Pages

Sunday, September 21, 2014

window start app blocker

window ပေါ်က app တွေကို block ချင်သူများအတွက်
window start app blocker

ဒီမှာဒေါင်းနိုင်ပါသည်။
https://copy.com/XWjhT1O1RhxF

Saturday, September 20, 2014

KTV ဘိုင်ပျက်နေသူများအတွက် ဖုန်းဖြင့် ကာရာအိုကေ ဆိုနိုင်မဲ့Apk

သင့်တို့ရဲ့ ဖုန်းနဲ Music
ကာရာအိုကေ
သီချင်းများဆိုနိုင်ပါပြီ"
ပုံနဲရှင်ထားပါတယ်"
ဆော့ဝဲအားဒေါင်းရန်
http://www.mediafire.com/?86hs0gp4558liy1
CREDIT TO >arkarsoftwareguide< Thanks

မြန်မာ~ထိုင်း စကာပြန် ဆော့ဝဲ…Android

ထိုင်းစာထိုင်းစကားတတ်ချင်တဲ့သူတွေအတွက်
ဒီဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ်
ရှမ်း စာကို အခြေခံ ကအစ တတ်အောင်သင်ယူ
နိုင်မည့်ဆော့ဝဲလေးပါ သုံးဘာသာနဲ စကားပြန်
ထားပါတယ်_မြန်မာ~ထိုင်း~အင်္ဂလိပ် ပေါ့
မိမိသိလိုတဲ့ အကြောင်းအရာ စုံစုံလင်လင်ပါရှိ
ပါတယ် နောက်တစ်ခုကလည်း မိမိသိလိုတဲ့
ထိုင်းစာသားကို အသံ လည်း နာဆင်ဆင်သင်ယူ
နိုင်ပါသေးတယ် အခန်းတွေလည်း အများကြီး
ပါဘာတယ် မိမိက ဒီဆော့ဝဲနဲ ရှမ်းစာ သင်ယူလို့
နည်းနည်း ကျွမ်းသွားရင် မေးခွန်တွေ လည်း
ဖြေဆိုတဲ့ နေရာလည်း ရှိပါတယ် ထိုင်းစာကို
မြန်မာလိုပြပြီး ထိုင်းလို့ ပြန်ဖြေပေးရမှာပါ
အမှတ် တွေနဲ မေးခွန်းတွေ ဖြေဆိုနိုင်ပါတယ်
အောက်မှာ Screenshot တွေပြထားပါတယ်
ကြည့်လို့ရပါတယ်
ထိုင်းစာ ထိုင်းစကားတတ်ချင်တဲ့သူတွေ ဒေါင်း
သာဒေါင်းသွားကြပါ ……
APK File Sizt.4MB လောက်ရှိပြီး
Android OS Version.2.2 အထက် ဖုန်း
တွေ ထည့်သွင်း Installing လုပ်၍အသုံးပြု
နိုင်ပါတယ်……ခင်ဗျာ

