Pages

Sunday, January 19, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဘားအံ ခရီးစဉ်

18.1.2014                                                        စနေနေ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပမည့်
(၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
၁၈၊၁၊၂၀၁၄ ရက်နေ့နံနက်တွင်နေပြည်တော်နေအိမ်မှ ကားဖြင့်ထွက်ခွါလာရာ ကျိုက်ထိုမြို့ စိမ်းလဲ့တင် ဟိုတယ်သို့ နံနက် (၁၁းဝဝ) နာရီခန့်တွင် ရောက်ရှိလာခဲ့ပါသည်။
ထို့နောက် နေ့လည်စာ သုံးဆောင်ပြီး နေ့လည် (၁းဝဝ) နာရီကျော်တွင် ဆက်လက် ထွက်ခွာလာရာ ဘီးလင်းမြို့သို့ နေ့လည် (၂းဝ၅) မိနစ်တွင် ရောက်ရှိခဲ့ပြီး ကြိုဆိုနှုတ်ဆက်ကြသော
ပြည်သူများအား ပြန်လည်နှုတ်ဆက်ခဲ့ပါသည်။ ယင်းနောက်မှ သထုံမြို့နယ်သို့ နေ့လည် (၃း၄၅) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ဘားအံသို့ ဆက်လက်ထွက်ခွာလာရာ လမ်းခရီးတစ်လျှောက်
ပြည်သူများမှ ဒုံးယိမ်းအကများ၊ ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ လမ်းခရီးတစ်လျှောက်ကြိုဆိုနှုတ်ဆက်သူများ များပြားသဖြင့်
လူထုဆန္ဒခံယူပွဲ ကျင်းပရာ ဘားအံမြို့နယ် အောင်သံလွင် ဘောလုံးကွင်းသို့ ယခင်ခန့်မှန်းချိန်ထက် အနည်းငယ်နောက်ကျပြီး (၅း၃ဝ) ခန့်တွင် ရောက်ရှိခဲ့ပါသည်။
ထို့နောက် တဆက်တည်း မိန့်ခွန်းပြောကြားပြီး (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် (သို့) အသစ်ရေးဆွဲရန် ပြည်သူ့ဆန္ဒခံယူရာ တက်ရောက်
နားထောင်ကြသော ပြည်သူများမှ တညီတညွတ်တည်း ပြင်ဆင်ရန် သဘောတူသဖြင့် ၉၇ % ဟု သတ်မှတ် အတည်ပြုပြီး ယခင် ဟောပြောပွဲများအတိုင်း မေးမြန်းခွင့် လူ(၇)ဦး သတ်မှတ်ကာ မေးမြန်း၊ ဖြေဆိုပြီး
ညနေ (၆း၄၅) နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွဲကပင်ဟိုတယ် (Hotel Zwekabin) တွင် တစ်ညတာ တည်းခိုပြီး
ယနေ့ (၁၉.၁.၂ဝ၁၄) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၇းဝဝ) နာရီကျော်တွင် ဇွဲကပင်ဟိုတယ်မှ စတင်ထွက်ခွာပြီး လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲနှင့် ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ပါသည်။

Credit to > ရွှေကျိုက်ထို < Thank

ဒေါ်အောင်ဆန်းစုကြည်၏ ဘားအံခရီးစဉ်တစ်လျှောက် မှတ်တမ်းဓါတ်ပုံများ

No comments:

Post a Comment