Pages

Saturday, December 13, 2014

မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ''မန္တလာမင်း''''ရွှေနန်းတော်'' နဲ့ Elite တို့ ထပ်ဆင့် တိုက်မှုဖြစ်

8 December 2014


အရှိန်မထိန်းနိုင်သော မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်(၂)စီး ထပ်ဆင့်တိုက်မိသည့်အပြင် မတ်တူးယာဉ်မှ လမ်းဘေးတွင် ရပ်ထားသော ခရီးသည်တင်ယာဉ်အား ဆက်လက်တိုက်မိ၍ (၃)ဦးဒဏ်ရာရ

နေပြည်တော်၊ ဒီဇင်ဘာ ၈

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၃/ဝ-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ ဆုံကုန်းရပ်ကွက်နေ မျိုးမင်းဇော် (၃၆)နှစ် မောင်းနှင်လာသော 4C/xxxx မတ်တူးအပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ဦးမြင့်ဌေး(၄၈)နှစ်မောင်းနှင်သည့် 2G/xxxx ''မန္တလာမင်း'' ခရီးသည်တင်မှန်လုံယာဉ်၏ နောက်ယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ''မန္တလာမင်း''ခရီးသည်တင် ယာဉ်မှ အများသုံးသန့်စင်ခန်းအနီး၊ လမ်းယာဘက်ဘေးတွင် ရပ်ထားသည့် 4D/xxxx ''ရွှေနန်းတော်'' ခရီးသည်တင်မှန်လုံယာဉ်အား ထပ်ဆင့်တိုက်မိခဲ့ပြီး 4C/xxxx မတ်တူးယာဉ်မှာ အများသုံးသန့်စင်ခန်း ရှေ့တွင်ရပ်ထားသည့် 4C/xxxx Elite ခရီးသည်တင်မှန်လုံယာဉ်၏နောက်ပိုင်းအား ထပ်မံတိုက်မိ ရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်များပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း 4C/xxxx မတ်တူးယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် ယာဉ်မောင်း မျိုးမင်းဇော် ပါ ကျား(၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 4C/xxxx မတ်တူးယာဉ်၏ ရှေ့လေကာမှန်/ဘေးမှန်များကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၊ နောက်ပိုင်းတွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၅ဝ)ခန့်၊ ''မန္တလာမင်း''ခရီးသည်တင်ယာဉ်၏ နောက်ယာ ဘက်ခြမ်း ပိန်ချိုင့်တွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၁ဝဝ)ခန့်၊ ''ရွှေနန်းတော်''ခရီးသည်တင်ယာဉ်၏ ယာဘက်နောက်မီးကွဲ/ဆေးပွန်း၍ တန်ဘိုးငွေကျပ်သိန်း(၃ဝ)ခန့်နှင့် Elite ခရီးသည်တင်ယာဉ်၏ နောက်ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မျိုးမင်းဇော်အား ပေပင်လေး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

Credit to > ရဲဇာနည် < Thank

အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း

8 December 2014


ရန်ကုန်တိုင်း ဒေသကြီး အတွင်းက အနှိပ်ခန်းတွေကို ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြု ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော် အစည်း အဝေးမှာ တင်သွင်း လိုက်ပါတယ်။

တဆက်တည်းမှာပဲ ရန်ကင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်က ရန်ကုန်တိုင်း အတွင်းက လူနေရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ ကေတီဗွီ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည်ခန်းမတွေကို နေရာတခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးဖို့ အစီစဉ်ရှိ မရှိ မေးမြန်းခဲ့ရာ အစီစဉ်မရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ပါတယ်။

Credit to > ဒီဗွီဘီ < Thank

Tuesday, November 25, 2014

MCC ကွန်ပျူတာ သင်တန်းကျောင်းတွင် LCCI စာရင်းကိုင်သင်တန်းနှင့် ကွန်ပျူတာသင်တန်း တန်းခွဲသစ်များ ဒီဇင်ဘာလအတွက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ MCC ကွန်ပျူတာသင်တန်းကျောင်းတွင် ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ LCCI စာရင်းကိုင် သင်တန်းနှင့် ကွန်ပျူတာသင်တန်း တန်းခွဲသစ်များကို Microsoft Certified လက်မှတ်ရ ဆရာ/ဆရာမ များမှ သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် ကြိုတင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
MCC - ကျိုက်ထို's photo.
MCC - ကျိုက်ထို's photo.

