ကျွန်တော်တို့
ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။ Viber
သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ်
။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware
ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber
ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code
အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code
ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့်
Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက်
အလုပ်ရှုပ်တာပေါ့ဗျာ။ အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ
ပုံမှန်သုံးစွဲနေစဉ်ကတည်းက အတွင်း data ကို copy/backup
ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite
တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့
Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို
ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို
Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊ ပြီးတာနဲ့
iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list
ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့
Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder
ကိုပြန်ကူးထည့်ပေးလိုက်ရင် ။ Firmware မကျခင်တုန်းက activate
လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate
လုပ်ပြီးအခြေအနေ ၊ အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ
အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။
Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer
ဆော့ဝဲသွင်းထားပြီး ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊
com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy
ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊
Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင်
အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက
com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။
ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ root access
တော့ရှိဖို့လိုပါလိမ့်မယ်
အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊
Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို
နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Credit to > သက်နိုင်စိုး (Myanmar Mobile App Store) < Thanks
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
No comments:
Post a Comment