Pages

Monday, December 23, 2013

အကယ်ဒမီစင်မြင့် ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးတည်ဆောက်မည်

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေး ပွဲအခမ်းအနား၌ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို Barco Co., Ltd. (Singapore) ၏ မြန်မာ နိုင်ငံကိုယ်စားလှယ်ဖြစ်သည့် Clover Solution co., Ltd. က ဆောင်ရွက်မည် ဖြစ်သည်။
“ယခင်နှစ်က စင်မြင့်နဲ့ပတ်သက်တဲ့ ဝေဖန်ပြောကြားခဲ့တဲ့ အားနည်းချက်တွေကိုလဲ ပြင်ဆင်ဆောင်ရွက် သွားမှာပါ” ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောသည်။
ယခုနှစ်တွင် တာဝန်ယူဆောင်ရွက်ခွင့်ရသည့် Clover solution  Co., Ltd. သည် ဒစ်ဂျစ်တယ်စနစ် ရုပ်ရှင်ပြစက် နှင့် ပိတ်ကားများကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။
ယင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် စင်ကာပူနိုင်ငံက တင်သွင်းလာသည့် Pro- jector နှင့် Silver screen  အမျိုးအစားကို ယာယီတင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြခဲ့ ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
အဆိုပါ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် လိုအပ်သည့်စက်ပစ္စည်းများကို ပြန်ကြားရေးဝန်ကြီးဌာနက စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးအခွန်ဝန်ကြီးဌာနတို့ကို ထပ်မံဆက်သွယ်ထားပြီး ခွင့်ပြုမိန့် များရရှိရန် မြန်မာ့ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးတစ်ဦးကို တာဝန်ပေးလျက် ရှိသည်။
အသံနှင့်မီးပစ္စည်းများကို ပြည်တွင်းမှ သုံးစွဲသွားမည်ဖြစ်ပြီး မီးပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ အစီအစဉ်များ ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးသည့် ဒီဇင်ဘာ ၂၃ ရက်တွင် အားကစားရုံပြင်ပ၌ တည် ဆောက်နေသည့် ဆက်တင်ပိုင်းဆိုင်ရာများကို သုဝဏ္ဏအားကစားရုံအတွင်းသို့ ယူဆောင်ပြီး ဆက်တင် တည်ဆောက်မှုကို လုပ်ဆောင်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးသတ်တည်ဆောက်မည် ဖြစ်သည်။
ယခုနှစ် အကယ်ဒမီပေးပွဲတွင် ၁၂ ပေအမြင့်ရှိသည့် အကယ်ဒမီရွှေစင်ရုပ်တု နှစ်ခုကို ပစ်တိုင်းထောင်Construction Group က လုပ်ဆောင်နေပြီး ဦးမောင်ကို (ပဲခူး)က ပြန်လည်ပြုပြင်လျက်ရှိသည်။

Credit to > Mizzima < Thanks

“ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ” ရုပ်ရှင်ဇာတ်ကား ၂၀၁၅ တွင် ပြသရန်မဖြစ်နိုင်ဟု ဇာဂနာသုံးသပ်ပြောကြား

