
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Asia Society ၌ မိန့်ခွန်းပြောကြားစဉ် (Photo: Asia Society)
နယူးယောက်မြို့
Asia Society အဖွဲ့၌ ပြုလုပ်သော ကျယ်ပြန့်သည့် ဆွေးနွေးပွဲတစ်ရပ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်က “လူတွေက ကျွန်မကို စကားပြောဖို့ တောင်းဆိုပြီး
သူတို့ပြောစေချင်တဲ့ အကြောင်းအရာကိုလည်း ပြောလေ့ရှိပါတယ်။ ဧည့်သည်ကောင်း
တစ်ယောက်အနေနဲ့ တာဝန်ကျေချင်ပါတယ်။ ဒါပေမဲ့ ကျွန်မပြောချင်တာကိုလည်း
ဝေေ၀ဆာဆာ ပြောတတ်ပါတယ်” ဟု ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၁ ရက် ညနေတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှတ်စုမှတ်ရာများ၏ အကူအညီမပါဘဲ
မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်သည်
သူ၏ နိုင်ငံ၌ ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲများနှင့်
ပတ်သက်၍ အကောင်းမြင်ထားကြောင်း ပြသခဲ့သည်။ သို့သော် တိုးတက်ရန်အတွက်
သိသိသာသာ လိုအပ်နေကြောင်း သတိပြု ပြောကြားခဲ့သည်။
“ဂုဏ်ပြုလောက်တဲ့ အခွင့်အရေးတစ်ရပ် ကျွန်မတို့မှာ ရှိတယ်လို့
ကျွန်မတို့ ခိုင်ခိုင်မာမာ မပြောနိုင်မီမှာ သွားဖို့ ခရီးရှည်ကြီးတစ်ရပ်
ရှိနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အမေရိကခရီးစဉ် အောင်မြင်မှုကို
ထပ်ဆင့်သည့်အနေဖြင့် ၎င်းနှင့် နှစ်ပေါင်းများစွာ နီးကပ်သော ဆက်ဆံရေးရှိခဲ့သော
အင်စတီကျူးရှင်းတစ်ရပ်ဖြစ်သည့် Asia Society သို့ သွားရောက်ခဲ့ခြင်း
ဖြစ်သည်။ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်သမ္မတ ဘာရက်အိုဘားမားက
မြန်မာနိုင်ငံအပေါ် ကာလရှည်ကြာစွာ ချမှတ်ထားသည့်
စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးမည်ဟု ကြေညာခဲ့သောကြောင့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အောင်မြင်မှုရရှိခဲ့သည်။
စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းတိုးတက်မှုကို
အသိအမှတ်ပြုသော်လည်း နိုင်ငံရေး၌ စစ်တပ်က ကြီးမားသော အခန်းကဏ္ဍမှ
ဆက်လက်ပါဝင်နေသည့် မြန်မာနိုင်ငံတွင် ပိုမိုခိုင်မာသော အရပ်သားအုပ်ချုပ်ရေး
ထူထောင်ရန်အတွက် သူ၏ ထောက်ခံမှုအကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
“ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ အရပ်သားအစိုးရအဖွဲ့မှာ စစ်တပ်က
တပ်မှူးတွေရဲ့ အခန်းကဏ္ဍ မရှိသင့်ပါဘူး။ ကျွန်မတို့လိုချင်တာက စစ်မှန်တဲ့
ဒီမိုကရေစီနိုင်ငံပဲ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။
လူအများစု မြန်မာများနှင့် နိုင်ငံအတွင်းရှိ လူနည်းစု
