Pages

Friday, February 28, 2014

အထောက်အထားအချို့ တွေ့ရှိသော်လည်းသုဝဏ္ဏဘူမိမြို့ဟောင်းဟု အတည်မပြုနိုင်သေး

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှု သုံးနေရာပြုလုပ်ပြီး နောက်အထောက် အထားအချို့တွေ့ရှိသော်လည်း သုဝဏ္ဏဘူမိ မြို့ဟောင်းဟု အတိအကျ မသတ်မှတ်နိုင်သေးကြောင်း မြို့ဟောင်းတူးဖော်ရာတွင်ပါဝင်ဆောင်ရွက်ကြ သူများ၏ ပြောကြားချက်အရ သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှု သတ်မှတ်လေးနေရာ အနက်သုံးနေရာ တူးဖော်ပြီးချိန်တွင် မြို့ရိုး၊ မြို့ပြ၊ အရံအတားများ၊ အုတ်ခွက်ဘုရားများနှင့် ဂ၀ံရုပ်တုများ တွေ့ရှိခဲ့သည်။

" ဒီလောက်အနေအထားနဲ့တော့ အများကြီးပြောလို့ မရသေးဘူး။ တူးလို့ရသလောက်ပဲ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အခု တူးနေတဲ့အနေအထားအရတော့ မြို့ပြကြီးတစ်ခုလုံး၊ တကယ့် သုဝဏ္ဏဘူမိမြို့ဟောင်းရဲ့အစိတ်အပိုင်းအားလုံးကို ကျွန်တော်တို့ မထိတွေ့နိုင်သေးဘူး " ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထက်က
ပြောဆိုသည်။

အထောက်အထားအချို့ တွေ့ရှိ ထားပြီးဖြစ်သည့် အတွက်ပိုမိုသေချာရန် သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှုကို ဆက်လက်လုပ်ဆောင်သွားရမည်ဟု သမိုင်းသုတေသန ဦးစီးဌာနမှ အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်းက ပြောဆိုသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှုကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဦးကျော်မျိုးဝင်း ဦးဆောင်သည့် ရှစ်ဦးအဖွဲ့မှ အလုပ်သမားအင်အား ၃၀ ခန့်ဖြင့် ၂၀၁၄
ခုနှစ် ဇန်န၀ါရီ ၂၂ ရက်က စတင်တူးဖော်ခဲ့ပြီး တူးဖော်မှုကာလသည် တူးဖော်မည့် ကုန်းအနေအထားပေါ် မူတည်ကာ အချိန်ကြာမြင့်မည်ဟု ၎င်းကပြောဆိုသည်။

သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း မွန်လူမျိုးတို့ ၏ ရာမညဒေသရှိ စစ်တောင်းမြစ်ဝပတ်ဝန်းကျင်မှ တောင်ဘက် သံလွင်မြစ်ဝပတ်ဝန်းကျင် အထိ သုဝဏ္ဏဘူမိနေရာဟု မွန်သမိုင်းမှတ်တမ်းအရ သိရသည်။

ပထ၀ီအနေအထားအရ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ဝေါမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်ခရိုင်မြောက်ပိ
ဒေသများကိုခြုံငုံ၍ သုဝဏ္ဏဘူမိဧရိယာဟုမွန်သမိုင်းမှတ်တမ်း၌
ဖော်ပြထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်းတွင် Cable Car ပြေးဆွဲရေး တောင်ကိုရီးယား နိုင်ငံ YEOSU POMA Co., Ltd. က လာရောက်ဆွေးနွေး

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်းတွင်
Cable Car ပြေးဆွဲရေးလုပ်ငန်း ကိုစိတ်ဝင်စားသော တောင်ကိုရီးယား နိုင်ငံမှ YEOSU POMA Co., Ltd. နှင့် မြန်မာနိုင်ငံမှ ASIA INTERNATIONAL FISHERIES CO., Ltd. တို့ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ရန် အတွက် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လာရောက်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံကာ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးသက်ဝင်း ပအို့ဝ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်ဖေမြနှင့် ဘဏ္ဍာရေး ဝန်ကြီးတို့က လက်ခံတွေ့ဆုံ ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ ကုမ္ပဏီဥက္ကဋ္ဌ Suri Ha Yoo နှင့်  မြန်မာနိုင်ငံ ကုမ္ပဏီ ဒါရိုက်တာ ဦးခင်မောင်ဝင်းတို့က မွန်ပြည်နယ်၏ သမိုင်းဝင် ကျိုက်ထီးရိုး စေတီတော်သို့ အသက်အရွယ် ကြီးသူများ သက်သောင့်သက်သာဖြင့် ဘုရားဖူးနိုင်ရန်အတွက် ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတွင် Cable Car ပြေးဆွဲရေး လုပ်ငန်းကို လုပ်ကိုင်လိုကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရန် အတွက် မြေပြင်၊ တောင်တက်လမ်း အခြေအနေ ဖြစ်နိုင်ခြေများကို ပထမအကြိမ် သွားရောက် ကြည့်ရှုပြီး ဖြစ်ပါကြောင်း၊ ရသေ့တောင် စခန်းမှ ရင်ပြင်တော်အနီးအထိ ဖြစ်နိုင်ခြေ လမ်းများ သွားရောက်ကြည့်ရှုပြီး ဖြစ်ကြောင်း၊ ထပ်မံ၍လည်း လေးကြိမ် သွားရောက်ပြီး အဖြစ်နိုင်ဆုံး နေရာများမှ ဆောင်ရွက်မည် ဖြစ် ပါကြောင်း၊  ကျိုက်ထီးရိုး တောင်တော်အလှနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း၊ Cable Car လမ်းဖြစ်ပါက ပြည်တွင်း ပြည်ပမှ ဘုရားဖူး ဧည့်သည်များ လာရောက် နိုင်ပါကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ခွင့်ပြုပေးနိုင်ပါရန် တင်ပြလိုကြောင်းများကို ပြောကြားသည်။  မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များက Cable Car ပြေးဆွဲရေးကို မူအားဖြင့် သဘောတူ ပါကြောင်း ကျိုက်ထီးရိုး တောင်တော်အလှ မပျက်စီးစေရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်လည်း အရေးကြီးပါကြောင်း၊ ပြည်တွင်းပြည်ပမှ သက်ကြီးရွယ်အို၊ ရဟန်းသံဃာတော်များနှင့် ပြည်သူများ သက်သောင့်သက်သာ သွားနိုင်မည်ဖြစ်၍ လိုအပ်ပါကြောင်း၊ ရသေ့တောင် စခန်းမှ ရင်ပြင်တော် အနီးအထိ ဖြစ်၍ အဆင်ပြေမည် ဖြစ်ပါကြောင်း၊ MIC နှင့် သက်ဆိုင်ရာ ဌာနများသို့လည်း ခွင့်ပြုချက်တင်ရန် လိုအပ်ပါကြောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ရောက်ရှိပါက တင်ပြပေးမည်ဟု ပြောကြားကြောင်း သိရသည်။

