ရန်ကုန်၊ ဇန်နဝါရီ ၁၁
ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ၊ အိမ်ဆောက်လိုသည့် မြေပိုင်ရှင်များနှင့်
အိမ်ဝယ်လိုသူများ အတွက် ငွေထုတ်ချေးမည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ
ဖွံ့ဖြိုးရေး ဘဏ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။
ယင်းဘဏ်သည်
ကျပ် ၁၀၀ ဘီလီယံဖြင့် မတည်ထားသည့် အများပိုင် ဘဏ်ဖြစ်ပြီး ဇန်နဝါရီလ ၁၃
ရက် တနင်္လာနေ့ ဘဏ်ဖွင့်ရက်မှ စတင်ကာ ငွေချေးလိုသူများ လာရောက်
ဆွေးနွေးနိုင်ကာ ဘဏ်ခွဲများကိုလည်း နိုင်ငံအဝန်း ဆောက်လုပ်ရေးလုပ်ငန်း
ပိုမိုတွင်ကျယ်မည့် နေရာများတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင်း လိုအပ်နေသော
တန်ဖိုးမျှ၊ တန်ဖိုးနည်း အိမ်ရာများ တိုးတက် ဆောက်လုပ်နိုင်ရန် ဗဟိုဘဏ်က
ဦးဆောင် ကြီးကြပ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ
ဘဏ်လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်း
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဥက္ကဋ္ဌ ညွန်ကြားရေးမှူးချုပ်က
ပြောကြားသည်။
အဆိုပါဘဏ်သည် အိမ်ရာ ဆောက်လုပ်ရေး အထောက်အကူ
ဖြစ်စေမည့် ချေးငွေများ ထုတ်ချေးခြင်းအပြင် ပုံမှန် ဘဏ်လုပ်ငန်းများ
ဖြစ်သည့် ငွေစုခြင်း၊ ငွေချေးခြင်း၊ ငွေလွှဲခြင်း လုပ်ငန်းများနှင့်
အငှားဝယ် စနစ်ဖြင့် ငွေစိုက်ထုတ်ပေးခြင်း စသည့် ဝန်ဆောင်မှုများလည်း
ပေးအပ်သွားမည် ဖြစ်ကြောင်း လက်ကမ်း ကြော်ငြာတွင် ဖော်ပြထားသည်။
MPU
အဖွဲ့ဝင် ဘဏ်လည်းဖြစ်ရာ ATM တိုင်းတွင် ငွေထုတ်ယူနိုင်မည် ဖြစ်ပြီး မကြာမီ
VISA၊ Master card များ၊ JCP၊ CUP Card များဖြင့်လည်း ချိတ်ဆက်သွားမည်
ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ပြောကြားသည်။
ဆောက်လုပ်ရေး
ဝန်ကြီးဌာနက ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း အိမ်ရာ ယူနစ် ပေါင်း ၃၅,၀၀၀ ခန့်
ဖော်ထုတ်သွားမည် ဖြစ်ရာ ပြည်သူများ အိမ် ပိုင်ဆိုင်ခွင့် မြှင့်တင်ပေးရန်၊
အိမ်ရာ ချေးငွေစနစ်တစ်ခု ထူထောင်ပေးခြင်းနှင့် ဆင်းရဲမွဲတေမှု
တိုက်ဖျက်ရေးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့်
ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဘဏ်ဖွင့်ပွဲတွင် ဆောက်လုပ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
Credit to > The Voice Weekly < Thanks
Pages
Sunday, January 12, 2014
ခလရ(၃၁)တပ်ရင်းက တပ်သားတစ်စု မုဒိန်းမှု ကျူးလွန်း
မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲ ကျုံညဲကျေးရွာနေ
နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ ၏ သမီး မိပရွဲမွန် ကို ခလရ(၃၁) တပ်ရင်းမှ
တပ်သား သိန်းဝင် အပါအ၀င်(၃)ဦးက (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင်
အဓမ္မပြုကျင့် ခဲ့ကြောင်း သိရပါတယ်။
နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ အိမ်ကို ခလရ (၃၁) မှ သက်ကယ် ဖက်ထိုးရန် ငှားရမ်းထားပြီး (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် တပ်သား သိန်းဝင်းအပါ (၃)ဦးတို့သည် သက်ကယ်ဖက် ဆင်းယူစဉ်တွင် နိုင်ဖဒွတ် နှင့် မိကျင်ဝိုင်း တို့ နေအိမ်မှာ သမီးဖြစ်သူ မိပရွဲမွန်ကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
သမီးဖြစ်သူ ငိုယိုးပြေးလာတာကို အဖေ နိုင်ဖဒွတ် တွေ့သွားပြီး အကြောင်းစုံ သိရှိကာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းကြည် နေအိမ်သို့ ဖြစ်စဉ်အားလုံး အကြောင်းကြားခဲ့ပါတယ်။