အောက်ပါ လိပ်စာတွင် download လုပ်နိုင်ပါသည်။




Credit by > http://arkarsoftwareguide.blogspot.com/< Thank

Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်နည်း /ဖိတ်စာရိုက်နည်း

Adobe PageMaker 7.0  ကတော့အခြေခံတတ်ထားတဲ့သူတွေတတ်ကျမှာပါ ဒါပေမဲ့
အခြေခံတတ်ထားပြီစာအုပ်နဲ.မှတ်မထားလို.မေ့သွားတယ်ဆိုတဲ့သူငယ်ချင်းတို.ပြန်လေ့လာ
လိုရအောင်လို.တင်ပေးတာပါနော်
Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်နည်း
Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်လျှင် Menu Bar ပေါ်က File ထဲက New
ကို Clip နှိပ်လိုက်ပါ Document Setup တစ်ခုကျလာပါလိမ့်မယ် ထိုအခါ Page Size နေရာ
မှာ A4 လို.ရွေးပါ Orientation နေရာမှာ Tall နဲ. Waide ဆိုပြီနှစ်ခုရွေးခိုင်လိမ့်မယ် Tall
ဆိုတာကဒေါင်လိုက် Waide ဆိုတာက အလျားလိုက်ပါ။ထိုအခါ Tall ကိုရွေးလိုက်ပါ Options
နေရာက Double-sided ကိုဖြုတ်ပါ။ Insid, Outside ,Top ,Bottom အားလုံးကို 0.5 လို.ယူပါ
အပေါ်မှာရေးထားတဲ့အတိုင်လုပ်ပြီရင် <ok> ကိုနှိပ်လိုက်ပါ ။ ထိုအခါစာရွက်ကျလာလိမ့်မယ်
အလျားလိုက် Ruler နဲ.ဒေါင်လိုက် Ruler ဆိုပြီနှစ်ခုရှိပါတယ် ထို Ruler နှစ်ခုလုံးပေါ်ကိုမြားတင်ပြီး
right clip နှိပ်လိုက်ပါ Inches Decimal, Millimetetrs, Picas, Ciceros, ဆိုပြီငါးခုပေါ်လာလိမ့်မယ်
ထိုထဲက Inches Decimal ကိုကလစ်နှိပ်လိုက်ပါ ထိုနောက် o-log ယူပါ။နောက်ပြီဒေါင်လိုက် Ruler ပေါ်
ကောအလျားလိုက် Ruler ပေါ်ကိုပါမြားတင်ပြီစာရွက်ပေါ်ကိုမျဉ်းတစ်ကြောင်းဆီဆွဲကျပါ။နောက်ပြီဒေါင်လိုက်
မျဉ်းပေါ်ကောအလျားလိုက်မျဉ်းပေါ်ကော right clip နှိပ်လိုက်ပြီ နောက်ပြီ Move ကို Clip နှိပ်လိုက်ပါ Moe Givde
ဆိုပြီကျလာလိမ့်မယ် Move to နေရာမှာ ဒေါင်လိုက်ကို <3.5> လို.ယူပါ အလျားလိုက်ကို <2> လို.ယူပါ။ လိပ်စာရိုက်
ရာတွင် Center Alignment ယူပြီရိုက်ရပါတယ်။လိပ်စာကဒ်ရိုက်ရာတွင်ဖုန်းပုံလေးတွေထည့်ချင်ရင် Character Map
ထဲက Font နေရာမှာWebing လို.ရိုက်လိုက်ပါ Webing ဆိုတဲ့ Font ထဲမှာပါတယ်။
ဖိတ်စာရိုက်နည်း
ဖိတ်စာရိုက်ရာတွင် Adobe PageMaker7.0 ကိုပဲအသုံးပြုပါတယ်လိပ်စာကဒ်ရိုက်သည့်ပုံအတိုင်
File ထဲက New သို.မဟုတ်File အောက်က New ကိုကလစ်နှိပ်လိုက်ပါ Document Setup တစ်ခုကျလာလိမ့်မယ်
ထိုအခါ Page Sizeနေရာမှာ A4လို.ယူပါOrientation နေရာမှာ Tall နဲ. Wide ဆိုပြီတော့ရွေးခိုင်ပါတယ် Wide
ဆိုတဲ့အလျားလိုက်ကိုရွေးပေးပါOptions နေရာကDouble -Sided ကိုဖြုတ်ပါ Inside,Outside,Top,Bottom,
အားလုံးကို<0.25>လို.ယူပါ အပေါ်မှာရေးထားတဲ့အတိုင်လုပ်ပြီးလျှင်<ok> ကိုကလစ်နှိပ်လိုက်ပါ
စာရွက်တစ်ရွက်ကျလာလိမ့်မယ်နောက်ပြီLayout ထဲက Colunm Gide ကိုကလစ်နှိပ်လိုက်ပါထိုအခါColunms Gide
ဆိုပြီတော့Document တစ်ခုကျလာလိမ့်မယ်ထိုထဲကNumber of columns ကို <2>လို.ယူပါ
Space betweencolumns ကို<0.5>လို.ယူပါထိုနောက်ဒေါင်းလိုက်မျဉ်းနှစ်ကြောင်းစာရွက်ပေါ်မှာတွေ.ရပါလိမ့်မယ်
ထိုနောက်အလျားလိုက် Ruler ပေါ်ကိုမြားထောက်ပြီးတော့မျဉ်းနှစ်ကြောင်းဆွဲချလိုက်ပါမျဉ်းတစ်ကြောင်းစီပေါ်
ကိုမြားထောက်ပြီright clip နှိပ်လိုက်ပါ Move ကိုကလစ်နှိပ်လိုက်ပါMove Gide ဆိုပြီတော့ကျလာလိမ့်မယ်
Move to ဆိုတဲ့နေရာမှာ<4.25>လို.ယူပါ<4.25>ကို0-logယူပြါထိုနောက်ကျန်တဲ့တစ်ကြောင်းကိုလည်းထိုအတိုင်လုပ်ပြီး
Move to နေရာမှာ<-0.25>လို.ယူပါ ဖိတ်စာဘောင်အနားတွေကိုအလှဆင်ချင်ရင်တော့
Character Mapကိုနှိပ်ပြီကိုကြိုက်တဲ့ကနုတ်ပန်းတွေကိုရှားပါ။

