Pages

Monday, September 29, 2014

♪ MPT Server Error ကြောင်.လက်ကျန်ငွေ ၂၀၀ ကျပ်သာ ကျန်ရှိကြောင်းSMS ပို့(၂၉.၉.၂၀၁၄) ♫

1604773_388284307987935_1565738531154225835_n

မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) ဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် (၂၉.၉.၂၀၁၄) မနက်ပိုင်းမှစတင်၍ “လက်ကျန်ငွေ ၂၀၀ ကျပ်သာ ကျန်ရှိတော့သည်” ဟူသည့် SMS များ မြန်မာဆက် သွယ်ရေးလုပ်ငန်း(MPT) မှ ပို့ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်မှာ System Error ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) ၏ Sim card အသုံးပြုသူအချို့ အဆိုပါ SMS ပေးပို့ခြင်းဖြစ်သည်။ မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT) ၏ SMS လက်ခံရရှိသူများအနေဖြင့် အမှန်တကယ် ဖုန်းအသုံးပြုခမှာ လက်ကျန် ၂၀၀ ကျပ်သာ ကျန်ရှိတော့ခြင်း မဟုတ်သဖြင့် ဖုန်းဘီလ်များကို စစ်ဆေးသင့်ကြောင်းSMS လက်ခံရရှီသူများက လူမှုကွန်ရက်တွင် သတိပေးပြောကြားလျှက်ရှီသည်။

"အွန်လိုင်းမတက်ဘူးဆိုပေမယ့် MPT လုပ်လို့တက်ပြောရအုံးမယ် မနက်က ဖုန်းဖွင့်တော့ ၂၀၀ ကျပ်အောက်ရောက်နေပြီ ပိုက်ဆံထည့်ဖြည့်ဖို့ပြောတယ်။ ကျွန်တော်လည်းလန့်ပြီး ဖုန်းဘေလ် ကိုပြန်စစ်ကြည့်တော့ ၁၉၄၉ ကျပ်ကျန်နေသေးတာကိုတွေ့ရတယ်။ ဒါနဲု့ဖုန်းခေါ်ကြည့်တော့ရတယ်။ နောက် တစ်ခါလည်း ၂၀၀ အောက်ရောက်တယ်ထပ်ပို့ပြန်ကော ကြည့်လိုက်တော့ ၁၉၀၉ ကျပ်ကျန်သေးတယ်။ MPT Server Error ဖြစ်နေတာလားမသိဘူး" ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT)၏ SMS လက်ခံရရှိသူတစ်ဦးကဆိုသည်။

Myanmar Digital Life Journal

Saturday, September 27, 2014

DKBA နှင့် အစိုးရတပ်တို့ မြဝတီတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားနေ

အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ ယခု နေ့လည်တွင် မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွားနေသည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးနှင့် မြဝတီ မြို့ခံတစ်ဦးက မဇ္ဈိမကို စက်တင်ဘာ ၂၇ ရက် က အတည်ပြု ပြောဆို သည်။
DKBA-5
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကလိုင်းကနိုင် အလယ်ရွာတွင် တပ်မတော်၏ ခလရ ၂၀၈ တပ်ရင်းပိုင် စစ်ကားအား DKBA၏ ပစ်ခတ်မှုကြောင့် ပျက်စီးနေသည်ကို စက်တင် ဘာ ၂၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟင်္သာနီ(မွန်မြေ)၊ မဇ္ဈိမ)
နယ်ခြားစောင့်တပ်ရင်းမှ ဗိုလ်မှူး နိုင်မော်ဇော်က “မြဝတီမြို့မောနင်းစတား လက်ဖက်ရည်ဆိုင် အနောက် ဘက်မှာ ခလရ ၂၄ တပ်က နေရာတက်ယူတာကို DKBA ဘက်က စတင် ပစ်ခတ်တာ၊ အခု ပစ်နေတုန်းပဲ” ဟု မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်က ပြောသည်။
အလားတူ မြဝတီ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သည့် ကိုတင်ဦး ကလည်း “လူတွေက ပြေးပြီး လာကြတယ်။ မြဝတီမှာ ပစ်နေပြီ၊ တံခါးတွေ ပိတ်ကြဆိုပြီး ဆိုင်ကယ်သမားတွေ အော်ပြီး လိုက်ပြောတာ၊ ကျွှန်တော်လည်း ဆိုင်ကို တံခါးပိတ်နေပြီ ၊ မြို့ထဲမှာလည်း တိတ်ဆိတ် ကုန်ပြီ” ဟု ကိုတင်ဦးကလည်း မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
DKBA ဘက်မှ တာဝန်ရှိသူများကို အချိန်နှင့် တပြေးညီ ဆက်သွယ်မေးမြန်းရန် မဇ္ဈိမ ကြိုးစားနေသော်လည်း အဆက်အသွယ် မရသေးပေ။
ယမန်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၌ ခလရ ၂၀၈ တပ်ပိုင်ယာဉ်ကို DKBA ဘက်က စတင် ပစ်ခတ်ခဲ့ရာမှ အစိုးရတပ်နှင့် DKBA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ဗိုလ်မှူးတစ်ဦး ၊ တပ်ကြပ် တစ်ဦးနှင့် တပ်ကြပ်ကြီး တဦးတို့ ဒဏ်ရာရခဲ့သည်။
ယနေ့ မြဝတီ၌ ထပ်မံ ဖြစ်ပွားနေသည့် တိုက်ပွဲသည်လည်း ယမန်နေ့က တင်းမာမှု၏ နောက်ဆက်တွဲဖြစ်သည်။
Credit to > Mizzima < Thank