ဖြစ်စဉ်ကို သိရှိပြီးသည်နှင့် ကျုံညဲကျေးရွာ အုပ်ချူပ်ရေးမှူး နိုင်ထွန်ကြည်က ရပ်မိ ရပ်ဖ အနည်းငယ်နှင့် မိပရွဲမွန်တို့ မိသားစုအား ခေါ်ကာ တပ်ရင်း(၃၁) အားသွားရောက်တိုင်းတန် ခဲ့ရာ တပ်ရင်းရုံးက တာဝန်ရှိသူများက နှစ်နာကျေး ငွေကျပ် ငါးသိန်း(၅၀၀၀၀၀)ကျပ် ပေးကာ ခြိမ်းခြောက်ပြီး ကျေးအေးလွှာအား အတင်း လက်မှတ်ထိုးခိုင်းပေမဲ့လည်း မိပရွဲမွန် မိသားစုမှ လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ လျော်ငွေကို ရပ်မိရပ်ဖမှ လက်ခံခဲ့ပြီး (၂.၁.၂၀၁၄) နေ့တွင် မိပရွဲမွန် မိသားစု အားပေးပို့ ခဲ့ကာ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြောင်းတစ်စုံ တစ်ခု ပေါ်ပေါက်ခဲ့ပါက ရွာမှနှင်းထုတ်မည်ဟု မိသားစုအား ခြိမ်းခြောက်ခဲ့ကြောင်း ရပ်မိရပ်ဖတွေက Myanmar News Now ကို ပြောပါတယ်။
ခလရ(၃၁)မှ ယခုလို ကိုယ်ထိလက်ရောက် မုဒိန်းမှု ကျူးလွန်းခြင်းသည် လည်းကောင်း ၊ ကျူးလွန်ပြီး ကာယကံရှင်အပေါ် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ကို လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်ရေး တည်ဆောက်မှု လမ်းစဉ်အား များစွာထိခိုက်စေသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးပါရန် ကာယကံရှင် မိသားစုနှင့် ရပ်မိရပ်ဖ တွေက Myanmar News Now ပြောဆိုထားပါတယ်။
Credit to > THIT HTOO LWIN < Thanks

ဒေါ်စုသမ္မတဖြစ်ရေး ဥက္ကဌ သူရဦးရွှေမန်းက အခြေအနေကြည့်ပြီး လုပ်မည်ဟု UDSP ပြော
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို တားဆီးထားတဲ့
ပုဒ်မ ၅၉ (စ)ကို အသေးစိတ်ဆွေးနွေးခဲ့ပြီး အဖြေမထွက်ခဲ့တာကြောင့် ပါတီဥက္ကဌ
သူရဦးရွှေမန်းက အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လုပ်သွားမယ်လို့
အာဏာရပါတီက ဇန်နဝါရီ ၁၂ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
သမ္မတအရည်အချင်းသတ်မှတ်ချက်ကို ပြင်ဆင်လိုတဲ့ ပါတီတွင်းက ဒုတိယအုပ်စုနဲ့ မပြင်ဆင်လိုတဲ့ ပထမအုပ်စုရှိနေတာကြောင့် ယတိပြတ်မဆုံးဖြတ်သေးဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့သလို ဖွဲ့စည်းပုံမှာ ထပ်မံထည့်သွင်းသွားရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်အပေါ် သုံးသပ်ခဲ့တဲ့ အချက်ပေါင်း ၂၅ချက်ရှိတယ်လို့ ရန်ကုန်တိုင်းပါတီလူငယ်အဖွဲ့နဲ့ တွေ့ဆုံပွဲနဲ့ တာဝန်ပေးအပ်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
သမ္မတအရည်အချင်းသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ပါတီရဲ့ဆွေးနွေးချက်ထဲမှာ သားသမီးမှာပြဿနာရှိရင် မိဘပါ ထိခိုက်နိုင်တာကြောင့် ဝန်ထမ်းနယ်ပယ်မှာ သားသမီးကြောင့် အလုပ်ပြုတ်တဲ့သူတွေ အများကြီးရှိခဲ့ပြီး မြန်မာမှုနယ်ပယ်ထဲ ဒီလိုအတွေးအခေါ်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံရေးနယ်ပယ်ထဲမှာ လိုအပ်တာကြောင့် ဖွဲ့စည်းပုံထဲထည့်သွင်းထားတာဖြစ်ပြီး တပ်မတော်ရဲ့အခန်းကဏ္ဍ အချို့နေရာတွေမှာ ကျန်နေဦးမယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီရုံးပ်မှာ ပြောဆိုခဲ့ပါတယ်။
Credit to > Kamayut Media < Thanks

တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာ စီရင်ပေးရန် သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် တောင်းဆို
သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက်
ခံရသည့် အပေါ် ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန်
သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ်
ဦးခွန်စိုင်း က တောင်းဆိုလိုက်ပါသည်။
“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်တန်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့် တယ်။ အာဏာပိုင်တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလို ပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်း မတွ ပဲ နဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက် ချိန်၊ အသေးအမွှား ကအစ ငြိမ်းချမ်းရေကိုမထိခိုက် စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန် တယ်ဆိုတော့ တခြား မြန်မာ့ သတင်းထောက်တွေလဲ ဒီကိစ္စ အပေါ် စောင့်ကြည့် နေမှာသေခြာတယ် ” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ချုပ် ဦးခွန်စိုင်း ကပြောသည်။
