Pages

Saturday, January 12, 2013

Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။


အရင်ဆုံးကတော့ Just do your own risk! ပေါ့နော်။ သေချာစဉ်းစားပြီး သေချာမှ လုပ်ပါ။ထပ်ပြောပါမယ် JUST
DO YOUR OWN RISK!အရင်ဆုံး အောက်ကကောင်လေးကို download လုပ်ပါ။
Download>> https://www.sugarsync.com/pf/D0019460_943_94144123
Download>> http://www.mediafire.com/download.php?p58ufjpsr5t096j
Download>> http://mc.tt/d1BB1qPxMLC
အခု အောက်ပြန်ဆင်းချင်တဲ့ 4.0.3 ဟာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။မဟုတ်သေးရင်တော့ အရင်ဆုံး
Root လုပ်လိုက်ပါ။ မိမိ နှစ်သက်ရာနဲ့ Root လုပ်နိုင်ပါတယ်။အခြားသော နောင်တော်ကြီးများ တင်ပြီးသား
ဖြစ်သည့်အတွက် ပြန်မရေးပေးတော့ပါဘူး။အမြစ်မတူးရသေးတဲ့သူများ ကြိုက်ရာ နည်းလမ်းများဖြင့် အမြစ်တူးပါ။
ကဲ…..အမြစ်တူးပြီးသား ဖြစ်ပြီ ဆိုရင်တော့ ..စမယ်ဗျာ။။။။။။ ရယ်ဒီ ၀မ်း…တူး….ဟီး ။
ဒေါင်းလို့ ရတဲ့ကောင်လေးကို zip ဖြည်လိုက်ပါ။ အထဲမှာပါတဲ့ toolbox5irom.apk လေးကို ဖုန်းမှာ install လုပ်ပါ။
ပြီးရင် အဲကောင်လေးကို သုံးပြီး IMEI ကို Backup လုပ်ပါ။(This is important!) အကယ်၍ backup လုပ်တာ
မအောင်မြင်ဘူးဆိုရင်သင့်ရဲ့ဖုန်းဟာRootAccessမရသေးလို့ပဲဖြစ်ပါတယ်။ဒီနေရာမှာကြုံတုံးလေးတစ်ခုလောက်
ြေ့ပာပြချင်ပါတယ်။ ကျွန်တော်တို့ Root တယ်။အမြစ်တူးတယ် ဆိုတာက ရိုးရိုး သာမာန် End User အဆင့်ကနေ
AdvanceUserအဖြစ် ပြောင်းလဲခံယူလိုက်တာဖြစ်ပါတယ်။အဲဒီလိုယူလိုက်ရင်ဖုန်းမှာပါတဲ့Warrantyပျက်ပါတယ်
ခင်ဗျာ။ ဘာလို့လဲဆိုတော့ End User နဲ့ Advance Userရဲ့ အဆင့်ကွားခြားချက်ကြောင့်ပဲ ဖြစ်ပါတယ်။
End User ဆိုတာက သာမာန် အသုံးပြုသူပါ။ သူက နဂိုစက်ရုံထုတ်အတိုင်း အသုံးပြုတာပါ။ဆိုလိုချင်တာက
Android ဖုန်း တစ်လုံးကို သုံးရင် ဖုန်းပြောမယ်။ Builtin ပါတဲ့App တွေ၊ဆိုင်ကထည့်ပေးလိုက်တဲ့ဂိမ်းတွေ ဆော့မယ်။
ကိုယ်ဆော့ချင်တာလေး တွေ့ရင် ဆိုင်မှာ သွားသွင်းမယ် ဆိုတာလောက်ပဲ သိတဲ့၊ သုံးတဲ့ User မျိုးပဲ ဖြစ်ပါတယ်။
Advance User ဆိုတာကတော့ ကိုယ့်ဖုန်းကို ကိုယ်တိုင် Modify လုပ်နိုင်ပါတယ်။ကိုယ်တိုင် အမျိုးမျိုး စိတ်ကြိုက်
ပြုပြင်ပြောင်းလဲ သုံးစွဲနိုင်တဲ့သူမျိုးတွေပေါ့ဗျာ။ဆိုရရင် ဖုန်းတော်တော်များများက မြန်မာစာကို Builtin အနေနဲ့