Credit by >zscomputer< thank

IS အပေါ် ပထမဆုံး ပြင်သစ် လေကြောင်း တိုက်ခိုက်

အီရတ် နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ် တပ်တွေကို ပြင်သစ် တိုက်လေယာဉ် တွေက ပထမဆုံး အကြိမ် လေကြောင်း တိုက်ခိုက် မှုတွေ စတင် လိုက်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။

အီရတ် အရှေ့မြောက်ပိုင်းက IS တပ် စခန်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး နောက်ထပ်လည်း ဆက်လက် တိုက်ခိုက် သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ယူအေအီး နိုင်ငံမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက အီရတ် နိုင်ငံတွင်းကို ကင်းထောက် ပျံသန်းမှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေး နေ့မှာတော့ လေကြောင်းက ကူတိုက်ပေးဖို့ အီရတ်ရဲ့ တောင်းဆိုမှုကို လက်ခံ လိုက်တယ်လို့ ပြင်သစ် သမ္မတ ဟော်လန်းဒ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကလည်း အီရတ်မှာ ရှိတဲ့ ဂျီဟတ်ဒစ် စစ်သွေးကြွတွေကို သြဂုတ်လ လယ်ပိုင်း ကတည်းက အခုအထိ လေကြောင်းကနေ အကြိမ် ၁၇၀ ကျော် တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

IS အစ္စလာမ္မစ် အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားက မြို့ အတော်များများကို သိမ်းပိုက် ထားဆဲ ဖြစ်ပါတယ်။

Credit to > Thithtoolwin < Thank

ပြည်ပချေးငွေ မှန်ကန်စွာ အသုံးပြုဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေတွေကို လက်ခံရမှာဖြစ်သလို အဲဒီချေးငွေတွေ အသုံးပြုမယ့် စီမံကိန်းတွေ ရွေးချယ်ရာမှာလည်း မှန်ကန်ဖို့လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်၊ ကိုးရီးယားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေနဲ့ အီတလီနိုင်ငံItaly Development Cooperation တို့ကနေ အမေရိကန် ဒေါ်လာ ၁၄၅ သန်းနဲ့ ယူရိုသန်း ၂၀ ချေးယူဖို့အတွက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အခုလို ပြောခဲ့တာပါ။

"မိမိနိုင်ငံအခြေအနေအရ ချေးရမှာပဲ၊ အများပြည်သူအတွက် ချေးတယ်ဆိုလို့ရှိရင် ချေးပါ ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ လုပ်ပုံကိုင်ပုံ မှန်ဖို့လိုပါတယ်၊ တကယ်သူတို့ရွေးတဲ့ Project တွေက မှန်ဖို့လိုပါတယ်၊ သူတို့ရဲ့ ပြန်ပြီးတော့ ချေးငွေဆပ်ရမယ့် အခြေအနေကတော့ မဆိုးပါဘူး"

အဲဒီချေးငွေတွေကို ပို့ဆောင်ရေးဝန်ကြီးဌာနက ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရထားတွဲနဲ့ လမ်းပိုင်းတိုးမြှင့်ရေး စတဲ့လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Credit to > RFA Burmese < Thank


၁၅ နှစ်အရွယ် အမျိုးသမီးကို အဓမ္မကျင့်သည့် ရဲဘော်အား အရပ်ဘက်တရားရုံးတွင် ပထမအကြိမ်စစ်ဆေး