၂၀၁၄ ဂျန္နဝါရီလ ၄ ရက် ည ၈.၃၀ နာရီ အချိန် သျှမ်းသံတော်ဆင့် သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်း အား မူးယစ်ရမ်းကားသည့် စိုင်းပြည့်ဖြိုးထွန်းမှ ၎င်းနေထိုင်ရာ တောင်ကြီးမြို့ ကျောင်းကြီး စုရပ် အနောက်မြို့ပတ်လမ်း နေအိမ်ရှေ့တွင် မိန်းမကာယ အိနြေ္ဒပျက်ပြားအောင်၊ နာကျင် ဒဏ်ရာရ အောင် ရိုက်နှက်ကျူးလွန်ကြောင်း၊ ထိုအတွက် ကာယ ကံရှင် ရှမ်းမလေး မှ ပြစ်မှုကျူးလွန်သူ စိုင်းပြည့်ဖြိုးထွန်း အား ပုဒ်မ ၃၅၄၊ ၃၂၃၊ ၂၉၄ တို့ဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်တမ်း ထားခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် ရှမ်းမလေးကပြောသည်။
“ ဥပဒေက ထိရောက်စွာ အရေးယူစေချင်ပါတယ် ၊ဒါဟာ အမျိုးသမီး တစ်ယောက်ကို အကြမ်းဖက် တာ ဖြစ်သလို ၊ မီဒီယာတစ်ယောက်ကိုလည်း တိုက်ခိုက်တာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူပေး စေ ချင်ပါတယ်။ ၄ ရက်နေ့ ဖြစ်တာ။ တရားခံကို ၆ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အခုဖြစ်တာ တပတ်ကျော်နေပြီ၊ တိတိကျကျအရေးယူတာ ဘာမှလဲ မရှိသေးဘူး” - ဟု ရှမ်းမလေးကပြောသည်။
၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အခြေစိုက် သတင်းသမားများက သျှမ်းပြည်နယ်ဝန်ကြီးနှင့်တကွ ပါတီ ၊အရပ်ဖက်လူ့အဖွဲ့အစည်းများထံ စာတင်ဖို့ စီစဉ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။
ဂျန္နဝါရီလ ၄ ရက်က အပြင်သို့သတင်းသွားယူပြီး အိမ်ပြန်ချိန် ညပိုင်းတွင် ရှမ်းမလေး တို့အိမ်ရှေ့၌ စိုင်းပြည့်ဖြိုးထွန်းက စောင့်ဆိုင်းနေပြီး ရှမ်းမလေးအား ရိုက်နှက်သဖြင့် ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာ ရရှိကြောင်း၊ ရှမ်းမလေး၏ ညာဘက်လက်ကိုပါချိုးလိမ်သဖြင့် လက်တွင်လည်း နာကျင်ဒဏ်ရာ ရရှိကြောင်း ၊ ထိုသို့ရိုက်နှက်ပြီး တရားခံကထွက်ပြေးရာ ရှမ်းမလေးကအော်ဟစ် အကူအညီတောင်း သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရိုက်နှက်ခံရသူ သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်းထံမှ သိရှိရပါသည်။
Credit to > သျှမ်းသံတော်ဆင့် < Thanks

Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
မန္တလေး၊ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ နေအိမ်တစ်ခု၌ Grand Royal အရက်အတု ပြုလုပ်နေသူကို အတုပြုလုပ်သည့် ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက်နေ့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့သည် သတင်းအရ ယင်းနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း (ကျွဲဆည်ကန်ကားဝင်း) ရှိ ပြည်ခိုင်ဖြိုးကား ဂိတ်ရှေ့တွင် စောင့်ဆိုင်းနေစဉ် အမျိုးသမီး တစ်ဦးသည် ဆိုင်ကယ်ဖြင့် Grand Royal အရက်ဂျပ်ဖာတစ်ဖာ တင်ဆောင်ကာ ယင်းကားဂိတ်သို့ ရောက်ရှိလာကြောင်း၊ အဆိုပါ အမျိုးသမီးကို မသင်္ကာသဖြင့် ပူးပေါင်း စစ်ဆေးရာ ဂျပ်ဖာအတွင်း Grand Royal Whisky 700 ml အရက်အတု ၁၂ ပုလင်းကို တွေ့ရှိရကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ယင်းအမျိုးသမီးမှာ မဖြူ (ခ) မခင်ဖြူခိုင် အသက် ၃၄ နှစ် ပြည်ကြီးတံခွန် မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယင်းယူဆောင်လာသော အရက်အတုများမှာ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်မှ ယူဆောင်လာခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သဖြင့် အဆိုပါ Grand Royal Whisky အတုပြုလုပ်သည့် နေအိမ်ကို IBRC ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သက်သေဖြစ်သော ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာမှ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
