Pages

Showing posts with label PC Technology. Show all posts
Showing posts with label PC Technology. Show all posts

Sunday, September 21, 2014

window start app blocker

window ပေါ်က app တွေကို block ချင်သူများအတွက်
window start app blocker

ဒီမှာဒေါင်းနိုင်ပါသည်။
https://copy.com/XWjhT1O1RhxF

Saturday, September 20, 2014

Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်နည်း /ဖိတ်စာရိုက်နည်း

Adobe PageMaker 7.0  ကတော့အခြေခံတတ်ထားတဲ့သူတွေတတ်ကျမှာပါ ဒါပေမဲ့
အခြေခံတတ်ထားပြီစာအုပ်နဲ.မှတ်မထားလို.မေ့သွားတယ်ဆိုတဲ့သူငယ်ချင်းတို.ပြန်လေ့လာ
လိုရအောင်လို.တင်ပေးတာပါနော်
Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်နည်း
Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်လျှင် Menu Bar ပေါ်က File ထဲက New
ကို Clip နှိပ်လိုက်ပါ Document Setup တစ်ခုကျလာပါလိမ့်မယ် ထိုအခါ Page Size နေရာ
မှာ A4 လို.ရွေးပါ Orientation နေရာမှာ Tall နဲ. Waide ဆိုပြီနှစ်ခုရွေးခိုင်လိမ့်မယ် Tall
ဆိုတာကဒေါင်လိုက် Waide ဆိုတာက အလျားလိုက်ပါ။ထိုအခါ Tall ကိုရွေးလိုက်ပါ Options
နေရာက Double-sided ကိုဖြုတ်ပါ။ Insid, Outside ,Top ,Bottom အားလုံးကို 0.5 လို.ယူပါ
အပေါ်မှာရေးထားတဲ့အတိုင်လုပ်ပြီရင် <ok> ကိုနှိပ်လိုက်ပါ ။ ထိုအခါစာရွက်ကျလာလိမ့်မယ်
အလျားလိုက် Ruler နဲ.ဒေါင်လိုက် Ruler ဆိုပြီနှစ်ခုရှိပါတယ် ထို Ruler နှစ်ခုလုံးပေါ်ကိုမြားတင်ပြီး
right clip နှိပ်လိုက်ပါ Inches Decimal, Millimetetrs, Picas, Ciceros, ဆိုပြီငါးခုပေါ်လာလိမ့်မယ်
ထိုထဲက Inches Decimal ကိုကလစ်နှိပ်လိုက်ပါ ထိုနောက် o-log ယူပါ။နောက်ပြီဒေါင်လိုက် Ruler ပေါ်
ကောအလျားလိုက် Ruler ပေါ်ကိုပါမြားတင်ပြီစာရွက်ပေါ်ကိုမျဉ်းတစ်ကြောင်းဆီဆွဲကျပါ။နောက်ပြီဒေါင်လိုက်
မျဉ်းပေါ်ကောအလျားလိုက်မျဉ်းပေါ်ကော right clip နှိပ်လိုက်ပြီ နောက်ပြီ Move ကို Clip နှိပ်လိုက်ပါ Moe Givde
ဆိုပြီကျလာလိမ့်မယ် Move to နေရာမှာ ဒေါင်လိုက်ကို <3.5> လို.ယူပါ အလျားလိုက်ကို <2> လို.ယူပါ။ လိပ်စာရိုက်
ရာတွင် Center Alignment ယူပြီရိုက်ရပါတယ်။လိပ်စာကဒ်ရိုက်ရာတွင်ဖုန်းပုံလေးတွေထည့်ချင်ရင် Character Map
ထဲက Font နေရာမှာWebing လို.ရိုက်လိုက်ပါ Webing ဆိုတဲ့ Font ထဲမှာပါတယ်။
ဖိတ်စာရိုက်နည်း
ဖိတ်စာရိုက်ရာတွင် Adobe PageMaker7.0 ကိုပဲအသုံးပြုပါတယ်လိပ်စာကဒ်ရိုက်သည့်ပုံအတိုင်
File ထဲက New သို.မဟုတ်File အောက်က New ကိုကလစ်နှိပ်လိုက်ပါ Document Setup တစ်ခုကျလာလိမ့်မယ်
ထိုအခါ Page Sizeနေရာမှာ A4လို.ယူပါOrientation နေရာမှာ Tall နဲ. Wide ဆိုပြီတော့ရွေးခိုင်ပါတယ် Wide
ဆိုတဲ့အလျားလိုက်ကိုရွေးပေးပါOptions နေရာကDouble -Sided ကိုဖြုတ်ပါ Inside,Outside,Top,Bottom,
အားလုံးကို<0.25>လို.ယူပါ အပေါ်မှာရေးထားတဲ့အတိုင်လုပ်ပြီးလျှင်<ok> ကိုကလစ်နှိပ်လိုက်ပါ
စာရွက်တစ်ရွက်ကျလာလိမ့်မယ်နောက်ပြီLayout ထဲက Colunm Gide ကိုကလစ်နှိပ်လိုက်ပါထိုအခါColunms Gide
ဆိုပြီတော့Document တစ်ခုကျလာလိမ့်မယ်ထိုထဲကNumber of columns ကို <2>လို.ယူပါ
Space betweencolumns ကို<0.5>လို.ယူပါထိုနောက်ဒေါင်းလိုက်မျဉ်းနှစ်ကြောင်းစာရွက်ပေါ်မှာတွေ.ရပါလိမ့်မယ်
ထိုနောက်အလျားလိုက် Ruler ပေါ်ကိုမြားထောက်ပြီးတော့မျဉ်းနှစ်ကြောင်းဆွဲချလိုက်ပါမျဉ်းတစ်ကြောင်းစီပေါ်
ကိုမြားထောက်ပြီright clip နှိပ်လိုက်ပါ Move ကိုကလစ်နှိပ်လိုက်ပါMove Gide ဆိုပြီတော့ကျလာလိမ့်မယ်
Move to ဆိုတဲ့နေရာမှာ<4.25>လို.ယူပါ<4.25>ကို0-logယူပြါထိုနောက်ကျန်တဲ့တစ်ကြောင်းကိုလည်းထိုအတိုင်လုပ်ပြီး
Move to နေရာမှာ<-0.25>လို.ယူပါ ဖိတ်စာဘောင်အနားတွေကိုအလှဆင်ချင်ရင်တော့
Character Mapကိုနှိပ်ပြီကိုကြိုက်တဲ့ကနုတ်ပန်းတွေကိုရှားပါ။

Credit by >zscomputer< thank

Monday, December 30, 2013

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။  ဖြစ်အောင် လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။
မိုဘိုင်းဗားရှင်း m မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။
https://lite.facebook.com/
https://touch.facebook.com/
touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။
https://upload.facebook.com/
ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။
ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေ ရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