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို လာမည့် ၂၀၁၅ ခုနှစ်တွင် ကျရောက်မည့် ဗိုလ်ချုပ်၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်အမီတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ပြသနိုင်ရန် မဖြစ်နိုင်တော့ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဇာဂနာက မဇ္ဈိမသို့ သုံးသပ်ပြောကြားခဲ့သည်။
“၂၀၁၄ ဗိုလ်ချုပ်မွေးနေ့မှာ ရိုက်မယ်ဆိုရင် စရိုက်ပြီး ခြောက်လအတွင်းကနေ ၂၀၁၅ ဖေဖော်ဝါရီ ၁၃ရက်မှာ ပြသနိုင်ဖို့ အာမ,မခံနိုင်တော့ဘူး။ လုံးဝ ၁၀၀ ရာခိုင်နှုန်း ပြသနိုင်ဖို့ ဖြစ်နိုင်စရာမရှိပါဘူး” ဟု သူ၏ အမြင်ကို ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ဖြစ်ရခြင်းသည် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုအချိန်ကြန့်ကြာခြင်း၊ နည်းပညာရပ်ပိုင်းဆိုင် ရာများ၊ ဇာတ်ညွှန်းပိုင်းဆိုင်ရာများ၊ ထုတ်လုပ်ရိုက်ကူးမည့် သူများကို ရှာဖွေနေရခြင်းကြောင့် ဖြစ်သည်။ ယင်းဇာတ်ကားဖြစ်မြောက်ရန်အတွက် ဆရာချစ်ဦးညို၊ ကြည်စိုးထွန်း၊ မြမြင့်မိုရ်တို့က ၁၉၁၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် အထိ အဖြစ်အပျက်များ အကြောင်းအရာများဖြစ်သည့် ဗိုလ်ချုပ် တက္ကသိုလ်မရောက်ခင်ကာလ၊ တက္ကသိုလ်ရောက်ပြီး နိုင်ငံရေးလောကထဲသို့ ရောက်သည့်ကာလ နှင့် ဗိုလ်ချုပ်လုပ်ကြံခံရသည့် နောက်ဆုံးကာလများအထိ ဇာတ်ညွှန်းများကို အပိုင်းသုံးပိုင်းခွဲပြီး ရေးသားခဲ့ကြ သည်။
အဆိုပါ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ကနေဒါနိုင်ငံရှိ Rhombust Media မှ ထုတ်လုပ်သူ တစ်ဦးဖြစ်သည့် Niv Fichman သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် လာရောက်ပြီး ဇာတ်ကား ထုတ်လုပ်ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ယင်းသည် ဗိုလ်ချုပ်၏အကြောင်းအရာများကို များစွာသိရှိထားသူဖြစ်ပြီး ယခုရိုက်ကူးမှုတွင် ပြည်ပဒါရိုက် တာများ၊ ဇာတ်ညွှန်းရေးဆရာများ၊ ထုတ်လုပ်သူများကို အသုံးမပြုဘဲ မြန်မာနိုင်ငံအတွင်းက ထုတ်လုပ် သူ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာသုံးဦးကို ၎င်းနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတွင် မှားယွင်းစွာ လုပ်ကိုင်နေသည့် ဇာတ်ညွှန်းရေး သားခြင်းများ၊ ထုတ်လုပ်ခြင်းများ၊ ဒါရိုက်တာတို့၏ ရိုက်ကူးမှုတို့ကို ဇာတ်ကားရိုက်ကူးဆောင်ရွက်နေ စဉ်တွင် ပူးပေါင်းဆောင်ရွက်ကူညီသွားမည် ဖြစ်သည်။ ယင်းသည် ဟောလိဝုဒ်တွင် နာမည်ကြီး ဒါရိုက် တာတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ရိုက်ကူးမှု ကုန်ကျစရိတ်သည် ဒေါ်လာ ၂၄ သန်းကုန်ကျမည်ဖြစ်သည်ဟု ယင်း ဒါရိုက်တာက သုံးသပ်ပြောဆို ကြောင်း ဇာဂနာက ဆိုသည်။
ယင်းသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် ထပ်မံစီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
