Pages

Thursday, May 22, 2014

အစ်မကိုမူးပြီးရိုက်တဲ့ ယောက်ဖနဲ့ စကားများရာမှ လူသတ်မှုဖြစ်

သန်လျင်မြို့နယ်၊ သဲဖြူချောင်းကျေးရွာတွင် မေလ(၁၇)ရက်နေ့ ည(၉)နာရီ မိနစ်(၅၀)ခန့်က မအေးငွေသည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုညိုဝင်းက အရက်သေစာသောက်စားမူးယစ်၍ ရောက်ရှိလာပြီး
လေးခွဖြင့်ထုရိုက်သဖြင့် နေအိမ်မှထွက်ပြေးခဲ့
ပြီးနောက် တရားရိပ်သာဝင်းအတွင်း ရောက်ရှိနေ
ခဲ့စဉ် မောင်ဖြစ်သူအေးထွန်းက အစ်မလင်မယားအချင်းများတာ ဝင်ဖျန်ဖြေရင်း ယောက်ဖဖြစ်သူ ကိုညိုဝင်းနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ခိုက်ရန်ဖြစ်ပွားရင်း အေးထွန်းမှ ယောက်ဖဖြစ်သူ ကိုညိုဝင်းကို သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ မအေးငွေနေအိမ်သို့ ရောက်ရှိစဉ် ခင်ပွန်းဖြစ်သူ ကိုညိုဝင်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပြီး ခင်ပွန်းဖြစ်သူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရာ မေလ(၁၈)ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ကိုညိုဝင်းဟာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မအေးငွေက မောင်ဖြစ်သူ အေးထွန်းအား ခင်ပွန်းဖြစ်သူ ကိုညိုဝင်းအား သေစေသည့်အထိ ရိုက်နှက်ခဲ့မှုအတွက် သန်လျင်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ကာ ယင်းဖြစ်စဉ်အား (ပ)၃၄၀/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့် သန်လျင်မြို့မရဲစခန်းမှလက်ခံခဲ့ပြီး ပြစ်မှုကျူးလွန်၍ ရှောင်တိမ်းနေသူ အသက်(၂၈)နှစ်အရွယ် အေးထွန်းအား ဖမ်းဆီးနီုင်ရန်
လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေး ကျပ်ငွေ နှစ်ဘီလျံကျော် သုံးစွဲမည်

မိုးရာသီသို့ရောက်တိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တည်ဆောက်ရန် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အင်္ဂလိပ်လက်ထက်ကတည်းက တည်ဆောက်ခဲ့သော ရေမြောင်းစနစ်များကို ရန်ကုန်မြို့တွင် အသုံးပြုနေရပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့်လည်း မိုးရွာသည်နှင့် ရေမြောင်းများ ပိတ်ဆို့ကာ ရေကြီးမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
ယခုအခါ အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်မြို့တွင် ရေစီးရေလာ ကောင်းမွန်ရေး ၊ ရေမြောင်းများ ပိတ်ဆို့မှု မရှိစေရေးအတွက် ရှင်းလင်းခြင်းလုပ်ငန်းများကို အထူးသန့်ရှင်းရေးအနေဖြင့် ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့၏ လမ်းနှင့်တံတားဆိုင်ရာ လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း (၅၃၁၅၄.၄)သန်း အသုံးပြုသွားမည်ဟု သိရသည်။

Credit to > EMG < Thank

မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရန်ကုန်မြို့တွင် ရေလျှံခဲ့

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက် ဝင်ရောက်လျက်ရှိသောကြောင့် ရန်ကုန်မြို့တွင် မေ(၁၈)ရက်နေ့ ညနေပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၏ လမ်းများပေါ်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ကာ အများပြည်သူများ ခရီးသွားလာရာ၌ အခက်အခဲ ဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သော မြို့နယ်များမှာ တာမွေ ၊ မင်္ဂလာတောင်ညွန့် ၊ မရမ်းကုန်း ၊ ကျောက်မြောင်း ၊ ဗိုလ်တထောင် ၊ ကျောက်တံတား ၊ ရန်ကင်း ၊ လသာနှင့် အခြားမြို့နယ်များ ဖြစ်ကြောင်း ထိုမြို့နယ်များရှိ လမ်းမများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ရပ်ကွက်များအတွင်း လမ်းသွယ်များတွင် အိမ်များအတွင်းသို့ ရေဝင်ရောက်မှုများလည်း ဖြစ်ခဲ့ကြောင်း သိရသည်။
ညနေ(၄)နာရီကျော်က ည(၉)နာရီကျော်လောက်အထိ မိုးက သည်းသည်းမဲမဲ ရွာသွန်းခဲ့သဖြင့် ခရီးသည်တင်ကားအချို့ ပျက်ခဲ့ကာ မှတ်တိုင်တွင် ခရီးသည်များလည်း မိုးစို ၊ အငှါးယာဉ်တွေကလည်း တော်ရုံနှင့် တားမရခဲ့ဘဲ ခရီးသည်အချို့ ဒုက္ခရောက်ခဲ့ကာ ည(၈)နာရီခွဲလောက်၌ ရန်ကင်းမှတ်တိုင်တွင် ရေတွေတအားကြီးပြီး ဝါယာရှော့ခ်ဖြစ်ခဲ့၍ မီးပျက်သွားခဲ့ကြောင်း ဘတ်စ်ကားစီးသူတစ်ဦးက ပြောခဲ့သည်။
အနောက်တောင် မုတ်သုံလေသည့် မြန်မာနိုင်ငံတဝန်းလုံးသို့ ဇွန်လပထမပတ်မှ စတင်ကာ ဝင်ရောက်မည်ဖြစ်ပြီး အောက်တိုဘာ ပထမ (၁၀)ရက်အတွင် ပြန်လည်ထွက်ခွါသွားမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ခန့်မှန်းထားသည်။

