Pages

Friday, February 28, 2014

ကျည်ဆန် သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသားကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီလ ၂၆ ရက် ည ၇ နာရီခန့်က စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ Jet Star လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာသော၊ ကျည်ဆန်များ သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ပြင်သစ်နိုင်ငံသား Mr.Briano Florent Jean Marine ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ ခရီးဆောင် လက်ဆွဲအိတ်ကို X-Ray စက်ဖြင့် စစ်ဆေးရာမှ 7mm Remington Mag ကျည်ခုနစ်တောင့်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျည်ဆန်တွေမိတဲ့ ပြင်သစ်နိုင်ငံသားက အလည်ဗီဇာနဲ့ လာတာ။ ခွင့်ပြုချက် မရှိဘဲ ကျည်ဆန် ကိုင်ဆောင်ပြီး ဝင်လာတာကြောင့် ပြင်သစ်သံရုံးကို သတင်းပေးပို့ထားပြီး ရဲတပ်ဖွဲ့က လတ်တလော စစ်ဆေးနေတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေကြောင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ခွင့်ပြုချက်မရှိဘဲ ကျည်ဆန်များ ယူဆောင်လာသော ပြင်သစ်နိုင်ငံသားကို မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၁၀၁/၁၄၊ ၁၈၇၈ ခုနှစ် လက်နက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly


No comments:

Post a Comment