Pages

Monday, December 30, 2013

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံများတွင် မြန်မာ ထိပ်ဆုံးနားမှပါဝင်

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ခက်ခဲသောနိုင်ငံ တစ်နိုင်ငံအဖြစ် (Doing Business 2014)က ဖော်ပြထားချက်အပေါ် လေ့လာသုံးသပ်ပြုပြင်နိုင်ရန် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေး ဆပ်ကော်မတီက စီးပွားရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များအား အကြံပြုစာ တောင်းယူနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့တို့က လေ့လာပြုစုထားသော (Doing Business 2014) တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၁၈၂ တွင် တည်ရှိနေသည်။ ထို့ကြောင့် နောက်ဆုံးမှ ရေတွက်လျှင် အဆင့် ၈ ဖြစ်သည်။

ယင်းသတ်မှတ်ချက်ကို ပြုပြင်ပြီး ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးအခက်အခဲများနှင့် ဆီလျော်အောင် ပြုပြင်ဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းများနှင့် လုပ်ငန်းရှင်များ၊ ပညာရှင်များထံမှ အကြံဉာဏ် ရယူဆောင်ရွက်သွားမည်ဟု ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

“၀ိုင်းဝန်းဆွေးနွေးမယ်ဆိုရင် အဖြေထွက်မှာပဲ။ လောလောဆယ်တော့ ဗျူရိုကရေစီကြိုးနီစနစ်က ရှိနေသေးတော့ လုပ်ရတာခက်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ကုန်သွယ်မှုနှင့်သက်ဆိုင်သော ဌာနများမှ အဖွဲ့ဝင် ၂၅ ဦး ပါဝင်သည်။
Credit to > 7Day News Journal < Thanks

No comments:

Post a Comment