Wednesday, May 29, 2013

Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်

bloggerအမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများတွေ အမြတ်ထုတ်သွားလေမလားလို့ ဥစ္စာခြောက် ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ  တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။
လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။ လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိသလောက် Blog ကနေ စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့ အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။
Blog ဆိုတာ
ကြီးကြီးကျယ်ကျယ် ရှင်းပြစရာတောင် လိုမယ်မထင်ပါဘူး။ မြန်မာပြည်မှာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက နာမည်ကြီး ဘလော့ဂါများ ရှိခဲ့ပါတယ်။ သို့ပေမယ့် စီးပွားမရှာခဲ့ပါဘူး။ စာရေးသူ မသိတာ လည်း ဖြစ်ပါ လိမ့်မယ်။ Blog ဆိုတာ သာမန် ဝဘ်ဆိုဒ် တစ်ခုလိုပါပဲ။ သို့ပေမယ့် မတူညီ တာ တစ်ခုက သူက အကြမ်းနည်းနည်းဆန်ပါတယ်။ မှတ်စုသဘောမျိုးရေး မှတ်ပြီး လူတိုင်းလာဖတ်စေဆိုပြီး ချပြတဲ့ သဘောနည်းနည်း သက်ရောက်ပါ တယ်။ ဒီလိုနဲ့ ရေးချင်ရာရေး၊ တင်ချင်ရာတင်လုပ်ကြရင်း Blog ဆိုတာ ကမ္ဘာ့လည်ပတ်ချင်စရာ အကောင်းဆုံး ဆိုဒ်တစ်ခုထဲ စာရင်းဝင်လာပါတယ်။
Blog ဆိုတာ Google က အလကား သက်သက် ဝန်ဆောင်မှုပေးတဲ့ www.blogger.com ဖြစ်ပြီး ကိုယ်ဖန်တီးလိုက်တဲ့ Blog တိုင်းဟာ ယင်း Blog အုပ်စုထဲမှာပါဝင်ပါတယ်။ အားသာချက်ကတော့ ပိုက်ဆံ ပေးစရာ မလိုပဲ အခမဲ့ပြုလုပ်ရခြင်းဖြစ်ပြီး လူတိုင်းရေးနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့ အရင်းအနှီးမရှိပဲ စီးပွားလုပ်နိုင်တဲ့ နေရာလို့တောင် ဆိုနိုင်ပါတယ်။
Blog တစ်ခုဖန်တီးဖို့မခက်ပါဘူး။ www.blogger.com ကိုဝင် Create Free Blog ကိုနှိပ်ပြီး သူပေးတဲ့ အဆင့်အတိုင်း Step by Step သွားရင် Blog တစ်ခုအလွယ်တကူ ရပါတယ်။ ဒီလိုနဲ့ ဟိုပေါင်း
အင်္ဂါစုံရမယ်
အရေးအကြီးဆုံး အချက်ပါပဲ။ စီးပွားတော့ ရှာချင်သပ ကိုယ် ဖန်တီးထားတဲ့ Blog က အင်္ဂါမစုံရင် အလကားပါပဲ။ အင်္ဂါစုံဆိုလို့ အခြားမဟုတ်ပါဘူး။ ကြည့်ပျော်ရှုပျော် အခြေအနေမဟုတ်ပဲ တကယ့်ကို အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေတဲ့၊ Visitor များအတွက် အကျိုးထူးမယ့် Blog တော့ ဖြစ် ရပါမယ်။ သတင်းအချက်အလက်လား၊ နည်းပညာလား၊ တေးဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ သတင်း၊ သုတ၊ ရသ၊ စာပေ အစရှိသဖြင့် ကိုယ်သန်ရာလိုင်း တစ်ခုခုတော့ ရှိရမယ်လေ။ အားလုံးကို ရေးနိုင်သပဆိုရင် လည်း ရေးနိုင်ပါ တယ်။
Update ဖြစ်နေရမယ်
အချို့ က စိတ်ကူးရှိတုန်း Blog ကောက်ထောင်လိုက်ပါတယ်။ နောက်တော့ Update မလုပ်ဖြစ်တဲ့ရက်က များတော့ စီးပွားလုပ်ဖို့ဆို ဝေလာဝေး။ ကိုယ်ရေးချင်ရာရေးပြီး စိတ်ပါမှ Post တင်မယ်ဆိုရင် ယင်း Blog မှာ သရဲခြောက်မှာ သေချာပါတယ်။ ဒီတော့ ကိုယ့် Blog ကို နေတိုင်းလူကြည့်ဖို့ ဆိုတာမှာ အရေးကြီးဆုံးက Up to Date ဖြစ်နေဖို့ပါပဲ။
စွဲဆောင်မှု ရှိရမယ်
တကယ်တန်း ခေါင်းစဉ်တပ်ရရင် ထူးထူးခြားခြား ပေးစွမ်းနိုင်စွမ်း ရှိရမယ် ဆိုတာမျိုးပါ။ ထူးထူးဆန်းဆန်း ဆိုလို့ မဟုတ်က ဟုတ်က ပုံတွေတင်ပြီးတော့ စွဲဆောင်တာမျိုးကို ဆိုတာလည်း မဟုတ်ပါဘူး။ ကိုယ်ဖန်တီးတင်ဆက် ပေးတဲ့ အကြောင်းအရာက လာလည်သူ၊ လာဖတ်သူ၊ ကြည့်သူများအတွက် အကျိုးကျေးဇူး များရပါမယ်။ သတင်းရလိုက်တာမျိုး၊ ဗဟုသုရလိုက်တာမျိုး၊ အနုပညာခံစား ချက်လေး ပေးနိုင်လိုက် တာမျိုးတို့ဆိုရင် ယင်း Blog က လူစိတ်မဝင်မစားပဲ မနေပါဘူး။ ဒီလိုနဲ့ Site ရဲ့  လူဝင်ကြည့်နှုန်း (Traffic) က တက်တစ်ထက် တက်နေတော့ မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘလော့ရေးသားသူရဲ့  စကေးက အရမ်းအဓိက ကျသွားပါတယ်။ လူကြည့်မများတဲ့ Blog ဆိုရင်လည်း ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဒီ Traffic ဇယားကိုကြည့်လို့ နိုင်ငံတကာမှာ စီးပွားရေးလုပ်နေကြတာဖြစ်ပါတယ်။
စီးပွားရှာတော့မယ်
ဒီမှာ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းကိုရောက်သွားပါပြီ။ ဆောင်းပါးရဲ့  ရည်ရွယ်ချက်က ခုမှ ရောက်ပါတယ်။ ဘယ်လိုစီးပွားရှာကြမလဲ။ ကိုယ်တွေ ဘယ်လိုရှာမလဲဆိုတာထက် နိုင်ငံတကာမှာ ဘယ်လိုရှာသလဲဆိုတာကို အရင်လေ့လာရပါတယ်။ စာရေးသူ လေ့လာမိသလောက်ကတော့ ဒီလိုရှိပါ တယ်။

Paid Review
သတင်းတစ်ပုဒ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို အချက်ကျကျရေး သားတင်ဆက်ပေးတာမျိုးပါ။ Paid review နဲ့ ကမ္ဘာမှာအောင်မြင်နေတဲ့ Blog တွေအများကြီးပါပဲ။ ဥပမာ - www.pocket-lint.com , www.engadget.com  , www.phonearena.com  ။
အထက်ပါ ဥပမာ တွေက နည်းပညာ ပစ္စည်းပဲ ရှိပါသေးတယ်။ အခြားသော လူသုံးကုန် အဝတ်အထည်၊ စားသောက်ကုန်၊ မော်တော်ယာဉ်၊ နေအိမ်သုံး၊ ရုံးသုံး ပစ္စည်းပစ္စယ စုံစုံလင်လင်တို့၊ အခြားသော အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် Paid Review ပုံစံနဲ့ တင်ဆက်ပေးနေတဲ့ ဆိုဒ်တွေ တစ်ပုံမှ တစ်ပုံကြီးပါပဲ။ သူတို့ရဲ့  တစ်လတာ ပျှမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ သိန်းနဲ့တောင် ချီတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လှုပ်ရှားနေရာကနေ အစုအလိုက်အဖွဲ့ လိုက်တွေ ဖြစ်သွားကြပြီး ကုမ္မဏီကြီးတွေ ဖြစ်လာပါတော့တယ်။
ဥပမာ - ဒီဖုန်းက ဘယ်လိုဘယ်လို သုံးလို့ကောင်းတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဘယ်ဆိုင်မှာ သွားဝယ်လို့ ရပါတယ်။ ကွိစကွစနဲ့ တစ်ခုလုံး ဖတ်ပြီး အော်. ဒါဟာ ကြော်ငြာပါလားလို့ သိရတယ်လေ။ ဒါလည်း ကောင်းပါ တယ်။ ကိုယ့်အတွက်လည်း ဗဟုသုတ ရတယ်လေ။ ပြီးတော့ ဒီလိုရေး ထားတော့ ရေးထားတဲ့ ပေးထားတဲ့ လိပ်စာမှာပဲ ဝယ်ချင်စိတ်တွေပေါက် သွားတာပေါ။ ဒါကလည်း ရေးသားတဲ့ skill က ပိုအခရာ ကျသွား ပါတယ်။ ရေးတတ်လေလေ စိတ်ဝင်စားလေလေ၊ ပိုကြော်ငြာလေလေပါပဲ။
ဘယ်စားသောက်ဆိုင်ကတော့ ဘယ်လိုဟင်းလျာတွေရတယ်။ ချိုတယ်၊ ငံတယ်၊ ပေါ့တယ်၊ ခါးတယ် အစရှိသဖြင့်ကလည်း စားသောက်ဆိုင် မိတ်ဆက်ကြော်ငြာသဘောပါပဲ။ ဒါလည်း Review ကဏ္ဍထဲကို ဝင်သွားပါတယ်။ ဒီအတွက် နိုင်ငံတကာမှာ ကောက်ခံတဲ့ဈေးနှုန်းက အစားစားရှိပါတယ်။ ဈေးအကြီးဆုံးအနေနဲ့ Paid review တစ်ပုဒ်ကို အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်တောင် ရှိတယ်လို့ ဖတ်ဖူး၊ သိဖူးပါတယ်။
Banner
Banner တွေလည်း Blog တွေမှာတင်ပါတယ်။ သို့ပေမယ့် Paid Review ကို စီးပွားရေး လုပ်ငန်းရှင်တွေ ပိုကြိုက်ကြပါတယ်။ Banner ဆိုတာ အခြား မဟုတ်ပါဘူး။ Blog ဆိုဒ်မှာ ကြော်ငြာစရာ နေရာလေး တစ်ခုမျှသာ ဖြစ် ပါတယ်။ ယင်းကြော်ငြာနေရာမှာ လာကြော်ငြာမယ့် ကုမ္မဏီတွေက သူတို့ကြိုက်ရာပုံဖြစ်ဖြစ်၊ Link ဖြစ်ဖြစ်လာတင်ပါမယ်။ တင်ထားတဲ့နေရာ ကနေ လာလည်သူက မှားနှိပ်မိရင် သူတို့ဆိုဒ်ကို တန်းရောက်ပါလေရော။ ဒါကလည်း ကြော်ငြာနည်း တစ်မျိုးပါပဲ။ သို့ပေမယ့် တစ်ခုရှိတာက Blog တွေမှာ Banner လုပ်ရမလွယ်ပါဘူး။ အလကားပေးထားတဲ့ ဆိုဒ်ကိုတောင် Banner နဲ့ စီးပွားရေးလုပ်စားစေဖို့ လောက်ထိ Google က သဘောမကောင်းပါဘူး။ ဒီတော့ လုပ်ချင်သပဆိုရင် Free Blog ကနေ Paid ဗားရှင်း ပြောင်းရုံပါပဲ။ ဒါဆိုရင် ကိုယ်လိုသလို ဖန်တီးလို့ရပါပြီ။ ကိုယ်တတ်နိုင်သလောက် ကြော်ငြာစရာ အကွက်လေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါတွေလုပ်ဖို့အတွက် Google မှ တိုက်ရိုက်ဝယ်ယူတဲ့ Service သော်လည်းကောင်း၊ ကြားခံ Service Provider မှသော်လည်းကောင်း ကိုယ်အဆင်ပြေသလို ပြုလုပ်နိုင်ပါတယ်။
နိုင်ငံခြားမှာနေတဲ့သူ ဒီနေရာမှာ တစ်ခုကောင်း ပါတယ်။ နိုင်ငံခြားမှာနေမှ ရယ်ကို မဆိုလိုပါဘူး။ နိုင်ငံတကာက သုံးနေတဲ့ အွန်လိုင်း ငွေလွဲစနစ် အကောင့်၊ ကဒ်ရှိသူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကဒ်များနဲ့ Google ကို ငွေချေလို့ ကိုယ်လိုသလို ဖန်တီးလို့ရတဲ့ စနစ်လည်း ရှိပါသေးတယ်။ Google ရဲ့  Blog ပေးရခြင်း ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ ကော် မရှင်ကြေးဖြတ်လို့ သူတို့လည်း ပိုက်ဆံရစေလို သဘောနဲ့ Blog တွေ အလကား ပေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နေ့ ဒါတွေ ဖြစ်လာတော့မှာပါ။
အခြားသော နည်းလမ်းများ
အထက်ပါ နှစ်ခုကတော့ ပင်မ နည်းလမ်းပါပဲ။ မြန်မာပြည်ရဲ့  လက်ရှိအနေ အထားမှာဆိုရင်ကို ပြောတာပါ။ ပုံတွေမှာ Link စာကြောင်းတွေပေါ်နေပြီး ကြော်ငြာဆိုဒ်ဝင်တာမျိုး၊ စာဖတ်နေရင်း စာအောက်မှာ Link လေးတွေ မြင်နေရတာမျိုးကလည်း ဆိုဒ်ကြော်ငြာနည်း တစ်မျိုးပါပဲ။ အချို့ ကျပြန်တော့ ကိုယ်က Blog တစ်ခုထောင်ပြီး ကုမ္မဏီကြီးတစ်ခုနဲ့ ပါတနာ ဖွဲ့ပစ်ပါတယ်။ ဘယ် ကုမ္မဏီမှလက်မခံတော့ ပါဘူး။ ယင်း ကုမ္မဏီက ထွက်နေတဲ့ ကုန်ပစ္စည်းအားလုံးကို ထွက်လျှင် ထွက်ချည်း Blog မှာ ကြားညှပ်ပြီး ကြော်ငြာပေးတာမျိုးတို့ လုပ်ပါတယ်။ Review တွေတင်ပေးပါတယ်။ သတင်းအချက်အလက်တွေ တင်ပေးပါတယ်။
 အချို့ ကျပြန်တော့လည်း အပြောင်းပြန်ပါ။ အင်တာနက်မှာ နာမည်ကြီးနေတဲ့ စာရေးဆရာ သို့မဟုတ် ဘလောဂ်ဂါ သို့မဟုတ် Blog ဆိုဒ်တစ်ခုကို Fully Sponsor ပေးတဲ့သဘောနဲ့ တရားဝင်ကြေညာ ပါတယ်။ ဒါကလည်း ကြော်ငြာနည်းတစ်မျိုးပါပဲ။ ဒီလိုနဲ့ ကမ္ဘာမှာ Blog ကိုအခြေခံလို့ ငွေအလွဲအပြောင်းက နှစ်စဉ် ဒေါ်လာ သိန်းသန်းမက ရှိပါတယ်။ အွန်လိုင်းစီးပွားရေး စနစ်မှာ Blog ကိုအခြေခံတဲ့ စီးပွားရေးက ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တော်တော်လေး တွင်ကျယ်ပါတယ်။ အချို့ ကျတော့ blogspot.com ပါနေတာကို လူမရှိန်ဘူးလို့ ထင်ကြပါတယ်။ အဲဒါက အဓိက မဟုတ်ပါဘူး။ သို့ပေမယ့် .blogspot.com ဖြစ်နေတာကို .com ဖြစ်ဖို့ Upgrade လုပ်နိုင်ပါတယ်။ ဘယ်လောက်မကုန်ကျပါဘူး။ စာရေးသူရဲ့  Blog ဆိုရင် သောင်းဂဏန်းပဲ ကုန်ကျပါတယ်။
 မြန်မာပြည်မှာ ဒီထက် အဆပေါင်းများစွာ ကောင်းတဲ့၊ သာတဲ့ Blog တွေအများကြီး ရှိပါတယ်။ ယင်း Blog တွေက ဘယ်လို Theme တွေရွေးတယ်။ ဘယ်လိုရေးသားတင်ဆက်တယ်။ ဘယ်လိုဖန်တီးတယ်ဆိုတာ ကို လေ့လာလို့ ကိုယ်တိုင်ဖန်တီး နိုင်မယ်လို့ ယူဆပါတယ်။
အင်တာနက်လိုင်း ကောင်းမှသာ
မြန်မာပြည်ရဲ့  လက်ရှိ အင်တာနက်လိုင်းက ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ယှဉ်ရင် တော်တော်လေး နှေးကွေးနေပါသေး တယ်။ ဒီတော့ ဒီလိုင်းပေါ်ကို အခြေခံလို့ ဖြစ်တည်လာရမယ့် စီးပွားရေး လုပ်ငန်းတွေက ထင်သလောက် ခရီးမရောက်နေရခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ ဒီ အင်တာနက်လိုင်း တစ်ခု ကောင်းရင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ၊ စီးပွားရေးကွန်ရက်ကြီးများနဲ့ အချိတ်အဆက်မိပြီး ပြည်တွင်း အွန်လိုင်း စီးပွားရေး ကွန်ရက်ကို အာရုံထားသူများလာပါမယ်။ တီဗီမှာ၊ ဘေလ်ဘုတ် မှာ၊ ပြင်ပမှာ စီးပွားရေး လုပ်ငန်းကြီးများ ပရိုမိုးရှင်းလုပ်ဖို့၊ မာကဲတင်း ဆင်းဖို့၊ ကြော်ငြာဖို့ အတွက် ဈေး အင်မတန်ကြီးနေချိန် အင်တာနက် မှာကျ ဈေးသက်သက်သာသာနဲ့လုပ်လို့ ရပါတယ်။
အလွယ်ကူဆုံး ဥပမာ ပေးရရင် အလှကုန်ပစ္စည်းတစ်ခုသာ Blog တွေ၊ ဆိုဒ်တွေ၊ Facebook တွေပေါ်မှာ ကြော်ငြာရင် သူ့အတွက် များစွာအကျိုး ထူးပါတယ်။ ဘာလို့လဲဆို အင်တာနက်မှာကျ လူငယ်တွေ ပိုများလို့ ဖြစ် ပါတယ်။ လူငယ်တင်မကပဲ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေအထိ တွင်ကျယ် လာပြီမို့ ဘယ်ဟာဖြစ်ဖြစ် ပရိုမိုးရှင်းလုပ်မယ်။ ဈေးကွက်နယ်ချဲ့ မယ်ဆိုရင် အင်တာနက်ဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။
Blog ဆိုတဲ့ ယင်းထဲမှာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်လိုင်းက နိုင်ငံတကာကလိုပဲ ခလုပ်တစ်ချက်နှိပ် ရုံနဲ့ ကောင်းနေပြီဆိုရင် ပြည်တွင်းမှာလည်း ကြိမ်းသေ ဖြစ်ထွန်းလာမယ့် စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ယခု အနေအထားမှာလည်း လုပ်နိုင်ပါတယ်။ လုပ်လည်းလုပ်နေကြပါ တယ်။ မြန်မာပြည် အခြေဆိုက်ရော၊ နိုင်ငံတကာအခြေဆိုက်ရော မြန်မာပြည်အကျိုးပြု ဆိုဒ်တွေ၊ Blog တွေ ကိုယ်စီရှိနေကြပြီး တတ်နိုင်သလောက် ခရီးသွားနေကြ ပါတယ်။ သို့ပေမယ့် ဒါကို အခြေခံလို့ လုပ်နိုင်မယ့် စီးပွားရေး လုပ်ငန်းက ထင်သလောက် ခရီးမရောက်သေးပါဘူး။
သို့ပေမယ့် တကယ်ပဲ Blog ကို အခြေခံလို့ စီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ ခံယူချက်ရှိတယ်ဆိုရင် ခုကတည်းက စထားသင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဖက်က ကြိုးစားရင်း စီးပွားရေးစနစ် တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာလေး တစ်ခုဖြစ်လာရင် ဒါတွေဟာ အိပ်မက်မဟုတ်တော့ပါဘူး။ လူတိုင်း အင်တာနက်ကို အခြေခံလို့ အရင်းအနှီးနည်းနည်းနဲ့ သူဌေးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် လွယ်လွယ်နဲ့တော့ မရပါဘူး။ လွယ်လွယ်မရပေမယ့် မခက်ခဲတဲ့ Blog လေးကို ဖန်တီးလို့ စာဖတ်သူတို့ အစပျိုးနိုင်ပါကြောင်း ဆန္ဒပြုလိုက် ရပါတယ်။

Monday, December 31, 2012

JonDonym Proxy

JonDonym Software ကတော့ Bypass Proxy Software အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Free User အနေနဲ့ အချိန် အကန့်မသတ်မရှိအသုံးပြုလို့ရတယ့် Software တစ်ခုပါ။ အခုနောက်ပိုင်းမှာ Your Freedom က တစ်နာဆက်တိုက် ချိတ်ဆက်ပြီးတာနဲ့ ချိတ်ဆက်ထားတယ့် Link ကို ဖြုတ်ပြီး နောက်တစ်ခါ ပြန်ချိတ်ဖို့ အကန့်အသတ်တွေ ထားရှိလာပါတယ်။ JonDonym မှာတော့ အဲ့လို ကန့်သတ်ချုပ်ချယ်ထားတာတွေ ဘာမှ မရှိပါဘူး။ စမ်းသပ်အသုံးပြုချင်တယ့် ဆိုရင်တော့ Download လုပ်ယူလို့ရပါတယ်။

Download Links:




Password: mandalar.net

CCProxy 2010

CCProxy ကို Windows Vista, Windows 7 နဲ့ Windows Server 2008 မှာအသုံးပြုချင်သူတွေအတွက် CCProxy Version အသစ်ကို တင်ပေးလိုက်ပါတယ် ဒီနေရာကနေ Download လုပ်ယူကျပါ။

CCProxy ကိုဘယ်လိုအသုံးပြုရတယ်ဆိုတာကို သိချင်ရင်တော့ ဒီနေရာမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

Driver အတွက် အခက်တွေ့နေသူများအတွက် Easy Driver Pack 5.2.8.5

ကျနော် Windows XP တင်တုန်းက Audio မသိလို့ အခက်ကြုံခဲ့ရဖူးပါတယ်....
အဲဒီအခက်အခဲကို ကျနော့် အကိုကြီး ကိုကျော်သက်အောင်မှ ဆော့ဖ်ဝဲလ်တစ်ခုပေးပြီး ဖြေရှင်းပေးတာ တော်တော်လေးကို အဆင်ပြေသွားပါတယ်..
ဒါကြောင့် Windows XP သုံးသူတိုင်း ဘာမသိ ညာမသိ အခက်အခဲများ ကျော်လွှားနိုင်စေဖို့ အဲဒီ ဆိုဒ်ကလေးကို ညွှန်းလိုက်တာပါ....
အောက်မှာ ဒေါင်းလိုက်ပါ.....ကျနော် ကိုယ်တိုင်လက်တွေ့စမ်းပြီးပါပြီ....တော်တော်လေးကို အဆင်ပြေပါတယ်....ဖိုင်ဆိုဒ်က ကြီးလို့ Part 1 နဲ့ Part 2 နှစ်ခု ခွဲထားပါတယ်....နှစ်ခုစလုံးကို ပြီးအောင်ဆွဲ..ပြီးရင် zip ဖြည်ပြီး run လိုက်ပါ.....

