Pages

Sunday, October 19, 2014

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနား

ကျိုက်ထို                        အောက်တိုဘာ 18
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာလ(18)ရက် စနေနေ့ နေ့လည် (2)နာရီအချိန်က မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ စားသောက်ဆိုင် ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် (3) နာရီဝန်းကျင်ခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment