Pages

Sunday, March 16, 2014

ကျေးဇူးတင်ထိုက်သူများ

ကျိုက်ထို MCC မှ Meter billing & collection လုပ်ငန်းများ၊ ကားကောက် ဝန်ဆောင်မှုများအတွက် အဖက်ဖက်မှ ပူးပေါင်းဝိုင်းဝန်း ကူညီပေးခဲ့ကြသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး AE ဦးဝေမင်းသက်၊ SAE ၊ ဘဏ္ဍာရေးမှူး မဖြူစင်ထွန်းနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများ ၊  မီတာစာရေးများ အားလုံးကို ကျိုက်ထို MCC မှ Officially ဖြင့် မှတ်တမ်းတင် ဂုဏ်ပြု ကျေးဇူးအထူးတင်ရှိပါကြောင်း။

MCC (ကျိုက်ထို) မှ အိမ်တိုင်ရာရောက် မီတာခကောက်ခံပေးခြင်း ဝန်ဆောင်မှု စတင်နေပါပြီ

ကျိုက်ထိုမြို့နယ် MCC ကွန်ပျူတာသင်တန်းကျောင်းမှလူကြီးမင်းတို့၏ မီတာခပေးချေမှုများအတွက်အိမ်တိုင်ရာရောက်ကားဖြင့် လှည့်လည်ကောက်ခံပေးမည့်ဝန်ဆောင်မှုကို ယခုမတ်လမှစတင်၍ပြုလုပ်ပေးနေပြီဖြစ်ကြောင်း မိဘပြည်သူများအား အသိပေး အကြောင်းကြားအပ်ပါသည်။ လူကြီးမင်းတို့၏ တန်ဖိုးရှိလှသော အချိန်ကို သက်သာစေသောအားဖြင့် MCC (ကျိုက်ထို) မှ မော်တော်ယာဉ်ဖြင့် မီတာခများကိုပြေစာတစ်စောင်လျှင်ဝန်ဆောင်ခကျပ်(၂ဝဝ)နှုန်းဖြင့် ကောက်ခံပေးသွားမည်။ မိဘပြည်သူများမှ MCC မီတာကောက်ခံရေးမော်တော်ယာဉ်တွင် မီတာခများကို အဆင်ပြေ ချောမွေ့လွယ်ကူစွာ ပေးသွင်းနိုင်ပြီ ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးကြေငြာအပ်ပါသည်။

လစဉ် လူကြီးမင်းတို့ မီတာကြေးပေးသွင်းရမည့် နောက်ဆုံးရက် မတိုင်မီ (၁) ရက်အလိုတွင် ကျွန်တော်တို့ MCC မီတာခကောက်ခံရေးမော်တော်ယာဉ်သည် လူကြီးမင်းတို့ အိမ်ရှေ့ (သို့မဟုတ်) နီးစပ်ရာ လမ်းဆုံ လမ်းခွများတွင် လာရောက်ကောက်ခံပေးသွားမည် ဖြစ်ပါသည်။

ကျွန်တော်တို့မော်တော်ယာဉ်သည် လစဉ် (16) ရက်နေ့၊ (18) ရက်နေ့၊ (20) ရက်နေ့၊ (22) ရက်နေ့ နှင့် (24) ရက်နေ့များတွင် တစ်မြို့လုံးသို့ လှည့်လည်ကောက်ခံပေးသွားမည် ဖြစ်သည့်အတွက် မီတာခကောက်ခံရေးယာဉ်နှင့် ကြုံဆုံသည့် မည်သည့်နေ့တွင်မဆို ကိုယ်တိုင်ပေးသွင်းနိုင်ပါသည်။

ပါဝါမီတာများအတွက်   မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရဲ့ ညွှန်ကြားချက်အရ ကျပ် 100000 ကျော်နှင့်အထက်ကို ဘဏ်ရုံးတွင်ငွေသွင်းပြီး ပြေစာနှင့်တကွ မြို့နယ်ရုံးတွင်သာ ပေးဆောင်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

ကျေးဇူးတင်ပါသည်။

Sunday, March 2, 2014

MCC (ကျိုက်ထို) ကွန်ပျူတာသင်တန်းကျောင်း

ကလေးများအတွက် နွေရာသီ အားလပ်ရက် ကွန်ပျူတာ တန်းခွဲများ
မူလတန်းအရွယ်မှစ၍ အခြေခံ၊ အဆင့်မြင့် ကွန်ပျူတာ သင်တန်းများကို ကျိုက်ထို MCC တွင် ရွေးချယ်တက်ရောက်နိုင်ပါသည်။

အခြေခံတက်မြောက်ပြီးသူများအတွက်လည်း အဆင့်မြင့် ကွန်ပျူတာ သင်တန်းများ၊ အင်တာနက်သင်တန်းများကို ကျိုက်ထို MCC တွင် တက်ရောက်နိုင်ပါသည်။

