Pages

Monday, December 29, 2014

Feel စားသောက်ဆိုင် ဂက်(စ)အိုး ပေါက်ကွဲ မှုကြောင့် သေဆုံးသူ အမျိုးသမီး ရေဝေးသုသာန်တွင် သင်္ဂြိုဟ်

ဓါတ်ပုံ-စောရွှေယဉ် ဖေ့စ်ဘွခ်
နေပြည်တော် အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ Feel စားသောက်ဆိုင် Gas အိုး မီးလောင် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ရာမှ ကွယ်လွန်ခဲ့သူ မနော်အိရွှေစင်မြင့် အသက် (၃၀)အား ဒီဇင်ဘာ ၂၈ နေ့ခင်း ၂ နာရီ၌ ရေဝေး ခရစ်ယာန်ဂိုဏ်း ပေါင်းစုံ ဥယျာဉ်တော်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီခန့်က Feel စားသောက်ဆိုင် Gas အိုးယိုစိမ့်ရာမှ မီးလောင် ပေါက်ကွဲမှု ဖြစ်ကာ (၁၁)ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖြူးမြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။ ယင်းဒဏ်ရာရရှိခဲ့သူ (၁၁)ဦးအနက် မနော်အိရွှေစင်မြင့်၏ ဒဏ်ရာမှာ ပြင်းထန်သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှုခံယူခဲ့ရသည်။

ယင်းကဲ့သို့ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့သော်လည်း မနော်အိရွှေစင်မြင့်မှာ ၈၀ ရာခိုင်နှုန်း အရေပြားများ လောင်ကျွမ်းခဲ့သဖြင့် ဒဏ်ရာကြောင့် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင် (၁၀)တွင် သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးခဲ့သူ မနော်အိရွှေစင်မြင့်သည် ခရစ်ယာန်ဘာသာဝင်တဦးဖြစ်သောကြောင့် ရေဝေးသုသာန်၌ ခရစ်ယာန်ဘာသာထုံးတမ်းအစဉ်အလာအရ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်၌ ဂူသွင်းသင်္ဂြိဟ်ခဲ့ခြင်းဖြစ်ပြီး သားတဦးနှင့် သမီးတဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

မနော်အိရွှေစင်မြင့်သည် ဆွာ မှ ရန်ကုန်သို့ ပြန်လာစဉ် ယင်းဂက်(စ)အိုး ပေါက်ကွဲမှုအဖြစ်ဆိုးနှင့် ကြုံတွေ့ကာ ကွယ်လွန်ခဲ့သည်ဟု သိရသည်။ ယင်းမီးလောင်မှု၌ ဒဏ်ရာရရှိသူ ၁၁ ဦးအနက် မနော်အိရွှေစင်မြင့်နှင့် အခြားတဦးသည် ခရီးသွားများဖြစ်ကြပြီး ကျန် ၉ ဦးမှာ Feel စားသောက်ဆိုင်မှ ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်ပြီး ဖြူးမြို့နယ်ရဲစခန်းမှ ပြစ်မှု ၂၈၅/၃၃၇/ ၃၃၈/၃၀၄-က ဖြင့် Feel စားသောက်ဆိုင်ဝန်ထမ်း မောင်ဝင်းကို (၂၇)နှစ်အား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုခက်၊ ဇော်လတ်
Credit to > News Watch(စောင့်ကြည့်သတင်းဂျာနယ်) < Thank

ရာဟု ဆေးကုခန်းပိုင်ရှင် ဒေါက်တာဦးကြည်ဝင်း အသတ်ခံရ


ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့ နယ် ၂ မြောက်ရပ်ကွက် ဇင်္ဂမလမ်းမကြီး အမှတ် ၇၄ တွင် ဖွင့်လှစ်ထားရှိသော ရာဟု ဆေးကုခန်းပိုင်ရှင် ဒေါက်တာဦးကြည်ဝင်း အသက်(၅၇ နှစ်) သည် ယနေ့ နံနက် ၁၀ နာရီခန့် အချိန်က ယာဖက်မျက်လုံးဖူးယောင် ပေါက်ပြဲ၍ ဦးခေါင်း တစ်ခုလုံး ကြေမွကာ ကိုယ်လုံးတည်း ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဆွေမှ ပြောကြားသည်။

