Pages

Tuesday, February 4, 2014

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ရရှိမည်ဟုပြောဆိုကာ ငွေများလိမ်လည် ရယူသွားသူအား ဖမ်းဆီးရမိပြီ

Tuesday, February 4, 2014

၂၀၁၃ ခုနှစ် မတ်လခန့်က ကြည့်မြင်တိုင်မြို့နယ်အတွင်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရရှိမည်ဟု ပြောဆိုကာ ငွေများလိမ်လည်ရယူ သွားသူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့မှုမှာ ၂၀၁၃ ခုနှစ် မတ်လခန့်က ကြည့်မြင်တိုင် မြို့နယ်နေ ဒေါ်သက်နွယ်လှထံသို့ တာမွေမြို့နယ် ဒဂုံလွင်လမ်းနေ ဉာဏ်မြင့်ဇော် ရောက်ရှိလာပြီး ၎င်းသည် နိုင်ငံတော်သမ္မတရုံးမှ စုံစမ်းသတင်း ပေးဌာနအဖွဲ့ဝင် ၁၄ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိတန်ဖိုး နည်းအိမ်ရာ စီမံကိန်း (ပါရမီ) တိုက်ခန်းများကို အရစ်ကျဝယ်ယူရရှိထားသည့် အစိုးရ ဝန်ထမ်းများက ပြန်ရောင်းမည်ဖြစ် ကြောင်းပြောဆိုကာ စာရွက်စာတမ်းများ ပြသရောင်းချခဲ့သဖြင့် ဒေါ်သက် နွယ်လှကတိုက်ခန်းနှစ်ခန်းအတွက် ငွေကျပ်သိန်း ၅၀ အား ပေးအပ်ခဲ့ကြောင်း၊ ဉာဏ်မြင့်ဇော်မှာအခြား သူများအားလည်း ယခုကဲ့သို့ပင်တိုက် ခန်းများရောင်းချ ထားကြောင်း၊ ယခုအခါ ၎င်းမှာ ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရပြီး ၎င်းပေးခဲ့သော စာရွက်စာတမ်းများတွင် နိုင်ငံတော်တံဆိပ်ကို အတုပြုလုပ်ထားခြင်း၊ ငွေသွင်းစာအုပ်များနှင့်တိုက်ခန်းပိုင် ဆိုင်မှုစာရွက် စာတမ်းများမှာ မမှန် မကန်ပြုလုပ်ထားခြင်းများ ဖြစ်ကြောင်းကို သိရှိရသဖြင့် ဉာဏ်မြင့်ဇော်အား စုံစမ်းအရေးယူပေးပါရန် ဒေါ်သက် နွယ်လှမှတိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မ ရဲစခန်းက အမှုဖွင့်စုံစမ်းဆောင် ရွက်ခဲ့သည်။

ဖမ်းဆီးရမိ
----------
အမှုနှင့် ပတ်သက်၍ ပြစ်မှုကျူး လွန်သူဉာဏ်မြင့်ဇော်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ် မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက ၎င်းထွက်ပြေးတိမ်းရှောင်နေ သည့်နေရာများအား သတင်းစုံစမ်း ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲက ရန်ကင်းမြို့နယ် ကလေးဆေးရုံရှေ့ လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူ ဉာဏ်မြင့်ဇော်အားစစ်ဆေးရာ ၎င်းသည် အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်သည့်အပြင် အလားတူတန်ဖိုးနည်း တိုက်ခန်းများ ဝယ်ယူရရှိမည်ဆိုကာ အင်းစိန် မြို့နယ်နေ ဒေါ်မိမိငယ်ထံမှ ငွေကျပ် ၂၇ သိန်းအားလည်းကောင်း၊ အင်းစိန် မြို့နယ်နေ မအယ်လ်ဘောမ်ဘုံထံမှ ငွေကျပ် ၂၁ သိန်းခွဲအားလည်းကောင်း၊ လှိုင်မြို့နယ်နေ ဒေါ်နော်ကပေါ် ထူးထံမှငွေကျပ် ၂၁ သိန်းအားလည်းကောင်း၊ အလုံမြို့နယ်နေ ဒေါ်ဖြူဝင်းညွန့်ထံမှငွေကျပ်သိန်း ၂၀ အားလည်းကောင်း၊ ဗဟန်းမြို့နယ်နေ ဒေါ်တင်ဝေနှင်း ထံမှငွေကျပ် ၄၅ သိန်းအားလည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်နေ ဒေါ်ခင်မမထံမှငွေကျပ် ၂၉၅၀၀၀ အားလည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ်နေဒေါ်နော်ဂျူးဒစ်ဖေထံမှ ငွေကျပ်၂၆၅၀၀၀ အားလည်းကောင်း လိမ်လည်ရယူခဲ့သဖြင့် ကြည့်မြင် တိုင်မြို့မရဲစခန်းတွင် ဖွင့်လှစ်အရေး ယူထားရှိခဲ့သည့် အမှုများမှ ထွက်ပြေး နေသော ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း စစ်ဆေးဖော် ထုတ်ရရှိသဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်လိုက်သည်။

MOI Webportal Myanmar

No comments:

Post a Comment