ပညာရေးဝန်ထမ်းများ
အနေဖြင့် လုပ်သက် ၂ နှစ်ပြည့် ပါက ပြောင်းရွှေ့ခွင့်တင်နိုင်မည် ဖြစ်ပြီး
ပြောင်းရွှေ့လိုသည့် ဒေသ များကို စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း
ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဇော်မင်း အောင်ကပြောသည်။
Credit to > 7 Daydaily < Thank
Pages
Friday, August 1, 2014
တောင်ပြာတန်းယာဉ်မီးလောင်မှုတွင် သေဆုံးသူများအား ကျပ်သိန်း ၃၀ စီပေး
တောင်ပြာတန်းယာဉ်
မီးလောင်မှုဖြစ်စဉ်တွင် သေဆုံး သွားသည့် ခရီးသည် ခုနစ်ဦးအား
အသက်အာမခံကြေးနှင့် နစ်နာ ကြေးအပါအ၀င် စုစုပေါင်း ကျပ် သိန်း ၃၀
စီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
Credit to > 7 Daydaily < Thank
Credit to > 7 Daydaily < Thank
ကညနရုံးလုပ်ငန်းများ မြင်သာမှ ထောက်ကြန့်သို့ ယနေ့ပြောင်းရွှေ့ --------
ယာဉ်နံပါတ်များနှင့်
ယာဉ်အိုယာဉ်ဟောင်း လက်ခံစစ်ဆေးခြင်းများ ဆောင်ရွက်နေသည့်
တောင်ဥက္ကလာပမြို့နယ်မှ ကညနရုံးကို ထောက်ကြန့်မြို့နယ် ကပရ၀င်းအတွင်းသို့
သြဂုတ် ၁ ရက်တွင် စတင်ပြောင်းရွှေ့ဖွင့် လှစ်မည်ဟု ကုန်းလမ်းပို့ဆောင်
ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
Credit to > 7 Daydaily < Thank
Credit to > 7 Daydaily < Thank
အော်ရီဒူးဖုန်းလိုင်းများ ဈေးနှုန်းကြီးမြင့်၍ ဝေဖန်ခံရ
ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် အော်ရီဒူးဖုန်းလိုင်းများသည်
အသုံးပြုရန်အတွက် ဈေးနှုန်းကြီးမြင့် နေသည်ဟု လက်တွေ့အသုံးပြုနေသူများနှင့်
စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့သည်။
အော်ရီဒူးသည် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခြင်းမပြုလုပ်ခင်က
၎င်းတို့မိုဘိုင်းဖုန်းလိုင်းများ ရောင်းချသည့်အခါ လူအများ အံ့အားသင့်စေသည့်
ဈေးနှုန်းဖြစ်စေရမည်ဟု ကတိပေးပြောကြားထား သော်လည်း စတင်ရောင်းချသည့်အခါ
၎င်းတို့၏ အသုံးပြုခသတ်မှတ်ဈေးနှုန်းသည် အများအားဖြင့် ဈေးနှုန်း
ကြီးမြင့်နေသည်ဟု သိရသည်။ အထူးသဖြင့် အော်ရီဒူးသတ်မှတ်ထားသည့်
အင်တာနက်အသုံးပြုခသည် အသုံးပြုလိုသူများ မျှော်မှန်းထားသည့် ဈေးနှုန်းထက်
မျာ ပြားနေသည်ဟု သိရသည်။ စမ်းသပ်သုံးစွဲသူများ၏ အဆိုအရ အော်ရီဒူးမှ
အခမဲ့သုံးစွဲခွင့်ပြုထားသည့် အင်တာနက် Data 20MB သည် နှစ်မိနစ်အတွင်း
အသုံးပြု၍ ကုန်ဆုံးသွားကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခင်က မိုဘိုင်းအင်တာနက်အသုံးပြုခကို မိနစ်အလိုက် ကောက်ခံသည့် စနစ်မှ Data နှင့် ကောက်ခံသည့် စနစ်သို့ ကူးပြောင်းရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကြိုးစားခဲ့သည်။ အင်တာနက်အသုံးပြုများသည် Data နှင့် ကောက်ခံသည့် စနစ်ကို အပြည့်အ၀နားလည်ခြင်းမရှိသည့်အတွက် အစီအစဉ်ကို ထောက်ခံခဲ့ခြင်းမရှိဘဲ ကျသင့်ငွေများပြားမည်ဖြစ်သည့်အတွက် လက်မခံဟုသာ ပြန်လည် ပြောဆိုခဲ့ ကြသည်။ လွန်ခဲ့သော ၁ နှစ်ကျော်ကာလက မြန်မာ့ဆက်သွယ်ရေး ကောက် ခံမည်ဟူသော အင်တာနက်အသုံးပြုခဈေးနှုန်းသည် 100Kbps လျှင် မြန်မာငွေ ၂ ကျပ်ဖြစ်ပြီး ယနေ့ အော်ရီဒူးကောက်ခံသည့် ဈေးနှုန်းမှာ 1MB လျှင် မြန်မာ ကျပ်ငွေ ၂၅ ကျပ်ဖြစ်သည်။
