Pages

Saturday, October 25, 2014

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ မွန်ပြည်နယ်တွင်း သဘာဝဘေးဒဏ်သင့်မိသားစုများအား ထောက်ပံ့ကြေးငွေ သိန်း (၁ဝဝ) ကျော် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



ကျိုက်ထို၊ မွန်                                                                       အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စုနှင့် ဘိုရားကြီးကျေးရွာတို့တွင် သဘာဝဘေးဒဏ်သင့် မိသားစုများအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ထောက်ပံ့ကြေးငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သိမ်ဇရပ်ကျေးရွာနှင့် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးတို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ လာရောက် အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌများ၊ အဖွဲ့ဝင်များနှင့် အခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ သိမ်ဇရပ်၊ ကျိုက်ထိုမြို့များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း သိန်း(၁ဝဝ)ကျပ်ကျော် အား သဘာဝဘေးဒဏ်သင့်မိသားစုများထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Sunday, October 19, 2014

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်ကိုယ်တော် ဆန္ဒပြမှုဖြစ်ပွား

ကျိုက်ထို                                                                     အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့မဈေး(ရှမ်းဈေး)တွင် အောက်တိုဘာလ ၁၉ ရက်နေ့နံနက် ၉း၃၀ မှ ၉း၃၅ နာရီအထိ (၅) မိနစ်ကျော်ကြာ တစ်ကိုယ်တော်ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။
သတင်းဓာတ်ပုံ - Myo Chitthu

Myo Chitthu's photo.
Myo Chitthu's photo.
Myo Chitthu's photo.

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနား

ကျိုက်ထို                        အောက်တိုဘာ 18
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာလ(18)ရက် စနေနေ့ နေ့လည် (2)နာရီအချိန်က မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ စားသောက်ဆိုင် ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် (3) နာရီဝန်းကျင်ခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။