DKBA အဖွဲ့ဝင်များ နေအိမ်ကို စစ်တပ်က ဝင်ရောက် လက်နက်သိမ်းဆည်း

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်နှင့် မုဒုံ မြို့နယ်တို့ရှိ  ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ဝင်များ၏ နေအိမ်ကို စစ်တပ်က ဝင်ရောက်ရှာဖွေကာ သေနတ်သုံးလက်ကို သိမ်းယူခဲ့သည်ဟု မွန်ပြည်နယ် DKBA တာဝန်ခံ ဗိုလ်မှုး စောအောင်ကိုကိုက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
DKBA-3
ကရင်ပြည်နယ် မြဝတီမြို့နယ် ဒီကေဘီအေ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒီမိုကရေစီအကျိုးပြု တပ်မတော် နှစ်ပတ်လည်နေ့ (DKBA) နေ့အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပရာ အခန်းအနားသို့ လာရောက်သည့် မြိုင်ကြီးငူ ဆရာတော်ကြီးအား ဖူးမြှော်နေကြသည့် ကရင်တပ်သားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)
၎င်းက ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၁ ရက်က ကျိုက်မရော မြို့နယ်ရှိ DKBA ၏ မွန်ပြည်နယ် ကွပ်ကဲရေးမှုး ဗိုလ်ကြီး ဝင်းအောင်နှင့် မုဒုံ မြိ့နယ်ရှိ မွန်ပြည်နယ် စီးပွားရေး တာဝန်ခံ ဗိုလ်ကြီး ဝင်းဇော်တို့အိမ်ကို လက်နက်ခဲယမ်း ရှာဖွေသည့် ကိရိယာဖြင့် ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်သည်။
စောအောင်ကိုကိုက “ယူနီဖောင်း မဝတ်ဖို့ လက်နက်ကိုင်ဆောင်ပြီး မသွားဖို့ သဘောတူညီထားတယ်။ ဒါကို ကျွန်တော်တို့ လိုက်နာတယ်။ လက်နက်ကိုင် အိမ်မှာ လက်နက်ရှိတာ မဆန်းဘူး။ လက်နက်ကလည်း ဗိုလ်ကြီး စောဆန်းအောင် (DKBA ဗျူဟာမှူး)က ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားလို့ အပ်ခဲ့တာ" ဟု ဆိုသည်။
ထိုသို့ ဝင်ရောက် ရှာဖွေရှာဖွေရာတွင် စစ်တပ်နှင့် ရဲအင်အား ၅၀ ကျော်က ကားခြောက်စီးဖြင့်လာကာ ဝင်ရောက် ရှာဖွေခဲ့သည်ဟု မွန်ပြည်နယ် ကွပ်ကဲရေးမှုး ဗိုလ်ကြီး ဝင်းအောင်က ဆိုသည်။
၎င်းက “ဒီလို ရှာဖွေတဲ့ အတွက် DKBA တပ်ဖွဲ့ တစ်ခုလုံးရဲ့ သိက္ခာကို ကျဆင်းစေပါတယ်" ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်ကလည်း မြဝတီမြို့တွင် DKBA အဖွဲ့က မောင်းနှင်လာသော ကားသည် အရပ်သားများနှင့် လုံခြုံရေးအဖွဲ့၏ ကားကို ဝင်တိုက်ခဲ့ရာမှ စ၍ လက်နက်ကိုင်ဆောင်ထားသည်ကို တွေ့မြင်ရသည် ဆိုသော ငြင်းခုံမှုဖြစ်ကာ  နယ်ခြားစောင့်တပ်နှင့် တပ်မတော်ဘက်မှ DKBA အဖွဲ့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဗိုလ်တစ်ဦးသေဆုံးကာ တပ်သားတဦး ဒဏ်ရာရရှိခဲ့သေးသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် စက်တင်ဘာ ၂၆ ရက် နံနက်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ အစိုးရတပ်နှင့် DKBAတို့ ပစ်ခတ်မှု တစ်ခု ဖြစ်ခဲ့ပြီး တပ်ဘက်မှ ဗိုလ်မှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးကလည်း ပြောသည်။
Credit to > Mizzima < Thank

DKBA အဖွဲ့မှ တပ်မတော်သားနှင့် ရဲများကို ဖမ်းဆီးထိန်းသိမ်းထား

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)တို့ စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာပြီး စစ်သားများနှင့်ရဲများကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု  DKBA မှ ဗိုလ်မှူးချူပ် ကျော်သက်က  မဇ္ဈိမကို စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခန့်က အတည်ပြု ပြောသည်။
DKBA-4
ကရင်ပြည်နယ် မြဝတီမြို့နယ် ဒီကေဘီအေ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒီမိုကရေစီအကျိုးပြု တပ်မတော်နှစ်ပတ်လည်နေ့ (DKBA) နေ့အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပရာ အခန်းအနားသို့အား လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ကရင်တပ်သား တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
DKBA တပ်ဖွဲ့များကို နယ်မြေမှ ထွက်လာရန် စစ်တပ်ဘက်မှ လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ လူ၃၀ခန့်ကို ဖမ်းဆီးထားသော်လည်း မွန်ပြည်နယ် အစိုးရနှင့် ကရင်ပြည်နယ် အစိုးရ၊ တပ်မတော် တို့ဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
"အရင်တုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲလေးတွေနဲ့ မြဝတီက ကျွန်တော်တို့လူ သတ်ခံလိုက်ရတုန်းက သိမ်းခံလိုက်ရတဲ့ လက်နက်တွေနဲ့ ဖမ်းထားတဲ့ ကျွန်တော်တို့ လူတွေကို ပြန်လွှတ်ပေးရင် သူတို့လူတွေ ကျွန်တော်တို့ ပြန်လွှတ်ပေးမယ်။ ညှိနှိုင်းခွင့် ကျွန်တော်တို့ လိုချင်တယ်" ဟု ဗိုလ်မှူးချူပ် ကျော်သက်က ပြောသည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားချိန်တွင် DKBAမှ ဗျူဟာမှူး စောဆန်းအောင်သည် အပစ်ရပ်လတ်မှတ်ရေး ထိုးနိုင်ရန် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရန်ကုန်မြို့တွင် ဆွေးနွေးပွဲ တတ်ရောက်နေသည့် အချိန်ဖြစ်သည်။ သို့သော် ယင်းဖြစ်စဉ်အား ဗျူဟာမှူး စောဆန်းအောင်ကို အသိပေးထားပြီး ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ကျော်သက်က ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားခြင်းမှာ ကျိုက်မရောမြို့နယ်တွင် ရှိသော DKBA တပ်ဖွဲ့ကို လက်နက်ကိုင်ဆောင်ခြင်းမပြုရန် ရဲသားတစ်ဦးက စက်တင်ဘာလ ၂၅ ရက်က သွားရောက်ပြောဆိုရာ ထိုရဲသားကို ဖမ်းဆီးလိုက်ခြင်းကြောင့် ကျိုက်မရော-မုဒုံအခြေစိုက် တပ်ရင်း ၂၀၈ မှ စစ်ကားတစီးနှင့် သွားရောက်ခဲ့ပြီး ကတိုင်ကနိအမည်ရှိသော ကျေးရွာ ဘုန်းတော်ကြီးကျောင်း အရောက်တွင် DKBA အဖွဲ့မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။
မော်လမြိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကမူ ယင်းသို့ တိုက်ပွဲမဖြစ်မီ ရက်သတ္တပတ်အကြာက ကျိုက်မရောမြို့တွင် နေထိုင်သည့် DKBA ဗိုလ်ကြီး စောဝင်းဇော်၏ နေအိမ်ကို အာဏာပိုင်များက သွားရောက်စစ်ဆေးကာ လက်နက် အတို၊ အရှည် လေးလက်ခန့် သိမ်းဆည်းခဲ့သည်ကို မကျေနပ်၍ ယခုခဲ့သည့် ပြန်လည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ကားပေါ်တွင် ပါလာသည့် ခလရ ၂၀၈ မှ ဗိုလ်မှူး တစ်ဦး ပေါင်တွင် လက်နက်ငယ် ကျည်ဆံ ထိမှန်ခြင်း၊ ယဉ်မောင်း တပ်ကြပ်မှာ ဘယ်ဘက် ရင်ဘတ်၌ လက်နက်ငယ် ထိမှန်ကာကာ နောက်၌ ထိုင်နေသည့် တပ်ကြပ်ကြီး တစ်ဦး ညာဘက် လက်မောင်း၌ လက်နက်ငယ် ဒဏ်ရာအသီးသီး ထိမှန်ခဲ့ရသည်ဟု မော်လမြိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။
ပစ်ခတ်မှုမှာ ကျိုက်မရော မြို့နယ် ကလိုင်းကနိုင် အလယ်ရွာတွင် ဖြစ်ပွားခဲ့ပြီး လက်နက်များ ယူနီဖောင်းများဖြင့် တက်မလာရန် သွားရောက် ညှိနှိုင်းခဲ့သည့် အဖွဲ့၌ စရဖ၊ SB၊ နယ်ထိန်း၊ ခလရ ၂၀၈ မှ ဗိုလ်မှူး တစ်ဦးနှင့် ဗိုလ်ကြီး တစ်ဦးတို့ သွားရောက် ညှိနှိုင်း နေချိန်၌ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့သော နယ်မြေသည် မွန်ပြည်သစ်ပါတီ၏ နယ်မြေအတွင်း ဖြစ်နေခြင်းကြောင့် မွန်ပြည်သစ်ပါတီမှ ဒုတိယ ဗိုလ်မှူးကြီး M-ဆိုက်ချမ်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီကျိုက်မရောမြို့နယ်က ကွမ်ငမ်ဆိုတဲ့ ဒေသဖက်မှာ အရင်တုန်းက DKBA တပ်စခန်းရှိခဲ့ဖူးတယ်။ ခုတော့မရှိတော့ပေမယ့် သူတို့က ပြန်ဝင်ဖို့ ကြိုးစားနေတာ ပြည်နယ်အစိုးရက ခွင့်မပြုဘူးဆိုတာကိုတော့ သိထားတယ်။ တိုက်ပွဲမှာတော့ ကျွန်တော်တို့ လုံးဝမပါ ပါဘူး" ဟု ပြောသည်။
လက်ရှိ အခြေအနေသည် ကရင်ပြည်နယ် မြဝတီမြို့တွင် လှုပ်ရှားနေသော DKBA အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ယူနီဖောင်းဝတ်ခြင်းနှင့် သေနတ်ကိုင်ဆောင်၍ သွားလာခြင်းများ မပြုလုပ်ရန် တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅က စက်တင်ဘာလ ၁၄ရက်က အသိပေးစာ ပေးပို့ထားသော အနေအထားဖြစ်သည်။
ထိုအခြေအနေတွင် စက်တင်ဘာလ ၁၉ ရက်က မြဝတီမြို့၌ DKBA အဖွဲ့မှ မောင်းနှင်လာသော ကားက အရပ်သားများနှင့် လုံခြုံရေးအဖွဲ့၏ ကားကို ဝင်တိုက်ခဲ့ရာမှ စ၍ လက်နက်ကိုင်ဆောင်ထားသည်ကို တွေ့မြင်ရသည် ဆိုသော ငြင်းခုံမှုမှစ၍  နယ်ခြားစောင့်တပ်နှင့် တပ်မတော်ဘက်မှ DKBAအဖွဲ့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်တစ်ဦးသေဆုံးကာ တပ်သားတဦး ဒဏ်ရာရရှိခဲ့သေးသည်။
ထိုစဉ်ကလည်း DKBA အဖွဲ့သား သေဆုံးမှုတွင် နယ်ခြားစောင့်တပ်မှ တပ်သား ၅ ဦးနှင့် တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ မှ တပ်သား ၁၀ ဦးခန့် ပါဝင်နေသည့်အတွက် ယခုဖြစ်ရပ်ကို ဖြေရှင်းနိုင်ရန် အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်ရန်ရှိကြောင်း DKBA မြ၀တီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောခဲ့သေးသည်။
Credit to > Mizzima < Thank