မပါပါဘူး။ အဲဒါကို မြန်မာစာဖောင့်ထည့်သုံးမယ်။အဲဒီလိုထည့်တဲ့နည်းက အမျိုးမျိုး ရှိပါတယ်။သူ့မှာ နဂို ပါတဲ့
font ကို Modify လုပ်ထားတဲ့ နာမည်တူမြန်မာfont နဲ့ အစားထိုးတယ်။ဒါမှမဟုတ် zawgyione ကို သွင်းတယ်။
Font Changer သုံးတယ်။အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ပါစေ။သူ့ရဲ့ Original
Systemကို ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။အဲဒါကြောင့်AdvanceUserဆိုတာကEndUserထက်အဆင့်ပိုမြင့်
ပါတယ်။ဒီလို ဒီလိုတွေကြောင့် AdvanceUserဆိုတာကကိုယ်ကိုယ်တိုင်ပြုပြင်ပြောင်းလဲနိုင်တဲ့အဆင့်ရှိသည်အ
တွက်Damage Attack တွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် Advance User အဖြစ်ခံယူလိုက်တာနဲ့ တစ်ပြိုင်နက်
Warrantyကအကျုံးမ၀င်တော့ပါဘူး။Rootလုပ်တာမှာလည်းSuperUser(or)SuperSUapp လေး ပေါ်လာတိုင်း
လည်းRootAccessမရပါဘူး။အားလုံးမဟုတ်တောင်တစ်ချို့တစ်လေတော့ကြုံဖူးကြမှာပါ။အဲဒါဘာကြောင့်လည်း
ဆိုတော့ SuperUser အလုပ်မလုပ်(မနိုးသေး)လို့ပဲ ဖြစ်ပါတယ်။
ဥပမာပေးရရင်..battery အသစ်တစ်လုံး ၀ယ်တယ်ဗျာ။ တစ်ခါတစ်ရံမှာချက်ချင်း အသုံးပြုလို့ မရသေးဘူး။
Shock တိုက် ပေးလိုက်မှ အလုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ (ဟီး….SuperUser နိုးဖို့တော့ Shock သွားမတိုက်နဲ့နော်)
SuperUser နိုးဖို့ဆိုရင် သူ့ကို version အမြင့် သွင်းပေးလိုက်ပါ။ နိုးလာပါလိမ့်မယ်။ကဲကဲ…မဆိုင်တာတွေ
ထည့်ပြောလိုက်တာ တော်တော်များသွားပြီးပြန်စမယ်နော်။RootAccessရပြီးသားဆိုရင်တော့toolbox5irom.apk
လေးကို သွင်းလိုက်ပါ။သူ့ကို သုံးဖို့ Root Access တောင်းပါတယ်။ ။IMEI ကို Backup လုပ်ပါ။ ခဏစောင့်ရပါတယ်။
Complete ပြရင် file manager သုံးပြီး SD Card ထဲမှာ 5irom ဆိုတဲ့ ဖိုဒါလေးကို ရှာလိုက်ပါ။ပြီးရင် အဲဒီဖိုဒါလေး
ကိုimeibackupဆိုတဲ့နာမည်ကိုပြောင်းပေးပါ။(မိမိနှစ်သက်ရာနာမည်ကို ပြောင်းနိုင်ပါတယ်)။နာမည်ပြောင်းပြီးသား
ကောင်လေးကို Computer မှာလည်း Copy ယူထားပါ။တစ်ခုခု အဆင်မပြေဖြစ်ခဲ့ရင် ယူသုံးလို့ရအောင်ပါ။
အရေးကြီးပါတယ်။ပြီးရင် ဖြည်ထားတဲ့ဖိုဒါထဲမှာပါတဲ့ 5irom ဆိုတဲ့ ဖိုဒါလေးကို SD Card ထဲကို ကူးထည့်ပါ။
ပြီးရင် (*#06#)ကို နှိပ်ပြီး ဖုန်းရဲ့ IMEI ကို ကြည့်ပြီး ရေးမှတ်ထားစေချင်ပါတယ်။နောက်ပိုင်း ပြန်ပြီး Restore