ကျည်ဆန် သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသားကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီလ ၂၆ ရက် ည ၇ နာရီခန့်က စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ Jet Star လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာသော၊ ကျည်ဆန်များ သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ပြင်သစ်နိုင်ငံသား Mr.Briano Florent Jean Marine ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ ခရီးဆောင် လက်ဆွဲအိတ်ကို X-Ray စက်ဖြင့် စစ်ဆေးရာမှ 7mm Remington Mag ကျည်ခုနစ်တောင့်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျည်ဆန်တွေမိတဲ့ ပြင်သစ်နိုင်ငံသားက အလည်ဗီဇာနဲ့ လာတာ။ ခွင့်ပြုချက် မရှိဘဲ ကျည်ဆန် ကိုင်ဆောင်ပြီး ဝင်လာတာကြောင့် ပြင်သစ်သံရုံးကို သတင်းပေးပို့ထားပြီး ရဲတပ်ဖွဲ့က လတ်တလော စစ်ဆေးနေတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေကြောင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ခွင့်ပြုချက်မရှိဘဲ ကျည်ဆန်များ ယူဆောင်လာသော ပြင်သစ်နိုင်ငံသားကို မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၁၀၁/၁၄၊ ၁၈၇၈ ခုနှစ် လက်နက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly


အမျိုးသမီးများကို မိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်ဟု အော်ရီဒူးဆို


အော်ရီဒူးက နိုင်ငံတကာရှိ ၎င်းတို့ ဈေးကွက်ရှိရာ နိုင်ငံများတွင် အကောင်အထည် ဖော်နေပြီး အောင်မြင်မှု ရနေသည့် “m Women” ခေါ် မိခင်နှင့် ကလေး၊ အမျိုးသမီး စောင့်ရှောက်ရေး မိုဘိုင်းလ် ဝန်ဆောင်မှုကို မြန်မာနိုင်ငံသို့ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အော်ရီဒူး မြန်မာ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။

အော်ရီဒူး မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်ရှိရာ အင်ဒိုနီးရှား၊ ကာတာ၊ အီရတ်နှင့် အယ်လ်ဂျီးရီးယား နိုင်ငံများတွင် အောင်မြင်လျက် ရှိသော အဆိုပါ “m Women” အစီအစဉ်သည် မိုဘိုင်းလ် ဆက်သွယ်ရေး နည်းပညာဖြင့် အမျိုးသမီးထုကို အထောက်အပံ့ ပြုနိုင် သောကြောင့် အော်ရီဒူး၏ နောက်ဆုံး ဈေးကွက် ဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း အော်ရီဒူး မြန်မာ၏ ဝန်ဆောင်မှုများ ပေးသည်နှင့် စတင် မိတ်ဆက်မည် ဖြစ်ကြောင်း အော်ရီးဒူး မြန်မာက ကြေညာထားသည်။

“အမျိုးသမီးထု လိုအပ်သမျှ ဆီလျော်တဲ့ သတင်း အချက်အလက်တွေကို စိတ်တိုင်းကျ၊ လိုအပ်သလို ရရှိနိုင်စေဖို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပါဝင်မယ့် အကြောင်းအရာ ထည့်တာတွေကို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ အထင်ကရ Developer တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မြန်မာ့လူမှု ဘဝတွေထဲက အဓိက အရေးအကြီးဆုံး ပြဿနာတွေကို အဓိကထားပြီး ထိပ်ဆုံးက ဖြေရှင်းမယ့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးသွားဖို့လည်း ရှိပါတယ်”ဟု Ross Cormack က ဆိုသည်။

ယင်းအစီအစဉ်ကို အော်ရီဒူးနှင့် GSMA လူမှုရေး အဖွဲ့အစည်း တစ်ခုတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး မိုဘိုင်းလ် ကိရိယာများမှ တစ်ဆင့် မိခင်နှင့် ကလေး၊ အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်သော သတင်း အချက်အလက်များကို အခမဲ့ လက်ခံ ရရှိစေမည့် အစီအစဉ် ဖြစ်သည်။

“m Women” အစီအစဉ်သည် အမျိုးသမီးများ အတွက် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်သည့် အပြင်၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ခံစားနေသော ဝေဒနာများ၊ ကျန်းမာရေး ပြဿနာ များကို ဆွေးနွေး မေးမြန်းနိုင်မည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရသည်။

“မိုဘိုင်းလ် ဖုန်းကနေ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးမယ် ဆိုတာကတော့ အော်ပရေတာ နှစ်ခုလုံးက ပြောထားတာပဲ။ တယ်လီနောကတော့ ဘယ်လိုလာမယ် မသိသေးဘူး။ အော်ရီဒူး လုပ်တဲ့ ပုံစံကတော့ တော်တော် ကောင်းပါတယ်။ ဘယ်လောက် ထိရောက်မှု ရှိမလဲ စောင့်ကြည့်ရမယ်။ ဒီဝန်ဆောင်မှုနဲ့ တွဲပြီး ကျန်းမာရေး လုပ်ငန်းတွေလည်း ပိုတိုးတက် လာနိုင်တယ်” ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ ဒေါ်အိအိအောင်က ဆိုသည်။

အော်ရီဒူး မြန်မာသည် မြန်မာ အမျိုးသမီး သုံးသောင်းကို အူရီးဒူး မြန်မာမိုဘိုင်း ဆင်းမ်ကတ် လက်လီ အရောင်း ကိုယ်စားလှယ်များ အဖြစ် တာဝန် ပေးသွားမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ အသေအပျောက်နှုန်းနှင့် အာဟာရ ချို့တဲ့နှုန်းများ အဆမတန် မြင့်မားနေရာ မိခင်များ၏ ကျန်းမာရေး ချို့တဲ့ မှုများကိုလည်း အလျင်အမြန် ဖြေရှင်းရန် လိုအပ်နေပြီး မီးဖွားသူ ၇၀ ရာခိုင်နှုန်းကျော်သည် ဆေးရုံ၊ ဆေးပေးခန်း မဟုတ်သော နေရာများတွင် မီးဖွား နေကြကြောင်း နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများက ဆိုထားသည်။

The Voice Weekly

တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ ရရှိတော့မည်

အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ိုင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌Outernetနည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

Ref : DailyMail
Mizzima - News in Burmese

နွေရာသီ အားလပ်ရက် ကွန်ပျူတာတန်းခွဲ သစ်များ ကျိုက်ထို MCC တွင် ဖွင့်လှစ်

နွေရာသီ အားလပ်ရက် ကွန်ပျူတာသင်တန်း တန်းခွဲသစ်များ ကျိုက်ထို MCC တွင် အပ်နှံ တက်ရောက် နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကျိုက်ထို MCC တွင် တက်ရောက်နိုင်သော သင်တန်းများမှာ -