Easy Driver Pack 5.2.8.5 Part 1
Easy Driver Pack 5.2.8.5 Part 2

အဲဒီဆိုဒ်ထဲရောက်ရင် Download to your device ကိုနှိပ်ပြီး ဒေါင်းနော်....
အားလုံးပဲ အဆင်ပြေကြပါစေ.....

Thursday, December 27, 2012

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း

ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်းအစကမသိပါဘူး......

တစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက်

အဆင်ပြေပါတယ်

Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser

မှာ Add ပေးရမှာပါ....ဒီလင့်လေးကိုအရင်သွားလိုက်ပါခင်ဗျာ >>>

http://br.mozdev.org/multifox/

Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါခင်ဗျာ

ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ

ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု

သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....

Chrome Browser မှာတော့ မည်သည့် Extension မှ

ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N

ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ......

DriverPack Solution 12.3 R271 (x86x64) (Any Driver for Any Computer)

DriverPack 12.3 ကို ဒေါင်းရတာအဆင်ပြေတာလေးတွေ့လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်မျာ... ဖိုင်လ်ဆိုက်ဒ်ကတော့ အားလုံးပေါင်း 3.2GB ရှိပါတယ် ...
DriverPack Solution is the most popular program that makes the job of finding and automatically installing drivers a pleasure.
DriverPack Solution simplifies the process of reinstalling Windows on any computer. No more problems with searching and installing drivers. Everything will be done in a couple of mouse clicks!
Supports all modern operating systems! Windows 8 / 7 / Vista / XP Both 64-bit and 32-bit versions!
Automated driver installation
The program installs all required drivers to any computer in just about 5 minutes.
Saves Time and money
No more wasting time on looking for drivers; all required drivers will be installed with only a few clicks.
Thanks to:  www.software182.com
Click Here to Download Part 1
Click Here to Download Part 2
Click Here to Download Part 3
Click Here to Download Part 4
(or)
Download From Torrent
Click Here to Download Torrent Downloder

Wednesday, December 26, 2012

Admin password မေ့သွားလို့လား

Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများလည်း သိကြ မှာပါ။
၁။ Administrator နဲ့
၂။
Guest ဆိုပြီး ပါလာပါတယ်။
Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့ Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။ Guess ကတော့ Windows ကိုဝင်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ Administrator က ထပ်ဖွင့်တဲ့ Account တွေမှာ လည်း Account Type 2 မျိုး ရှိပါတယ်။
၁။ Administrator Type နဲ့
၂။
Limited Type ပါ။

Account ထပ် ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account Type ကို ရွေးပေးရပါမယ်။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ Limited type နဲ့ ဖွင့်လိုက်ရင် တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဖွင့်လိုက်တဲ့ account ရဲ့ Password ကို ဘဲ change ခွင့်ရှိပါတယ်။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ်။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲ ကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ရပါတယ်။ Registry တွေ ကလိ သွားမယ်။ ပြီးရင် password လည်း change သွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ၀င်လို့ရတော့ မှာ မဟုတ်ပါ။ အဲဒီတော့ Administrator Account ကို Password ပေးထားရပါတယ်။ ကိုယ်ပေးထားတဲ့ Password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင် ရော၊ Windows ထဲကို ၀င်လို့ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့်ရမှာမဟုတ် ပါဘူး။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ Password Recovery CD တွေရှိတော့ရှိပါတယ်၊ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲရှိပါ လိမ့်မယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့နည်းပါ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး။
အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ။ Boot တက် ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားမေးတဲ့ အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ်၊ အသစ်တင်မှာလား Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွား ပါမယ်။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ်။ ဘယ်ဘက်အောက်ခြေ က Loading ဘား တန်းအောက်မှာ Hardware Installation ဆိုတဲ့စာကိုတွေ့ရင် Shift + F10 ကိုနှိပ်လိုက်ပါ။ command prompt ပေါ်လာပါလိမ့်မယ်။ nusrmgr.cpl ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ User Account Box ပေါ်လာရင် Administrator ကိုနှိပ်လိုက်ပါ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ကို ပြန်ပေးလိုက်ပါ။ အားလုံးပြီးရင် Exit နဲ့ထွက်လိုက်ပါ။ Windows Repair ကိုပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ။ Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ် တင်မယ့် ကတော့ XP CD ရဲ့ Service Pack တူ မှရမှာနော်။

Software မသုံးပဲနဲ့  Serials , Cracks , Keygens များကို Google Search Engine ကနေရှာကြည့်ကြရအောင်

မိမိတို့ အသုံးပြုနေတဲ့ software များ ၊ programs များ full version မဖြစ်လို့ စိတ်အနှောက်အယှက်ဖြစ်နေသူများအတွက် အင်တာနက်ပေါ်မှာ Google search engine မှတဆင့်  Serial , crack , keygen တခုခုကို ရှာဖွေရယူနိုင်ပါတယ်


ဥပမာ အားဖြင့် Tuneup utilities 2012 ဆော့ဖ်ဝဲလ်ရဲ့  serial , crack , keygen တခုခုကိုလိုချင်တယ်ဆိုပါစို့ ။ Google search engine မှာ အောက်ကအတိုင်းရိုက်ထည့်လိုက်ပါ။

"tuneup utilities 2012" 94fbr

ရှာလိုတဲ့ software နာမည်ကို  double code အတွင်းမှာရေးရမှာဖြစ်ပြီး အနောက်မှာ 94fbr ကိုရေးရမှာဖြစ်ပါတယ် ၊ အဲဒီလိုရိုက်ထည့်လိုက်တာနဲ့  serial , crack , keygen တွေရှိတဲ့ site တွေအများကြီးကျလာပါမယ် ၊ ကိုယ်ကြိုက်တဲ့ site ကနေဒေါင်းလုပ်ယူနိုင်ပါတယ် 

နောက်တနည်းကတော့ ကိုယ်ရှာချင်တဲ့ software နာမည်ရဲ့ အစ စာလုံးတိုင်းကို capital letter နဲ့ ရေးပြီး နောက်ဆုံးမှာ sn လေးထည့်ပေးရပါမယ် ။ စောနကအတိုင်း Tuneup utilities 2012 ကိုရှာချင်တယ်ဆိုပါစို့  ။ အောက်ကအတိုင်းရိုက်ရပါမယ်

Tune Up Utilities 2012 sn

စမ်းသပ်ကြည့်ပြီးတော့ full version များအသုံးပြုနိုင်ကြပါစေ

Tuesday, December 25, 2012

နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။

ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOMFans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

-Blocking

Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုuser ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။

ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။

Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။
နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။

ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။

Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့ What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။

မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။
ဒါကြောင့် “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။

အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။
ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။

ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။

Facebook ကနေ ကူးယူပြီး မျှဝေပေးလိုက်ပါတယ်နော်....