Friday, September 26, 2014

တယ်လီနောက ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို ၁၉,၉၀၀ ကျပ်ဖြင့် ရောင်းချမည်

တယ်လီနောသည် 2G ကွန်ရက်သုံး keypad ဟန်းဆက်နှင့် မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်ဖြင့် တွဲဖက်ရောင်းချမည်ဟု ကြေညာသည်။ အလားတူ 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနှင့် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ ဖြင့် တွဲဖက်ရောင်းချမည်ဟု သိရသည်။
အဆိုပါ ဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် maximus တံဆိပ် ဟန်းဆက်များဖြစ်ပြီး တယ်လီနော၏ အမှတ်တံဆိပ်လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။ ဟန်းဆက်များကို အရေအတွက် မည်မျှရောင်းချပေးမည်ဟု တယ်လီနောက ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အသုံးပြုသူ လိုအပ်ချက်ရှိသလောက် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဟန်းဆက်များကို မန္တလေးမြို့ရှိ တယ်လီနော ဆင်းမ်ကတ်အရောင်းဆိုင် ၁,၅၀၀ ရှိသည့်အနက် အရောင်းဆိုင် ၉ ဆိုင်၌ ဝယ်ယူနိုင်မည်ဟု သိရသည်။ ထို့အပြင် တယ်လီနောသည် ပြည်တွင်း၌ နာမည်ရရှိပြီးသားဖြစ်သည့် Samsung ၊ Huawei တို့နှင့် ပူးပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ်ကို တွဲဖက်ရောင်းချပေးမည်ဟု သိရသည်။
internet journal

