Pages

Saturday, December 13, 2014

ပဲခူးမြို့ ပေါ်မှာ ငှက်များနဲ့ တိုက်မိ၍ လေယာဉ်ဦးခေါင်း ပေါက်ပြဲ

10 December 2014



ေ ပေ(၄၀၀၀)ခန့် အမြင့်၌ ပျံသန်းနေသော လေယာဉ်နှင့် ငှက်တို့တိုက်မိရာမှ လေယာဉ်၏ ဦးထိပ်ပိုင်း အနည်းငယ် ပေါက်ပြဲမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

၁၀.၁၂.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာလာသော မြန်မာ့လေကြောင်း ခရီးစဉ်အမှတ် 8M-232 ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ မရောက်မီ (၁၀)မိနစ်ခန့်အလို ပဲခူးမြို့ပေါ် ပေ(၄၀၀၀)ခန့် အမြင့်မှ ပျံသန်းနေစဉ် ငှက်များနှင့်တိုက်မိ၍ လေယာဉ်၏ ဦးထိပ်ပိုင်း၌ (၁)ပေ ပတ်လည်ခန့် အပေါက်ဖြစ်သွားခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်း(၈)ဦးနှင့် ခရီးသည် (၁၂၀)ဦး လိုက်ပါလာကြောင်း သိရှိရပြီး ယင်းသို့ဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သတင်းရရှိပါသည်။

Credit to > Yangon Police < Thank

No comments:

Post a Comment