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။
ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။
နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။
ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။
အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့
ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များ
ဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။
အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။
သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။
ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။
တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။
အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး.
.အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေ.....။

Thursday, July 5, 2012

Deep Freeze standard 7 နဲ့ Deep Freeze အသုံးပြုနည်း အပြည့်အစုံ



                           Deep Freeze ကိုတော့ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မသိသေးသောသူငယ်ချင်းများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ရပါတယ်။ Deep Freeze ကိုတော့ Internet ဆိုင်တွေ နဲ့ Network Game ဆိုင်တွေမှာ အသုံးများကြပါတယ်။ ကျွန်တော်က ဒီ Software
လေးကိုတင်ပေးလိုက်ပြီးအသုံးမပြုတက်မှာစိုးလို့ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံများကိုပါ။သေသေချာချာလေး
ပုံနဲ့တကွရှင်းပြပေးထားပါတယ်။
အဲဒါကိုတော့ ကျွန်တော် ရေးထားတာမဟုတ်ပါဘူး။ စာတွေအများကြီးရေး
ရမှာပျင်းလို့ သူများရေးပြီးသားကိုဘဲဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေနော်။
Deep Freeze ဆိုတာက…
(၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ၀င်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့)
(၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့)
(၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊
(၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( သို့ )
(၅) Data များပေါင်းထည့်ခြင်းတို့ ပြုလုပ်မရနိုင်ခြင်း စသည်တို့ကို ထိမ်းချုပ် ထားနိုင်သော အလွန်ကောင်းသည့် System Security Software ဖြစ်ပါသည်။

Deep Freeze Software ကို Window XP , Mac OS , Window Server , Linux စသည့် Operating System ( OS ) များတွင် အသုံးပြုနိုင်ပါသည်။ System File ကိုသာမကဘဲ Data File ကိုပါ Restore ပြုလုပ်နိုင်သော Software ဖြစ်သည်။ Restart တစ်ကြိမ် ပြုလုပ်ရုံဖြင့် မိမိကွန်ပျူတာ၏ မူလအနေအထားကို ပြန်ရောက်စေသော Software လည်းဖြစ်ပါသည်။ Deep Freeze Software ကို အောက်ဖော်ပြပါနေရာများနှင့် အခြေအနေမျိုးများတွင် အသုံးပြုသင့် ပါသည်။
(၁) အရေးကြီးသော Data များ သိမ်းဆည်းထားသော ကွန်ပျူတာများ၊
(၂) နောက်တစ်ကြိမ် ပြန်ထည့်ရန် ခက်ခဲသော Data များ ရှိနေသည့် ကွန်ပျူတာများ၊
(၃) Internet , LAN ချိတ်ဆက်အသုံးပြုထားပြီး Virus အချိန်မရွေး ၀င်ရောက်နိုင်သော ကွန်ပျူတာများ၊
(၄) Net Café ဆိုင်များ ( user များ အသုံးပြုပြီး ကျန်ခဲ့သော File များနှင့် Email ( or ) Internet မှ ၀င်ရောင်လာသော Virus များအား မည်သည့်အခါမှ ပြန်ရှင်းပေးရန်မလို၊ Restart တစ်ကြိမ်လုပ်ရုံဖြင့် အားလုံးအကောင်းအတိုင်း ဖြစ်စေမည်။ )
၅) မိမိကွန်ပျူတာသည် အမြဲတမ်း မိမိ၏ကွန်ပျူတာဖြစ်နေစေရန်။

Deep Freeze Install ပြုလုပ်ခြင်း
Deep Freeze ကို
(၁) Deep Freeze Administrator Installation
(၂) Workstation Creation , and
(၃) Workstation Installation
အဆင့် (၃) ဆင့်ဖြင့် Install ပြုလုပ်သွားမည်။

(၁) Deep Freeze Administrator Installation

(က) Deep.Freeze.Ent.v6.10.220.1616.exe ကို Double Click နှိပ်ဖွင့်လိုက်ပါ။
(ခ) Install လုပ်ပါ။
(ဂ) Deep Freeze Administrator Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
(၂) Workstation Creation

(က) Start > All Programs > Faronics > Deep Freeze 6 Enterprise > Deep Freeze 6 Administrator ကို ဖွင့်ပါ။

(ခ) Code ထည့်ပေးပါ။
( ဂ ) Ok and Exit ပေးပါ။
(ဃ ) ပေါ်လာသောအခါ Configuration tab ကိုရွေးပါ။ Workstation တွင် Check လုပ်ပြီး Password ထည့်ပေးပါ။
( င ) မိမိပေးခဲ့သော Password ကို လုံးဝမမေ့ပါစေနှင့်။ မှတ်သားထားပါ။ ယခုပေးလိုက်သော Password သည် Deep Freeze အား Control လုပ်မည့် Password ဖြစ်သည်။
( စ ) Drives ကိုရွေးပါ။ ကျွန်တော်ကတော့ Deep Freeze ကို Drive C တခုတည်းကိုသာ ထိန်းချုပ်ထားချင်တာမို့လို့ အောက်က ပုံအတိုင်း Drive C တစ်ခုတည်းကိုဘဲ Check လုပ်ပါ့မယ်။

အဲလို Drive C ကိုဘဲ ထိန်းချုပ်ထားမယ်ဆိုရင် အခြား Drive တွေမှာ ဖိုင်တွေသိမ်းတာတွေ၊ ဖျက်တာတွေ၊ ပြုပြင်ပြောင်းလဲတာမျိုးတွေ လုပ်ဆောင်ခွင့်ရနေမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ခွင့် ပေးချင်လျှင်လည်း ပေးချင်သော Drive ကို Check လုပ်ပြီး ပေးထားလိုက်ပါ။

(ဆ) Create Program Tab ကို ဖွင့်ပါ။
( ဇ ) Create a full workstation installation စာဘေးမှ ၀က်ဝံပုံအား နှိပ်ပါက အောက်ပါပုံအတိုင်း တွေ့မြင်ရပြီး C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာတွင် save လိုက်ပါ။
ေေ

(စ်) Workstation Creation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
(၃) Workstation Installation

(က) C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာသို့ ရောက်အောင်သွားပြီး အောက်ပုံတွင် တွေ့မြင်ရသော Df6Wks.exe file အား Install လုပ်ပါ။
( ခ ) Install လုပ်ပါ။

( ဂ ) Accept အား Check လုပ်ပြီး Next လုပ်ပါ။
(ဃ) Finish လုပ်ပါ။
( င ) အနည်းငယ် Wait နေပြီးပါက ကွန်ပျူတာသည် သူ့ဘာသာသူ Restart လုပ်ပြီး ပြန်ပွင့်လာသောအခါ သင့် ကွန်ပျူတာ၏ ညာဘက်ထောင့်အောက်ခြေတွင် ၀က်ဝံပုံ လေးပေါ်နေပြီး အောက်ဖော်ပြပါပုံအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။

( စ ) Workstation Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
Deep Freeze Software အား မိမိစိတ်ကြိုက် အသုံးပြုခြင်း

