Pages

Saturday, December 13, 2014

သမီးရည်းစား ချိန်းတွေ့ နေစဉ် ဓါးမြှောင် နဲ့ ခြိမ်းခြောက်ပြီး မိန်းခလေးအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု ဖြစ်ပွား

12 December 2014


                      အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အရေးယူထား

ေ နေပြည်တော်၊ ဒီဇင်ဘာ ၁၂

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့ ည ၁၁ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်နေ မ xxx (၁၉)နှစ်သည် ရှင်ပြုအလှူအိမ်ရှိ ဆိုင်းအငြိမ့်ပွဲ သွားကြည့်ပြီး အလှူပွဲအနီး ယာခင်း အတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နေ ရည်းစားဖြစ်သူ ကို xxxx နှင့် ချိန်းတွေ့ခဲ့သည်။

ထိုသို့ချိန်းတွေ့နေစဉ် မကွေးမြို့နယ်နေ သိန်းဇော်(ခ)သိန်းဇော်အောင်(၂၅)နှစ်မှာ အရက်မူး၍ဓါးမြှောင် ကိုင်ဆောင်ရောက်ရှိလာကာ ကို xxxx အား ဓါးနှင့်ချိန်၍ ပြန်ခိုင်းပြီး မ xxx ကို ယာခင်းအတွင်းရှိ သရက်ပင်အနီးသို့ အတင်းပွေ့ချီ၍ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် တိုင်တန်းသောကြောင့် သိန်းဇော်(ခ)သိန်းဇော်အောင်အား ညောင်ကန်နယ်မြေရဲစခန်း (ပ)၄၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Credit to > ရဲဇာနည် < Thank

No comments:

Post a Comment