“ကုန်ကျစရိတ် သက်သာအောင်လိှု့Studio တွေ မဆောက်တော့ဘဲ နိုင်ငံခြားမှာ သွားရိုက်မယ်။ ဒီမှာ ကတော့ ဆောက်ရင် နောင်ငါးနှစ်တောင် မပြီးနိုင်ပါဘူး။သူက ဒီအချက်တွေကို ထောက်ပြပါတယ်” ဟု ဇာဂနာက ပြောသည်။
ယင်းဇာတ်ကား ရိုက်ကူးရန်အတွက် ဦးဝင်းဖေကို ဒါရိုက်တာအဖြစ် ကမ်းလှမ်းခဲ့ရာ စိတ်ဝင်စားမှုရှိသော် လည်း ယင်းသည် ပြည်ပနိုင်ငံတွင် ရောက်ရှိနေခြင်းကြောင့် ရိုက်ကူးနိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။ ယင်းအပြင် ဗိုလ်ချုပ်ဇာတ်ကားအတွက် ဇာတ်ညွှန်းပိုင်းဆိုင်ရာတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် မိသားစု အကြောင်းအရာများ ထည့်သွင်းရေးထားခြင်းသည် နည်းပါးခြင်းကြောင့် ထပ်မံ ထည့်သွင်းသွားရန် အကြံ ပြုဆွေးနွေးခဲ့ သည်။ အဆိုပါ ဇာတ်ကားရိုက်ကူးနိုင်ရန် အတွက် လူငယ်ဒါရိုက်တာတစ်ဦးကို ရွေးချယ် သွားမည်ဖြစ်ပြီး ထုတ်လုပ်ရေး အပိုင်းကိုလည်း ထပ်မံဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုက်ကူး၍မရနိုင်သည့် ဇာတ်ဝင်ခန်းများကို ထိုင်း၊ မလေးရှားနှင့် ဂျာမနီနိုင်ငံများရှိ Studio များတွင် ဇာတ်ဝင်ခန်းများကို သွားရောက် ရိုက်ကူးရမည်ဖြစ်သည်။ အဆိုပါဇာတ်ကားတွင် ဗိုလ်ချုပ်နေ ရာ၌ ပါဝင်သရုပ် ဆောင်ကြမည့် ကျော်ကျော်မျိုးကို Studio 35 တွင် အရာခံဗိုလ်တစ်ဦးနှင့် စစ်ပညာများ ကို သင်ကြားပေးနေပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာတွင် သရုပ်aဆာင်မည့် ဇာခြည်လင်းကို ပြင်ပတွင် ဖွင့်လှစ်ထားသည့် သူနာပြုကျောင်းတွင် အခြေခံသုံးလသင်တန်းများ တက်ရောက်ခိုင်းထား သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီး ဗိုလ်ချုပ်ရုပ် ရှင် ဖြစ်မြောက်ရေးကော်မတီရုံးခန်းကို စတင်ဖွင့်လှစ်ပြီး ဇာတ်ကားရိုက်ကူးရန်အတွက် လုပ်ကိုင်ခဲ့ခြင်း jဖစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်များသည် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊အတွင်းရေးမှူး မောင်မိုးသူ၊ ဇာဂနာ (ဦးသူရ)၊ ဦးစိမ်းနီ၊ ဦးမော်ခင်း၊ မင်းထင် ကိုကိုကြီး၊ လူမင်း၊ အရိုင်း၊ ဝေဠုကျော်၊ အိအိခိုင်၊ ထွန်းအိနြေ္ဒာဗို၊ ကြည်ဖြူသျှင်တို့ ပါဝင်ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့ သည်  ၂၀၁၃ ဧပြီလတွင် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာခဲ့သည့် ရုပ်ရှင်ကုမ္ပဏီအဖွဲ့ကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်စေရန် တွေ့ဆုံခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ၂၀၁၃ သြဂုတ် ၆ ရက်တွင်လည်း မလေးရှားနိုင်ငံတွင် ရုပ်ရှင်များအတွက် အခြေပြုလုပ်ကိုင်နေသူ သြစတြေးလျ နိုင်ငံသူ ဖြစ်သည့် Kate James နှင့်လည်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Credit to > Mizzima < Thanks

