Pages

Saturday, June 7, 2014

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ်


ရန်ကုန်− ၂၀၁၃-၁၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နည်းပညာအားနည်းမှုကြောင့် အွန်လိုင်းပေါ်မှကြည့်ရှု၍မရနိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောသည်။

ဇွန်လ ၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနိုင်မည့် သတင်းများပျံ့နှံ့နေသော်လည်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဟုတ်မှန်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

‘‘အွန်လိုင်းကနေကြည့်လို့ မရသေးဘူး။ နည်းပညာအဆင့် မမီသေးဘူး။ ပညာရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက်မှာလည်း အွန် လိုင်းကနေကြည့်လို့မရသေးတဲ့အကြောင်း ကြေညာထားပါတယ်၊ တစ်လခွဲ၊ နှစ်လလောက်ကြာမှတင်နိုင်ပါမယ်’’ဟု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်ကပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www. moemyanmar.net တွင် ယခု ထုတ်ပြန်မည့် တက္ကသိုလ်ဝင်စာ မေးပွဲအောင်စာရင်းကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အင်တာနက်တွင်သတင်းများပျံ့နှံ့နေခြင်းဖြစ်သည်။


၎င်းဝက်ဘ်ဆိုက်တွင် လွန်ခဲ့သည့် ၂၀၁၂-၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မိမိစာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်တို့ကိုရိုက်ထည့်၍ ရှာဖွေကြည့်ရှုနိုင်သော်လည်း ၂၀၁၃-၁၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုနိုင်ခြင်းမရှိပေ။

၂၀၁၃-၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူငါးသိန်းရှစ်သောင်းကျော်ရှိခဲ့ပြီး စာမေပွဲဖြေဆိုရန်ပျက်ကွက်သူ လေးသောင်းကျော်ရှိခဲ့ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲ အောင်စာရင်းကြည့်ရှုနေသူများ [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]

Credit To: 7Day News Journal

Photo: တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ်
ACM Re-Post 6-6-2014

ရန်ကုန်− ၂၀၁၃-၁၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နည်းပညာအားနည်းမှုကြောင့် အွန်လိုင်းပေါ်မှကြည့်ရှု၍မရနိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောသည်။

ဇွန်လ ၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနိုင်မည့် သတင်းများပျံ့နှံ့နေသော်လည်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဟုတ်မှန်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
    
‘‘အွန်လိုင်းကနေကြည့်လို့ မရသေးဘူး။ နည်းပညာအဆင့် မမီသေးဘူး။ ပညာရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက်မှာလည်း အွန် လိုင်းကနေကြည့်လို့မရသေးတဲ့အကြောင်း ကြေညာထားပါတယ်၊ တစ်လခွဲ၊ နှစ်လလောက်ကြာမှတင်နိုင်ပါမယ်’’ဟု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်ကပြောသည်။
    
ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www. moemyanmar.net တွင် ယခု ထုတ်ပြန်မည့် တက္ကသိုလ်ဝင်စာ မေးပွဲအောင်စာရင်းကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အင်တာနက်တွင်သတင်းများပျံ့နှံ့နေခြင်းဖြစ်သည်။
    
    
၎င်းဝက်ဘ်ဆိုက်တွင် လွန်ခဲ့သည့် ၂၀၁၂-၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မိမိစာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်တို့ကိုရိုက်ထည့်၍ ရှာဖွေကြည့်ရှုနိုင်သော်လည်း ၂၀၁၃-၁၄  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုနိုင်ခြင်းမရှိပေ။
    
၂၀၁၃-၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူငါးသိန်းရှစ်သောင်းကျော်ရှိခဲ့ပြီး စာမေပွဲဖြေဆိုရန်ပျက်ကွက်သူ လေးသောင်းကျော်ရှိခဲ့ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲ အောင်စာရင်းကြည့်ရှုနေသူများ [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]

Aye Chan Mon Credit To: 7Day News Journal
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Wednesday, June 4, 2014

တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို အင်တာနက် ဝက်ဘ်ဆိုဒ်မှ ကြည့်နိုင်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အင်တာနက် ဝက်ဘ်ဆိုဒ်မှ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ရွှေကျိုက်ထိုကို အားပေးကြတဲ့ မိဘပြည်သူအပေါင်းအား ဝမ်းမြောက်စွာ အသိပေးကြေငြာအပ်ပါသည်။ အောင်စာရင်းထွက်တဲ့နေ့မှာ မိုးဒဏ် လေဒဏ်နဲ့ လူတွေ တိုးဝှေ့ ကြည့်ရှုရတဲ့ ဒုက္ခက ကင်းဝေးစေဖို့ စေတနာဖြင့် အောက်ပါ လင့်ခ် ကလေးကို တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျား။ အောင်စာရင်းကို အိုးမကွာ ကြည့်လိုသူများအတွက် အောက်ပါလင့်ကို နှိပ်ပြီး ပေါ်လာသော ဝက်ဘ်ဆိုဒ်တွင် စာစစ်ဌာန အကွက်၌ မိမိ၏ စာစစ်ဌာန ( ဥပမာ. ညက ) ဟု ရိုက်ထည့်ပြီး ခုံအမှတ် အကွက်တွင် မိမိ၏ခုံအမှတ် ( ဥပမာ. ၃၁၈) ဟု ရိုက်ထည့်ပြီး ခေတ္တစောင့်ပါ။ အောင်မြင်သူများကို အမည်၊ ခုံအမှတ်၊ ဂုဏ်ထူးရဘာသာ စသည်ဖြင့် ဖော်ပြပေးမည်ဖြစ်ပြီး မအောင်မြင်သူများကို ၂၀၁၄ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွင် သင့်ခုံအမှတ် မပါဝင်ပါဟု ဖော်ပြမည်ဖြစ်ပါသည်။

အောင်စာရင်းကြည့်ရှုရန် အောက်ပါ လင့်ခ် ကိုနှိပ်ပါ။
http://moemyanmar.net/education/result-search-2012.php

အမတ်များ မေးခွန်းမေးရာတွင် မစွပ်စွဲရန် ဦးရွှေမန်း သတိပေး

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့သို့ လွှတ်တော်အတွင်း မေးခွန်းမေးမြန်းရာ၌ ယေဘုဆန်သောစကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေးပြောဆိုသည်။
သူရဦးရွှေမန်းက “အထောက်အထားခိုင်ခိုင်မာမာနဲ့ ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ်ဆိုတာ တင်ပြပါ။ ယေဘုယျဆန်တဲ့ စကားလုံးတွေနဲ့ စွပ်စွဲမေးမြန်းတာမျိုးမလုပ်ပါနဲ့” ဟု သတိပေးခဲ့သည်။
ချမ်းမြသာစည် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်က ဘဏ်များမှ ငွေချေးယူရာတွင်  လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် ချေးငွေစာချုပ်စာတမ်းပါ အချက် ၁၆ချက်ကို ထိုက်သင့်သလောက် ဖြေလျော့ပေးရန် ကိစ္စကို ပြည်သူ့လွှတ်တော်တွင် မေးမြန်းရာ ဘဏ်များတွင် ချေးငွေယူပါက ကြားပွဲစားမှ ဖြတ်စားလာဘ်စား ပြုလုပ်နေသည့် ငွေပွဲစားများ ရှိသည်ဟု စွပ်စွဲပြောကြားခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းက အထက်ပါအကြောင်းအရာများသည် တိကျသေချာမှုရှိပါက အထောက်အထားနှင့် တကွ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်သို့တင်ပြနိုင်ပြီး ဌာနများ၏ဂုဏ်သိက္ခာထိခိုက်မှုမရှိစေရန် ကိုယ်စားလှယ်များက သတိထားမေးမြန်ရန်လည်း တိုက်တွန်းခဲ့သည်။
ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးစိုးဝင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အများပြည်သူထံသို့ချေးငွေထုတ်ပေးရာတွင် မူဝါဒ ၁၆ ချက်နှင့် အညီလုပ်ကိုင်နေပြီး မြေ၊ အဆောက်အဦ၊ ပုံစံ၊ မှတ်ပုံတင်ထားရှိမှု၊ ပြန်လည်ပေးဆပ်နိုင်မှု၊ မီးအာမခံ၊ စာချုပ်စာတမ်းကိစ္စများကို ခိုင်လုံတိကျစွာ စိစစ်နေရခြင်းကြောင့် မူဝါဒ လျော့ချနိုင်သော်လည်း အချိန် ကာလကို လျော့ချပေးရန်မဖြစ်နိုင်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဗဟိုဘဏ်မှ ချေးငွေထုတ်ပေးရာတွင် ကျပ်သိန်းတစ်ထောင်အထိ တစ်လ၊ ကျပ်သိန်း တစ်ထောင်မှ ကျပ်သိန်း လေးထောင်အထိ တစ်လခွဲ နှင့် ကျပ်သိန်း လေးထောင်အထက် ချေးငွေကို နှစ်လခန့်ကြာသည်အထိ စိစစ်ပြီး ထုတ်ချေးနေရကြောင်း ၎င်းကရှင်းပြသည်။

