Pages

Friday, April 4, 2014

နာမည်ကြီးအချိုရည်စက်ရုံတွင်လုပ်ကိုင်ရန်အောက်ပါဝန်ထမ်းအမြန်အလိုရှိ

1. BE (Mechanical) မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွက်
• Training ပေးမည်။ အခြေခံလစာ ၁၅၀၀၀၀။
• ကြို့ပို့ယာဉ်စီစဉ်ပေးမည်။

ဆက်သွယ်ရန် JOB City Recruitment Service,
phone 01 2304678,09 73184562

လူကြီးမင်းများခင်ဗျာ JOB City Recruitment Service ရုံးသို့လူ ကိုယ်တိုင်ဖြစ်စေ
အမှတ် (၂၀)၊ A-4 တတိယထပ်၊ YN Construction (condo),
ရှင်စောပုဘုရားလမ်းသွယ်၊ စမ်းချောင်းမြို့နယ်။
phone ; 01 519086, 09 73184562

လူကြီးမင်းများခင်ဗျာ emailကတစ်ဆင့်ဖြစ်စေ job.cityrecruitment.service@gmail.com သို့ CV form ပေးပို့သောအခါ လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလတ်များ ကို ပြည်စုံစွာရေးသား၍ လျှောက်ထားသော ကုမ္ပဏီနှင့် လျှောက်ထားသော position ပါထည့်သွင်း ရေးသားနိုင်ပါသည်။

သမီးကလေးကျေးရွာမှ ဒုက္ခသည်များအား DKBA ကူညီ

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
၎.၄.၂၀၁၄ ရက်နေ့ ညနေတွင် မြဝတီမြို့နယ်သို့ ရောက်ရှိလာသည့် သမီးလေးကျေးရွာသူ/သားများနှင့် လိုက်ပါကူညီစောင့်ရှောက်ကြသော ပုဂ္ဂိုလ်များအား မြဝတီမြို့နယ် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ အဟာရဒါနအဖြစ် ခေါက်ဆွဲကြော်များ လှူဒါန်းသွားခဲ့ပါသည်။ သမီးလေးကျေးရွာနှင့်အင်းပတီး
ဒေါ်ကာလီကျောက်တောင်ရွာလေးရွာမှအိမ်ထောင်စု ၈၀ လူဦးရေ ၂၅၀ ကျော်ခန့်အား DKBA မှ
ဗိုလ်ကြီးစောစန်းအောင်ဦးဆောင်သောတပ်ဖွဲ့များမှ လူသားချင်းစာနာသောအားဖြင့် စေတနာထားကာ
စားဝတ်နေရေးတာဝန်ယူမည်အလုပ်အကိုင်ဖန်တီးပေးပါမည်ဟုအာမခံ၍ ခေါ်လာခြင်းဖြစ်ပါသည်။ ။
4.4.2014 -Pm

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် စည်းရုံးရေးသင်တန်း ဖွင့်လှစ်

ကျိုက်ထိုမြို့ နယ်ပြည်ခိုင်ဖြိုးရုံးတွင်ဖွင့်လှစ်သောအခြေခံလက်တွေ့ စည်းရုံးရေးသင်တန်းအမှတ်စဉ်(၄)၌ ပါတီဗဟိုကော်မတီ၊ပြည်နယ်အတွင်းရေးမှူး ဦးသန့် ဇင်မှပါတီစည်းမျဉ်းစည်းကမ်းများနှင့်မူဝါဒသင်ခန်းစားအားပို့ ချနေစဉ်။

ဆိပ္ဖူးတောင်ပရဟိတကျောင်း၏ နှစ်စဉ်ကျင်းပမြဲ အကျွတ်အလွတ်ဒါနပြုပွဲ

 
၃၁ကြိမ်မြောက်အကျွတ်အလွတ်ဒါနပြု
ပွဲနှင့်အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲ
အခန်းအနားဖွင့်ပွဲကိုဆိပ်ဖူးတောင်တော
ရကျောင်း၌၂၀၁၄ ဧပြီလ ၄ ရက်နေ့ကကျင်းပပြုလုပ်သည်--

ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ်မျိုးနွယ်

ပုံမှာ မြင်တွေ့နေရတဲ့ အကောင်က အရုပ် မဟုတ် ပါဘူး။ ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ် မျိုးနွယ်လို့ သတ်မှတ် ထားတဲ့ Giant pangolin မှ တစ်ကောင် ဖြစ်ပါတယ်။ ၄ ပေ ၆ လက်မ အရှည် ရှိပြီး ပေါင်ချိန် ၇၂ ပေါင် ရှိတာကြောင့် ကမ္ဘာ့အရွယ်အကြီးဆုံး သင်းခွေချပ် အဖြစ် စံချိန် တင်ထားခြင်း ဖြစ်ပါတယ်။

နေထိုင် ကျက်စားတဲ့ နိုင်ငံ ကတော့ အာဖရိက အနောက်ပိုင်း ဒေသ တစ်လျှောက် ကနေ ယူဂန်ဒါ နိုင်ငံ အထိ ဖြစ်ပါတယ်။ အင်းစက်၊ အကောင် သေး များကို စားသုံး နေထိုင်ပြီး သားကောင်ကြီးတို့ အမဲလိုက်မှု ကိုလည်း ပြန်လည် ခုခံ နိုင်ပါတယ်။ အကြောင်း ကတော့ သူ့ရဲ့ ကြီးမားတဲ့ ထူတဲ့ အခွံကြောင့် ဖြစ်ပါတယ်။ ဘယ် သားကောင်ကောင် လာဖမ်းဖမ်း ပြန် တိုက်ခိုက် နိုင်သလို၊ အခွံမာထဲ ဝင်လုံးလို့ ပြန်ခုခံ နိုင်စွမ်းလည်း ရှိပါတယ်။

အရေအတွက် ကတော့ နည်းနေ ပါပြီ။ ဒါကြောင့်မို့ Giant pangolin ကို ကမ္ဘာ့ ရှားပါး သင်းခွေချပ် မျိုးနွယ်ထဲမှာ ထည့်သွင်း ထားကြောင်း သိရ ပါတယ်။
.
Ref:wiki
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/151-environment/40484-giant-pagolin

.

သမီးလေးရွာသားတွေ မြဝတီမြို့ကို ထွက်လာကြပြီ

သမီးလေးရွာသားတွေ အားလုံး ကော့ကရိတ် ကောင်းမှုရွာက ဗိုလ်ကျော်သက် စခန်းကို ချောမောစွာရောက်ပြီ၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ် မြဝတီကို ဆက်လက်ထွက်ခွာကြပြီ ဖြစ်တယ်။ အနှောက်အယှက်ကင်းကင်းနဲ့ လာပါက ညဦးပိုင်း မမှောင်ခင်မှာ မြဝတီမြို့ကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီနေ့ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်း အဆင်းရက်ဖြစ်တဲ့အတွက် လမ်းဟောင်းအတိုင်း မြဝတီကိုသွားလို့ မဖြစ်တာကြောင့် ဖေါက်လုပ်နေဆဲ အာရှကားလမ်းအသစ်ကနေ သွားကြမှာဖြစ်ပါတယ်။ သမီးလေးရွာသားတွေလိုက်ပါမယ့် ကားတန်း လမ်းလုံခြုံရေးကိုတော့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေက ကူညီစောင့်ရှောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။

သမီးလေးရွားသားတွေကို ကြိုဆိုအားပေးတဲ့ ကော့ကရိတ်မြို့က ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း အဖွဲ့ဝင်တဦး ပြောပြတာကတော့ “ရွာသားတွေဟာ အတော်ကြီး ပင်ပန်းနေကြတယ်။ ဒါပေမယ့် သူတို့အားလုံး ဒီကေဘီအေက နေရာချထားပေမယ်ဆိုတဲ့ ကျောက်ခက်ရွာကို အရောက်သွားဖို့ စိတ်စောနေကြတယ်” လို့ ရှင်ပြတယ်။

မြဝတီကိုရောက်လာမယ့် ရွာသားတွေဟာ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ခေတ္တနာခိုကြမှာဖြစ်ပြီး၊ မြဝတီမြို့က NLD အဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း လူ့အဖွဲ့အစည်း၊ ABSDF ကျောင်းသားတပ်မတော်၊ ကရင်လူငယ်အစည်းအရုံး KYO ၊ KUN စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုအားပေးကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

(ဓါတ်ပုံ .. ဒေါန အောင်တိုး)