Pages

Saturday, December 13, 2014

၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်း ရောက်မရောက် အဆုံးအဖြတ်ဖြစ်ဟု NLD ဥက္ကဋ္ဌ ပြောကြား

13 December 2014


၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းကို ရောက် မရောက် အဆုံးအဖြတ် ပေးမည့် ရွေး ကောက်ပွဲဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်း အဝေးတွင် ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ရောက်မရောက် အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် လုပ်မယ်ဆိုတာဟာ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မဟုတ်ပါဘူး။ ပြည်သူလူထုအောင်ပွဲခံဖို့ ဖြစ်ပါတယ်။ ပြည်သူတွေ တကယ်လိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တခု ထူထောင်ရေးအတွက် တကယ့်ကို တိတိကျကျအဖြေပေးမယ့် ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။ ဒါကို ကျွန်မတို့ ကြိုးစားသွားရမှာပါ''ဟု ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပသော NLD ပထမအကြိမ် ဗဟိုကော်မတီစတုတ္ထအစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် ပြည်နယ်/တိုင်းများမှ ဗဟိုကော်မတီဝင်များ အနေဖြင့် NLD ၏ လုပ်ဆောင်ချက်များ အကောင်အထည် ဖော်ရာတွင် တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို အချက်အလက်မှန်မှန်ကန်ကန်ဖြင့် အစီရင်ခံ တင်ပြကြရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီမိုကရေစီစံနှုန်းစံထားများဖြင့် မပြောင်းလဲပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ပြီဟု မပြောနိုင်ကြောင်း NLD ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Credit to > ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်) < Thank

No comments:

Post a Comment