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် အစိုးရ စစ်တပ်မှ ရဲဘော် ကောင်းဘိုဘို အမှုကို စက်တင်ဘာလ ၁၉ ရက်တွင် မူဆယ်ခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က မူဆယ်-ကွတ်ခိုင်ကားလမ်းပေါ်ရှိ နမ်ဂွတ်ကျေးရွာသူ အမျိုးသမီးလေး တစ်ဦးအား သိန္တီအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ခံ တပ်ရင်း ခလရ ၅၆၇ တပ်ဖွဲမှ ရဲဘော် ကောင်းဘိုဘိုက အဓမ္မပြုကျင့်ခဲ့သဖြင့် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ်ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးများအဖွဲ့က ကွတ်ခိုင်ရဲစခန်းသို့ အမှုဖွင့် တိုက်ကြားခဲ့ခြင်း ဖြစ်သည်။
“အခင်းဖြစ်ခဲ့တာတွေကို သမီးကိုစစ်တယ်။ ပြီးရင် သူ့မိဘတွေကို စစ်ဆေးမေးမြန်းတယ်။ ရွာလူကြီးနဲ့ အဒေါ်တို့ကိုလည်း မေးမြန်းစစ်ဆေးခဲ့တယ်။ တရားခံဖြစ်သူကိုလည်း မှန်မမှန် နားထောင်ခိုင်းတယ်။ သူကတော့ ပါစပ်မပိတ်ဘူး။ သူ့ကို ဘာမှ မလုပ်ဘူး ဆိုပြီး ငြင်းတယ်။ တခြားတော့ သူမှားတယ်ဆိုပြီး ဝန်ခံတယ်” ဟု ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲကျော်သည်အထိ မူဆယ်ခရိုင် တရားသူကြီး ဦးခင်မောင်ဝင်းက နှစ်ဖက်မိသားစုများကို စစ်ဆေးမြန်းမြန်းခဲ့ပြီး လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
ရဲဘော် ကောင်းဘိုဘိုအား ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆ (မုဒိန်းမှု) နှင့် ပုဒ်မ ၃၆၃ (သဘောမတူဘဲ ခိုးယူပေါင်းသင်းမှု)တို့ဖြင့် တရားစွဲဆိုထားပြီး ကွတ်ခိုင် စစ်ဗျူဟာ စစ်ခုံရုံးမှ ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သော်လည်း အရပ်ဘက်တရားရုံးသို့ ပြန်လည် လွှဲပြောင်းပေးရန် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ က တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးငယ်သည် သူ၏ ညီမနှင့်အတူ နေအိမ်မှ ဈေးဝယ်ပြီး အပြန်လမ်း တစ်နေရာတွင် အစိုးရ၏ ခလရ တပ်ရင်း ၅၆၇ တပ်မှ တပ်သား နှစ်ဦးထဲမှ တစ်ဦးက ညီမဖြစ်သူကို နေအိမ်သို့ လိုက်ပို့ပေးခဲ့ပြီး အစ်မဖြစ်သူကိုမူ အခြားတပ်ဖွဲ့တစ်ဦးက ခြုံတောသို့ ခေါ်ဆောင်သွား၍ အဓမ္မပြု ကျင့်ခဲ့သည်ဟု သူက ပြောဆိုသည်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်၏ ဖခင်ကလည်း “အစက အစိုးရ စစ်တပ်က တောင်းသလောက် ပေးမယ်။ ကျေအေးအောင်လုပ်ရအောင်ဆိုပြီး ပြောလာတယ်။ ကျွန်တော်တို့က အကုန်လုံးသိသွားပြီ အရှက်ရနေပြီဆိုတော့ အမျိုးသမီးအဖွဲ့ကို အကူအညီ တောင်းလိုက်တာပါ” ဟု ဦးဂမ်က မဇ္ဈိမကို ပြောသည်။
အစောပိုင်းတွင် အဆိုပါ တပ်ရင်းမှ စစ်ကြောင်းမှူးက မိန်းကလေး၏ အမှုကို လက်ဆောင်ပစ္စည်းဖြင့်သာ ကျေအေးသွားရန် ပြောဆိုမှုရှိခဲ့သော်လည်း မိန်းကလေး၏ မိဘများက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုမှ အမျိုးသမီး အဖွဲ့ထံ သွားရောက် အကူအညီတောင်းခံခဲ့ရာမှ မေလ ၁၇ ရက်၌ ကွပ်ခိုင် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။
တရားရုံးတွင် အခင်းဖြစ်ပွားပုံများကို တရားသူကြီးက စစ်ဆေးခံခဲ့ပြီး လက်ရှိ သမီးဖြစ်သူမှာ ကျန်းမာရေးကောင်မွန်နေသော်လည်း စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထား မဟုတ်ဘဲ ကြောက်လန့်နေသည်ဟု ဖခင်ဖြစ်သူ ဦးဂမ်က ပြောသည်။
“ကလေးက ကျန်းမာတယ်။ စိတ်မကောင်းဘူးဖြစ်နေတယ်။ သာမန်ထက်မတူဘူး။ ဒီနေ့ တရားခံ ရဲဘော်ကို တွေ့လို့ ပိုကြောက်သွားတယ်ထင်တယ်။ အခုက ဥပေဒအအတိုင်း အရေးယူပေးဖို့ လုပ်နေတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ တရားခံ အစိုးရစစ်တပ်မှ ရဲဘော်အား တရားဥပဒေအရ အရေးယူပေးရန် တောင်းဆိုရခြင်းမှာ နောက်နောင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်သည့် ပြဿနာများ မဖြစ်ပွားစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးဂမ်က ဆက်လက် ပြောဆိုသည်။
အစိုးရစစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်က ပထမဆုံးအကြိမ် ဥပဒေအရ အရေးယူပေးခြင်းလည်း ဖြစ်သည်။

Credit to > Mizzima < Thank