သွင်းကုန်ပမာဏများပြားနေသောကြောင့် နိုင်ငံခြားငွေလဲနှုန်းသည် 
လေးရက်အတွင်း ၁၀ ကျပ်ခန့် မြင့်တက်လာကြောင်း တရားဝင်ငွေလဲကောင်တာများနှင့် 
ပြင်ပ ငွေဈေးကွက်အတွင်း ရောင်းဝယ်နေသူများက ပြောကြားသည်။
ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက ပြင်ပဈေးကွက်အတွင်း ကန်တစ်ဒေါ်လာလျှင် 
ဝယ်ဈေး ၉၇၄ ကျပ်၊ ရောင်း ဈေး ၉၇၆ ကျပ်ဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်းသည် ဇွန်လ 
၁၈ရက် မွန်းလွဲ ၁နာရီခန့်တွင် ၀ယ်ဈေး ၉၇၇ ကျပ်၊ ရောင်းဈေး ၉၈၀ 
အထိဖြစ်ပေါ်လာခဲ့ပြီး ရက်ပိုင်းအတွင်း ငါးကျပ်ခန့် ဈေးမြင့်လာခဲ့သည်။ဇွန်လ ၁၄ရက်က ပြင်ပဈေးကွက် အတွင်း ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၆၉ ဒသမ ၅ ကျပ်၊ ရောင်းဈေး ၉၇၁ကျပ် ဈေးပေါက်ခဲ့ပြီး သိမ်ဖြူဈေးကွက်တွင် ၀ယ်ဈေး ၉၆၅ ကျပ်၊ ရောင်းဈေး ၉၇၂ ကျပ် သာရှိခဲ့ရာမှ လေးရက်အတွင်း ၁၀ ကျပ်ခန့်ဈေးမြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိမြန်မာကုန်သွယ်မှုပမာဏတွင် ပို့ကုန်ထက် သွင်းကုန်ပမာဏ ပိုမိုများပြား လျက်ရှိပြီး ဇွန်လ ၁၃ ရက်စာရင်းများအရ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄,၇၇၉ ဒသမ ၀၆၅ သန်းရှိရာ ပို့ကုန် တင် ပို့မှု ကန်ဒေါ်လာ ၁,၈၄၆ ဒသမ ၉၄၉ သာရှိခဲ့ပြီး သွင်းကုန်ပမာဏ ကန်ဒေါ် လာ ၂,၉၃၂ ဒသမ ၁၁၆ သန်းရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော အမြင့် ဆုံးငွေလဲနှုန်းမှာ ၂၀၀၇ခုနှစ် ဇူလိုင်လ ၁ရက်တွင် ဖြစ်ပြီး ကန်တစ် ဒေါ်လာလျှင် ၁၃၆၅ကျပ်ထိဈေးပေါက်ခဲ့သည်။ အနိမ့်ဆုံးငွေလဲနှုန်းသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက် တွင် ဖြစ်ပေါ်ခဲ့ပြီး ၇၂၅ ကျပ်သာ ဈေးပေါက်ခဲ့ခြင်းဖြစ်သည်။
Credit to > Mizzima < Thank
 


 Credit to > DVB < Thank
Credit to > DVB < Thank



 
 







![Photo: တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ်
ACM Re-Post 6-6-2014
ရန်ကုန်− ၂၀၁၃-၁၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နည်းပညာအားနည်းမှုကြောင့် အွန်လိုင်းပေါ်မှကြည့်ရှု၍မရနိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောသည်။
ဇွန်လ ၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနိုင်မည့် သတင်းများပျံ့နှံ့နေသော်လည်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဟုတ်မှန်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
    
‘‘အွန်လိုင်းကနေကြည့်လို့ မရသေးဘူး။ နည်းပညာအဆင့် မမီသေးဘူး။ ပညာရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက်မှာလည်း အွန် လိုင်းကနေကြည့်လို့မရသေးတဲ့အကြောင်း ကြေညာထားပါတယ်၊ တစ်လခွဲ၊ နှစ်လလောက်ကြာမှတင်နိုင်ပါမယ်’’ဟု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်ကပြောသည်။
    
ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www. moemyanmar.net တွင် ယခု ထုတ်ပြန်မည့် တက္ကသိုလ်ဝင်စာ မေးပွဲအောင်စာရင်းကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အင်တာနက်တွင်သတင်းများပျံ့နှံ့နေခြင်းဖြစ်သည်။
    
    
၎င်းဝက်ဘ်ဆိုက်တွင် လွန်ခဲ့သည့် ၂၀၁၂-၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မိမိစာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်တို့ကိုရိုက်ထည့်၍ ရှာဖွေကြည့်ရှုနိုင်သော်လည်း ၂၀၁၃-၁၄  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုနိုင်ခြင်းမရှိပေ။
    
၂၀၁၃-၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူငါးသိန်းရှစ်သောင်းကျော်ရှိခဲ့ပြီး စာမေပွဲဖြေဆိုရန်ပျက်ကွက်သူ လေးသောင်းကျော်ရှိခဲ့ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။
၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲ အောင်စာရင်းကြည့်ရှုနေသူများ [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]
Aye Chan Mon Credit To: 7Day News Journal
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/](https://scontent-b-kul.xx.fbcdn.net/hphotos-xap1/t1.0-9/p235x350/10418519_1406616316292895_958536211474459833_n.jpg)
