Pages

Monday, September 29, 2014

♪ MPT Server Error ကြောင်.လက်ကျန်ငွေ ၂၀၀ ကျပ်သာ ကျန်ရှိကြောင်းSMS ပို့(၂၉.၉.၂၀၁၄) ♫

1604773_388284307987935_1565738531154225835_n

မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) ဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် (၂၉.၉.၂၀၁၄) မနက်ပိုင်းမှစတင်၍ “လက်ကျန်ငွေ ၂၀၀ ကျပ်သာ ကျန်ရှိတော့သည်” ဟူသည့် SMS များ မြန်မာဆက် သွယ်ရေးလုပ်ငန်း(MPT) မှ ပို့ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်မှာ System Error ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) ၏ Sim card အသုံးပြုသူအချို့ အဆိုပါ SMS ပေးပို့ခြင်းဖြစ်သည်။ မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) ၏ SMS လက်ခံရရှိသူများအနေဖြင့် အမှန်တကယ် ဖုန်းအသုံးပြုခမှာ လက်ကျန် ၂၀၀ ကျပ်သာ ကျန်ရှိတော့ခြင်း မဟုတ်သဖြင့် ဖုန်းဘီလ်များကို စစ်ဆေးသင့်ကြောင်းSMS လက်ခံရရှီသူများက လူမှုကွန်ရက်တွင် သတိပေးပြောကြားလျှက်ရှီသည်။

"အွန်လိုင်းမတက်ဘူးဆိုပေမယ့် MPT လုပ်လို့တက်ပြောရအုံးမယ် မနက်က ဖုန်းဖွင့်တော့ ၂၀၀ ကျပ်အောက်ရောက်နေပြီ ပိုက်ဆံထည့်ဖြည့်ဖို့ပြောတယ်။ ကျွန်တော်လည်းလန့်ပြီး ဖုန်းဘေလ် ကိုပြန်စစ်ကြည့်တော့ ၁၉၄၉ ကျပ်ကျန်နေသေးတာကိုတွေ့ရတယ်။ ဒါနဲု့ဖုန်းခေါ်ကြည့်တော့ရတယ်။ နောက် တစ်ခါလည်း ၂၀၀ အောက်ရောက်တယ်ထပ်ပို့ပြန်ကော ကြည့်လိုက်တော့ ၁၉၀၉ ကျပ်ကျန်သေးတယ်။ MPT Server Error ဖြစ်နေတာလားမသိဘူး" ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT)၏ SMS လက်ခံရရှိသူတစ်ဦးကဆိုသည်။

Myanmar Digital Life Journal

No comments:

Post a Comment