- လေအေးပေးစက်တပ်ထားသော စာသင်ခန်းဖြင့် သင်ကြားခြင်း၊
- 1 Mbs နှုန်းဖြင့် သင်တန်းသား/သူများ အင်တာနက် Wi-Fi အခမဲ့အသုံးပြုနိုင်ခြင်း၊
- ဝါရင့်ကျွမ်းကျင် ဆရာ/ဆရာမ များနှင့် လက်ထောက်နည်းပြ ဆရာ/ဆရာမများမှ နည်းစနစ်တကျ သင်ကြားပို့ချပေးခြင်း၊
- အမှန်တကယ်တက်မြောက်မှုရှိ မရှိကို ဘာသာရပ်တိုင်းအတွက် 1:30 Hours Exam ဖြင့်စစ်ဆေး၍ အောင်မြင်သူများကိုသာ နိုင်ငံတကာ အသိအမှတ်ပြု Certificate များပေးအပ်ခြင်း၊
- MCC ကျိုက်ထိုမှ သင်တန်းပြီးဆုံးသော သင်တန်းသား/သူများကို ရန်ကုန်မှ သင်တန်းပြီးဆုံးသော သင်တန်းသား/သူများကဲ့သို့ တစ်ပြေးညီ အသိအမှတ်ပြုခြင်း၊
- MCC ကျိုက်ထိုမှ သင်တန်းတက်ရောက်ပြီးသော သင်တန်းသား/သူများကို ဆက်လက်တက်ရောက်မည့် သင်တန်းတိုင်းအတွက် သင်တန်းကြေး ရာသက်ပန် 10% Discount ပေးသွားမည်ဖြစ်ပြီး သင်တန်းအားလပ်ရက်များတွင်လည်း အခမဲ့ ကွန်ပျူတာ လေ့ကျင့် အသုံးပြုခွင့်ကို ပေးသွားမည် ဖြစ်ပါသည်။

စုံစမ်းရန် - အမှတ် (၁၂)၊ ခရေပင်လမ်းမကြီး၊ ဇေယျာမွန်ရပ်ကွက် (စက်ကွေ့) ကျိုက်ထီးရိုးဘုရားလမ်းနှင့် (၉၆) စစ်တပ် အနီး၊ ကျိုက်ထိုမြို့။

ဖုန်း - 09-425312820, 09-425353558, 09-449249812

MCC (ကျိုက်ထို) မှ အိမ်တိုင်ရာရောက် မီတာခကောက်ခံပေးခြင်း ဝန်ဆောင်မှု

ကျိုက်ထိုမြို့နယ် MCC ကွန်ပျူတာ သင်တန်းကျောင်းမှ လူကြီးမင်းတို့၏ မီတာခ ပေးချေမှုများအတွက် အိမ်တိုင်ရာရောက် ကားဖြင့် လှည့်လည်ကောက်ခံပေးမည့် ဝန်ဆောင်မှုကို ယခု မတ်လမှ စတင်၍ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေး အကြောင်းကြားအပ်ပါသည်။
လူကြီးမင်းတို့၏ တန်ဖိုးရှိလှသော အချိန်ကို သက်သာစေသောအားဖြင့် MCC (ကျိုက်ထို) မှ မော်တော်ယာဉ်ဖြင့် မီတာခများကို တစ်အိမ်လျှင် ဝန်ဆောင်ခ ကျပ် (၂ဝဝ) နှုန်းဖြင့် ကောက်ခံပေးသွားမည် ဖြစ်သည့်အတွက် မိဘပြည်သူများမှ MCC မီတာကောက်ခံရေးမော်တော်ယာဉ်တွင် မီတာခများကို အဆင်ပြေ ချောမွေ့လွယ်ကူစွာ ပေးသွင်းနိုင်ပြီ ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးကြေငြာအပ်ပါသည်။
MCC မီတာခကောက်ခံရေးယာဉ်တွင် ပါဝင်သော MCC ဝန်ထမ်းများအတွက် ကျေနပ်မှုတစ်စုံတစ်ရာ မရှိပါက ဇေယျာမွန်ရပ်ကွက်ရှိ MCC သင်တန်းကျောင်း တာဝန်ခံ မန်နေဂျာထံတွင် တိုင်ကြားနိုင်ပါသည်။

ဖုန်း - 09-425312820, 09-449249812

Saturday, March 1, 2014

မွန်ပြည်နယ်၏ ပထမဦးဆုံး အိမ်ရာစီမံကိန်းစတင်

မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်တွင် မွန်ပြည်နယ်၏ ပထမဦးဆုံးအဖြစ် သီရိမင်္ဂလာ အိမ်ရာစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အစိုးရပိုင် မြေလွတ် ကိုးဧက နေရာတွင် နှစ်ဧကကို အသုံးပြုကာ ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံ ငါးလုံးကို တစ်နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

