပေးနိုင်ကြောင်း ဒေသခံများကို ပြောသည်ဟု ဆိုသည်။
လက်ကောင်းကျေးရွာသည် အိမ်ခြေ ၁၇၆ အိမ်ရှိပြီး လူဦးရေ ၈၀၀ ဦးကျော်နေထိုင်သည်။ ယခုအခါ သင်္ချိုင်းမြေကို ခြံခတ်ထားပြီးဖြစ်သောကြောင့် ဒေသခံများကသင်္ဂြိုဟ်ခွင့် မရှိတော့ကြောင်း ဆိုသည်။

Credit to > Mizzima < Thank

လူ ၂၉၅ ဦးတင်ဆောင်ခဲ့သော မလေးရှားလေယာဉ် ယူကရိန်းတွင် ပျက်ကျ

လူ ၂၉၅ ဦး လိုက်ပါသွားခဲ့သော မလေးရှား ခရီးသည်တင် လေယာဉ် တစ်စီး ရုရှားနယ်စပ်အနီး ယူကရိန်းနိုင်ငံတွင် ပျက်ကျသွားခဲ့ကြောင်း လေကြောင်းလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် တစ်ခုကို ကိုးကား၍ အင်တာဖက်စ် (Interfax) သတင်းဌာနက ကြာသပတေးနေ့ (ဇူလိုင် ၁၇ရက်)က ဖော်ပြခဲ့သည်။
ဘိုးအင်း လေယာဉ်မှာ အမ်စတာဒမ် (Amsterdam) မှနေ၍ ကွာလာလမ်ပူသို့ ပျံသန်းသွားသော လေယာဉ်ဖြစ်သည်။
ထို မလေးရှား “လေယာဉ်ကပ်ဘေး” နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ယူကရိန်း ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ခဲ့ပြီး၊ လေယာဉ်မှာ အမ်စတာဒမ် မှနေ၍ အသွား လမ်းခရီးတွင် ထိုကဲ့သို့ ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။
မလေးရှား လေယာဉ်အနေဖြင့် ရုရှားဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်ခြင်း မရှိခဲ့ဘဲ ယူကရိန်း အရှေ့ပိုင်းတွင် ထိုကဲ့သို့ ပျက်ကျသွားခြင်း ဖြစ်ကြောင်း ရုရှား လေကြောင်းလုပ်ငန်း သတင်းရင်းမြစ် တစ်ခုက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းဒေသမှာ ရုရှားလိုလားသူ သူပုန်များနှင့် ယူကရိန်းအစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသဖြစ်သည်။
ထို ဘိုးအင်း ခရီးသည်တင် လေယာဉ်မှာ ရေဒါပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီး၊ ပုန်ကန်မှုတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဒိုးနက်(စ်) ဒေသရှိ ရှက်တာ့စ်က် (Shaktarsk) မြို့ အနီးတွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အရေးပေါ်ဌာနများမှ အဖွဲ့များအနေဖြင့် ထိုနေရာသို့ ရောက်ရှိရန် ကြိုးစားခဲ့ကြကြောင်း အမည်မဖော်လိုသော လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက အင်တာဖက်စ်-ယူကရိန်း သတင်းဌာနကို ပြောပြခဲ့သည်။

Credit to > Mizzima < Thank