Thursday, September 25, 2014

တောင်ကြီး မီးပုံးပျံပွဲတော်ကို မီးပုံးအမျိုးအစား တစ်ရာကျော်ဖြင့် ကျင်းပမည်


၂၀၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ကျင်းပသွား မည်ဖြစ်ပြီး ညမီးကျည်နှင့် စိန် နားပန်မီးပုံးအမျိုးအစား တစ်ရာ ကျော်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင်ယှဉ်ပြိုင်မည့် မီးပုံးများကို အောက်တိုဘာ ၁ ရက်တွင် စတင်လက်ခံသွားမည် ဖြစ်ကြောင်း တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရေးကော်မတီဝင် ဦးစိုးသိန်းက ပြောသည်။
‘‘ဒီနှစ်က ခုကြားထားတာကို မီးပုံးတွေက များတယ်။ မီးပုံးစာ ရင်းတွေကို စတင်လက်ခံတော့မှာ ပါ။ ဒီနှစ်ပြိုင်ပွဲဝင် မီးပုံးတွေကို အမှတ်ပေးရာမှာ ပွင့်လင်းမြင် သာအောင် လုပ်ထားပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတွေအတွက် ကျေနပ်စရာပါ’’ဟု ဦးစိုးသိန်းက ပြောသည်။
ယခုနှစ် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ညမီးကျည်မီးပုံးများအား ပထမဆုကျပ်သိန်း ၅၀၊ ဒုတိယဆု ၄၅ သိန်း၊တတိယဆု သိန်း ၄၀ စသည်ဖြင့် ဒသမဆုအထိ ဆုများပေးအပ်သွားမည်ဖြစ်သည်။ စိန်နားပန် မီးပုံးများအား ပထမဆု ကျပ်၃၅ သိန်း၊ ဒုတိယဆုသိန်း ၃၀၊ တတိယဆု ၂၅ သိန်း စသည်ဖြင့် ဒသမဆု
အထိ ဆုများ အသီးသီးပေးအပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘ဒီနှစ်က ဗိုလ်ချုပ်မီးပုံးလုပ် ထားပါတယ်။ အရင်နှစ်တွေက လည်း ဒေါ်အောင်ဆန်းစုကြည် မီးပုံး၊ ဗိုလ်ချုပ်မီးပုံးအဲဒါတွေပဲ လုပ်တာပါ။ ဒီနှစ်ရောဆို သုံးနှစ် ပေါ့။ လူအားပေးမှု ရရှိခဲ့ပေမယ့် ဆုတော့ တစ်ခါမှမရပါဘူး’’ ဟု ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံပွဲတော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံပါ ‘‘ဒီကြယ်စင်’’ မီးပုံးဖြင့် ပြိုင်ပွဲဝင်ရောက်မည့် ကိုတင်မောင်တိုးက ပြောသည်။
ပြိုင်ပွဲ၏ မူအရ ဘုရားရှင် အား မီးပူဇော်ခြင်းဖြစ်သည့်အ တွက် အခြားရုပ်ပုံများဖြင့် ယှဉ် ပြိုင်ပါက အမှတ်ပေးမည်မဟုတ် ကြောင်း သတင်းများထွက်ပေါ် နေကြောင်း သိရသည်။
‘‘ရုပ်ပုံ မီးပုံးတွေဆိုရင် အ မှတ်လျှော့တယ်လို့ ပြောကြပါ တယ်။ မဟုတ်ပါဘူး။ စည်းမျဉ်း ထဲမှာ အဲဒီလို မပါပါဘူး။ မီးပုံးမှာ ပြစ်ချက်တစ်ခုခုရှိရင်သာ အမှတ် လျှော့တာပါ။ ပွင့်လင်းလာတာနဲ့ အမျှ ဗိုလ်ချုပ်ပုံတို့၊ ဒေါ်အောင် ဆန်းစုကြည်ပုံတို့ လုပ်ကြပါ တယ်။ အဲဒီမီးပုံးတွေကို အမှတ် လျှော့တာတွေ၊ ဆုမပေးတာတွေ လုပ်တာ မရှိပါဘူး’’ဟု တောင် ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ တော်ကျင်းပရေးကော်မတီဝင် ဦးကျော်မြင့်က ပြောသည်။
၂၀၁၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ညမီးကျည်မီးပုံးအလုံး ၇၀၊ စိန်နားပန်မီးပုံး ၃၄ လုံး၊ နေ့ဘက် တွင် ခြေနှစ်ချောင်း၊ ခြေလေး ချောင်းစသည့် အရုပ်ပေါင်း ၄၀၀ ၀န်းကျင်ဖြင့် ပြိုင်ပွဲကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။
7Day
ဗိုလ်ချုပ်ရုပ်ပုံမီးပုံးအတွက် ပြင်ဆင်နေသည့်အဖွဲ့တစ်ဖွဲ့ကို စက်တင်ဘာ၂၁ရက်ကတွေ့ရစဉ်
တောင်ကြီး မီးပုံးပျံပွဲတော်ကို မီးပုံးအမျိုးအစား တစ်ရာကျော်ဖြင့် ကျင်းပမည်

-------------------------------------------

၂၀၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ကျင်းပသွား မည်ဖြစ်ပြီး ညမီးကျည်နှင့် စိန် နားပန်မီးပုံးအမျိုးအစား တစ်ရာ ကျော်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင်ယှဉ်ပြိုင်မည့် မီးပုံးများကို အောက်တိုဘာ ၁ ရက်တွင် စတင်လက်ခံသွားမည် ဖြစ်ကြောင်း တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရေးကော်မတီဝင် ဦးစိုးသိန်းက ပြောသည်။

‘‘ဒီနှစ်က ခုကြားထားတာကို မီးပုံးတွေက များတယ်။ မီးပုံးစာ ရင်းတွေကို စတင်လက်ခံတော့မှာ ပါ။ ဒီနှစ်ပြိုင်ပွဲဝင် မီးပုံးတွေကို အမှတ်ပေးရာမှာ ပွင့်လင်းမြင် သာအောင် လုပ်ထားပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတွေအတွက် ကျေနပ်စရာပါ’’ဟု ဦးစိုးသိန်းက ပြောသည်။

ယခုနှစ် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ညမီးကျည်မီးပုံးများအား ပထမဆုကျပ်သိန်း ၅၀၊ ဒုတိယဆု ၄၅ သိန်း၊တတိယဆု သိန်း ၄၀ စသည်ဖြင့် ဒသမဆုအထိ ဆုများပေးအပ်သွားမည်ဖြစ်သည်။   စိန်နားပန် မီးပုံးများအား ပထမဆု ကျပ်၃၅ သိန်း၊ ဒုတိယဆုသိန်း ၃၀၊ တတိယဆု ၂၅ သိန်း စသည်ဖြင့် ဒသမဆု

အထိ ဆုများ အသီးသီးပေးအပ် သွားမည်ဖြစ်ကြောင်း  သတင်း ရရှိသည်။

‘‘ဒီနှစ်က ဗိုလ်ချုပ်မီးပုံးလုပ် ထားပါတယ်။ အရင်နှစ်တွေက လည်း ဒေါ်အောင်ဆန်းစုကြည် မီးပုံး၊ ဗိုလ်ချုပ်မီးပုံးအဲဒါတွေပဲ လုပ်တာပါ။ ဒီနှစ်ရောဆို သုံးနှစ် ပေါ့။ လူအားပေးမှု ရရှိခဲ့ပေမယ့် ဆုတော့ တစ်ခါမှမရပါဘူး’’ ဟု ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံပွဲတော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံပါ ‘‘ဒီကြယ်စင်’’ မီးပုံးဖြင့် ပြိုင်ပွဲဝင်ရောက်မည့် ကိုတင်မောင်တိုးက ပြောသည်။

ပြိုင်ပွဲ၏ မူအရ ဘုရားရှင် အား မီးပူဇော်ခြင်းဖြစ်သည့်အ တွက် အခြားရုပ်ပုံများဖြင့် ယှဉ် ပြိုင်ပါက အမှတ်ပေးမည်မဟုတ် ကြောင်း သတင်းများထွက်ပေါ် နေကြောင်း သိရသည်။