Credit to > EMG < Thank

အစ်မဝမ်းကွဲတိုက်ခန်းသို့ လာလည်သောလူ တိုက်ပေါ်က ပြုတ်ကျသေဆုံး

မေလ(၁၇)ရက်နေ့က တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ မလွှကုန်းလမ်းတွင် တိုက်(၇)လွှာပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နေ ဦးဝင်းအောင်၊ (၄၃)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၎င်းဟာ အစ်မဝမ်းကွဲအိမ်သို့ အခင်းမဖြစ်မီတစ်ရက်အလိုက အလည်လာရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ဦးဝင်းအောင်သည် မေလ(၁၆)ရက်နေ့ ညနေပိုင်းက ထိုအိမ်သို့ ရောက်ရှိလာခဲ့ကာ ညပိုင်းတွင် အရက်သေစာ သောက်စားပြီး အိပ်ရာဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
မေလ(၁၇)ရက်နေ့ မနက်(၃)နာရီခွဲခန့်တွင် အိမ်ရှင်ဖြစ်သူ ဦးဝင်းအောင်၏ အစ်မဝမ်းကွဲက အိပ်ရာမှတရေးနိုးကာ ဦးဝင်းအောင်အား ရှာကြည့်ရာ မတွေ့သဖြင့် လိုက်လံ ရှာဖွေခဲ့ကြောင်း၊ တိုက်ခန်းနောက်ဘက်ရှိအကာမရှိသောပြူတင်းပေါက်
မှ ဓါတ်မီးဖြင့်ထိုးကြည့်ရှာဖွေခဲ့ရာမှ အောက်သို့ ပြုတ်ကျနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း
သိရသည်။
အောက်သို့ ပြုတ်ကျခဲ့သော ဦးဝင်းအောင်သည် တိုက်ခန်းနောက်ဘက်လမ်းကြားတွင် ဦးခေါင်း ယာဘက်ပေါက်ပြဲ၊ နှာခေါင်းနှင့်ပါးစပ်တို့မှသွေးထွက်၊ ၀ဲလက်မောင်း နှင့်ပေါင်တို့၌ ဖူးရောင်ဒဏ်ရာများ ရရှိထားပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Sunday, May 18, 2014

ဖွဲ့စည်းပုံပြင်ရေးအတွက် (၁၈)နှစ်အောက်များ ကာချုပ်ထံ တိုက်ရိုက်စာပို့ဖို့ ဒေါ်စုဆို

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အသက် ၁၈နှစ် မပြည့်သေးတဲ့ ပြည်သူတွေကလည်း ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်စာတင်ပြီး တောင်းဆိုကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး၊ အောင်ပင်လယ်ကွင်း၌ မေလ ၁၈ရက်က တိုက်တွန်းလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက် နံနက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောပွဲ့ကို နံနက် ၈နာရီခွဲတွင် စတင်ခဲ့သည်။
ထိုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တပ်မတော်သည် နိုင်ငံကို ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး သမ္မတရာထူးအတွက် ထောက်ခံပေးဖို့ ဖွဲ့စည်းထားခြင်းမဟုတ်ဟု ပြောဆိုလိုက်သည်။
ယင်းအပြင် တပ်မတော်အနေဖြင့် ပြည်သူလူထုထံမှ ယုံကြည်မှု ရရှိရန် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့ လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်းလိုက်သည်။

Credit to > Mizzima < Thank

ဘုရား မဲ နဲ့ ဝက်သားတွဲ ပေးတဲ့ ဇလွန်ပွဲက အခုထိ ပြသာနာ မပြီးသေးဘူးဟ။

၅၉(စ)မပြင်ဆင်ရေး ဇလွန်ပြည်ခိုင်ဖြိုး ပါတီ၏ ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အပေါ် ထင်ယောင်ထင်မှား ဖြစ်စေသည့် အပြုအမူအချို့ ပြုမူခဲ့မှုအပေါ် ဇလွန်မြို့နယ် မ.ဘ.သအဖွဲ့မှ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်နိုင်ရေး တင်ပြသွားရန်ရှိကြောင်း ယင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရ သိရသည်။

