Pages

Monday, December 23, 2013

အကယ်ဒမီစင်မြင့် ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးတည်ဆောက်မည်

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေး ပွဲအခမ်းအနား၌ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို Barco Co., Ltd. (Singapore) ၏ မြန်မာ နိုင်ငံကိုယ်စားလှယ်ဖြစ်သည့် Clover Solution co., Ltd. က ဆောင်ရွက်မည် ဖြစ်သည်။
“ယခင်နှစ်က စင်မြင့်နဲ့ပတ်သက်တဲ့ ဝေဖန်ပြောကြားခဲ့တဲ့ အားနည်းချက်တွေကိုလဲ ပြင်ဆင်ဆောင်ရွက် သွားမှာပါ” ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောသည်။
ယခုနှစ်တွင် တာဝန်ယူဆောင်ရွက်ခွင့်ရသည့် Clover solution  Co., Ltd. သည် ဒစ်ဂျစ်တယ်စနစ် ရုပ်ရှင်ပြစက် နှင့် ပိတ်ကားများကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။
ယင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် စင်ကာပူနိုင်ငံက တင်သွင်းလာသည့် Pro- jector နှင့် Silver screen  အမျိုးအစားကို ယာယီတင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြခဲ့ ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
အဆိုပါ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် လိုအပ်သည့်စက်ပစ္စည်းများကို ပြန်ကြားရေးဝန်ကြီးဌာနက စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးအခွန်ဝန်ကြီးဌာနတို့ကို ထပ်မံဆက်သွယ်ထားပြီး ခွင့်ပြုမိန့် များရရှိရန် မြန်မာ့ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးတစ်ဦးကို တာဝန်ပေးလျက် ရှိသည်။
အသံနှင့်မီးပစ္စည်းများကို ပြည်တွင်းမှ သုံးစွဲသွားမည်ဖြစ်ပြီး မီးပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ အစီအစဉ်များ ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးသည့် ဒီဇင်ဘာ ၂၃ ရက်တွင် အားကစားရုံပြင်ပ၌ တည် ဆောက်နေသည့် ဆက်တင်ပိုင်းဆိုင်ရာများကို သုဝဏ္ဏအားကစားရုံအတွင်းသို့ ယူဆောင်ပြီး ဆက်တင် တည်ဆောက်မှုကို လုပ်ဆောင်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးသတ်တည်ဆောက်မည် ဖြစ်သည်။
ယခုနှစ် အကယ်ဒမီပေးပွဲတွင် ၁၂ ပေအမြင့်ရှိသည့် အကယ်ဒမီရွှေစင်ရုပ်တု နှစ်ခုကို ပစ်တိုင်းထောင်Construction Group က လုပ်ဆောင်နေပြီး ဦးမောင်ကို (ပဲခူး)က ပြန်လည်ပြုပြင်လျက်ရှိသည်။

Credit to > Mizzima < Thanks

No comments:

Post a Comment