(1) ICT Foundation Course ( အဆင့်မြင့် ကွန်ပျူတာအခြေခံသင်တန်း)
(2) Microsoft Office Course ( ရုံးသုံး ကွန်ပျူတာအခြေခံသင်တန်း)
(3) Desktop Publishing Course (DTP) ( လုပ်ငန်းသုံး စာစီစာရိုက်သင်တန်း)
(4) Advanced Excel (Software Special) (ရုံး၊ ကုမ္ပဏီ၊ ဘဏ်များ၏ စာရင်းပြုလုပ်နည်းသင်တန်း)
(5) Graphic Design Course ( ဓါတ်ပုံများ၊ ကြော်ငြာဒီဇိုင်းများ၊ ပိုစတာများ ပြင်ဆင်ရေးဆွဲနည်းသင်တန်း)
(6) Internet & E-mail Course ( ခေတ်နှင့်အညီ အင်တာနက်နည်းပညာ သင်တန်းများ)
(7) Engineering Design & Drawing Course ( ကွန်ပျူတာဖြင့် အဆောက်အဦးဒီဇိုင်းများ ရေးဆွဲနည်းသင်တန်း)
(8) Hardware Fundamental Course (A+) ( ကွန်ပျူတာစက်ပစ္စည်းဆိုင်ရာ ပြုပြင် တပ်ဆင်ခြင်းသင်တန်း)
(9) Microsoft Access 2007 (Software Special) ( ကုန်အမှာစာများ ပြုလုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် Data များ စီမံခန့်ခွဲခြင်းသင်တန်း)
(10) Adobe PageMaker 7.0 (Software Special) (ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းအတွက် စနစ်တကျ စာရိုက်ထုတ်ဝေခြင်းသင်တန်း)
(11) Corel Draw X4 (Software Special) (စတစ်ကာဒီဇိုင်း၊ ဆိုင်းဘုတ်ဒီဇိုင်းနှင့် ကနုတ်ပုံဒီဇိုင်းများ ရေးဆွဲနည်းသင်တန်း)

* ယခင်နှစ်က CIT ကွန်ပျူတာသင်တန်းဆင်းနှင့် MCC ကွန်ပျူတာသင်တန်းဆင်း သင်တန်းသား/သူများအတွက် သင်တန်းကြေး 20% Discount ပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ *

အနာဂတ်ဘဝ ခိုင်မာဖို့ MCC တွင် အပ်နှံစို့

စုံစမ်းရန် - အမှတ်(၁၂) ခရေပင်လမ်းမကြီး၊ ဇေယျာမွန်ရပ်ကွက် (စက်ကွေ့)၊ ကေသရီ (၃) လ္ဘက်ရည်ဆိုင်အနောက်ဘက်
ဖုန်း - 09-425312820, 09-425353558, 09-449249812

ကလေးများအတွက် နွေရာသီ ကွန်ပျူတာသင်တန်းများ ကျိုက်ထို MCC တွင် ဖွင့်လှစ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက်ရှိ MCC ကွန်ပျူတာသင်တန်းကျောင်းတွင် ကလေးများအတွက် နွေရာသီ သင်တန်းများ စတင် အပ်နှံ တက်ရောက်နိုင်ပါသည်။ (1.3.2014) ရက်နေ့မှစ၍ တန်းခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသက်အရွယ်နှင့် အတန်းပညာအလိုက် ခွဲခြားတက်ရောက်နိုင်ပါသည်။
- မူလတန်းအရွယ် ကလေးများအတွက် (Junior Kid) ကွန်ပျူတာအခြေခံဘာသာရပ်၊ ကွန်ပျူတာနှင့် ပုံဆွဲနည်း နှင့် အင်တာနက် အခြေခံများကိုပါ ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
- Junior Kid တက်ရောက်ပြီးသော ကလေးများအတွက် (Senior Kid) ဒီဇိုင်းဆွဲနည်းဘာသာရပ်၊ ဓါတ်ပုံပြုပြင်နည်းဘာသာရပ် အခြေခံများနှင့် အင်တာနက်နည်းပညာများအကြောင်းကို ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
- Senior Kid တက်ရောက်ပြီးသော ကလေးများအတွက် (Project Pro) ကွန်ပျူတာဖြင့် Flash သီချင်းများ ပြုလုပ်ဖန်တီးခြင်း၊ ဗီဒီယို တည်းဖြတ်နည်း အခြေခံ နှင့် MP 4 ပြုလုပ်နည်း၊ စာတန်းထိုးနည်း၊ ဓါတ်ပုံပြုပြင်နည်းဘာသာရပ် အဆင့်မြင့်ကို ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
* သင်တန်းများအတွက် (1.3.2014) ရက်နေ့မှ (10.3.2014) ရက်နေ့ထိ အပ်နှံတက်ရောက်သူများကို သင်တန်းကြေး 10% Discount ပေးသွားမှာ ဖြစ်သည့်အပြင် ယခင်နှစ်က CIT ကွန်ပျူတာသင်တန်းဆင်းနှင့် MCC သင်တန်းဆင်း သင်တန်းသား/သူများအတွက်လည်း သင်တန်းကြေး 20% Discount ပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
စုံစမ်းရန် - အမှတ် (၁၂) ခရေပင်လမ်းမကြီး၊ ဇေယျာမွန်ရပ်ကွက် (စက်ကွေ့)၊ ကေသရီ (၃) လ္ဘက်ရည်ဆိုင်အနောက်ဘက်
ဖုန်း - 09-425312820, 09-425353558, 09-449249812

MCC ကွန်ပျူတာသင်တန်းမှ ပညာဒါန အစီအစဉ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက်ရှိ MCC ကွန်ပျူတာသင်တန်းကျောင်းမှ ဆင်းရဲနွမ်းပါးပြီး ကွန်ပျူတာပညာသင်ကြားလိုသောသူများအတွက် ပညာဒါန အစီအစဉ် ပြုလုပ်ပေးပါသည်။ အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး ကွန်ပျူတာပညာကို စိတ်ပါဝင်စားသော လူငယ်လူရွယ် (၁၀) ဦးအား ပညာဒါနပြုလုပ်ပေးသည့်အနေဖြင့် သင်တန်းကြေးမပေးရဘဲ ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် မတ်လ (၁) ရက်နေ့မှ မတ်လ (၅) ရက်နေ့အထိ ဇေယျာမွန်ရပ်ကွက်ရှိ MCC ကွန်ပျူတာ သင်တန်းကျောင်းသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။

လိုအပ်သောအချက်အလက်များ
- အမှန်တကယ် ဆင်းရဲနွမ်းပါးကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ
- ပါတ်စပို့ဓါတ်ပုံ (၃) ပုံ

ဆက်သွယ်စုံစမ်းရန် - MCC ကွန်ပျူတာသင်တန်းခန်းမ
                            အမှတ် (၁၂) ခရေပင်လမ်းမကြီး၊ ဇေယျာမွန်ရပ်ကွက် (စက်ကွေ့)
               ဖုန်း     - 09-425312820, 09-425353558