ဇလွန်မြို့နယ် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဆရာတော်ဦးသဒ္ဓမ္မ၀ံသက “ကြံ့ခိုင်ရေးကလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ မ.ဘ.သ က မပါပါဘူး။ မ.ဘ.သ နာမည်နဲ့ သာသနာ့အလံတွေကို မသုံးဖို့ ဒီဆန္ဒပြပွဲမစခင်မှာ ကြံ့ခိုင်ရေးက ဦးဆောင်သူကို ဦးပဉ္စင်းသွားတားခဲ့တယ်။ မ.ဘ.သ ဥက္ကဋ္ဌ ဆရာတော်ကြီး ကိုယ်တိုင်လည်း သက်ဆိုင်တဲ့ဌာနတွေကို အကြောင်းကြားပြီး တားခဲ့တယ်။ သူတို့က ဘုရားလှူတဲ့ကိစ္စကို ဒီဆန္ဒပြပွဲနဲ့ တွဲလုပ်သွားတယ်။ အဲဒါကြောင့် ပရိတ်အဖွဲ့တွေ၊ သာသနာ့အလံတွေကို သုံးသွားတော့ ထပ်ပြောဖို့ခက်သွားတယ်။ သူတို့က နိုင်ငံရေးလှည့်ကွက်လှလှ သုံးသွားတဲ့သဘောပဲ” ဟု မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့က အမျိုး၊ ဘာသာ၊ သာသနာအတွက် သီးသန့်ပဲ လုပ်ချင်တယ်။ နိုင်ငံရေးကို အထောက်အကူဖြစ်အောင် မလုပ်ချင်ဘူး။ ဒီကိစ္စမှာ မ.ဘ.သ နဲ့ မဆိုင်ဘူးဆိုတာကို အဲဒီ့ဆန္ဒပြတဲ့နေ့ မနက်ပိုင်းမှာပဲ ဦးပဉ္ဇင်းရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ချက်ချင်းတင်ခဲ့တယ်။ မ.ဘ.သ အဖွဲ့အနေနဲ့လည်း ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်နိုင်ဖို့ သံဃာတော်တွေကို တင်ပြလျှောက်ထား သွားဖို့ရှိပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် မ.ဘ.သ အဖွဲ့တံဆိပ်နှင့် စာသားပါအင်္ကျီ ၀တ်ဆင်ထားသူ အမျိုးသမီးတစ်ဦးက “ဘာသာရေးကိုပဲ အဓိကထားတယ်။ နိုင်ငံရေးကတော့ နားမလည်ဘူး။ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အတွက်ပါပဲ” ဟု ဖြေကြားခဲ့သည်။

ဇလွန်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်ကမူ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ၅၉ (စ)မပြင်ဆင်ရေးနှင့် တိုင်းရင်းသားစစ်စစ် ၁၃၅ မျိုး၏ သားစဉ်မြေးဆက် နိုင်ငံတော်ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန်ကိုသာ ရည်ရွယ်ကြောင်း ဖြေကြားထားသည်။

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ မေ ၁၅ ရက်က ခွင့်ပြုမိန့်ရရှိ ထားသော အချက်(၃) ချက်အပြင် ခွင့်ပြုမိန့်တွင် မပါရှိသော “အမျိုးမစစ်ရင် အမျိုးမချစ်ဘူး။ အမျိုးစစ်မှ အမျိုးချစ်မည်။ အမျိုးဖျက်သူ အလိုမရှိ” စာသားပါ လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူဦးရေ ၅၅၀၀ ကျော် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ အောင်ကျော်မျိုး(ဟင်္သာတ)

from Eleven Media Group
— with D Myo Chit and 10 others.
Photo: ဘုရား  မဲ နဲ့ ဝက်သားတွဲ ပေးတဲ့ ဇလွန်ပွဲက အခုထိ ပြသာနာ မပြီးသေးဘူးဟ။

သက်ဆိုင်ရာမှ ကူညီဖြေရှင်းပေးပါရန် ဖေ့စ်ဘုတ်ပေါ်ထိတက်လာလို့ပါ

လူ လူချင်း စာနာတရားလေးထားပါ။ ကလေးတွေကို ပို မလုပ်သင့်ပါဘူး။ သူတို့ ဝမ်းရေးအတွက် ကောင်းရောင်း ကောင်းဝယ် လုပ်စားနေတာပါ။ ခိုးဆိုး လုယက်တဲ့ ဘဝ ရောက်အောင် မတွန်းပို့ပါနဲ့။ သက်ဆိုင်ရာမှ ကူညီဖြေရှင်းပေးကြပါ
ကျွန်တော့်ကိုယ်တွေ့ဗျာ။

ကျိုက်ထီးဘုရား

စောင်းတန်းဈေးရောင်းတဲ့ ခလေးမ

နှစ်ဦးကို လေးလေးစည်ပင်ကလူတွေ

မရောင်းဖို့ အော်ငေါက်တဲ့အပြင်

ဈေးဗန်းပါ လူကြားထဲ မှောက်ချတာ။

သနားစရာပါ။

တရုတ်ကားထဲက

ရဲမတ်တွေ အတိုင်းပဲ။

ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ။

micheal myo