Pages

Monday, December 31, 2012

JonDonym Proxy

JonDonym Software ကတော့ Bypass Proxy Software အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Free User အနေနဲ့ အချိန် အကန့်မသတ်မရှိအသုံးပြုလို့ရတယ့် Software တစ်ခုပါ။ အခုနောက်ပိုင်းမှာ Your Freedom က တစ်နာဆက်တိုက် ချိတ်ဆက်ပြီးတာနဲ့ ချိတ်ဆက်ထားတယ့် Link ကို ဖြုတ်ပြီး နောက်တစ်ခါ ပြန်ချိတ်ဖို့ အကန့်အသတ်တွေ ထားရှိလာပါတယ်။ JonDonym မှာတော့ အဲ့လို ကန့်သတ်ချုပ်ချယ်ထားတာတွေ ဘာမှ မရှိပါဘူး။ စမ်းသပ်အသုံးပြုချင်တယ့် ဆိုရင်တော့ Download လုပ်ယူလို့ရပါတယ်။

Download Links:




Password: mandalar.net

CCProxy 2010

CCProxy ကို Windows Vista, Windows 7 နဲ့ Windows Server 2008 မှာအသုံးပြုချင်သူတွေအတွက် CCProxy Version အသစ်ကို တင်ပေးလိုက်ပါတယ် ဒီနေရာကနေ Download လုပ်ယူကျပါ။

CCProxy ကိုဘယ်လိုအသုံးပြုရတယ်ဆိုတာကို သိချင်ရင်တော့ ဒီနေရာမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

Nokia ဖုန်းတွေမှာ Opera Mini ထဲမှ မြန်မာလိုမြင်ရအောင်ပြုလုပ်နည်း

Nokia ဖုန်းတွေမှာ Opera Mini  ထဲမှ မြန်မာလိုမြင်ရအောင်ပြုလုပ်နည်းပါ


>>>>>>>>>>>>>>>Download Hear !!!<<<<<<<<<<<<<<
လိုအပ်တဲ့ ဖိုင်တွေကိုအရင်ဆုံး  Download ပါမယ် ။ဆွဲလို့ရလာတဲ့အထဲမှာပါတဲ့
  1. opera Mobile 12

  2. X-plore

  3. Nokia pure font with zawgyi

  4. user.css
  5. instruction.txt 
တို့ကို  ဒေါင်းထားတဲ့ဖိုင်းကို ဖြည်ပြီး sd card ရဲ့ ဖိုင်တခုမှာ ဖြစ်ဖြစ် ဖိုင်အသစ်ဆောက်ပြီး ဖြစ်ဖြစ်ထည့်လိုက်ပါ
ဖြည်လိုရလာတဲ့ထဲက မှ
1. opera mobile12 နှင့်  x-plore ကို install ချလိုက်ပါ
2. X-plore ကိုဖွင့်ပြီး nokia pure font with zawgyi ကို  E:/system/app/opera mobile/fonts ထဲသို့ ကူးထည့်ပါ
3.user.css ဖိုင်လေးကို E:/system/app/opera mobile/styles ထဲသို့ကူးထည့်ပါ
စက်ကို restet ချပြီး ပြန်ဖွင့်လိုက်ပါ opera web ထဲမှာ မြန်မာ ဆိုဒ်တွေကို ကြည့်လို့၇ပါပြီ


How to Install Android OS on a Flash / Memory / Pen Drive


Google က Developed လုပ်တယ့် Android OS ကို ဖုန်းမှာပဲသုံးလို့ရတယ်လို့ ထင်ထားခဲ့တာ အခုတော့ Android OS ကို Personal Computer တွေပေါ်မှာ OS တစ်ခုအနေနဲ့ အသုံးပြုလို့ရပြီဆိုတာကို သိလိုက်ရလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ အခုရေးပေးမှာကတော့ Android OS ကို Computer ရဲ့ Harddisk ပေါ်မှာ မ Run ပဲနဲ့ USB Flash Drive ပေါ်မှာ Run တယ့်နည်းကိုရေးသားဖော်ပြမှာဖြစ်ပါတယ်။

USB Flash Drive Space အနေနဲ့အနည်းဆုံး 256MB လိုအပ်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး Android OS x86 V.1.6 r2 Boot-able CD Image နဲ့ UNetbootin ကို Download လုပ်ယူပါ။



၁။ Download လုပ်ယူပြီးရင်တော့ UNetbootin ကို Run လိုက်ပါ။
၂။ UNetbootin Windows ထဲက Diskimage ကိုရွေးပြီး ညာဘက်က "..." ကိုနှိပ်ပြီးတော့ Android OS ISO ရှိတယ့် လမ်းကြောင်းကိုရွေးပေးပါ။
၃။ အောက်ဆုံးက Type မှာ ကိုယ်အသုံးပြုမယ့် USB Flash Drive အမျိုးအစားနဲ့ Flash Drive ရဲ့ Drive Letter ကိုရွေးပြီး OK ကိုနှိပ်ပါ။