အဆိုပါ လူသတ်မှု ဖြစ်စဉ်အား သာကေတမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းက ပ/ ၆၄၀ /၁၄ ဖြင့်
အမှုဖွင့် အရေးယူ ဆောင်ရွက်ကာ တရားခံ အမြန်ဆုံး ဖမ်းဆီး ရမိရေး အတွက် အပူတပြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဦးမှန်ကြီး (သာကေတ)
The Union Daily



၂၀၁၄ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က သာကေတမြို့နယ် ၂- ရပ်ကွက်၊ ဇင်ကမ္မလမ်းရှိ အထွေထွေ ရောဂါကု ဆရာဝန်တဦး နေအိမ်၌အသတ် ခံရသည်ဟု ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

အဆိုပါရပ်ကွက်နေ ဆယ်အိမ်မှူး ဖြစ်သူ ဦးအောင်စိုးက ''ဆေးခန်းနဲ့ အိမ် တခုတည်းဖွင့်ရင်း ၁၀ နာရီကျော်ထိ မဖွင့် သေးလို့ မသင်္ကာလို့ ၀င်ကြည့်ရင်းနဲ့ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ရတာပါ။ ဦးခေါင်းတခြမ်းကြေမွပြီး မျက်လုံးတဖက်ပျက်စီးနေတာ တွေ့ရတယ်''ဟု News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

နေအိမ်တွင် အသတ်ခံရသူ ဒေါက်တာဦးကြည်ဝင်းသည် အသက် ၅၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ပတ်ဝန်းကျင်နှင့်သင့်မြတ်အောင် နေထိုင်သူဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
''သူက အထွေထွေရောဂါကု ဆရာဝန်ဖြစ်ပေမယ့် ကာလသားရောဂါကတော့ စပါယ်ရှယ်လစ်ပဲ။ သူနေပုံထိုင်ပုံက နည်းနည်းတော့နွဲ့တယ်''ဟု ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

အဆိုပါ ဆရာဝန်သည် ကူးစက်ရောဂါ ပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်နေသူဖြစ်ပြီး ၎င်းနှင့်ခင်မင်ရင်းနှီးသူအများစုသည် အသက် ၁၆ နှစ်အောက် လူငယ်များသာဖြစ်သည်ဟု ဆိုသည်။
ရုပ်အလောင်းအား တွေ့ရှိချိန်၌ ခန္ဓာကိုယ်မမှာ ပူနွေးလျက်ရှိဆဲဖြစ်ပြီး မီးပူနှင့် ထုသတ်ခံရဖွယ်ရှိကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
''သူ့ရုပ်အလောင်းကိုတွေ့တော့ လက်စွပ်တွေ ဘာတွေ ရှိသေးတယ်။ ပစ္စည်းလုတာ မဖြစ်နိုင်ဘူး။ သေဆုံးနေတဲ့အချိန် ကိုယ်ပေါ်မှာ အ၀တ်အစားတွေ မရှိဘူး''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဆရာဝန်၏ နေအိမ်ဆေးခန်းသည် လာရောက်ပြသသည့် လူများဖြင့် စည်ကားနေလေ့ရှိပြီး တံခါးအား အပြင်ထွက်ချိန်မှလွဲ၍ သောခတ်ထားမှုမရှိဟု ဒေသခံများက ပြောသည်။ အခင်းဖြစ်ပွားသည့်အချိန်က တံခါးကစေ့ထားပြီး ဆေးခန်းဖွင့်ချိန်တိုင်သည်ထိ မဖွင့်သောကြောင့် ရပ်ကွက်နေပြည်သူအချို့က စိုးရိမ်၍ ၀င်ကြည့်ရင်း တွေ့ရှိသည်ဟုဆိုသည်။
''သတ်တဲ့သူက ကြိုတင်ကြံစည်မှု ရှိပုံမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီးပူနဲ့ ခေါင်းကိုရိုက်ခွဲတဲ့ပုံစံမျိုးဖြစ်ပြီး ပစ္စည်းတွေလည်း ယူမသွားဘူး''ဟု ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သာကေတမြို့နယ်မှ အသေးစိတ် အချက်အလက်အား စုံစမ်းစစ်ဆေးဆောင်ရွက် နေကြောင်း တာဝန်ရှိသူတဦးက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Monday, December 15, 2014