Deep Freeze ဆိုတာက အပေါ်မှာ ပြောခဲ့သလိုဘဲ Security Software ဖြစ်တဲ့အတွက် ဒီ Software ကို အသုံးပြုဖို့အတွက်လည်း Security မြင့်ပါတယ်။
အခုဆိုရင် ကျွန်တော်က Drive ကို Drive C [ Window XP ( Operating System, OS ) ရှိနေသော Drive ] မှာရွေးချယ်ထားခဲ့တဲ့အတွက် ဒီကွန်ပျူတာမှာ မည့်သည့် Software မှ Install ပြုလုပ်ခြင်း ၊ My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ပြုလုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အောက်ဖော်ပြပါပုံမှာ ရွေးချယ်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
အထူးသတိပြု
မှတ်ချက်။ ။User က New Software Installation ပြုလုပ်ခြင်းနှင့် My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက ယခင်မူလ အနေအထားကို သူ့အလိုလို ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ Drive D, E,… စသည်ဖြင့် အခြားသော Data များ သိုလှောင်ထားရာ Drive များကိုလည်း Check လုပ်ပေးခဲ့ပါက Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက Data များပျက်သွားမည်ဖြစ်သည်။
ဒါကြောင့် Internet သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း၊ MemoryStick သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း ၊ Local Area Network (LAN) အတွင်းမှ Virus ၀င်ရောက်လာခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Virus ရှိနေပြီဟု ယူဆလျှင် Restart လေးသာ ပြုလုပ်လိုက်ပါ။ အားလုံး ယခင်မူလ အနေအထားအတိုင်း ရောက်သွားပါလိမ့်မည်။ယခင် မူလအနေအထားဆိုတာ ဘာလဲ ? ၊ ဘယ်အချိန်တုန်းက မိမိ၏ကွန်ပျူတာ System အနေအထားကို ပြောတာလဲ ?

ကျွန်တော်တို့ မိမိကိုယ်တိုင်ကလည်း ကွန်ပျူတာကို Software အသစ်ထပ်ပြီး Install လုပ်ချင်တာတို့ ၊ Data များ ထပ်ပြီး ထည့်ချင်တာတို့ကို လုပ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Deep Freeze က Enable ဖြစ်နေရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာကို Software အသစ်တင်ချင်လျှင် ဖြစ်စေ ၊ Data များ ထပ်ပြီး ထည့်ချင်လျှင်ဖြစ်စေ ၊ မိမိကွန်ပျူတာကို အခြားသော မိမိစိတ်ကြိုက်အရာများ ပြုပြင်ပြောင်းလဲချင်ပါက Deep Freeze အား Disable ပြုလုပ်ထားမှသာ လုပ်ချင်ရာ လုပ်လို့ရမှာ ဖြစ်ပါသည်။

Deep Freeze အား Disable ပြုလုပ်နည်း

(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ ) လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်းနှိပ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရမည်။ ( ၁၀ စက္ကန့် အတွင်း ဘာမှ မလုပ်ပါက သူဘာသာသူ ပျောက်သွားမည်ဖြစ်သည်။ )
( ခ ) Password ရိုက်ထည့်ပါ။ အောက်ဖော်ပြပါ အဆင့်တုန်းက ပေးထားခဲ့သော Password ကို ဆိုလိုပါသည်။

( ဂ ) အောက်ဖော်ပြပါ ပုံအတိုင်းတွေ့မြင်ရပါက Boot Thawed ရွေးချယ်ပြီး OK ပေးပါ။
(ဃ) ထို့နောက် Restart ပြုလုပ်လိုက်ပါက ကွန်ပျူတာပြန်ပွင့်လာသောအခါ ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံ လေးတွင် အနီရောင်ကြက်ခြေခတ် ပြထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
( င ) Deep Freeze အား Disable ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။
Deep Freeze အား Disable ပြုလုပ်ထားသော ယခုအချိန်တွင် သင် … သင်၏ ကွန်ပျူတာကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီ ဖြစ်ပါသည်။
ကျွန်တော်ပြောခဲ့သော ယခင်မူလ အနေအထားဆိုသည်မှာ သင်၏ကွန်ပျူတာတွင် Deep Freeze အား ပထမဦးဆုံးအကြိမ် Install မလုပ်ခင်ကအနေအထားနှင့် ယခုကဲ့သို့ Deep Freeze အား Install ပြုလုပ်ထားသော်လည်း Disable ပြုလုပ်ပြီး သင်… ပြင်ဆင်ထားသော အခြေအနေမျိုးကို ဆိုလိုသည်။

ပြင်ဆင်ပြုပြင်ပြီး မိမိကွန်ပျူတာအား Deep Freeze ပြန်လည် အသက် ၀င်စေခြင်း

မိမိပြင်ဆင်ချင်တာ အားလုံးပြင်ဆင်ပြီးပါက Deep Freeze အား အောက်ဖော်ပြပါ အတိုင်းပြန်လည်အသက်သွင်းရအောင်…
(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ )
လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်း နှိပ်ပါ။
( ခ ) အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာသောအခါ Boot Frozen အား Check လုပ်ပြီး Ok ပေးပါ။
( ဂ ) ကွန်ပျူတာကို Restart ပြုလုပ်ပါ။ Deep Freeze သည် ပြန်လည်ပြီး Enable ဖြစ်သွားမည်။ နောက်တစ်ကြိမ် ကျွန်တော်တို့ Restart မလုပ်ခင် မူလအနေအထားသည် ယခုအနေအထားပင်ဖြစ်သည်
Deep Freeze အား Uninstall ပြုလုပ်ခြင်း

Deep Freeze ကို Uninstall ပြုလုပ်ရန်အတွက်
(က) Deep Freeze ကို Disable ဖြစ်နေအောင် အရင်လုပ်ပါ။
( ခ ) ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံမှာ အနီရောင်ကြက်ခြေခတ် ဖြစ်နေရမည် ဖြစ်ပါသည်။
( ဂ ) ထိုသို့ ဖြစ်နေသောအခါ
“ C :\> Program Files > Faronics > Deep Freeze 6 Enterprise > Install Programs “
သို့ရောက်အောင်သွားပြီး မြင်တွေ့ရသော “DF6Wks.exe” file အား Double Click လုပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါအတိုင်းတွေ့မြင်ရပြီး Uninstall ပြုလုပ်ပါ။
(ဃ) Ok to Uninstall ကို Check လုပ်ပြီး Finish လုပ်ပါ။
( င ) ကွန်ပျူတာက သူ့ဘာသာသူ restart လုပ်သွားပြီး စက်ပြန်ပွင့်လာသောအခါ ညာဘက်ထောင့်
 အောက်ခြေတွင်ဝက်ဝံပုံလေး ရှိတော့မှာ မဟုတ်ပေ။
( စ ) Deep Freeze အား Uninstall ပြုလုပ်ခြင်း ပြီးစီးပြီဖြစ်သည်။

Orbit Downloader 4.1.4

ဒီကောင်လေး ကတော့  Orbit Downloader 4.1.4  software လေးဖြစ်ပါ တယ်—- IDM ကဲ့သို့ ပင် download ချတဲ့ ကောင်လေး ဖြစ်ပါတယ်—- သုံး၇တာလဲ အဆင်ပြေပါတယ်—- ဒီကောင်လေး မှာ cracks တွေ keys   တွေ ၇ှာစ၇ာ မလိုပါဘူး ခင်ဗျာ—- မသိသေးတဲ့ သယ်ချင်း များ အစမ်းသုံးကြည့်လိုက်ပေါ့ ဗျာ…….. သိပြီးသားသူတွေ လဲ ကြိုက်၇င် ထက်ပြီး  သုံး လို ၇ပါတယ် ခင်ဗျာ— ဒီကောင်လေး က နောက်ထွက်တဲ့  update လေးပါ—— ဖိုင်ဆိုဒ်လေးကတော့ 4.2 MB ၇ှိပါ တယ်——
လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွား လိုက်ပါ—–