၎။ UNetbootin ကနေပြီးတော့ Android ကို Flash Drive ပေါ် Copy ကူးယူသွားမှာ ဖြစ်ပါတယ်။ Computer ရဲ့ Speed နဲ့ Flash Drive ရဲ့ Speed ပေါ်မူတည်ပြီး Copy ကူးချိန် ကြာမြင့်မှာဖြစ်ပါတယ်။



၅။ Copy ကူးယူလို့ပြီးသွားရင်တော့ Computer ကို Restart လုပ်မလား ဒါမှမဟုတ် UNetbootin ကိုပိတ်မလားဆိုတာ ကိုယ်ကြိုက်သလို ရွေးချယ်လို့ရပါတယ်။



၆။ Computer ကို Restart ချပြီးရင်တော့ BIOS Setting ၀င်ပြီး Removable Device ကို First boot device အနေနဲ့ ပြောင်းပေးရမှာဖြစ်ပါတယ်။



၇။ USB Device ကနေ Boot တက်လာပြီဆိုရင်တော့ Live CD – Run Android-x86 without installation ကိုရွေးပြီး Enter နှိပ်လိုက်ပါ။



၈။ Android Load လုပ်နေတာကို အချိန် အနည်းငယ်စောင့်ရပါမယ်။





၉။ Android OS အပြည့်အ၀ တက်လာပြီဆိုရင်တော့ အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။



http://mandalarnet.mandalaybloggers.org/ မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

စိုက်ပျိုးရေး လုပ်ဖို့ Harvest Moon For Android

android အတွက်လာပါပြီဗျာ။
ထွက်တာတော့ကြာပြီထင်ပါတယ်။ ခုမှ

သိလို့ခုမှပဲရှယ်ပေးလိုက်ပါတယ် ။
ဂိမ်းကစားနည်းကတော့ ဟြေပြစရာတောင်လိုမယ် မထင်ပါဘူးခင်ဗျာ
>>>>>>>>>>>>>Download Hear !!<<<<<<<<<<

Driver အတွက် အခက်တွေ့နေသူများအတွက် Easy Driver Pack 5.2.8.5

ကျနော် Windows XP တင်တုန်းက Audio မသိလို့ အခက်ကြုံခဲ့ရဖူးပါတယ်....
အဲဒီအခက်အခဲကို ကျနော့် အကိုကြီး ကိုကျော်သက်အောင်မှ ဆော့ဖ်ဝဲလ်တစ်ခုပေးပြီး ဖြေရှင်းပေးတာ တော်တော်လေးကို အဆင်ပြေသွားပါတယ်..
ဒါကြောင့် Windows XP သုံးသူတိုင်း ဘာမသိ ညာမသိ အခက်အခဲများ ကျော်လွှားနိုင်စေဖို့ အဲဒီ ဆိုဒ်ကလေးကို ညွှန်းလိုက်တာပါ....
အောက်မှာ ဒေါင်းလိုက်ပါ.....ကျနော် ကိုယ်တိုင်လက်တွေ့စမ်းပြီးပါပြီ....တော်တော်လေးကို အဆင်ပြေပါတယ်....ဖိုင်ဆိုဒ်က ကြီးလို့ Part 1 နဲ့ Part 2 နှစ်ခု ခွဲထားပါတယ်....နှစ်ခုစလုံးကို ပြီးအောင်ဆွဲ..ပြီးရင် zip ဖြည်ပြီး run လိုက်ပါ.....

Easy Driver Pack 5.2.8.5 Part 1
Easy Driver Pack 5.2.8.5 Part 2

အဲဒီဆိုဒ်ထဲရောက်ရင် Download to your device ကိုနှိပ်ပြီး ဒေါင်းနော်....
အားလုံးပဲ အဆင်ပြေကြပါစေ.....

Huawei U8825D Internal Memory 800MB ရရှိစေမည့်နည်းလမ်း

  1. Zip ဖိုင်ကိုဒေါင်းလော့ချပါ။

   2. Zip ဖိုင်ကို SD ကဒ်ထဲမှာထည့်ထားပါ။

   3. Recovery မှ ၄င်း Zip ဖိုင်ကိုညွန်းပေးပြီး ဖုန်းကို Restart ချပါ။


   ဖုန်းတွင် Application install လုပ်နိုင်သည့်  Memory မှာ 500MB မှ 800MB အထိပြောင်းလဲသွားသည်ကို သင်မြင်တွေ့ရပါလိမ့်မည်။


                  U8825D Memory Update to 800MB.zip