Thursday, February 27, 2014

အဲပုဂံလေကြောင်း အရှုံးပေါ်ဟု ဦးတေဇ ၀န်ခံ

Thursday, February 27, 2014

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသူ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက အဲပုဂံ လေကြောင်းလိုင်း အရှုံးပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့ ပူတာအိုမြို့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

အဲပုဂံလေကြောင်းလိုင်းသည် လိုင်းစတင်ပြေးဆွဲကတည်းက အရှုံးပေါ်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်းပြည် အကျိုးအတွက် အဲပုဂံလေကြောင်းပြေးဆွဲနေခြင်းဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲသော ဒေသများအထိ ပျံသန်း လျက်ရှိကြောင်း၊ ကျန်းမာရေးမကောင်းမွန်သော လူနာများကို အခမဲ့ လေယာဉ် ဖြင့် သယ်ဆောင်မှုများ လုပ်ဆောင်ပေးကြောင်း ဦးတေဇက ဆိုသည်။

“အဲပုဂံ မြတ်နေလား၊ မမြတ်နေလား ဆိုတာ Account တွေ Team တွေ ဖွဲ့လိုက်ပါ၊ Audit (စာရင်းစစ်) လုပ်ပါ၊ ပွင့်လင်းမြင်သာမှု ရှိရှိ အစစ်ခံဖို့ ခွင့်ပြုပေးမယ်၊ စကတည်းက ရှုံးနေတာ၊ National Services လုပ်နေတာ၊ ဒီလို နေရာမျိုးမှာ ကြိုက်တဲ့သူ မေးပါ၊ ဘယ်သူမှ မပျံသေးဘူး၊ ကလေးမြို့လိုမျိုး ဘယ်သူ ပျံလဲ၊ လူနာ အလကား တင်တာ အဲပုဂံ တခုပဲ ရှိတာ၊ ကြိုက်တဲ့သူကို သွားမေးလိုက်ပါ´´ဟု ဦးတေဇက ဆိုသည်။

လတ်တလော မြန်မာနိုင်ငံ၏ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာ နိုင်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်တွင်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအတွက် အားသာချက် နည်းပါးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုထက် ပိုမိုကြိုးစားရန် လိုအပ်ကြောင်း၊ ၊ မြန်မာနိုင်ငံတွင် ချမ်းသာကြွယ်ဝနေသော စီးပွားရေးလုပ်ငန်းရှင် အများစုသည် ကျောက်စိမ်းနှင့် မကင်းဘဲ လုပ်ငန်းအများစု၏ ၇၅ ရာခိုင်နှုန်းသည် ကျောက်စိမ်းက ရရှိသော အရင်းအနှီးများဖြင့် စတင်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ကျောက်စိမ်း ဈေးကွက်သည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရခြင်းကိုလည်း သဘောမတွေ့ ဟု ဦးတေဇက ဆိုသည်။

“မြန်မာပြည်ရဲ့ ရှိသမျှ ဘဏ်လုပ်ငန်းတွေ၊ ဟိုတယ် လုပ်ငန်းတွေ၊ ရှိသမျှ စက်ရုံတွေ အကုန်လုံးမှာ ရင်းနှီး ထားတဲ့သူတွေ အကုန်လုံးဟာ ကျောက်စိမ်းကနေ ရတဲ့ ပိုက်ဆံနဲ့ ရင်းနှီးထားတဲ့ သူက အများဆုံးပါ၊ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆို ၇၅ လောက် ထိရှိမယ်၊ ကျောက်စိမ်း ဈေးကွက် ဒီနေ့ ကောင်းပါတယ်၊ ဒါပေမယ့် ကျောက်စိမ်း ဆိုတာက တရုတ် အပေါ်ပဲ အဓိက မူတည် နေတယ်၊ ဒါကိုတော့ သိပ်မကြိုက်ဘူး”ဟု ပြောသည်။

ဦးတေဇသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူလည်းဖြစ်သည်။

ကချင်ပြည်နယ်၊ ပူတာအို ဒေသတွင် ဧက ၃၀၀၀၀၀ ခန့် ရှိသည့် တောင်ပေါ် သစ်တောများတွင် သစ် ထုတ်လုပ်ခွင့် နှင့် ပူတာအို မြောက်ပိုင်းရှိ မလိခ မြစ်ကမ်းပါးတွင် ရွှေ တူးဖော်ရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြေဧက ၆၀၀၀၀၀ ခန့် ရရှိထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော ဦးတေဇက ပူတာအိုဒေသ ဖွံ့ဖြိုးရေးနှင့်လျှပ်စစ် မီးရရှိရေး ကျပ်သိန်းပေါင်း ၅ သောင်း အကုန်ကျခံ ပံပိုးကူညီမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ဆောင်ရန် ခွင့်ပြုချက်ရရှိထားပြီးဟု ပြောဆိုသည်။

စစ်အစိုးရလက်ထက်တွင် ချမ်းသာကြွယ်ဝခဲ့သူ ဦးတေဇက ယခင်စစ်အစိုးရခေတ်က အရာရှိအဖြစ် ရှိခဲ့သူများကိုယ်တိုင် ၎င်းကို ခရိုနီဟု ခေါ်ဝေါ် သုံးစွဲနေကြပြီး ယခင်က စည်သူဘွဲ့၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရ စည်သူဝဏ္ဏကျော်ထင်တေဇသည် ခေတ်ပြောင်းလဲလာချိန်တွင် ခရိုနီ တေဇဟု အခေါ်ခံရကြောင်း၊ ယင်းသို့ စစ်အရာရှိဟောင်းများကိုယ်တိုင် ခရိုနီဟု ခေါ်ဆိုမှု အပေါ် မခံစားနိုင်ဟု ပြောဆိုသည်။

“ဒီဘက်ခေတ် ပြောင်းလာတယ်၊ပြောင်းတဲ့ အချိန်မှာ သူတို့လဲ ပြန်ပြီး ၀န်ကြီးတွေ ဖြစ်ကြတယ်ပေါ့၊ အပြင်လူတွေ ခရိုနီ ပြောတာ ကိုယ်တို့ လက်ခံ သေးတယ်၊ သူတို့တွေ ကိုယ်တိုင် ပြောတာကြ ခံစားလို့ မရဘူး။ အရင် အစိုးရ လက်ထက်မှာ အကို့ကို စည်သူဘွဲ့ ပေးခဲ့ပါတယ်၊ ၀ဏ္ဍကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်၊ ခေတ်တခေတ် ပြောင်းသွားတယ်၊ ဒီလူတွေပဲ၊ စည်သူဝဏ္ဍ ကျော်ထင်တေဇ မှသည် ခရိုနီ တေဇ ဖြစ်သွားတဲ့ အချိန်မှာ ဒီနှစ်ခုကို ဘာလုပ်ရင် ကောင်းမလဲ ထိုင်စဉ်းစားနေတာ၊ အဲ့ဒီနှစ်ခုကို အကိုက ဘယ်နား သွားထား ရမှန်းကို မသိဘူး”ဟု ဦးတေဇက ဆိုသည်။