Firefox Setup 12.0 beta 2

ဒီကောင်လေး ကတော့ Firefox Setup 12.0 beta 2  လေး ဖြစ်ပါတယ်—- နောက်ဆုံး ထွက်လာတဲ့ update လေးဖြစ်ပါတယ်— Update တွေ ထွက်တိုင်းလဲ  ထက်ပြီး တင်ပေးပါမယ့် ခင်ဗျာ— ဒီကောင်လေးနဲ့  အတူ မိမိတို့  g-mail လေးတွေ ဖွင့်တဲ့ အခါ Firefox လေးနဲ့ မပေါ်ဘဲ တခြား browser လေးတွေနဲ့ ပေါ်နေတဲ့ သယ်ချင်းများအတွက် Firefox လေးနဲ့ ပေါ်အောင်လုပ်တဲ့  နည်းလေးကိုပါ တင်ပေးလိုက်ပါတယ်–ခင်ဗျာ။။ မသိသေးတဲ့ သူငယ်ချင်းများ အတွက် ဖြစ်ပါတယ်—  တော်တော် များများတော့ သိပြီးသား ဖြစ်ပါလိမ့်မယ်— သိပြီးတဲ့ သယ်ချင်းများ သည်းခံပေးပါခင်ဗျာ—-
မိမိတို့ ၇ဲ့  g-talk က မေးလ်တွေ ဖွင့်တဲ့ အခါ Firefox လေးနဲ့ မပေါ်၇င် အ၇င်ဆုံး Firefox လေးကို ဖွင့်လိုက်ပါ—– ပြီး၇င် အောက်က ပုံလေးတွေမှာ ပြထားတဲ့ အတိုင်း  tools လေးကနေ options ကို သွားလိုက်ပါ—–
.
 
.
 ပြီး၇င် advanced ကို ကလစ်ပါ—- အဲမှာ system defaults ဆိုတဲ့ကောင်လေးမှာ အောက်က ပုံလေးမှာ ပြထားတဲ့ အတိုင်း ကလစ်လေး တွေ ပေးပြီး check now ဆိုတာကို ကလစ်လိုက်ပါ—
.
.
အဲဆို၇င် တော့ အဆင်ပြေပါ ပြီ ခင်ဗျာ—–
Firefox Setup 12.0 beta 2 လေးကို လိုချင်တဲ့ သယ်ချင်းများ အောက်က download လင့်လေး ကနေ
ယူသွားလိုက်ပါ—

Cafezee 3.9 with crack

ဒါလေးကတော့ အင်တာနက်ဆိုင်ပိုင်ရှင်များ ဆောင်ထားသင့်တဲ့ဆော့ဖ်ဝဲလ်လေးပါ ...တစ်ချို့ကတော့ ကောင်တာ ဆော့ဖ်ဝဲလ်လို့လဲ တင်စားကြပါတယ်....
Download ifile.it | Mediafire | zshare | ziddu

ကွန်ပျူတာတစ်လုံးအားကိုယ်ပိုင်တည်ဆောက်ခြင်း (မြန်မာလို)

အခုတင်ပေးလိုက်တဲ့ စာအုပ်ကတော့ ကွန်ပျူတာတစ်လုံးကို မိမိကိုယ်တိုင် ဘယ်လို တပ်ဆင်ရောင်းချမယ်၊ ကွန်ပျူတာတစ်လုံးကို ဘယ်လို တည်ဆောက်မယ် ဆိုတာတွေကို စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်ယ်။ ကွန်ပျူတာဆိုတာ တွေ့ကရာ motherboard ကိုဝယ် တွေ့ကရာ Ram and CPU တွေကို တတ်လို့မရပါဘူး။ ကိုက်ညီတဲ့ motherboard အဲ့ motherboard က support လုပ်တဲ့ cpu chipset တွေနဲ့ အဲ့  Ram ကို ဘယ်လို ရွေးချယ်ရမယ်ဆိုတာကို အဲ့အထဲမှာ စာဖတ်ပရိတ်သတ်များ မသိသေးသည့်၊ မဖတ်ရသေးသည့် အကြောင်းအရာများစွာ ပါဝင်ပါသည်။ တင်ပေးသည့် စာအုပ်များတွင် ရှိပြီးသားစာအုပ်များကို ချန်ခဲ့ပြီး မိမိတွင် မရှိသည့် စာအုပ်ကို Download လုပ်လိုက်ပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Google Chrome မှာ မြန်မာဖောင့်ပြောင်းနည်း

Google Chrome လေးကို  ဘာလို့  သုံးကြလဲ ဆို၇င် ဒီကောင်လေး မှာ ဆိုဒ်တော်တော်များများကို ဖွင့်၇တာ မြန်ဆန်မှု၇ှိပါတယ်— တော်တော်များများ လဲ အသုံးပြုကြပါတယ်— အဲလို  သုံးတဲ့ အခါမှ ပြသနာ လေးတစ်ခု ၇ှိပါတယ်— ဒါက ဘာလဲဆိုတော့ မြန်မာဖောင့် မပေါ်တဲ့ ပြသနာ ဘဲ ဖြစ်ပါတယ်— အဲဒါကြောင့်  Google Chrome မှာ မြန်မာဖောင့် မပေါ်တဲ့ သယ်ချင်း အတွက် မြန်မာဖောင့်ပြောင်းနည်းလေးကို ဖော်ပြပေး လိုက်ပါတယ်—- မသိသေးတဲ့ သယ်ချင်းများ အတွက်  ဖော်ပြပေးခြင်းဖြစ်ပါတယ်—–
ပြောင်းနည်းလေးကတော့ ဘာမှတော့ မခက်ပါဘူး— အ၇င်ဆုံး Google Chrome လေးမှာ အောက်က ပြထားတဲ့ ပုံလေးကို ကလစ်လိုက်ပါ—
ပြီးတဲ့ အခါမှာ settings ဆိုတာလေးကို ထက်ပြီးကလစ် ပေးလိုက်ပါ–
.
ပြီး၇င်  under the hood ဆိုတာကို ကလစ်ပေး လိုက်ပါ–  အဲမှာ customize fonts ဆိုတာလေး ၇ှိပါတယ်—
အဲကောင်လေးကို နှိပ်လိုက်ပါ—–
.
.
ပြီးတဲ့ခါမှာ အောက်က ပြထားတဲ့ ပုံလေး အတိုင်း လိုက်ပြီး ပြောင်းပေးလိုက်ပါ—
 
.
အားလုံးပြောင်းပြီး သွား၇င်တော့ မြန်မာဖောင့်လေးကို မြင်၇ပြီ ဖြစ်ပါတယ်—– အဆင်ပြေပါစေ–ခင်ဗျာ။။။

Skype Setup 5.8.1.156

ဒီကောင်လေး ကတော့ Skype software လေး ဖြစ် ပါတယ် —– g-talk တို့  vzo တို့  လိုင်းမကောင်းတဲ့ အချိန်တွေမှာ တောင် ဒီကောင်လေးက သုံး၇တာ အဆင်ပြေပါတယ်—– phone call ခေါ်လို့ ၇တဲ့ အပြင် video call လဲခေါ်လို့ ၇ပါတယ်—- တော်တော်များများတော့  သိကြမှာပါ ၊သုံးဘူးကြမယ် လို့  ထင်ပါ တယ်—- နောက်ထွက် လာ တဲ့ ကောင်လေး တွေ သုံးချင်တဲ့ သူများ အတွက် ဖြစ်ပါတယ်– ဖိုင်ဆိုဒ်ကလဲ သေးသေးလေး ပါ—-
လိုချင်တဲ့သူများ အောက်က download လင့်လေး ကနေယူသွားလိုက်ပါ—-
< download software >