လူပျောက်ကြေငြာ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနေ (ဘ) ဦးမြင့်ထွန်း၏သမီးဖြစ်သူ အသက်(၁၅)နှစ်ရှိ မနှင်းအိနွယ်သည် ကျိုက်ထီးရိုးရင်ပြင်တော် ထမင်းဆိုင်တန်းရှိ ရင်ရင်ပြုံးထမင်းဆိုင်တွင်
အလုပ်လုပ်နေစဉ် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာနေ မမီမီဇင်ထွန်းဆိုသူမှ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ခေါ်ဆောင်သွားပြီး ယနေ့အထိ နှစ်ဦးစလုံး သတင်းမကြားဘဲ
ပျောက်ဆုံးနေပါသည်။ သက်ဆိုင်ရာ မိဘများမှာ ပူဆွေးသောက ရောက်နေပါသဖြင့် အောက်ပါဓာတ်ပုံပါ မနှင်းအိနွယ်နှင့် မမီမီဇင်ထွန်းတို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းဌာနနှင့် အောက်ပါဖုန်းနံပါတ်များသို့
ဆက်သွယ် အကြောင်းကြားပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် ဖုန်း - 09-33995702, 09-33908023

Saturday, December 13, 2014

ကြည့်မြင်တိုင် မီးလောင်မှု သတင်း အပြည့်အစုံ

13 December 2014


ကြည့်မြင်တိုင် မြို့နယ်တွင် ခြင်ဆေးခွေ မီးမှ တစ်ဆင့် နေအိမ်အား မီးလောင်ကျွမ်းရာမှ ပတ်ဝန်းကျင်ရှိ နေအိမ်(၆)လုံးသို့ ကူးစက် လောင်ကျွမ်းမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

၁၃.၁၂.၂၀၁၄ ရက်နေ့ ၀၀၄၀ အချိန်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ကြည့်မြင်တိုင် မြို့နယ်၊ မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ စကားဝါပင်လမ်းတွင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်း အရ သွားရောက် စစ်ဆေး ခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းနေ ဦးသန်းညွန့်သည် ၎င်း၏နေအိမ် နောက်ဖေးခန်းအတွင်း ခြင်ဆေးခွေ ထွန်းညှိထားရာမှ ကြမ်းခင်းမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ၎င်း၏နေအိမ်မှတဆင့် ဝဲ/ယာရှိ နေအိမ်(၆)လုံးတို့အား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၅၂)စီးတို့
ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၂၀၀ အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းခဲ့သည့် ဦးသန်းညွန့်၏ နေအိမ်အတွင်းမှ မီးလောင်ကျွမ်းသေဆုံး နေသူ တစ်ဦးအား တွေ့ရှိရသဖြင့် စိစစ်ရာ သေဆုံးသူမှာ ဦးသန်းညွန့်၏ဇနီး ဒေါ်ဝင်းဝင်းမာ(၅၂)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းညွန်းအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၈၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များမှ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ ကျား(၂၇)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၅၅)ဦးတို့အား ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မကျီးတန်းမြောက် အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းရှိ စလင်းကျောင်းတိုက် ဓမ္မာရုံအတွင်း ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းနှင့် ၎င်းအိမ်ထောင်စုများ အနက် အချို့မှာ အနီးပတ်ဝန်းကျင်ရှိ ၎င်းတို့၏ဆွေမျိုး၊ မိတ်ဆွေတို့၏ နေအိမ်များတွင် ခေတ္တ နေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit to > Yangon Police < Thank

ကော့မှူးမြို့နယ်မှာ လက်ကိုင်ဖုန်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

13 December 2014



ရန်ကုန်၊ ဒီဇင်ဘာ ၁၃

၁၃.၁၂.၂၀၁၄ ရက်နေ့ ၁၆၃၅ အချိန်တွင် ကော့မှူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၌ နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဒေါ်နုနုယဉ် (၄၉)နှစ်သည် နေအိမ်ရှေ့ခန်းရှိ မီးအားမြှင့်စက်ပေါ်တွင် လက်ကိုင်ဖုန်းအားသွင်းထားစဉ် အပူရှိန်လွန်ကဲပြီး ဖုန်းမှရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အနီးရှိစာအုပ်များ ထည့်ထားသော ပလပ်စတစ်ခြင်းအား ကူးစက်လောင်ကျွမ်းရာမှတစ်ဆင့် အလျား(၃၀)ပေ၊ အနံ(၁၈)ပေရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ် နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၁၆၄၂ အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်း
သိရှိခဲ့ရပါသည်။