အမေရိကန်အစိုးရက ဦးတေဇကို စစ်အစိုးရအတွက် ရုရှားနိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအ၀င် စစ်လက်နက် ပစ္စည်းများ ၀ယ်ယူမှုများနှင့်ဆက်စပ်၍ ၂၀၀၈ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။

ဧရာဝတီ

ပူတာအိုတွင် သတင်းထောက်များနှင့် တွေ့ဆုံနေသော ဦးတေဇ (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)

မြန်မာစစ်တပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ပွဲ

ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြည်း၊ လေ၊ အမြောက်နဲ့ သံချပ်တပ် ပူးပေါင်းစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှု တရပ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တယ်လို့ သမ္မတ ပြောခွင့်ရှိသူက ပြောပါတယ်။ အခုလို စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ပြည်သူကို ပေးသိတာဟာ စစ်အစိုးရလက်ထက် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်နက်ကိုင်တွေနဲ့ အပြီးတိုင် ငြိမ်းချမ်းရေး မရသေးတဲ့အချိန်မှာ အခုလို စစ်ရေးလေ့ကျင့်မှုတွေ လူသိရှင်ကြား လုပ်ပြတာဟာ တိုင်းရင်းသားတွေအတွက် စိုးရိမ်စရာလို့ ယူဆနိုင်တဲ့သဘောမျိုး ဖြစ်တယ်လို့လည်း မြန်မာ့အရေး လေ့လာ အကဲဖြတ်တွေက ပြောကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့တဲ့ နေရာကတော့ မြန်မာနိုင်ငံအလယ်ပိုင်း တနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ စစ်ရေးလေ့ကျင့်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ပရန်က ကာကွယ်နိုင်ဖို့နဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာအဆင့်မှီ စစ်တပ်ဖြစ်အောင် လေ့ကျင့်တဲ့သဘော ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ ပူးပေါင်းတဲ့ စစ်ရေးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့တာကတော့ ကျနော်တို့ မြန်မာပြည် အလယ်ပိုင်းမှာဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးကို ဆောင်ရွက်တာကတော့ ဒီကနေ့ တပ်မတော်ကို ကျနော်တို့က နိုင်ငံတကာ အဆင့်မှီတဲ့ standard army တခုအဖြစ် ကျနော်တို့က တည်ဆောက်နေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့နိုင်ငံမှာ အရင်တုန်းကတော့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ တိုက်ပွဲတွေပဲ ကျနော်တို့က လုပ်နေခဲ့ရတဲ့အတွက်ကြောင့် ဒီလိုမျိုး သမားရိုးကျ စစ်ရေးလေ့ကျင့်ခန်းတွေကို ကျနော်တို့က ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးပေါ့။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ တနှစ်၊ နှစ်နှစ်ကမှ စပြီးတော့မှ တပ်မတော်အနေနဲ့ ဒီလို လေ့ကျင့်ခန်းတွေကို ဆောင်ရွက်တာပါ။ ဒါက ကျနော်တို့က ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာ မဟုတ်ပါဘူး။ အဓိကကတော့ ကိုယ့်တပ်မတော်ဟာ နိုင်ငံတကာ တပ်မတော်တွေ ဆင်နွှဲတဲ့ သမားရိုးကျ စစ်ဆင်ရေးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိအောင် လေ့ကျင့်တာပဲ ဖြစ်ပါတယ်။”

မြန်မာစစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို နိုင်ငံပိုင် ရုပ်သံလိုင်းတွေနဲ့ အစိုးရ သတင်းစာတွေမှာလည်း ခမ်းခမ်းနားနား ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကတော့ စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှု အပါအ၀င် တပ်မတော်ရဲ့ ဆောင်ရွက်ချက်ကို ပြည်သူသိသင့်တဲ့ အတိုင်းအတာမျိုးထိ သတင်းတွေ ထုတ်ပြန်ခွင့်ရှိလာတာလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

“အခုအချိန်မှာတော့ တပ်မတော်က ကျနော်တို့ သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဘူးဆိုရင် ပြည်သူတွေကို တတ်နိုင်သမျှ အသိပေးပြီးတော့မှ လုပ်ဆောင်မယ်ဆိုတဲ့ မူဝါဒအရ အခု ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ခဲ့တယ်လို့ ပြောလို့ရပါတယ်။”

စစ်ရေး လေ့ကျင့်ခန်းတွေမှာတော့ တပ်မတော်လေက ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေက ရန်သူ့ပစ်မှတ်ကို ကြိုတင်ချေမှုန်းတာ၊ လက်နက်ကြီးတပ်တွေနဲ့  သံချပ်ကာတပ်တွေ ပူးပေါင်းပြီး ရန်သူကို ချေမှုန်းတာနဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာကို ရုပ်သံလိုင်းတွေမှာ ပြသခဲ့သလို youtube မှာလည်း ဗွီဒီယိုဖိုင်တွေ တင်ထားတာကို တွေ့ရပါတယ်။

စစ်မြေပြင်လို အတွေ့အကြုံတွေ ရဖို့နဲ့ မိမိတို့ ပိုင်ဆိုင်ထားတဲ့ လက်နက်တွေကို ထိထိရောက်ရောက်သုံးနိုင်ဖို့ လက်တွေ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရတာ ဖြစ်တယ်လို့လည်း စစ်ရေးလေ့ကျင့်မှု အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်က ပြောဆိုတာကို အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဒုံးလက်နက်တွေ၊ သံချပ်ကာ ကားတွေနဲ့ လေကြောင်း ပြသမှုတွေ လုပ်ဆောင်ခဲ့ချိန်တုန်းက တိုင်းရင်းသား လက်နက်ကိုင်တွေက မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အပြီးတိုင် မရသေးတဲ့ အခုလိုကာလမှာ မြန်မာစစ်တပ်အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ပြတာဟာ တိုင်းရင်းသားတွေ အပါအ၀င် လက်နက်ကိုင်တွေအတွက် စိုးရိမ်စရာ အနေအထား ဖြစ်နိုင်သလို၊ နိုင်ငံရေးပြတဲ့ သဘောမျိုး ယူဆနိုင်တယ်လို့လည်း မြန်မာ့အရေး လေ့လာသူတွေက ပြောဆိုနေကြတာပါ။

စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး သုံးသပ်လို့ရပေမဲ့ အခု ဒီတကြိမ် စစ်ရေးလေ့ကျင့်တာဟာ လက်နက်ကိုင် တိုင်းရင်းသားတွေကို ခြိမ်းခြောက်တဲ့ ပုံစံ ဒါမှမဟုတ် နိုင်ငံရေး ပြတဲ့ သဘောမျိုးတော့ ဖြစ်နိုင်မဲ့အနေအထား မရှိဘူးလို့ ယူဆတဲ့အကြောင်း မြန်မာ့အရေး လေ့လာအကဲဖြတ် ဦးဘိုဘိုကျော်ငြိမ်း က ပြောပါတယ်။