‘‘ရုပ်ပုံ မီးပုံးတွေဆိုရင် အ မှတ်လျှော့တယ်လို့ ပြောကြပါ တယ်။ မဟုတ်ပါဘူး။ စည်းမျဉ်း ထဲမှာ အဲဒီလို မပါပါဘူး။ မီးပုံးမှာ ပြစ်ချက်တစ်ခုခုရှိရင်သာ အမှတ် လျှော့တာပါ။ ပွင့်လင်းလာတာနဲ့ အမျှ ဗိုလ်ချုပ်ပုံတို့၊ ဒေါ်အောင် ဆန်းစုကြည်ပုံတို့ လုပ်ကြပါ တယ်။ အဲဒီမီးပုံးတွေကို အမှတ် လျှော့တာတွေ၊ ဆုမပေးတာတွေ လုပ်တာ မရှိပါဘူး’’ဟု တောင် ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ တော်ကျင်းပရေးကော်မတီဝင် ဦးကျော်မြင့်က ပြောသည်။

၂၀၁၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ညမီးကျည်မီးပုံးအလုံး ၇၀၊ စိန်နားပန်မီးပုံး ၃၄ လုံး၊ နေ့ဘက် တွင် ခြေနှစ်ချောင်း၊ ခြေလေး ချောင်းစသည့် အရုပ်ပေါင်း ၄၀၀ ၀န်းကျင်ဖြင့်     ပြိုင်ပွဲကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

7Day

ဗိုလ်ချုပ်ရုပ်ပုံမီးပုံးအတွက် ပြင်ဆင်နေသည့်အဖွဲ့တစ်ဖွဲ့ကို စက်တင်ဘာ၂၁ရက်ကတွေ့ရစဉ်
Credit to >today myanmar<

အသက် ၃၅နှစ် အရွယ် ရောက်တာတောင် ဆင်းရဲ နေသေးရင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါ"

ကျွန်တော်တို့ Bill Gate ပြောခဲ့တဲ့ စကား တစ်ခွန်းကို ပြန်အမှတ် ရကြမှာပါ။ သင်ဆင်းဆင်း ရဲရဲ မွေးဖွား လာတာ သင့်အပြစ် မဟုတ်ပေမယ့် ဆင်းဆင်းရဲရဲ သေဆုံးသွား ရင်တော့ ကိုယ့်ကိုကိုယ် အပြစ်တင်ပါတဲ့။
ဒါပေမယ့် Alibaba ရဲ့ပဲ့ကိုင်ရှင် Jack Ma ကတော့ သင်သေဆုံးချိန် ထိမစောင့် ပါဘူး။ "အသက် ၃၅နှစ် အရွယ် ရောက်တာတောင် ဆင်းရဲ နေသေးရင် ဘယ်သူ့ အပြစ်မှ သွားရှာ မနေပါနဲ့။ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါ" တဲ့။
လက်ရှိ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အဖြစ် သတ်မှတ် ခံထားရတဲ့ Jack Ma က Alibaba ကိုစမယ့် အကြံကို သူ့သူငယ်ချင်း တွေနဲ့ တိုင်ပင်တုန်းက အဖြစ်လေးကို ပြန်ပြောင်း ပြောဆိုပါတယ်။ သူ့သူငယ်ချင်း တွေက သူက အင်တာနက် အကြောင်း တစ်လုံးမှ နားမလည် တာကြောင့်၊ အရင်းအနှီး ကလည်း မရှိတာကြောင့် ဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ ၂၄ယောက်မှာ ၂၃ယောက်က ကန့်ကွက်ခဲ့ ကြပါတယ်။
ဒါပေမယ့် မကြာမီ အချိန်မှာပဲ သူတစ်ဆုံး အားစိုက်ပြီး လုပ်ရမယ် ဆိုတာကို သူသိမြင် လာခဲ့ပါတယ်။ "ဒီကမ္ဘာကြီးမှာ တချို့သော အရာတွေက မမြင်နိုင်ဘဲ မှေးမှိန်နေ တတ်ပါတယ်။ ဒါပေမယ့် မလုပ်နိုင်တဲ့ အရာဆိုတာ မရှိပါဘူး။
လူတစ်ယောက်ရဲ့ ရည်မှန်းချက် အတိမ် အနက်ပေါ် မူတည်ပြီး သူ့အနာဂတ်က ဆုံးဖြတ် သွားတာပါပဲ" လို့ဆိုပါတယ်။ သူက လူတစ်ယောက် ကျရှုံးရတဲ့ အကြောင်းအရင်း ၄ချက်က အခွင့်အရေး ရှိပေမယ့် ရေတိုပဲ မြင်တာ၊ အခွင့်အရေးကို အထင်မြင် သေးတာ၊ နားလည် သဘောပေါက်ခြင်း မရှိတာ၊ လက်သွက် ခြေသွက် မလုပ်ဆောင် နိုင်တာတို့ပဲ ဖြစ်ပါတယ်။
အောင်မြင်အောင် တဆုံးထိ လုပ်မလား ဒါမှမဟုတ် အရှုံးနဲ့ အိမ်ပြန်မလား “go big or go home” ဆိုတဲ့ လူငယ် စိတ်ဓာတ်မျိုး ရှိရပါမယ် လို့သူက တွန်းအားပေး သွားပါတယ်။
MYMC
"အသက် ၃၅နှစ် အရွယ် ရောက်တာတောင် ဆင်းရဲ နေသေးရင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါ"

-------------------------------------------------------------------

ကျွန်တော်တို့ Bill Gate ပြောခဲ့တဲ့ စကား တစ်ခွန်းကို ပြန်အမှတ် ရကြမှာပါ။ သင်ဆင်းဆင်း ရဲရဲ မွေးဖွား လာတာ သင့်အပြစ် မဟုတ်ပေမယ့် ဆင်းဆင်းရဲရဲ သေဆုံးသွား ရင်တော့ ကိုယ့်ကိုကိုယ် အပြစ်တင်ပါတဲ့။ 

ဒါပေမယ့် Alibaba ရဲ့ပဲ့ကိုင်ရှင် Jack Ma ကတော့ သင်သေဆုံးချိန် ထိမစောင့် ပါဘူး။ "အသက် ၃၅နှစ် အရွယ် ရောက်တာတောင် ဆင်းရဲ နေသေးရင် ဘယ်သူ့ အပြစ်မှ သွားရှာ မနေပါနဲ့။ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါ" တဲ့။ 

လက်ရှိ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အဖြစ် သတ်မှတ် ခံထားရတဲ့ Jack Ma က Alibaba ကိုစမယ့် အကြံကို သူ့သူငယ်ချင်း တွေနဲ့ တိုင်ပင်တုန်းက အဖြစ်လေးကို ပြန်ပြောင်း ပြောဆိုပါတယ်။ သူ့သူငယ်ချင်း တွေက သူက အင်တာနက် အကြောင်း တစ်လုံးမှ နားမလည် တာကြောင့်၊ အရင်းအနှီး ကလည်း မရှိတာကြောင့် ဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ ၂၄ယောက်မှာ ၂၃ယောက်က ကန့်ကွက်ခဲ့ ကြပါတယ်။