နေ့စဉ် အင်တာနက်အသုံးပြုသူများ၏ တွက်ချက်မှုအရ မြန်မာဆက်သွယ်ရေး သတ်မှတ်ခဲ့သည့် အင်တာနက် အသုံးပြုခနှင့် အော်ရီးဒူးသတ်မှတ်သည့် အင်တာနက်အသုံးပြုခမှာ ထူးခြားစွာပြောင်းလဲလာခြင်းမရှိဟု သိရသည်။ အော်ရီဒူးမိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများသည် အင်တာနက်အ သုံးပြုခနှင့် ကောက်ခံသည့် နှုန်းထားနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ များပြားသည်ဆိုကာ ဝေဖန် ပြောဆိုခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက အော်ရီဒူး သတ်မှတ်လိုက်သည့် အင်တာနက်နှုန်းထားမှာ အမှန်ပင် မြင့်မား သည်ဟုလည်း သိရသည်။
အလားတူ မိုဘိုင်းဖုန်းခေါ်ဆိုခများကိုလည်း တစ်မိနစ်လျှင် ၂၅ ကျပ်အောက် ကျသင့်မည်ဟု ပြောဆိုထားသည့် အော်ရီဒူးသည် ၎င်းတို့ မိုဘိုင်းဖုန်းအချင်း ချင်း ပြောဆိုသည့်အခါ၌သာ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံပြီး မြန်မာ့ ဆက်သွယ်ရေး မိုဘိုင်းဖုန်းလိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့သည်။ အော်ရီဒူး သတ်မှတ်သည့် အသုံးပြုခ ၀န်ဆောင်မှုနှုန်းထားများနှင့်ပတ်သက်၍ နှစ်ရက်တာကာလအတွင်း ဖေ့စ်ဘုတ် စာမျက်နှာ၌ လူအများစုက ဝေဖန်ပြစ်တင်ထားသည်။
Credit to > Internet Journal < Thank

ကင်ပွန်းစခန်းအနီး မြေဧက ၃၀၀ နီးပါးကို တစ်ဧက ကျပ် ၁၀ သိန်းဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ စီးပွားဖြစ်လုပ်ကိုင်ရန် လယ်/ဆည်ဝန်ကြီးဌာနက လွှဲပေး
ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး မြေဧက ၃၀၀ နီးပါးကို တစ်ဧက
ကျပ် ၁၀ သိန်းဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ ဟိုတယ်၊ စားသောက်ဆိုင်များ
စီးပွားဖြစ်လုပ်ကိုင်ရန် လယ်/ဆည်ဝန်ကြီးဌာနက လွှဲပေး
Published on: August 1, 2014
Written by: မာန်သူရှိန်
ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး မြေဧက ၃၀၀ နီးပါးကို တစ်ဧက ကျပ် ၁၀ သိန်းဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ ဟိုတယ်၊ စားသောက်ဆိုင်များ စီးပွားဖြစ်လုပ်ကိုင်ရန် လယ်/ဆည်ဝန်ကြီးဌာနက လွှဲပေး
ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီးရှိ စိုက်ခင်းမြေဧက ၃ဝဝ နီးပါးကို တစ်ဧက ကျပ် ၁ဝ သိန်းဝန်းကျင်ဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ လွှဲပေးရန်စီစဉ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။
ကင်ပွန်းစခန်းနှင့် သုံးမိုင်ဝန်းကျင်သာ ကွာဝေးပြီး နိုင်ငံ၏အထင်ကရ ကျိုက်ထီးရိုးစေတီသို့ တက်ရောက်ရာလမ်းဘေးတွင်ရှိသည့် မြေဧက ၃ဝဝ နီးပါးကို လွှဲပြောင်းပေးရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါမြေဧက ၃ဝဝ မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပိုင်ဆိုင်လုပ်ကိုင်နေသော စိုက်ခင်းမြေနေရာဖြစ်ကြောင်း သိရသည်။
ရွှေသံလွင်ကုမ္ပဏီမှ မြေဧက ၃ဝဝ နီးပါးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ်သိန်း ၃ဝဝဝ ကျော်သာ ပေးသွင်းရကြောင်း၊ တစ်ဧက ကျပ် ၁ဝဝ၅ဝဝဝ သာ ပေးသွင်းရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီအမည်ဖြင့် ရယူမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြေဧက ၃ဝဝ အတွက် ငွေကျပ်သိန်း ၃ဝဝဝ ကျော်ပေးသွင်းပြီးဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံတော်သို့ အဆိုပါမြေဧက ၃ဝဝ ကိုပြန်အပ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် အဆိုပါမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်များဆောက်လုပ်ခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းစသည်ဖြင့် စီးပွားဖြစ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