''ယခုနှစ် မတ်လကစပြီး နောက်နှစ် မတ်လအပြီးဆောက်မယ်၊ ဒီထက်စောဖို့ပဲရှိတယ်။ ရှစ်ခန်းတွဲ လေးထပ် ငါးလုံးဆိုတော့ အခန်း ပေါင်း ၁၆ဝ ရမယ်။ အိမ်ပိုင်မရှိသေးတဲ့ အိမ်ထောင်စု ၁၆ဝ အတွက် အဆင်ပြေသွားပြီပေါ့။ အိမ်ခန်း တစ်ခန်း ၆ဝဝ စတုရန်းပေ ကျယ်ပြီး အိပ်ခန်း၊ ရေချိုးခန်းနဲ့ အိမ်သာ၊ မီးဖိုခန်းတွေပါမယ်။ ကင်ပွန်းချုံ ကန်က ရေကိုသွယ်ပေးပြီး အိမ်ခန်းတစ်ခန်း မီတာတစ်လုံးစီတပ်ဆင် ပေးမယ်။ ပန်းခြံနဲ့ ဈေးတို့လည်း ပါဝင်မယ်လို့ ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံကို မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ခြင်းဖြစ်ပြီး မြေညီထပ်တစ်ခန်း ငွေကျပ်သိန်း ၁၃ဝ၊ ကျန်အထပ်များကို တစ်ခန်းလျှင် ငွေကျပ်သိန်း ၁၂ဝ နှုန်းဖြင့် အိမ်ပိုင်မရှိသော ဝန်ထမ်းများအတွက် (သက်ဆိုင်ရာအရာရှိ၏ တာဝန်ခံပေးမှုဖြင့်) အရစ်ကျ (ငါးနှစ်)ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''လက်ရှိ လုပ်သက်ရင့် ဝန်ထမ်းတွေကို ဦးစားပေးမယ်။ ပြီးတော့ သီရိမင်္ဂလာ ရပ်ကွက်မှာလုပ်တဲ့အတွက် အဲဒီရပ်ကွက်က ဝန်ထမ်းမဟုတ်တဲ့ ပြည်သူတွေအတွက်လည်း အဆောက်အအုံတစ်လုံး၊ အိမ်ခန်း ၃၂ ခန်းစာကို ရောင်းချပေးမယ်။ မီးအားအပြည့်အဝ ရဖို့လည်း ၃၁၅ KVA ထရန်စဖော်မာ နှစ်လုံးလည်း တပ်ဆင်ပေးသွားမယ်လို့ အဆိုပါဝန်ကြီးက ပြောကြားခဲ့သည်။

အိမ်ခန်း လျှောက်ထားလိုသူများသည် မတ် ၁ ရက်မှစ၍ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် လျှောက်ထားနိုင်ပြီး ဝယ်လိုအားပေါ်မူတည်၍ နောက်ထပ် အိမ်ခန်းများလည်း အမြန်ဆုံး တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အန္တရာယ်ရှိ အဆင့်ရောက်

အိုဇုန်းလွှာ ပါးလာခြင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန် ရောင်ခြည် (UV Radiation) ကျရောက်မှု ပိုမို ပြင်းထန်လျက် ရှိရာ ယခုနှစ်တွင် ရန်ကုန်မြို့ပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အညွှန်းကိန်းမှာ လွန်ကဲအဆင့် (အန္တရာယ်ရှိ အဆင့်) အထိ မြင့်တက် ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

မြန်မာ အလယ်ပိုင်း ဒေသများနှင့် အောက်ပိုင်း ဒေသတို့တွင် ၂၀၁၂ ခုနှစ်က အညွှန်းကိန်းမှာ ၈ မှ ၁၀ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ရန်ကုန်မြို့ အပါအဝင် မြစ်ဝကျွန်းပေါ် တောင်ပိုင်း ဒေသများတွင် နံနက် ၁၁ နာရီမှ ၁ နာရီ အတွင်း၌ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း တန်ဖိုးများမှာ လွန်ကဲအဆင့် ၁၁ ထက် ကျော်လွန် ရောက်ရှိလာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်းမှာ ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အပြင်းထန်ဆုံး အချိန်ဖြစ်ပြီး နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏ လိုအပ်သည်ထက် များလာပါက အရေပြား ကင်ဆာနှင့် မျက်စိ တိမ်စွဲခြင်း၊ ကွယ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတိပေးချက် ထုတ်ပြန်ထားသည်။

ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၄ မှ ၇ အထိသည် ပြင်းအား အသင့်အတင့် ရှိပြီး ညွှန်းကိန်း (၈) ထက် ကျော်လွန်ပါက အရေပြားဆိုင်ရာ ရောဂါများ ဖြစ်ပေါ်နိုင်၍ နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နေပူထဲ သွားလာရန် မသင့်တော်ဘဲ ထီး၊ ဦးထုပ် စသည်တို့ကို အကာအကွယ် ယူပြီး သွားလာရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

လာမည့် မိုးရာသီ ကာလ မတိုင်မီ အထိ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုမှာ လွန်ကဲ အဆင့်ထိ ရောက်ရှိနေမည် ဖြစ်ပြီး ယင်းဖြစ်စဉ်ကို သတိပြု ကာကွယ်ရန် လိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။