လုပ်တဲ့အခါမှာ ပြန်စစ်ကြည့်ဖို့ပါ။ကဲ…….အပေါ်က အဆင့်တွေကို တစ်ဆင့်ချင်း သေချာ လုပ်ပြီးပြီလား ဆိုတာ
လေးပြန်စစ်ပါ။နောက်ပြီး နောက်ဆုတ်ချင်ရင်လည်း ဒီအချိန်မှာ နောက်ဆုတ်လို့ ရပါတယ်။
ကဲ..ဆက်မယ်နော်။
သွင်းထားတဲ့ Toolbox5irom ကို ဖွင့်ပြီး IMEI Restore လုပ်လိုက်ပါ။Complete ဖြစ်သွားပြီလို့ ပြတာနဲ့ ဖုန်းကို
Restart ချပေးလိုက်ပါ။ပြီးရင် IMEI ကို တစ်ချက်ပြန်စစ်ပါ။0 ဒါမှမဟုတ် စောနက မှတ်ထားခဲ့တဲ့ သင်ရဲ့ ကိုယ်ပိုင်
IMEI မဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။ဖုန်းခေါ်ကြည့်ရင်တော့ SIM Cardကို သိမှာ မဟုတ်ပါဘူးနော်။System
Busyနဲ့ပဲ တွေ့နေမှာပါ…..ဟိဟ။ိကဲပြီးရင်တော့2.3.6OfficialFirmwareကို ဒေါင်းထားပါ။ဒီနေရာမှာတစ်ခုပြောချင်
တာက build no. နောက်ဆုံးက Bxxx နဲ့ ဆုံးတဲ့ကောင်ကိုပဲ သုံးစေချင်ပါတယ်။အခြား SPxxxနဲ့ဆုံးတဲ့ကောင်တွေ
ကစက်တိုင်းနဲ့အဆင်မပြေတတ်လို့ပါ။ပြီးရင်ထုံးစံအတိုင်းပေါ့နော်။Firmware ဒေါင်းပြီးမှတော့ဘာလုပ်ရမလဲ မေး
မနေပါနဲ့။ Firmware တင်လိုက်ပါ။တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်း dload ဖိုဒါလေးထဲမှာ UPDATE.APP
ဟုတ်ရဲ့လား စစ်။ဟုတ်တယ်ဆိုရင် dload ဖိုဒါလေးကို SD Card ထဲကိုထည့်။ ဖုန်းကို ပါဝါပိတ်။ဘက်ထရီကို
၁၀စက္ကန့်လောက်ဖြုတ်ထား။ပြီးရင် ပြန်တပ်။ (Vol Down +Vol Up+Power) သုံးခုလုံးကို တစ်ပြိုင်တည်း ဖိနှိပ်။
ဒါမှ မဟုတ် ဖုန်းကို ပါဝါဖွင့်ထား။Setting>Storage>Software Upgrade ဆိုတာကနေ တင်ပါ။ Step 1
Unpacking ဆိုတာကနေ စပြီး သူ့ဘာသာ လုပ်သွားမယ်။
Auto Restart ကျသွားပြီး ပြန်တက်လာတာနဲ့ Firmware တင်တာ ပြီးပြီပေါ့နော်။Root လုပ်ပါ။ Root Access
ရတာနဲ့Toolbox5irom.apk လေးကိုinstallလုပ်ပါ။စောနလေးကimeibackupလို့နာမည်ပြောင်းထားတဲ့ ကောင်
လေးကို 5irom ဆိုပြီး မူလ နာမည်ကိုပြန်ပြောင်းပေးပါ။ပြီးရင် Toolbox5irom ကိုဖွင့်။ IMEI Restore လုပ်လိုက်ပါ။
Complete ပြတာနဲ့ Restartချပေးပါနော်။(လုံးဝမမေ့ပါနဲ့)။ပြန်တက်လာရင် (*#06#) နဲ့ IMEI ကို ပြန်စစ်လိုက်ပါ။
နဂိုမူလ ကိုယ့်ရဲ့ ကိုယ်ပိုင် IMEI ဖြစ်သွားပြီ ဆိုရင်တော့ Downgrade ဆင်းတာ အောင်မြင်သွားပါပြီ။
version လေးကို လည်း ကြည့်ကြည့်ပါအုံး 2.3.6 ဟုတ်မှ ဟုတ်ရဲ့လားလို့  ။ဖုန်းပြန်ခေါ်လို့လည်းရပါပြီ။

No comments:

Post a Comment