“ဘယ်လို interpret လုပ်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ သဘောက ဟုတ်လား အစိုးရကတော့ အင်အားပြတယ်လို့ ယူဆလို့ရတယ်လို့ သံသယရှိရင် အစိုးရက အင်အားပြတယ်လို့ ယူဆမှာပဲ။ နိုင်ငံရေးအရ ကြည့်ပြန်ရင်လည်း ဟုတ်လား သူတို့ အသာရအောင်လို့ အင်အားပြတယ်လို့ ဒါ ယူဆလို့ရတာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ ဒီဟာကို ကျင့်တာက စွမ်းရည်တက်အောင် ကျင့်တာကိုး။ သို့သော် စွမ်းရည် တက်တယ်ဆိုတာက ခုနက နိုင်ငံရေးအရ အင်အားပြတယ် ဆိုတာကတော့ တွေးချင်သလို တွေးလို့ရတယ်။ ဒါက သံသယအပေါ်မှာ မူတည်တယ်။ သို့သော် ဒီလိုလေ့ကျင့်တဲ့ဟာကတော့ စစ်တပ်က တပြည်နဲ့တပြည် တိုက်ဖို့အတွက် လေ့ကျင့်တာနဲ့ ပိုဆိုင်တယ်။ လက်နက်ကိုင်နဲ့ တိုက်တယ်ဆိုတာက ပြည်တွင်းပေါ့။ ပြည်တွင်း လက်နက်ကိုင်အချင်းချင်း တိုက်တယ်ဆိုတာက တကယ်တမ်းကျတော့ ကြည်းတပ်နဲ့ပဲ တိုက်ရတာ။ ကျန်တာတွေ ဘာမှ သိပ်မလိုဘူး။”

အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ရဲ့ တုံ့ပြန်ချက်ကတော့ -

“ဘယ်နိုင်ငံမှာမဆို သမားရိုးကျ စစ်ရေးလေ့ကျင့်ခန်းတွေဟာ အဲ့ဒီနိုင်ငံက တပ်မတော်တွေမှာ မဖြစ်မနေ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းပဲ။ တနည်းအားဖြင့်ပြောရင် သင်တန်းလိုဟာမျိုး၊ သင်တန်းသဘောပါပဲ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်္ကာပူ နောက်တခါ အိန္ဒိယဆိုတဲ့ နိုင်ငံတွေမှာလည်း ဒီလို လေ့ကျင့်ခန်းမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလေ့ကျင့်ခန်းမျိုး လုပ်ခြင်းသည် တပ်မတော်တရပ်မှာ သမားရိုးကျ ပုံမှန် လုပ်ဆောင်ရတဲ့ လုပ်ငန်းတခုပဲဖြစ်တယ်။ ဒါဟာ ကျနော်တို့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ဘာမှ ထိခိုက်စရာအကြောင်း မရှိပါဘူး။”

မြန်မာစစ်တပ်ရဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှု အခမ်းအနားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ ကြည်း၊ ရေ၊ လေ ကာချုပ်တွေ၊ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ကျောင်းအုပ်ကြီးတွေ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အရာရှိတွေလည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။


Wednesday, February 26, 2014

အများပြည်သူသုံး တယ်လီဖုန်းများကို နိုင်ငံတကာ နည်းတူ IT Chip Card များ အသုံးပြု လုပ်ဆောင်မည်

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုလျက် ရှိသည့် အများပြည်သူသုံး တယ်လီဖုန်းများကို နိုင်ငံတကာ နည်းတူ IT Chip Card များ အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ IT Chip Card သည် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး နေပြည်တော်၌ စတင် လုပ်ကိုင်လျက် ရှိပြီး ရန်ကုန်မြို့တွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပ ကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်း ကုမ္ပဏီများလည်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''အများပြည်သူသုံး တယ်လီဖုန်းတွေ အားလုံးမှာ လုပ်နိုင်ဖို့ ဆောင်ရွက် နေတာပါ။ နောက်တစ်ခုက ဒီစနစ် ပြောင်းလဲလိုက်ရင် အဲဒီမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အလုပ် လက်မဲ့ ဖြစ်သွားကြ မှာကို ထည့်စဉ်းစားပြီး ဆောင်ရွက်နေတာပါ'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်မှလည်း ၂ဝ၁၄ ခုနှစ် ဧပြီမှ စတင်၍ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ များ၌ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်ရေး အတွက် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၅ သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ တယ်လီဖုန်းနှင့် အင်တာနက် အသုံးချနိုင်မှုသည် ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး အဆင့်တွင် ရှိနေသေးကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ်မိုဘိုင်းလ် ဖုန်းဆင်းကတ် အနည်းဆုံး သုံးသိန်းခွဲကို ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု စနစ်များ ကောင်းမွန်မှု ရှိစေရန် အတွက် နိုင်ငံတကာ နည်းတူ အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ကို သမ္မတကိုယ်တိုင် မျိုးစောင့်ဥပဒေတင်ပြီ

အမျိုးဘာသာ သာသနာကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် နိုင်ရေး အတွက် ပြဌာန်း ပေးရန် ဥပဒေ ၄ ရပ် အား နိုင်ငံတော် သမ္မတ မှ လွှတ်တော် အား တောင်းဆို
၁။ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ
၂။ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ
၃။ တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ
၎။ လူဦးရေ တိုးပွားနှုန်း ထိန်းညိုခြင်း ဆိုင်ရာဥပဒေ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉၈ အရ ပြည်ထောင်စု လွှတ်တော် သို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ၏ တိုက်တွန်းချက်ကို ပေးပို့ပါသည်...
(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ

ပန်းဂေါ်ဖီစိမ်းကို စားသုံးကြသော သူများအတွက် ပန်းဂေါ်ဖီစိမ်းမှ ရရှိသည့် အကျိုးကျေးဇူးများ

(၁) ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

(၂) စိတ်ဓာတ်ကျ ရောဂါအတွက်လည်း ကောင်းမွန်ပါတယ်။

(၃) အရိုးကိုလည်း သန်မာစေနိုင်ပါတယ်။

(၅) သွေးတိုးရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။

(၆) အသားအရေ ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၇) နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) အဆီကိုလည်း လျော့ချပေးနိုင်ပါတယ်။


Saturday, February 22, 2014

ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် အောင်မင်္ဂလာ ကျူးကျော်ဆောက်လုပ်နေထိုင်မှု သက်ဆိုင်ရာ လူကြီးမင်းများ ကူညီဆောင်ရွက်ဖြေရှင်းပေးပါရန်

