Pages

Saturday, October 25, 2014

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ မွန်ပြည်နယ်တွင်း သဘာဝဘေးဒဏ်သင့်မိသားစုများအား ထောက်ပံ့ကြေးငွေ သိန်း (၁ဝဝ) ကျော် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



ကျိုက်ထို၊ မွန်                                                                       အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စုနှင့် ဘိုရားကြီးကျေးရွာတို့တွင် သဘာဝဘေးဒဏ်သင့် မိသားစုများအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ထောက်ပံ့ကြေးငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သိမ်ဇရပ်ကျေးရွာနှင့် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးတို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ လာရောက် အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌများ၊ အဖွဲ့ဝင်များနှင့် အခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ သိမ်ဇရပ်၊ ကျိုက်ထိုမြို့များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း သိန်း(၁ဝဝ)ကျပ်ကျော် အား သဘာဝဘေးဒဏ်သင့်မိသားစုများထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

No comments:

Post a Comment