Pages

Monday, January 13, 2014

ပေါင်းစည်းမွန်နှစ်ပါတီ မတ်လတွင် မှတ်ပုံတင်မည်

ပူးပေါင်းမွန်နှစ်ပါတီဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီနှစ်ခု ပူးပေါင်း၍ မွန်အမျိုးသားပါတီအမည်ဖြင့် ၂၀၁၄ မတ်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ မှတ်ပုံတင် သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး(၁) ဦးနိုင်စိုးမြင့်က မဇ္ဈိမကို ပြောသည်။
ဇန်န၀ါရီလ ၁၂ ရက်တွင် မော်လမြိုင်မြို့၊ ဓာတုမာလာကျောင်းတိုက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီး ပါတီတည်ထောင်ခွင့်ရရှိရန် ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်မည်ဟုလည်း သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။
“ဒီနေ့အစည်းအဝေးကတော့ ပါတီနှစ်ခုက ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်မယ်။ လူအတိအကျတော့ မရွေးရသေးဘူး”ဟု ဦးနိုင်စိုးမြင့်က ပြောသည်။
ပါတီ၏ အမှတ်တံဆိပ်ရွေးချယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပါတီ၏ မူဝါဒစည်းမျဉ်းစည်းကမ်းများအား ပါတီ တည်ထောင်ခွင့်ယူပြီး ကော်မရှင်၏မူအတိုင်း လုပ်ဆောင်မည်ဖြစ်သည်။ ကော်မရှင်က အသိအမှတ်ပြုမှ သာ ပါတီတံဆိပ်ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု မွန်အမျိုးသားပါတီဥက္ကဌအဖွဲ့ဝင် ဦးနိုင်ငွေသိန်းက ဆိုသည်။

Credit to > Mizzima < Thanks

No comments:

Post a Comment