 ဒါပေမယ့် မကြာမီ အချိန်မှာပဲ သူတစ်ဆုံး အားစိုက်ပြီး လုပ်ရမယ် ဆိုတာကို သူသိမြင် လာခဲ့ပါတယ်။ "ဒီကမ္ဘာကြီးမှာ တချို့သော အရာတွေက မမြင်နိုင်ဘဲ မှေးမှိန်နေ တတ်ပါတယ်။ ဒါပေမယ့် မလုပ်နိုင်တဲ့ အရာဆိုတာ မရှိပါဘူး။

 လူတစ်ယောက်ရဲ့ ရည်မှန်းချက် အတိမ် အနက်ပေါ် မူတည်ပြီး သူ့အနာဂတ်က ဆုံးဖြတ် သွားတာပါပဲ" လို့ဆိုပါတယ်။ သူက လူတစ်ယောက် ကျရှုံးရတဲ့ အကြောင်းအရင်း ၄ချက်က အခွင့်အရေး ရှိပေမယ့် ရေတိုပဲ မြင်တာ၊ အခွင့်အရေးကို အထင်မြင် သေးတာ၊ နားလည် သဘောပေါက်ခြင်း မရှိတာ၊ လက်သွက် ခြေသွက် မလုပ်ဆောင် နိုင်တာတို့ပဲ ဖြစ်ပါတယ်။

 အောင်မြင်အောင် တဆုံးထိ လုပ်မလား ဒါမှမဟုတ် အရှုံးနဲ့ အိမ်ပြန်မလား “go big or go home” ဆိုတဲ့ လူငယ် စိတ်ဓာတ်မျိုး ရှိရပါမယ် လို့သူက တွန်းအားပေး သွားပါတယ်။

MYMC
Credit to > today myanmar<


ကံကြမ္မာ ဝဋ်ကြွေးများ ကြောက်စရာ


ဘယ်မှာလဲဆိုတာ ပို့ ပေးသူက ဘာမှ ရေးမထားပါဘူး။
ကံကြမ္မာ ဝဋ်ကြွေးများ ကြောက်စရာ လို့  ရေးထားပါတယ်။
အောင်အောင် ။ ပို့ ပေးသည်။


Wednesday, September 24, 2014

မတော်တဆယာဉ် တိမ်းမှောက်မှု့ဖြစ်ပွား

အောင်သပြေ ၃ လမ်းထိပ် အဝေးပြေးလမ်းမကြီးပေါ်တွင် ၂၃.၉.၂၀၁၄ အင်္ဂါနေ့ ည ၁၀နာရီခန့်တွင် ကုန်တင်ယာဉ် Hilux တစ်စီး အရှိန်လွန်တိမ်းမှောက်မှု့ဖြစ်ပွား.........?

Sunday, September 21, 2014

window start app blocker

window ပေါ်က app တွေကို block ချင်သူများအတွက်
window start app blocker

ဒီမှာဒေါင်းနိုင်ပါသည်။
https://copy.com/XWjhT1O1RhxF

Saturday, September 20, 2014

KTV ဘိုင်ပျက်နေသူများအတွက် ဖုန်းဖြင့် ကာရာအိုကေ ဆိုနိုင်မဲ့Apk

သင့်တို့ရဲ့ ဖုန်းနဲ Music
ကာရာအိုကေ
သီချင်းများဆိုနိုင်ပါပြီ"
ပုံနဲရှင်ထားပါတယ်"
ဆော့ဝဲအားဒေါင်းရန်
http://www.mediafire.com/?86hs0gp4558liy1
CREDIT TO >arkarsoftwareguide< Thanks

မြန်မာ~ထိုင်း စကာပြန် ဆော့ဝဲ…Android

ထိုင်းစာထိုင်းစကားတတ်ချင်တဲ့သူတွေအတွက်
ဒီဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ်
ရှမ်း စာကို အခြေခံ ကအစ တတ်အောင်သင်ယူ
နိုင်မည့်ဆော့ဝဲလေးပါ သုံးဘာသာနဲ စကားပြန်
ထားပါတယ်_မြန်မာ~ထိုင်း~အင်္ဂလိပ် ပေါ့
မိမိသိလိုတဲ့ အကြောင်းအရာ စုံစုံလင်လင်ပါရှိ
ပါတယ် နောက်တစ်ခုကလည်း မိမိသိလိုတဲ့
ထိုင်းစာသားကို အသံ လည်း နာဆင်ဆင်သင်ယူ
နိုင်ပါသေးတယ် အခန်းတွေလည်း အများကြီး
ပါဘာတယ် မိမိက ဒီဆော့ဝဲနဲ ရှမ်းစာ သင်ယူလို့
နည်းနည်း ကျွမ်းသွားရင် မေးခွန်တွေ လည်း
ဖြေဆိုတဲ့ နေရာလည်း ရှိပါတယ် ထိုင်းစာကို
မြန်မာလိုပြပြီး ထိုင်းလို့ ပြန်ဖြေပေးရမှာပါ
အမှတ် တွေနဲ မေးခွန်းတွေ ဖြေဆိုနိုင်ပါတယ်
အောက်မှာ Screenshot တွေပြထားပါတယ်
ကြည့်လို့ရပါတယ်
ထိုင်းစာ ထိုင်းစကားတတ်ချင်တဲ့သူတွေ ဒေါင်း
သာဒေါင်းသွားကြပါ ……
APK File Sizt.4MB လောက်ရှိပြီး
Android OS Version.2.2 အထက် ဖုန်း
တွေ ထည့်သွင်း Installing လုပ်၍အသုံးပြု
နိုင်ပါတယ်……ခင်ဗျာ