“အရက်ကတော့ ဘယ်အရက်မဆို- ကျန်းမာရေးကို ထိခိုက်နေတာပဲ။ Grand Royal ကဝီစကီဖြစ်ပြီး ဈေးသင့်တဲ့ ပြည်တွင်းထုတ် အရက်ဖြစ်လို့ သောက်တာများတယ်။ လူကြိုက်များတယ်။ အဲဒီလို အရက်မျိုးကို မသမာနည်းနဲ့ အတုထုတ်တဲ့သူတွေက ရှိနေပြီဆိုတော့ ထိခိုက်ပြီးရင်း ထိခိုက် ဖြစ်လာမှာကတော့ သေချာပါတယ်။ ဒါတွေကို စစ်ဆေးကြပ်မတ်ပေးဖို့ လိုပါတယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ ဘီယာနှင့် အရက်အရောင်းဆိုင်ပိုင်ရှင် ဦးလှမင်းက ဆိုသည်။
အဆိုပါ နေအိမ်မှ အရက်အတု ပြုလုပ်သည့် ဆက်စပ် ပစ္စည်းနှင့်တကွ မဖြူနှင့် အရက်အတု ပြုလုပ်နေသူများကို ဖမ်းဆီးရမိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်နေ IBCT ကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးဂျော်နီက အရေးယူပေးရန် တိုင်တန်းသဖြင့် အောင်မြေသာစံ မြို့မရဲစခန်းတွင် (ပ) ၂၈/၂၀၁၄ ပြစ်မှု ပုဒ်မ ၄၂၀/၄၆၈/၄၈၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း အဆိုပါ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

Saturday, January 11, 2014
Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်နည်း
ကျွန်တော်တို့
ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။ Viber
သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ်
။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware
ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber
ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code
အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code
ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့်
Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက်
အလုပ်ရှုပ်တာပေါ့ဗျာ။ အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ
ပုံမှန်သုံးစွဲနေစဉ်ကတည်းက အတွင်း data ကို copy/backup
ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite
တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့
Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို
ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို
Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊ ပြီးတာနဲ့
iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list
ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့
Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder
ကိုပြန်ကူးထည့်ပေးလိုက်ရင် ။ Firmware မကျခင်တုန်းက activate
လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate
လုပ်ပြီးအခြေအနေ ၊ အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ
အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။
Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ root access တော့ရှိဖို့လိုပါလိမ့်မယ်
အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊ Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Credit to > သက်နိုင်စိုး (Myanmar Mobile App Store) < Thanks
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

MCC Foundation Programme

MCC
Franchise Kyaikhto တွင် ရန်ကုန်ရုံးချုပ်မှ ချမှတ်ပေးထားသော Foundation
လုပ်ပိုင်ခွင့် အစီအစဉ်ရှိပါသည်။ ၎င်းအစီအစဉ်အား စိတ်ပါဝင်စားသော
ဌာနဆိုင်ရာအဖွဲ့အစည်းများ, NGO
အဖွဲ့အစည်းများနှင့် အခြားလူမှုအဖွဲ့အစည်းများ အားလုံး MCC Kyaikhto တွင်
စုံစမ်းမေးမြန်း၍ ကွန်ပျူတာနည်းပညာ ပညာဒါန Foundation
ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Subscribe to:
Posts (Atom)