မီးလောင်မှုဖြစ်ပွားစဉ် ဒေါ်နုနုယဉ်၏ လက်နှစ်ဘက်နှင့် ခြေနှစ်ဘက်တို့တွင် မီးဟပ်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် ကုသမှု ခံယူ လျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေါ်နုနုယဉ်အား ကော့မှူးမြို့မရဲစခန်း (ပ)၂၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit to > Yangon Police < Thank

၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်း ရောက်မရောက် အဆုံးအဖြတ်ဖြစ်ဟု NLD ဥက္ကဋ္ဌ ပြောကြား

13 December 2014


၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းကို ရောက် မရောက် အဆုံးအဖြတ် ပေးမည့် ရွေး ကောက်ပွဲဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်း အဝေးတွင် ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ရောက်မရောက် အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် လုပ်မယ်ဆိုတာဟာ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မဟုတ်ပါဘူး။ ပြည်သူလူထုအောင်ပွဲခံဖို့ ဖြစ်ပါတယ်။ ပြည်သူတွေ တကယ်လိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တခု ထူထောင်ရေးအတွက် တကယ့်ကို တိတိကျကျအဖြေပေးမယ့် ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။ ဒါကို ကျွန်မတို့ ကြိုးစားသွားရမှာပါ''ဟု ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပသော NLD ပထမအကြိမ် ဗဟိုကော်မတီစတုတ္ထအစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် ပြည်နယ်/တိုင်းများမှ ဗဟိုကော်မတီဝင်များ အနေဖြင့် NLD ၏ လုပ်ဆောင်ချက်များ အကောင်အထည် ဖော်ရာတွင် တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို အချက်အလက်မှန်မှန်ကန်ကန်ဖြင့် အစီရင်ခံ တင်ပြကြရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီမိုကရေစီစံနှုန်းစံထားများဖြင့် မပြောင်းလဲပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ပြီဟု မပြောနိုင်ကြောင်း NLD ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Credit to > ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်) < Thank

ရဲနှင့် လက်ပံတောင်း ဒေသခံ ထိပ်တိုက်တွေ့၊ ရွာသား ၂ ဦး ဒဏ်ရာရ

13 December 2014


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လိပ်ခွံတောင်ပေါ်မှာ ရဲနဲ့ လက်ပံတောင်း ဒေသခံတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရွာသား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

မြေယာတွေမှာ ခြံစည်းရိုး သွားခတ်ဖို့ကြိုးစားရာ  လျော်ကြေးရယူထားခြင်းမရှိတဲ့ ရွာသားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရာဘာကျည်ဆန်ထည့်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မိုးကြိုးပြင်ရွာသား ၁ ဦး ဒဏ်ရာ ရသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒဏ်ရရတဲ့ ကိုပေါ်ဌေးက “အသံက ဖုန်းဆိုပြီး တအားကြီးမြည်သွားတယ်၊ ၁၄ ချက်လောက်တော့ ရှိမယ်၊ တင်ပဆုံကို မှန်တယ်၊ အစောပိုင်းဖြစ်နေတာကတော့ ရေနွေးပူ လောင်သလိုပဲ ပူကျက်နေပြီးတော့ တော်တော်လေးကို အနေရခက်တယ်၊ အခု ဆေးထိုးထားတော့ နေရတာမဆိုးဘူး”လို့ ပြောပါတယ်။

ဒါအပြင် လောက်လေးခွတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် နောက်ထပ် ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ကုသပေးနေတဲ့ ဆေးမှူးဟောင်း ဦးနောင်နောင်က ရာဘာကျည်နဲ့ ရတဲ့ဒဏ်ရာ ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“အမှန်ကတော့ ရှပ်မှန်ပြီးတော့ လောင်သွားတဲ့သဘောနဲ့တူပါတယ်၊ ကြည့်ရတာ”လို့ ပြောပါတယ်။

ဆားလင်းကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကတော့ သေနတ်နဲ့ ပစ်ခတ်တာ မဟုတ်ဘဲ ရွာသားတွေက ခြံစည်းရိုးခတ်တယ်လို့ သံသယရှိပြီးတော့ တက်လာရာမှာ  ရဲကင်းကို လေးခွနဲ့ ပစ်လို့ ရဲတပ်ဖွဲ့က လောက်လေးခွနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်တဲ့ အချိန်ထိတော့ လိပ်ခွံတောင် ရဲကင်းအောက်မှာ ရွာသားတွေ စုရုံးရောက်ရှိနေတယ်လို့ သူက ပြောပါတယ်။

Credit to > By ကို​ထွေး​ (ဒီဗွီဘီ) < Thank