အောက်ပါ လိပ်စာတွင် download လုပ်နိုင်ပါသည်။




Credit by > http://arkarsoftwareguide.blogspot.com/< Thank

Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်နည်း /ဖိတ်စာရိုက်နည်း

Adobe PageMaker 7.0  ကတော့အခြေခံတတ်ထားတဲ့သူတွေတတ်ကျမှာပါ ဒါပေမဲ့
အခြေခံတတ်ထားပြီစာအုပ်နဲ.မှတ်မထားလို.မေ့သွားတယ်ဆိုတဲ့သူငယ်ချင်းတို.ပြန်လေ့လာ
လိုရအောင်လို.တင်ပေးတာပါနော်
Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်နည်း
Adobe PageMaker 7.0 ဖြင့်လိပ်စာကဒ်ရိုက်လျှင် Menu Bar ပေါ်က File ထဲက New
ကို Clip နှိပ်လိုက်ပါ Document Setup တစ်ခုကျလာပါလိမ့်မယ် ထိုအခါ Page Size နေရာ
မှာ A4 လို.ရွေးပါ Orientation နေရာမှာ Tall နဲ. Waide ဆိုပြီနှစ်ခုရွေးခိုင်လိမ့်မယ် Tall
ဆိုတာကဒေါင်လိုက် Waide ဆိုတာက အလျားလိုက်ပါ။ထိုအခါ Tall ကိုရွေးလိုက်ပါ Options
နေရာက Double-sided ကိုဖြုတ်ပါ။ Insid, Outside ,Top ,Bottom အားလုံးကို 0.5 လို.ယူပါ
အပေါ်မှာရေးထားတဲ့အတိုင်လုပ်ပြီရင် <ok> ကိုနှိပ်လိုက်ပါ ။ ထိုအခါစာရွက်ကျလာလိမ့်မယ်
အလျားလိုက် Ruler နဲ.ဒေါင်လိုက် Ruler ဆိုပြီနှစ်ခုရှိပါတယ် ထို Ruler နှစ်ခုလုံးပေါ်ကိုမြားတင်ပြီး
right clip နှိပ်လိုက်ပါ Inches Decimal, Millimetetrs, Picas, Ciceros, ဆိုပြီငါးခုပေါ်လာလိမ့်မယ်
ထိုထဲက Inches Decimal ကိုကလစ်နှိပ်လိုက်ပါ ထိုနောက် o-log ယူပါ။နောက်ပြီဒေါင်လိုက် Ruler ပေါ်
ကောအလျားလိုက် Ruler ပေါ်ကိုပါမြားတင်ပြီစာရွက်ပေါ်ကိုမျဉ်းတစ်ကြောင်းဆီဆွဲကျပါ။နောက်ပြီဒေါင်လိုက်
မျဉ်းပေါ်ကောအလျားလိုက်မျဉ်းပေါ်ကော right clip နှိပ်လိုက်ပြီ နောက်ပြီ Move ကို Clip နှိပ်လိုက်ပါ Moe Givde
ဆိုပြီကျလာလိမ့်မယ် Move to နေရာမှာ ဒေါင်လိုက်ကို <3.5> လို.ယူပါ အလျားလိုက်ကို <2> လို.ယူပါ။ လိပ်စာရိုက်
ရာတွင် Center Alignment ယူပြီရိုက်ရပါတယ်။လိပ်စာကဒ်ရိုက်ရာတွင်ဖုန်းပုံလေးတွေထည့်ချင်ရင် Character Map
ထဲက Font နေရာမှာWebing လို.ရိုက်လိုက်ပါ Webing ဆိုတဲ့ Font ထဲမှာပါတယ်။
ဖိတ်စာရိုက်နည်း
ဖိတ်စာရိုက်ရာတွင် Adobe PageMaker7.0 ကိုပဲအသုံးပြုပါတယ်လိပ်စာကဒ်ရိုက်သည့်ပုံအတိုင်
File ထဲက New သို.မဟုတ်File အောက်က New ကိုကလစ်နှိပ်လိုက်ပါ Document Setup တစ်ခုကျလာလိမ့်မယ်
ထိုအခါ Page Sizeနေရာမှာ A4လို.ယူပါOrientation နေရာမှာ Tall နဲ. Wide ဆိုပြီတော့ရွေးခိုင်ပါတယ် Wide
ဆိုတဲ့အလျားလိုက်ကိုရွေးပေးပါOptions နေရာကDouble -Sided ကိုဖြုတ်ပါ Inside,Outside,Top,Bottom,
အားလုံးကို<0.25>လို.ယူပါ အပေါ်မှာရေးထားတဲ့အတိုင်လုပ်ပြီးလျှင်<ok> ကိုကလစ်နှိပ်လိုက်ပါ
စာရွက်တစ်ရွက်ကျလာလိမ့်မယ်နောက်ပြီLayout ထဲက Colunm Gide ကိုကလစ်နှိပ်လိုက်ပါထိုအခါColunms Gide
ဆိုပြီတော့Document တစ်ခုကျလာလိမ့်မယ်ထိုထဲကNumber of columns ကို <2>လို.ယူပါ
Space betweencolumns ကို<0.5>လို.ယူပါထိုနောက်ဒေါင်းလိုက်မျဉ်းနှစ်ကြောင်းစာရွက်ပေါ်မှာတွေ.ရပါလိမ့်မယ်
ထိုနောက်အလျားလိုက် Ruler ပေါ်ကိုမြားထောက်ပြီးတော့မျဉ်းနှစ်ကြောင်းဆွဲချလိုက်ပါမျဉ်းတစ်ကြောင်းစီပေါ်
ကိုမြားထောက်ပြီright clip နှိပ်လိုက်ပါ Move ကိုကလစ်နှိပ်လိုက်ပါMove Gide ဆိုပြီတော့ကျလာလိမ့်မယ်
Move to ဆိုတဲ့နေရာမှာ<4.25>လို.ယူပါ<4.25>ကို0-logယူပြါထိုနောက်ကျန်တဲ့တစ်ကြောင်းကိုလည်းထိုအတိုင်လုပ်ပြီး
Move to နေရာမှာ<-0.25>လို.ယူပါ ဖိတ်စာဘောင်အနားတွေကိုအလှဆင်ချင်ရင်တော့
Character Mapကိုနှိပ်ပြီကိုကြိုက်တဲ့ကနုတ်ပန်းတွေကိုရှားပါ။

Credit by >zscomputer< thank

IS အပေါ် ပထမဆုံး ပြင်သစ် လေကြောင်း တိုက်ခိုက်

အီရတ် နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ် တပ်တွေကို ပြင်သစ် တိုက်လေယာဉ် တွေက ပထမဆုံး အကြိမ် လေကြောင်း တိုက်ခိုက် မှုတွေ စတင် လိုက်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။

အီရတ် အရှေ့မြောက်ပိုင်းက IS တပ် စခန်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး နောက်ထပ်လည်း ဆက်လက် တိုက်ခိုက် သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ယူအေအီး နိုင်ငံမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက အီရတ် နိုင်ငံတွင်းကို ကင်းထောက် ပျံသန်းမှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေး နေ့မှာတော့ လေကြောင်းက ကူတိုက်ပေးဖို့ အီရတ်ရဲ့ တောင်းဆိုမှုကို လက်ခံ လိုက်တယ်လို့ ပြင်သစ် သမ္မတ ဟော်လန်းဒ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကလည်း အီရတ်မှာ ရှိတဲ့ ဂျီဟတ်ဒစ် စစ်သွေးကြွတွေကို သြဂုတ်လ လယ်ပိုင်း ကတည်းက အခုအထိ လေကြောင်းကနေ အကြိမ် ၁၇၀ ကျော် တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

IS အစ္စလာမ္မစ် အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားက မြို့ အတော်များများကို သိမ်းပိုက် ထားဆဲ ဖြစ်ပါတယ်။

Credit to > Thithtoolwin < Thank

ပြည်ပချေးငွေ မှန်ကန်စွာ အသုံးပြုဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေတွေကို လက်ခံရမှာဖြစ်သလို အဲဒီချေးငွေတွေ အသုံးပြုမယ့် စီမံကိန်းတွေ ရွေးချယ်ရာမှာလည်း မှန်ကန်ဖို့လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်၊ ကိုးရီးယားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေနဲ့ အီတလီနိုင်ငံItaly Development Cooperation တို့ကနေ အမေရိကန် ဒေါ်လာ ၁၄၅ သန်းနဲ့ ယူရိုသန်း ၂၀ ချေးယူဖို့အတွက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အခုလို ပြောခဲ့တာပါ။

