Pages

Friday, February 28, 2014

ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်းတွင် Cable Car ပြေးဆွဲရေး တောင်ကိုရီးယား နိုင်ငံ YEOSU POMA Co., Ltd. က လာရောက်ဆွေးနွေး

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်းတွင်
Cable Car ပြေးဆွဲရေးလုပ်ငန်း ကိုစိတ်ဝင်စားသော တောင်ကိုရီးယား နိုင်ငံမှ YEOSU POMA Co., Ltd. နှင့် မြန်မာနိုင်ငံမှ ASIA INTERNATIONAL FISHERIES CO., Ltd. တို့ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ရန် အတွက် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လာရောက်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံကာ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးသက်ဝင်း ပအို့ဝ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်ဖေမြနှင့် ဘဏ္ဍာရေး ဝန်ကြီးတို့က လက်ခံတွေ့ဆုံ ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ ကုမ္ပဏီဥက္ကဋ္ဌ Suri Ha Yoo နှင့်  မြန်မာနိုင်ငံ ကုမ္ပဏီ ဒါရိုက်တာ ဦးခင်မောင်ဝင်းတို့က မွန်ပြည်နယ်၏ သမိုင်းဝင် ကျိုက်ထီးရိုး စေတီတော်သို့ အသက်အရွယ် ကြီးသူများ သက်သောင့်သက်သာဖြင့် ဘုရားဖူးနိုင်ရန်အတွက် ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတွင် Cable Car ပြေးဆွဲရေး လုပ်ငန်းကို လုပ်ကိုင်လိုကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရန် အတွက် မြေပြင်၊ တောင်တက်လမ်း အခြေအနေ ဖြစ်နိုင်ခြေများကို ပထမအကြိမ် သွားရောက် ကြည့်ရှုပြီး ဖြစ်ပါကြောင်း၊ ရသေ့တောင် စခန်းမှ ရင်ပြင်တော်အနီးအထိ ဖြစ်နိုင်ခြေ လမ်းများ သွားရောက်ကြည့်ရှုပြီး ဖြစ်ကြောင်း၊ ထပ်မံ၍လည်း လေးကြိမ် သွားရောက်ပြီး အဖြစ်နိုင်ဆုံး နေရာများမှ ဆောင်ရွက်မည် ဖြစ် ပါကြောင်း၊  ကျိုက်ထီးရိုး တောင်တော်အလှနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း၊ Cable Car လမ်းဖြစ်ပါက ပြည်တွင်း ပြည်ပမှ ဘုရားဖူး ဧည့်သည်များ လာရောက် နိုင်ပါကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ခွင့်ပြုပေးနိုင်ပါရန် တင်ပြလိုကြောင်းများကို ပြောကြားသည်။  မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များက Cable Car ပြေးဆွဲရေးကို မူအားဖြင့် သဘောတူ ပါကြောင်း ကျိုက်ထီးရိုး တောင်တော်အလှ မပျက်စီးစေရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်လည်း အရေးကြီးပါကြောင်း၊ ပြည်တွင်းပြည်ပမှ သက်ကြီးရွယ်အို၊ ရဟန်းသံဃာတော်များနှင့် ပြည်သူများ သက်သောင့်သက်သာ သွားနိုင်မည်ဖြစ်၍ လိုအပ်ပါကြောင်း၊ ရသေ့တောင် စခန်းမှ ရင်ပြင်တော် အနီးအထိ ဖြစ်၍ အဆင်ပြေမည် ဖြစ်ပါကြောင်း၊ MIC နှင့် သက်ဆိုင်ရာ ဌာနများသို့လည်း ခွင့်ပြုချက်တင်ရန် လိုအပ်ပါကြောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ရောက်ရှိပါက တင်ပြပေးမည်ဟု ပြောကြားကြောင်း သိရသည်။

No comments:

Post a Comment