အသက်မပြည့်သေးသူကို ခိုးယူပေါင်းသင်းမှုဖြင့် တပ်ပြေးတစ်ဦး အမှုဖွင့်ခံရ

အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းမှုဖြင့် စစ်တပ်မှတပ်သားတစ်ဦးကို အရေး ယူပေးရန် တိုင်တန်းမှုတစ်ခုကို မင်္ဂလာဒုံရဲစခန်းက ဒီဇင်ဘာ ၂၁ ရက်တွင် အမှုဖွင့် ဖမ်းဆီးထားသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို မင်္ဂလာဒုံ ထောက်ကြန့်နေ ကာယကံရှင် ကလေးငယ်၏ အုပ်ထိန်းသည့် အဒေါ်ဖြစ်သူ က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
အသက် (၁၃နှစ် ၇) လရှိ တူမဖြစ်သူကို ဒီဇင်ဘာ ၁၇ ရက်ည ၉ နာရီက ဓာတ်ခဲဝယ်ရန် စေလွှတ်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာမှု မရှိခဲ့သည့်အတွက် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ဘဲ ဒီဇင်ဘာ ၁၉ ရက်တွင် ကလေးငယ်၏ အဘွားဖြစ်သူ နေအိမ်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် လိုက်လံခေါ်ယူပြီး မေးမြန်းခဲ့ရာမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။
ထိုအခါတွင် တူမဖြစ်သူက ဓာတ်ခဲဝယ်ခိုင်းသည့်ညက ၎င်းနှင့်ချစ်ကြိုက်နေသည့် တစ်ရပ်ကွက်တည်းနေ အသက် ၁၉ နှစ်အရွယ်ရှိ တပ်သားတစ်ဦးနှင့် ချိန်းတွေ့ခဲ့ခြင်းကို ပြန်လည်ပြောပြသည်ဟုလည်း တရားလိုက ရဲထံတွင် ပြောပြထားသည်။
တပ်သားက သားမယားအဖြစ် သုံးကြိမ်ခန့် နေထိုင်ခဲ့ပြီး တစ်ညလုံး ၎င်းနှင့်အတူရှိနေခဲ့သည်ဟု အဆိုပါ ကလေးငယ်က ပြန်ပြောပြထားသည်။
ထို့ကြောင့် အုပ်ထိန်းမှုအောက်မလွတ်ကင်းသေးသော ကလေးငယ်ကို သားမယားပြုကျင့်သူအဖြစ် အဆိုပါ တပ်သားအား အရေးယူပေးရန် တရားလို အဒေါ်ဖြစ်သူက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၄၅၄/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အရေးယူ နိုင်ရန် စခန်းမှူးဖြစ်သူ ရဲအုပ်မြင့်အောင်က စစ်ဆေးနေသည်။
ထို့ပြင် တိုင်တန်းခံထားရသူ တပ်သားသည် အမှတ် (၅)စစ်အခြေခံလေ့ကျင့်ရေး တပ်၊ တောင်ငူ ရေနီမှ ခွင့်မဲ့စစ်သည်တစ်ဦးဖြစ်ပြီး အမှတ် (၅) ပညာရေးသင်တန်းကျောင်း (တောင်ငူ)တွင် သင်းတန်းတက် ရောက်နေသူတစ်ဦးဖြစ်သည်ကို စစ်ဆေးအတည်ပြုထားသည်။
၎င်းသည် သင်တန်းမှ ထွက်ပြေးခဲ့ပြီး အဘိုးဖြစ်သူ နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တိုးချဲ့ (၂/၁) ရပ်ကွက်၊ လမ်းသစ်လမ်း၊ အမှတ်မရှိ နေအိမ်တွင် တိမ်းရှောင်နေသူတစ်ဦးဖြစ်သည်ဟု ရဲစခန်း က အတည်ပြုထားသည်။
လက်ရှိတွင် ၎င်းအား မိခင်တပ်ရင်းသို့ လွှဲပြောင်းပေးရန်အတွက် ဆက်သွယ်ထားပြီး စခတ(၅) တောင် ငူနှင့် အမှတ် (၅) ပညာရေးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး နှစ်ဦးတို့မှ လာရောက်ခေါ်ဆောင်ရန် စီစဉ်နေသည်ဟုဆိုသည်။

Credit to > Mizzima < Thanks

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

ရန်ကုန်၊                                                    ဒီဇင်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

Credit to > The Voice Weekly < Thanks

THE ETERNITY RESORT HOTEL

THE ETERNITY RESORT HOTEL ကို ကင်မွန်းစခန်း-ကင်မွန်းချောင်းကျေးရွာ၊ကျိုက်ထိုမြို့ နယ် ကျိုက်ထီးရိုးတောင်တက်ကားလမ်း နံဘေးတွင် မကြာမှီဖွင့်လှစ်တော့မည်ဖြစ်ပါသည်။  ဒီဇင်ဘာလအကုန် ဆီမီးကိုးထောင်ပွဲအမှီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းလဲ သိရှိရပါသည်။