Tuesday, November 11, 2014

မီးလင်းရေးကော်မတီအပေါ် ရွာခံတွေ ဘာ့ကြောင့် မကျေနပ်တာလဲ

လှည်းကူးမြို့နယ်ထဲက ဝါးရုံစွန်းကျေးရွာ မီးလင်းရေးကော်မတီ မမှန်မကန်လုပ်ရပ်နဲ့ ငွေစာရင်း အလွဲသုံးမှုတွေကြောင့် ကျေးရွာလူထုတွေက နိုဝင်ဘာ ၈ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး မီးလင်းရေးကော်မတီကို မကျေနပ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မီးလင်းရေးကော်မတီရဲ့ ရိုင်းပြမှုကို မနှစ်မြို့သလို မီတာခကောက်ခံတဲ့စနစ်ကို ရွာသားတွေက မကျေနပ်နေချိန် လျှပ်စစ်မီးတပ်ဆင်ဖို့အတွက် ကောက်ခံထားတဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ရှင်းလင်းမှုတွေအပေါ် သံသယရှိနေတြယ်လို့ ဆိုပါတယ်။
လျှပ်စစ်မီးကို မီးထွန်းရုံသာ အသုံးပြုတဲ့ ဒေါ်တုတ်က လုပ်ငန်းသုံးသူတွေအတိုင်း ပေးဆောင်နေရတဲ့အပေါ် မကျေနပ်သလို လတွေစုပြီးမှ မီတာခကောက်ခံတာကြောင့် သူနဲ့ မီးလင်းရေးကော်မတီကြား ဖြစ်ပွားခဲ့ပုံကို အခုလိုရှင်းပြပါတယ်။
မီတာခကောက်ခံမှုဟာ မှန်းခြေနဲ့ရမ်းကောက်နေတာဖြစ်ပြီး လတွေစုပြီးမှကောက်တာကြောင့် မီတာခတွေ အများကြီးဆောင်ရတဲ့အပေါ် မိသားစုတွေ မကျေမနပ်ဖြစ်နေကြပါတယ်။ မီးလင်းရေးကော်မတီအတွက် မတည်ခဲ့တဲ့ငွေတွေ ပြန်ရမယ်ဆိုပြီး သေသေချာချာ မရှင်းလင်းတာကြောင့် သင်္ကာမကင်းဖြစ်တယ်လို့ ဆားဖိုကျေးရွာက ဦးသန်းလှိုင်က ပြောပါတယ်။
မီတာခကောက်ခံတဲ့ပုံစံဟာ မီးသုံးစွဲမှု အတန်းအားအလိုက် ကြည့်ကောက်တာဖြစ်ပြီး အတိမ်းအစောင်း ရှိနိုင်တယ်လို့ မီးလင်းရေးကော်မတီက ဦးခင်ထွန်းက ပြောပါတယ်။ ငွေစာရင်းပိုင်းက သူမသိနိုင်သလို လတွေစုပြီးမှ ကောက်ခံတာဟာ ရွာသူရွာသားတွေ လစဉ်မီတာခပေးဆောင်ဖို့ ခေါင်းထဲထည့်မထားလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
၂ဝ၁ဝကစပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်ပေးရေးကော်မတီရဲ့ ပံ့ပိုးမှုနဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေးကို လုပ်ဆောင်ခဲ့ပြီး အခုတော့ မြို့နယ်လျှပ်စစ်ဌာနက တိုက်ရိုက်ကောက်ခံတဲ့မီတာကိုသာ လိုချင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။


Credit to > Kamayutmedia < Thank
http://kamayutmedia.com/lifestyle/social/1939

Saturday, October 25, 2014

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ မွန်ပြည်နယ်တွင်း သဘာဝဘေးဒဏ်သင့်မိသားစုများအား ထောက်ပံ့ကြေးငွေ သိန်း (၁ဝဝ) ကျော် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



ကျိုက်ထို၊ မွန်                                                                       အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စုနှင့် ဘိုရားကြီးကျေးရွာတို့တွင် သဘာဝဘေးဒဏ်သင့် မိသားစုများအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ထောက်ပံ့ကြေးငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သိမ်ဇရပ်ကျေးရွာနှင့် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးတို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ လာရောက် အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌများ၊ အဖွဲ့ဝင်များနှင့် အခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ သိမ်ဇရပ်၊ ကျိုက်ထိုမြို့များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း သိန်း(၁ဝဝ)ကျပ်ကျော် အား သဘာဝဘေးဒဏ်သင့်မိသားစုများထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Sunday, October 19, 2014

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်ကိုယ်တော် ဆန္ဒပြမှုဖြစ်ပွား

ကျိုက်ထို                                                                     အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့မဈေး(ရှမ်းဈေး)တွင် အောက်တိုဘာလ ၁၉ ရက်နေ့နံနက် ၉း၃၀ မှ ၉း၃၅ နာရီအထိ (၅) မိနစ်ကျော်ကြာ တစ်ကိုယ်တော်ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။
သတင်းဓာတ်ပုံ - Myo Chitthu

Myo Chitthu's photo.
Myo Chitthu's photo.
Myo Chitthu's photo.

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနား

ကျိုက်ထို                        အောက်တိုဘာ 18
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာလ(18)ရက် စနေနေ့ နေ့လည် (2)နာရီအချိန်က မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ စားသောက်ဆိုင် ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် (3) နာရီဝန်းကျင်ခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။