လှည်းကူးမြို့နယ်ထဲက
ဝါးရုံစွန်းကျေးရွာ မီးလင်းရေးကော်မတီ မမှန်မကန်လုပ်ရပ်နဲ့ ငွေစာရင်း
အလွဲသုံးမှုတွေကြောင့် ကျေးရွာလူထုတွေက နိုဝင်ဘာ ၈ရက်နေ့က
သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး မီးလင်းရေးကော်မတီကို မကျေနပ်တဲ့အကြောင်း
ပြောဆိုခဲ့ပါတယ်။
မီးလင်းရေးကော်မတီရဲ့
ရိုင်းပြမှုကို မနှစ်မြို့သလို မီတာခကောက်ခံတဲ့စနစ်ကို ရွာသားတွေက
မကျေနပ်နေချိန် လျှပ်စစ်မီးတပ်ဆင်ဖို့အတွက် ကောက်ခံထားတဲ့
ငွေကြေးနဲ့ပတ်သက်ပြီး ရှင်းလင်းမှုတွေအပေါ် သံသယရှိနေတြယ်လို့ ဆိုပါတယ်။
လျှပ်စစ်မီးကို မီးထွန်းရုံသာ အသုံးပြုတဲ့ ဒေါ်တုတ်က
လုပ်ငန်းသုံးသူတွေအတိုင်း ပေးဆောင်နေရတဲ့အပေါ် မကျေနပ်သလို လတွေစုပြီးမှ
မီတာခကောက်ခံတာကြောင့် သူနဲ့ မီးလင်းရေးကော်မတီကြား ဖြစ်ပွားခဲ့ပုံကို
အခုလိုရှင်းပြပါတယ်။
မီတာခကောက်ခံမှုဟာ မှန်းခြေနဲ့ရမ်းကောက်နေတာဖြစ်ပြီး
လတွေစုပြီးမှကောက်တာကြောင့် မီတာခတွေ အများကြီးဆောင်ရတဲ့အပေါ် မိသားစုတွေ
မကျေမနပ်ဖြစ်နေကြပါတယ်။ မီးလင်းရေးကော်မတီအတွက် မတည်ခဲ့တဲ့ငွေတွေ
ပြန်ရမယ်ဆိုပြီး သေသေချာချာ မရှင်းလင်းတာကြောင့် သင်္ကာမကင်းဖြစ်တယ်လို့
ဆားဖိုကျေးရွာက ဦးသန်းလှိုင်က ပြောပါတယ်။
မီတာခကောက်ခံတဲ့ပုံစံဟာ
မီးသုံးစွဲမှု အတန်းအားအလိုက် ကြည့်ကောက်တာဖြစ်ပြီး အတိမ်းအစောင်း
ရှိနိုင်တယ်လို့ မီးလင်းရေးကော်မတီက ဦးခင်ထွန်းက ပြောပါတယ်။
ငွေစာရင်းပိုင်းက သူမသိနိုင်သလို လတွေစုပြီးမှ ကောက်ခံတာဟာ ရွာသူရွာသားတွေ
လစဉ်မီတာခပေးဆောင်ဖို့ ခေါင်းထဲထည့်မထားလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
၂ဝ၁ဝကစပြီး
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်ပေးရေးကော်မတီရဲ့ ပံ့ပိုးမှုနဲ့
ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေးကို လုပ်ဆောင်ခဲ့ပြီး အခုတော့
မြို့နယ်လျှပ်စစ်ဌာနက တိုက်ရိုက်ကောက်ခံတဲ့မီတာကိုသာ လိုချင်တယ်လို့
ရွာသားတွေက ဆိုပါတယ်။
Credit to > Kamayutmedia < Thank
http://kamayutmedia.com/lifestyle/social/1939
No comments:
Post a Comment