Credit to > Mizzima < Thank

ဝင်ငွေခွန် ဆောင်ရတော့မည့် လွှတ်တော်ကိုယ်စားလှယ်များ

ယခင်က ဝင်ငွေခွန်ကင်းလွတ်ခွင့်ရခဲ့သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့ဝင်များသည် ၎င်းတို့၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ဝင်ငွေခွန် ပေးဆောင်ရတော့မည် ဖြစ်သည်။
နိုင်ငံဝန်ထမ်းများနှင့် ပုဂ္ဂလိကဘဏ် ဝန်ထမ်းများနည်းတူ နိုင်ငံတော်အတွက် အခွန်တာဝန်ကို ထမ်းဆောင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်သို့ပေးပို့လာသော ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။
အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ယနေ့စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ချက်များနှင့် အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသဖြင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက လေ့လာစိစစ်ပြီး လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကြိုတင်လေ့လာနိုင်ရန် လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။
မူလဥပဒေ ပုဒ်မ ၁၄တွင် “ခံစားခွင့်သည့် ဝင်ငွေခွန် အရပ်ရပ်အပေါ် ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်” ဟု ပါရှိခဲ့ပြီး ယခုပြင်ဆင်သည့် ဥပဒေကြမ်းတွင် အဆိုပါ ပုဒ်မ ၁၄ကို ဖြုတ်ပယ်လိုက်ကာ အခြားဝန်ထမ်းများနည်းတူ လစာချီးမြှင့်ငွေအတွက် ဝင်ငွေခွန်ဆောင်ရန်နှင့် စရိတ်ကုန်ကျငွေများအတွက်မူ အခွန်ဆောင်စရာမလိုဟူ၍ အမျိုးသားလွှတ်တော်က ဇွန်လ ၃ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