သုတေသနနှင့် မျိုးပွားခြံနေရာဖြစ်ပြီး ရွှေသံလွင်ကုမ္ပဏီမှ ၎င်းမြေဧရိယာအတွင်းရှိ စိုက်ပျိုးထားသော သီးနှံများနှင့် စိုက်ပျိုးကုန်ကျစရိတ်များအတွက်သာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ပြန်သွင်းပေးရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ မြေဈေးများဖြင့်ဆိုပါက မည်သို့မျှမရနိုင်သည့် ဈေးနှုန်းဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လက်ခံခဲ့ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးကာ အထက်အဆင့်ဆင့်သို့ တင်ပြပေးကြောင်းလည်း ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် ဧက ၉ဝဝ ကျော်ကျယ်ဝန်းသော စစ်တောင်းစက္ကူ စက်ရုံကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။
ယင်းအပြင် စစ်တောင်းစက္ကူစက်ရုံပိုင် ကုန်ကြမ်းစိုက်ခင်းမြေဧက ၁ဝဝဝဝ နီးပါးကိုလည်းရယူကာ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး စက်မှုဇုန်များ ဖော်ထုတ်လုပ်ကိုင်ရန် စီစဉ်နေသည်။
ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သည် စစ်တောင်းစက္ကူစက်ရုံအပြင် ဧက ၁၄၆ဝ ကျော်ကျယ်ဝန်းသည့် (ကြံစိုက်ခင်းမြေအပါအဝင်) ဘီးလင်းသကြားစက်ရုံကိုလည်း တစ်လ ကျပ် ၂၅ သိန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ ကျပ် ၂၅ သိန်း တည်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ရသော်လည်း မကိုက်၍ဟုဆိုကာ ပြန်အပ်ခဲ့ကြောင်း သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် Sky Net ရုပ်သံလိုင်းအပါအဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ လမ်းတံတားလုပ်ငန်းမှအစ လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။
စက်ရုံများ ငှားရမ်းလုပ်ကိုင်ရာတွင် အလွန်သက်သာသော ငှားရမ်းခများဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိပြီး Sky Net ရုပ်သံလိုင်းကို လုပ်ကိုင်ရာတွင် အကျိုးအမြတ်၏ ၉၆ ရာခိုင်နှုန်းကို ၎င်းကရရှိပြီး နိုင်ငံတော်မှ ၄ ရာခိုင်နှုန်းသာ စတင်ရရှိမည့် နှုန်းများဖြင့် လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။
Credit to > EMG < Thank

Thursday, July 31, 2014
အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်
အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း
ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ
သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည်
Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။
အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့်
ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက
လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ
ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး
မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင်
ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင်
အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀
အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀
ပေးပို့ခွင့်တို့ပါရှိသည်။
သြဂုတ်လ ၁၅ ရက်နေ့အထိ အင်တာနက်စနစ်ကို 20MB အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သော်လည်း ကန့်သတ်ရက် ကျော်လွန်ပါက 1MB လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း အော်ရီဒူးအရောင်း ကိုယ်စားလှယ်များက ပြောဆိုထားသည်။ အဆိုပါ အင်တာနက်ဈေးနှုန်းသည် အသုံးပြုသူများအတွက် များပြားသည့်နှုန်းထားဖြစ်သည်ဟုလည်း အင်တာနက်အသုံးပြုသူများ က ဝေဖန်ထားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဒေတာစနစ်ကူးပြောင်း၍ အင်တာနက်အသုံးပြုခကောက်ခံမည်ဟု ကြေညာခဲ့သောဈေးနှုန်းသည် ယခုကဲ့သို့များပြားခြင်းမရှိခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန် ထောက်ပြခဲ့သည်။
အော်ရီဒူးသည် ၎င်းတို့၏ဖုန်းလိုင်းများအချင်းချင်း ခေါ်ဆိုမှုကို ၂၅ ကျပ်အဖြစ် သတ် မှတ်ပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းများဆီသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ခဲ့သည်။ စာတိုပို့စနစ်၌လည်း အော်ရီဒူးသည် မြန်မာ့ဆက်သွယ်ရေး ကောက်ခံသည့်နှုန်းထားများအတိုင်း စာတိုတစ်စောင်လျှင် ၂၅ ကျပ်သာ ပြန်လည်သတ်မှတ်ပေးခဲ့သည်။ ထူးခြားမှုအနေဖြင့် အော်ရီဒူးသည် ၎င်းတို့မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ငွေဖြည့်ကတ်များကို ၁ ထောင်ကျပ်မှစတင်၍ ၂ သောင်းကျပ်အထိ ၀ယ်ယူအသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

ဝန်ထမ်း အလိုရှိသည်။
MCC ( ကျိုက်ထို) ကွန်ပျူတာသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်း အလိုရှိသည်။
ကွန်ပျူတာဘာသာရပ် သင်ကြားနိုင်သူ - ဆရာ/ဆရာမ - (၁) ဦး
လိုအပ်သောအရည်အချင်းများ...
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။ သိပ္ပံဘွဲ့ ဦးစားပေးမည်။
- ကွန်ပျူတာဘာသာရပ်ကို အခြေခံမှစ၍ ကျွမ်းကျင်စွာ သင်ကြားနိုင်ရမည်။
- အင်္ဂလိပ်စာ အခြေခံ ရေး/ဖတ် နားလည်ရမည်။
- အိမ်ထောင်မရှိသူ ဦးစားပေးမည်။
- လုပ်ငန်းအပေါ် အမှန်တကယ် စိတ်ပါဝင်စားမှုရှိပြီး သင်တန်းအောင်မြင်မှုကို ထာဝစဉ်ကြိုးစား အကြံဥာဏ်ပေးနိုင်ရမည်။
ခံစားခွင့်များ...........
- လစာအပြင် သင်တန်းသား/သူ တစ်ဦးစီအလိုက် ခံစားခွင့်များရှိသည်။
- အစမ်းခန့်ကာလ (၃) လအပြီး လုပ်ငန်းတိုးတက်မှုအပေါ်မူတည်၍ Bonus ခံစားခွင့်များရှိသည်။
- အဆင့်မြင့်သင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချပေးမှုကို သင်တန်းကျောင်းမှ ထပ်မံပံ့ပိုးသင်ကြားပေးမှုများ ပြုလုပ်ပေးသွားမည်။
- ထိုကဲ့သို့ အဆင့်မြင့် သင်တန်းများ ဆက်လက် သင်ကြားပေးနိုင်လျှင် လစာနှင့် အခြားခံစားခံစားခွင့်များ ပိုမိုရရှိမည်။
စိတ်ပါဝင်စားသူများအနေဖြင့် တစ်လအတွင်း ရိုက်ထားသော Passport ပုံ (၂) ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ တို့ဖြင့် (၁၁.၈.၂၀၁၄) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း သင်တန်းခန်းမသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်စုံစမ်းရန် - အမှတ် (၁၂) ခရေပင်လမ်းမကြီး၊ ဇေယျာမွန်ရပ်ကွက်၊ ကျိုက်ထိုမြို့။
- ဖုန်း - ၀၉-၄၂၅၃၁၂၈၂၀
- E-mail - thihawin3@gmail.com
မှတ်ချက်။ ။ ဝန်ထမ်းလျှောက်လွှာများကို MCC ( ကျိုက်ထို ) သင်တန်းခန်းမတွင် အခမဲ့ ထုတ်ယူနိုင်သည်။

Subscribe to:
Posts (Atom)