ပြည်သူများအား အသိပေးကြေညာချက်

မစိုးရိမ်တိုက်သစ်၊                                                   ဒီဇင်ဘာ -၂၂
 မစိုးရိမ်တိုက်သစ်သည် ပရိယတ္တိသာသနာ့တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေသော စာသင်တိုက် တတိုက်ဖြစ်ပါသည်။ ပြည်သူများအတွက် မဖြစ်မနေ လိုအပ်လျှက်ရှိသော အချိန်အခါမှ လွဲ၍ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လေ့မရှိပါ။ မြန်မာနိုင်ငံ၏ ခေတ်တခေတ်ကို ပြောင်းလဲရောက်ရှိစေခဲ့သော ကမ္ဘာနှင့် မြန်မာကပါ လေးစားတန်ဖိုးထားသော စေတနာလည်းမှန်၍ အရည်အချင်းပြည့်ဝသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီအား ဝေဖန်ရှုံ့ချခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါကြောင်း ၊ သို့ဖြစ်ပါ၍ “ မစိုးရိမ်တိုက်သစ် ဘုန်းကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက်တဲ့စာတွေ ဝေနေပါသည်” ဟူသော သတင်းမှာ လုံးဝမဟုတ်ပါကြောင်း အတိအလင်း အသိပေးကြညာအပ်ပါသည်။
 မစိုးရိမ်တိုက်သစ်        မဟာအောင်မြေမြို့နယ်                 မန္တလေးမြို့ 


ကျိုက်ထိုမြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်များမှ ကြက်တိုက်လောင်းကစားဝိုင်းဖမ်းဆီး

ကျိုက်ထို၊ဒီဇင်ဘာ - ၂၂

၂၂ ၊ ၁၂ ၊ ၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ကျိုက်ထိုမြို့၊ကျွန်းတောကျေးရွာတွင် ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းမြင့်၏ ညွှန်ကြားချက်၊ကျိုက်ထိုမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ် ရဲထွန်း၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ ကျွန်းတောကျေးရွာရှိ စားကျက်မြေအတွင်း၌ ကြက်တိုက်လောင်းကစားနေသည်ကိုတွေ့ရှိရ၍ ၀င်ရောက်ဖမ်းဆီးရာ တရားခံ မိုးဇော်(ဘ)ဦးစောတင်၊(၃၁)နှစ်၊တောင်သူစုရပ်ကွက်၊ကျိုက်ထို။ ဦးထွန်းအေး(ဘ)ဦးဘိုကေ(၅၈)နှစ်၊တောင်ပိုင်းရပ်ကွက်၊ ဦးသန်းဝင်း(ဘ)ဦးလှတင်(၅၁)နှစ်၊တောင်ပိုင်းရပ်ကွက်၊ မောင်ဇော်(ဘ)ဦးဇော်ဝိတ်(၃၃)နှစ်၊ဘိုက္ကားကျေးရွာ၊ ချစ်မင်း(ဘ)ဦးတင်ဦး(၁၇)နှစ်၊ကျိုက်ပိကျေးရွာ၊ကျိုက်ထိုမြို့နေသူတို့အား တိုက်ကြက်အထီး(၆)ကောင်၊ငွေစက္ကူရောရာ(၁၆၅၀၀ိ/)၊လောင်းကစားပြုလုပ်သည့်နေရာတွင် ဆိုင်ကယ်မျိုးစုံ(၃၁)စီးတို့အားတွေ့ရှိသိမ်းဆည်းခဲ့ပြီး ကျိုက်ထိုမြို့မရဲစခန်း(ပ) ၂၅၁/၂၀၁၃၊လောင်းကစားအက်ဥပဒေပုဒ်မ-၁၂(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။

Credit to < Kyaikhto Police Force > Thanks