Credit to > Mizzima < Thank

မတည်သော ဝန်ကြီးများကတိ ပြည်သူများအား စော်ကားရာရောက်ဟု အမတ်များဝေဖန်

ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနများအနေဖြင့် လွှတ်တော်၌ မတည်နိုင်သည့် ကတိများ ပေးခြင်းသည် ပြည်သူကို စော်ကားရာရောက်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်လိုက်သည်။
ထန်းတစ်ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက “မတည်နိုင်တဲ့ကတိတွေကို မလုပ်ပေးနိုင်တဲ့ကိစ္စတွေကို (လွှတ်တော်မှာ) ဖြေကြားသွားတာဟာ ပြည်သူကို စော်ကားရာရောက်တယ်”ဟု ပြောသည်။
ဇွန်လ ၃ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းရာအပြီး ၎င်းက အထက်ပါအတိုင်းဝေဖန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့သည် လွှတ်တော်၌ ကတိပေးဖြေကြားမှုများသည် ပေါ့လျှော့မှုများစွာရှိနေပြီး “ကတိတွေကို လွယ်လွယ်ပေးတတ်တယ် ဖြစ်သလိုပြောတယ် ဝန်ကြီးတွေက”ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက ဆိုသည်။
၎င်းက အချို့သော ကိစ္စရပ်များတွင် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်၊ ဘတ်ဂျက်ရရှိမှုအပေါ်တွင် ဆောင်ရွက်ပေးမည်စသဖြင့် လွှတ်တော်တွင် အဆင်ပြေသလို ဖြေကြားမှုများရှိသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။
အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးကလည်း မန္တလေးတိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် စက်ရုံထုတ်ရေဆိုးများကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်သဖြင့် လွှတ်တော်တွင် မေးခွန်းမေးခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ မန်းစည်ပင်နှင့် စက်မှုဝန်ကြီးဌာနတို့မှ ဆောင်ရွက်ပေးမည်ဟု ကတိပြုသော်လည်း မဆောင်ရွက်သေးဟု ဆိုသည်။
“မေးထားတာ နှစ်နှစ်ရှိပြီ။ ပြုထားတဲ့ကတိကို အမှုမဲ့အမှတ်မဲ့ပဲဖြစ်သလား။ အကောင်အထည်မဖော်နိုင်တာလားဆိုတာ ကျွန်တော်အနေနဲ့ သံသယတော့ဖြစ်မိတယ်” ဟု၎င်းက ဖြည့်စွက်ပြောသည်။
တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကလည်း အဋ္ဌမအကြိမ်က ၎င်း၏ ကြယ်ပွင့်ပြမေးခွန်းကို လျှပ်စစ်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီးက ကျေးရွာ ၉၅ အား မီးလင်းရန် ယခုနှစ် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့သော်လည်း ယခုအချိန်ထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဟု ပြောသည်။
ပထမအကြိမ်မှ နဝမပုံမှန်အစည်းအဝေးအထိ ပြည်သူလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းကာ ကတိဖြစ်ခဲ့သည့်မေးခွန်းများ၊ အတည်ပြုခဲ့သည့် အဆိုများကို အစိုးရအဖွဲ့က ပြီးပြတ်အောင် အကောင်အထည် မဖော်နိုင်သေးသော လုပ်ငန်းများ ၁၁၁၈ ခုရှိသည်ဟု ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Credit to > Mizzima < Thank

နောက်သို့ပြန်လိမ့်သော ယာဉ်ပေါ်မှခုန်ချသူ အမျိုးသမီးအား ယာဉ်ကြိတ်ခံရ၍ သေဆုံး

ဇွန်လ(၁)ရက်နေ့ မနက်(၈)နာရီ မိနစ်(၂၀)ခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိုက်ဂါးဘီယာစက်ရုံလမ်းအတိုင်း အရှေ့မှအနောက်သို့  မောင်းနှင်လာသော ခရီးသည်ယာဉ်လိုင်း အမှတ်(၁၉၈) ဒိုင်နာခရီးသည်တင်ယာဉ်သည် ဂျိုးဖြူရေပိုက်လိုင်း ကုန်းတက်အရောက် ထိုယာဉ်မှာ နောက်သို့ပြန်လိမ့်ကျခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ယာဉ်အနောက်သို့ လိမ့်နေစဉ် ယာဉ်ပေါ်ပါခရီးသည် အသက်(၂၉)နှစ်အရွယ် မခင်ခင်ကျော်က ယာဉ်ပေါ်မှခုန်ချခဲ့သဖြင့် ယာဉ်၏ဘီးဖြင့်ကြိတ်မိခဲ့ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းမှာမူ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်အားပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)အား ထောက်ကြန့်နယ်မြေရဲစခန်း၌ ယာဉ် (ပ)၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူပျောက်ကြေငြာ


အမည် - မအေးချမ်းမွန် ခေါ် မအေးမြတ်မွန်
အသက် - ၁၃ နှစ်
အဖအမည် - ဦးဝင်းနိုင် -ပန်းရံဆရာ မွန်လေး
အမိအမည် - ဒေါ်ခင်အုန်းသန်း
နေရပ် - အေးရပ်ငြိမ် ၇ လမ်း ။ ကျိုက်ထိုမြို့ ။ မွန်ပြည်နယ် ။

၁.၆.၂၀၁၄ ရက် တနင်္ဂနွေ နေ့ မွန်းလွဲ ၁၂း၃၀ နာရီခန့် တွင် အေးရပ်ငြိမ် ၇

လမ်းနေအိမ်မှ ဈေးကြီးသို့  ဈေးသွားဝယ်စဉ်

ပျောက်ဆုံးသွားပါသဖြင့် တွေ့ ရှိပါက အကြောင်းကြားပေးကြပါခင်ဗျာ ။

ဆက်သွယ်ရန် - 05760488 . 05760418 . 09425264567