တိုင်းရင်းသားများစွာတို့အကြား ဆက်ဆံရေး တင်းမာနေပြီး ဆင်းရဲမွဲတေမှုနှင့်
ဖွံ့ဖြိုးမှုမရှိခြင်းတို့က အဓိကစိုးရိမ်ဖွယ်ရာများအဖြစ်
ဆက်လက်ရှိနေဆဲဖြစ်သည်။ စံပြည့်မီခြင်းမရှိဘဲ မိုးရွာလျှင် ရေကြီးသည့်
လမ်းများက အဆက်မပြတ် ဖွံ့ဖြိုးရေးကို နှောင့်ယှက်လျက်ရှိပြီး
မြန်မာနိုင်ငံ၏ အမျိုးသားလူဦးရေထဲမှ ကြီးမားသော ပမာဏသည် ပြည်ပ၌
ရွှေ့ပြောင်းလုပ်သားများအဖြစ် လုပ်ကိုင်နေရသည်။
ယင်းပြဿနာများက မြန်မာနိုင်ငံအား ၎င်း၏ အရေးပါသော စီးပွားရေးအလာအလားကို သိမြင်နိုင်မှုများအား ကာကွယ်ဟန့်တားထားသည်။
“တစ်ချိန်က ကျွန်မတို့ဟာ အရှေ့တောင်အာရှမှာ
အောင်မြင်နိုင်ဖွယ်အရှိဆုံးလို့ သတ်မှတ်ခံရပါတယ်။ ဒါပေမဲ့
အဲဒီအောင်မြင်မှုကို ကျွန်မတို့ ရအောင် မလုပ်နိုင်ခဲ့ပါဘူး”ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က စကားပြောကြားခဲ့ပြီးနောက် စင်မြင့်ပေါ်မှာပင် Asia
Society ၏ မူဝါဒဌာန ဥက္ကဋ္ဌနှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ကေဗင်ရုဒ်က
မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ တိုက်ရိုက်ဆွေးနွေးမှုတစ်ရပ်တွင်
မြန်မာခေါင်းဆောင်က အမေရိကန်ရော တရုတ်နှင့်ပါ ဆက်ဆံရေး ကောင်းမွန်ရန်
လိုလားသည့် သူ၏ဆန္ဒကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏
ရခိုင်ပြည်နယ်၌ တိုင်းရင်းသားပဋိပက္ခကို ညှိနှိုင်းရန်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ခန့်ထားခဲ့မှုအား
ကာကွယ်ပြောဆိုခဲ့သည်။
“နိုင်ငံတကာ စစ်ဆေးစိစစ်မှုတွေကို ကျွန်မတို့ မကြောက်ပါဘူး။ ကျွန်မတို့
မှန်တာကန်တာလုပ်ရင် ဘာလို့ ကြောက်ရမှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အကြောင်း ကေဗင်ရုဒ်နှင့်
အပြန်အလှန်ဆွေးနွေးရာတွင် ကေဗင်ရုဒ်က “နိုင်ငံခြားသားတစ်ယောက်အနေနဲ့
ပြောရရင် အမေရိကန်မှာ စစ်တပ်က စစ်ဦးစီးချုပ်ကို သမ္မတလို့ သတ်မှတ်ထားတာ
သိပ်ကို သဘောကျပါတယ်”ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျွန်မ ဒါကို သိပ်သဘောကျပါတယ်”ဟု ပြောကြားခဲ့ရာ ပရိသတ်က ရယ်မောခဲ့သည်။
အာဏာရရှိရန် လမ်းကြောင်းမှ အတင်းအဓမ္မ ဖယ်ရှားခံရပြီး
ယခင်ဆယ်စုနှစ်များအတွင်း နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့်
ထင်ရှားသူတစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က
လူ့အခွင့်အရေးအကြောင်းအရာအတွက် အထက်မြက်ဆုံး ဘာသာစကားတစ်ရပ်ကိုလည်း
မှတ်တမ်းတင်နိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “လူ့အခွင့်အရေးလို့ ခေါင်းစဉ်တပ်ရမှာ မဟုတ်ပါဘူး။ ဒါက လူသားလိုအပ်ချက်ပါ”ဟု ဆိုသည်။
Writer:
Ref: Asia Society
Credit to > EMG < Thank
Credit to > EMG < Thank