"မိမိနိုင်ငံအခြေအနေအရ ချေးရမှာပဲ၊ အများပြည်သူအတွက် ချေးတယ်ဆိုလို့ရှိရင် ချေးပါ ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ လုပ်ပုံကိုင်ပုံ မှန်ဖို့လိုပါတယ်၊ တကယ်သူတို့ရွေးတဲ့ Project တွေက မှန်ဖို့လိုပါတယ်၊ သူတို့ရဲ့ ပြန်ပြီးတော့ ချေးငွေဆပ်ရမယ့် အခြေအနေကတော့ မဆိုးပါဘူး"

အဲဒီချေးငွေတွေကို ပို့ဆောင်ရေးဝန်ကြီးဌာနက ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရထားတွဲနဲ့ လမ်းပိုင်းတိုးမြှင့်ရေး စတဲ့လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Credit to > RFA Burmese < Thank


၁၅ နှစ်အရွယ် အမျိုးသမီးကို အဓမ္မကျင့်သည့် ရဲဘော်အား အရပ်ဘက်တရားရုံးတွင် ပထမအကြိမ်စစ်ဆေး

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် အစိုးရ စစ်တပ်မှ ရဲဘော် ကောင်းဘိုဘို အမှုကို စက်တင်ဘာလ ၁၉ ရက်တွင် မူဆယ်ခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က မူဆယ်-ကွတ်ခိုင်ကားလမ်းပေါ်ရှိ နမ်ဂွတ်ကျေးရွာသူ အမျိုးသမီးလေး တစ်ဦးအား သိန္တီအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ခံ တပ်ရင်း ခလရ ၅၆၇ တပ်ဖွဲမှ ရဲဘော် ကောင်းဘိုဘိုက အဓမ္မပြုကျင့်ခဲ့သဖြင့် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ်ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးများအဖွဲ့က ကွတ်ခိုင်ရဲစခန်းသို့ အမှုဖွင့် တိုက်ကြားခဲ့ခြင်း ဖြစ်သည်။
“အခင်းဖြစ်ခဲ့တာတွေကို သမီးကိုစစ်တယ်။ ပြီးရင် သူ့မိဘတွေကို စစ်ဆေးမေးမြန်းတယ်။ ရွာလူကြီးနဲ့ အဒေါ်တို့ကိုလည်း မေးမြန်းစစ်ဆေးခဲ့တယ်။ တရားခံဖြစ်သူကိုလည်း မှန်မမှန် နားထောင်ခိုင်းတယ်။ သူကတော့ ပါစပ်မပိတ်ဘူး။ သူ့ကို ဘာမှ မလုပ်ဘူး ဆိုပြီး ငြင်းတယ်။ တခြားတော့ သူမှားတယ်ဆိုပြီး ဝန်ခံတယ်” ဟု ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲကျော်သည်အထိ မူဆယ်ခရိုင် တရားသူကြီး ဦးခင်မောင်ဝင်းက နှစ်ဖက်မိသားစုများကို စစ်ဆေးမြန်းမြန်းခဲ့ပြီး လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
ရဲဘော် ကောင်းဘိုဘိုအား ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆ (မုဒိန်းမှု) နှင့် ပုဒ်မ ၃၆၃ (သဘောမတူဘဲ ခိုးယူပေါင်းသင်းမှု)တို့ဖြင့် တရားစွဲဆိုထားပြီး ကွတ်ခိုင် စစ်ဗျူဟာ စစ်ခုံရုံးမှ ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သော်လည်း အရပ်ဘက်တရားရုံးသို့ ပြန်လည် လွှဲပြောင်းပေးရန် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ က တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးငယ်သည် သူ၏ ညီမနှင့်အတူ နေအိမ်မှ ဈေးဝယ်ပြီး အပြန်လမ်း တစ်နေရာတွင် အစိုးရ၏ ခလရ တပ်ရင်း ၅၆၇ တပ်မှ တပ်သား နှစ်ဦးထဲမှ တစ်ဦးက ညီမဖြစ်သူကို နေအိမ်သို့ လိုက်ပို့ပေးခဲ့ပြီး အစ်မဖြစ်သူကိုမူ အခြားတပ်ဖွဲ့တစ်ဦးက ခြုံတောသို့ ခေါ်ဆောင်သွား၍ အဓမ္မပြု ကျင့်ခဲ့သည်ဟု သူက ပြောဆိုသည်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်၏ ဖခင်ကလည်း “အစက အစိုးရ စစ်တပ်က တောင်းသလောက် ပေးမယ်။ ကျေအေးအောင်လုပ်ရအောင်ဆိုပြီး ပြောလာတယ်။ ကျွန်တော်တို့က အကုန်လုံးသိသွားပြီ အရှက်ရနေပြီဆိုတော့ အမျိုးသမီးအဖွဲ့ကို အကူအညီ တောင်းလိုက်တာပါ” ဟု ဦးဂမ်က မဇ္ဈိမကို ပြောသည်။
အစောပိုင်းတွင် အဆိုပါ တပ်ရင်းမှ စစ်ကြောင်းမှူးက မိန်းကလေး၏ အမှုကို လက်ဆောင်ပစ္စည်းဖြင့်သာ ကျေအေးသွားရန် ပြောဆိုမှုရှိခဲ့သော်လည်း မိန်းကလေး၏ မိဘများက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုမှ အမျိုးသမီး အဖွဲ့ထံ သွားရောက် အကူအညီတောင်းခံခဲ့ရာမှ မေလ ၁၇ ရက်၌ ကွပ်ခိုင် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။
တရားရုံးတွင် အခင်းဖြစ်ပွားပုံများကို တရားသူကြီးက စစ်ဆေးခံခဲ့ပြီး လက်ရှိ သမီးဖြစ်သူမှာ ကျန်းမာရေးကောင်မွန်နေသော်လည်း စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထား မဟုတ်ဘဲ ကြောက်လန့်နေသည်ဟု ဖခင်ဖြစ်သူ ဦးဂမ်က ပြောသည်။
“ကလေးက ကျန်းမာတယ်။ စိတ်မကောင်းဘူးဖြစ်နေတယ်။ သာမန်ထက်မတူဘူး။ ဒီနေ့ တရားခံ ရဲဘော်ကို တွေ့လို့ ပိုကြောက်သွားတယ်ထင်တယ်။ အခုက ဥပေဒအအတိုင်း အရေးယူပေးဖို့ လုပ်နေတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ တရားခံ အစိုးရစစ်တပ်မှ ရဲဘော်အား တရားဥပဒေအရ အရေးယူပေးရန် တောင်းဆိုရခြင်းမှာ နောက်နောင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်သည့် ပြဿနာများ မဖြစ်ပွားစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးဂမ်က ဆက်လက် ပြောဆိုသည်။
အစိုးရစစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်က ပထမဆုံးအကြိမ် ဥပဒေအရ အရေးယူပေးခြင်းလည်း ဖြစ်သည်။

Credit to > Mizzima < Thank