ကျိုက်ထိုမြို့နယ် ကံကော်ရပ်ကွက် အောင်မင်္ဂလာတွင် ရပ်ကွက်လမ်းမြေပေါ် ကျူးကျော်နေထိုင်ပြီး လမ်းနှင့်ရေဆင်းမြောင်း ပိတ်ဆို့မှုဖြစ်ပွားနေသည်ကို သက်ဆိုင်ရာမှ
လူကြီးမင်းများ ကူညီဆောင်ရွက်ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။ အောင်မင်္ဂလာတည်ထောင်ခဲ့စဉ်ကတည်းက (၄) လမ်း၊ (၅) လမ်းများသည် အရှေ့ဘက်ခြမ်းသို့ ထွက်ပေါက်လမ်းများ ဖြစ်ပါသည်။
ကျိုက်ပေါလောဘုရားလမ်းဘက်သို့ ထွက်ရန်လမ်းကြားတစ်ခုနှင့် မဟာမုနိဘုရားသို့ထွက်ရန် ဝါးကျောင်းအနောက်ခြံစည်းရိုးကြားမှ (၁ဝဝ' × ၃၅' ) ခန့်ရှိ မြေကို ရှေးလူကြီးများမှ သတ်မှတ်ပေးထားခဲ့ပါသည်။
လွန်ခဲ့သောနှစ်မှစ၍ ထိုမြေပေါ်တွင် မိသားတစ်စုမှ ကျူးကျော်ဝင်ရောက်ပြီး အိမ်ဆောက်ခြံကာ၍ နေထိုင်ခြင်းပြုသည့်အပြင် ယခုအခါ ၎င်းမိသားစု၏ အိမ်ထောင်ကွဲ သားသမီးများမှပါ ထပ်မံကျူးကျော်လာပြီး အုတ်ဝင်းနံရံများ
ခတ်ကာ မဟာမုနိဘုရားနှင့် ဝါးကျောင်းဘေးမှ ရေဆင်းမြောင်းကို (၆)လမ်းထိပ်မှ ပိတ်ကာပြီး၊ ရေမြောင်းကို ကွန်ကရစ်ခင်းပြီး ပိတ်ဆို့ထားပါသည်။ ဤလမ်းကို အရေးကိစ္စအကြီးအငယ် ပေါ်ပေါက်လာခဲ့ပါက ထွက်ပေါက်လမ်းအဖြစ် အသုံးပြုရမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ကျူးကျော် ဆောက်လုပ်နေထိုင်ခြင်းသည် ထွက်ပေါက်လမ်းကို ပိတ်ဆို့ထားခြင်းဖြစ်သဖြင့် မီးရေးထင်းရေး ပေါ်ပေါက်လာပါက အခက်အခဲဖြစ်နိုင်ပါသဖြင့် သက်ဆိုင်ရာ လူကြီးမင်းများမှ ကူညီဆောင်ရွက် ဖြေရှင်းပေးပါရန် တင်ပြရခြင်း ဖြစ်ပါသည်။
ရပ်ကွက်ပြည်သူများမှ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ တင်ပြသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်စစ်ဆေးခဲ့ပါသည်။ (၁ဝ.၁.၂၀၁၄)ရက်နေ့တွင် မြို့နယ်စည်ပင်မှ ရေမြောင်းပိတ်ဆို့မှုအား ဖျက်သိမ်းပေးရန် ကျူးကျော်သူများအား ပြောကြားခဲ့ပါသည်။ ကျူးကျော်သူများမှ လုပ်ငန်းရပ်နားခြင်းမရှိဘဲ ဝင်းခြံများ ဆက်လက်ကာရံနေခြင်း၊ ပတ်ဝန်းကျင်ရှိ လူများအား စောင်းချိတ်ပြောဆို ကြိမ်းမောင်းနေခြင်းများကြောင့် ရပ်ကွက်ရာအိမ်မှူး
ဦးဌေးဝင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ပြဿနာမကြီးထွားအောင် ဖြေရှင်းပေးပါရန် တင်ပြခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိပါ။
ဤကိစ္စသည် ရေရှည်တွင် မလိုလားအပ်သော အကြမ်းဖက်ခိုက်ရန်ကိစ္စများ ဖြစ်ပွားလာမည်မှာ သေချာပါသည်။ လစ်လျူရှုမနေသင့်ပါ။ တစ်ဖက်နှင့်တစ်ဖက် ကြီးမားသော ရန်ပွဲများ ဖြစ်လာနိုင်ပါသည်။ ဤကိစ္စကို
တာဝန်ရှိသူ လူကြီးမင်းများကိုယ်တိုင် ကွင်းဆင်းစစ်ဆေးဖော်ထုတ်၍ မဖြစ်သင့်မဖြစ်ထိုက်သော ပြဿနာများ မဖြစ်ပေါ်လာအောင် စိစစ်ပြီး အမှန်အတိုင်း ဖြစ်အောင် ပြတ်ပြတ်သားသား ဖြေရှင်းပေးပါရန် ရပ်ကွက်နေပြည်သူလူထုမှ တင်ပြအပ်ပါသည်။
ကျူးကျော်ဆောက်လုပ်နေထိုင်မှုကိုလည်း ပုံနှင့်တကွ တင်ပြအပ်ပါသည်။

Sunday, February 16, 2014

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

ကျိုက်ထို                                                                         15/2/2014

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို 15/2/2014 ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မြို့နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော အစိုးရအရာရှိများ၊ ကျိုက်ထိုမြို့နယ်တွင်း ပါတီဝင်များမှ ဧည့်သည်တော်များ၊ နိုင်ငံခြားသားများ၊ ရပ်မိရပ်ဖများ၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသား/သူများနှင့် အခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မွန်အမျိုးသားနေ့ ကျင်းပရေး ဥက္ကဌ ဦးနိုင်ဌေးအောင်မှ မွန်အမျိုးသားနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက်လမ်းစဉ်များကို ဖတ်ကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များကို ကျေးဇူးတင်စကားပြောကြားကာ
အခမ်းအနားကို ည (၈) နာရီကျော်ခန့်တွင် ကျိုက်ထိုမြို့နယ်ခန်းမ၌ စတင်ကျင်းပခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား မွန်တိုင်းရင်းသား အကများ၊ အပျိုတော် အက၊ ရိုးရာ ဟင်္သာအကများဖြင့် ကပြ ဖျော်ဖြေခဲ့ကြပြီး မွန်တိုင်းရင်းသား
အစားအစာများဖြင့်လည်း တည်ခင်းဧည့်ခံခဲ့ကြပါသည်။ မွန်အမျိုးသားနေ့အခမ်းအနားကို ည (၁၁) ကျော်ခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Thursday, February 13, 2014

ပြည်ထောင်စုနေ့ အခမ်းအနားအား ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင်ကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် NLD ရုံးတွင် မွန်တိုင်းရင်းသား အကများဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဂုဏ်ပြု ယှဉ်ပြိုင်နေကြစဉ်

ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ရှမ်းတိုင်းရင်းသားအကဖြင့် အကောင်းဆုံးဆုရရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင်ပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာမှ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနား တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲတွင် ရှမ်းအိုးစည်နှင့် ရှမ်းတိုင်းရင်းသားရိုးရာ အကဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ အကောင်းဆုံးဆု ကို အောင်မြင်စွာ ရရှိခဲ့ပါသည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုဆုတောင်း

လူငယ်များ အတွက် ဗိုလ်ချုပ်၏ သြဝါဒ

 ၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ညတွင် တိုင်းပြည်သို့ နှစ်သစ်ကူး မိန့်ခွန်း ပြော ကြားရာ၌ ဗိုလ်ချုပ်အောင်ဆန်း သည် လူငယ်များ အတွက် အောက်ပါ သြဝါဒကို ထည့် သွင်းမြွက် ကြားခဲ့၏။

”နောက်ပြီးတော့ ကာ တိုင်းပြည် မှာရှိတဲ့ လူငယ်စုကို ကျွန်တော် စကား ပြောပြ လိုတယ်။ ဒီ လူငယ်စုတွေဟာ တော်လှန်ရေး စကားတွေ တော်တော် များများပြော ပြီး နေကြတယ်။ တော်လှန် ရေး ဆိုတာ ဘယ်ဟာ ကိုတော်လှန်ရေး ဆိုတာ သေသေချာချာ လေ့လာဖို့ လို တယ်။ အခုလို အခါမျိုး မှာ ဗမာပြည်လို တိုင်းပြည် မျိုးမှာမို့လို့ လူငယ်တွေ ဟာ တော်တော် တိုးတက်နေနိုင်တာပဲ။ အိန္ဒိယ မှာဆိုရင် လူငယ်တွေ ဟာ ဒီလို အခြေအနေ မျိုးရောက်ဖို့ အင်မတန် ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲ- လူကြီးတွေ က လူငယ် တွေထက် အရည်အချင်း အတော် အတန် ရှိနေတော့ တိုး မဖောက်နိုင်တဲ့ အခြေ အနေ ရှိတယ်။ အခု လူငယ်တွေ မြန်မာ ပြည်ရဲ့နိုင်ငံရေး မှာ ထိပ်သီး ထိပ်တန်း ရောက်နေတယ် ဆိုတာ လူငယ်တွေ သိပ် တော်လို့ မဟုတ်ဘဲ လူကြီးတွေ သိပ်ညံ့ လို့ဆိုတာကို သိဖို့လိုတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကို သိပ် အထင်ကြီး ဖို့ မလိုဘူး။ အခုနေအခါမျိုး မှာ ကျုပ်တို့ နားမလည်တဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်။ အဲဒီတော့ နား မလည်တာတွေကို နား လည်အောင် လုပ်ပါ။ တတ်ယောင်ကား နဲ့တော်လှန်ရေး စကားတွေချည်း တွင်တွင်သုံးပြီး နောက် ဆုံး တော်လှန်ရေး လည်း ဘာမှ မဖြစ်ဘူး။ ဒီတော့ ဒါမျိုးကို ရှောင်ဖို့ လိုတယ်။ ဒီတော့ကာ အခုတိုင်းပြည် ပြန်လည် ထူ ထောင်ရေး နဲ့ လွတ်လပ်ရေးတွေ ကို လုပ်တဲ့ လုပ်ငန်းတွေမှာ စကား သိပ်များ များ မပြောဘဲနဲ့ အလုပ် တွင်တွင်ကျယ် ကျယ် လုပ်နိုင်အောင် ကြိုးစားဖို့ လို တယ်။

ဗမာပြည်မှာ ဆိုရင် လူငယ်တွေ ဟာ တစ်ယောက်တည်း အပြေးပြိုင်နေ ရတဲ့ သူတွေလို ပြိုင်ဘက်မရှိဘဲ အပြေး ပြိုင်နေရတာပဲ။ အဲဒီလို ပြိုင်ဘက် မရှိဘဲ အပြေးပြိုင်နေ ရတဲ့ အထဲက ပန်း တိုင်ကို မရောက်နိုင်လို့ ရှိရင် ငါတို့ တစ်တွေကို ရန်သူက ထခြေထိုး လို့ မဟုတ်ဘဲနဲ့ ငါတို့ ရှော်လို့သာ ဆိုတာ သိရမယ်။

ကျွန်တော် ဒါတွေကို ပြောနေရ တာလည်းပဲ ရှေ့ကို ဗမာပြည်ရဲ့ အရေး ကို လိုလားလို့ ပြောနေရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဖို့မှာ ဆိုရင် ဗမာပြည် လွတ်လပ်ရေး ရတဲ့ တစ်နေ့မှာ ကျွန်တော် နိုင်ငံရေးက ထွက်ချင် ထွက်မှာပဲ။ ထွက်ဖို့ လည်း စိတ်ကူးနေတယ်။ အဲဒီတော့ ကျွန်တော် အတိအလင်း ပြောချင်တာက ဗမာပြည်က လူငယ်တွေ ဟာ အရမ်းမဲ့ အထင်ကြီး ပြီးတော့ကာ ကိုယ့် တာဝန်တွေ ကို မလုပ်ဘဲနဲ့၊ စကားများ မနေဘဲနဲ့ မိမိတို့ နောင်ရေးကို မျှော်တွေးပြီး ဗမာ ပြည်ရဲ့ အကျိုးကို တကယ် လိုလားတယ် ဆိုရင် လူငယ်တွေဟာ တော်လှန်ရေး စကား တွေပြော တာ လျှော့ပြီးတော့ တော်လှန်ရေး ရဲ့ တကယ် အလုပ်ကို လုပ်ကြစမ်း ပါဆို တာ ပြောခဲ့ ချင်တယ်”။

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ဗမာ နိုင်ငံ လူငယ်များ အစည်းအရုံး ပြန်လည် ဖွင့်လှစ်ပွဲတွင် ဗိုလ်ချုပ်အောင် ဆန်း က ‘လူငယ်တွေ ဘာလုပ် သင့်သလဲ’ ဟူသော ပြဿနာ အတွက် အောက်ပါ အတိုင်း သြဝါဒ မိန့်ခွန်း မြွက်ကြားခဲ့လေသည်။

”လူငယ်တွေ အတွက် ကျွန်တော် ပြောချင်တာက လူငယ်တွေ တကယ် အလုပ် လုပ်ချင်ရင် နာမည် ပျက်အောင် မလုပ်ပါနဲ့။ နောက်ပြီး တစ်ခု ရှိတာက စတန့် လုပ်တာမျိုး၊ လူကြည့်ကောင်းတဲ့ အလုပ်မျိုး၊ နာမည် ရမည့် အလုပ်မျိုး လုပ်ရင် အလကားပဲ။ သေသေချာချာ ထိထိရောက်ရောက် အလုပ် လုပ်ကြရင် လူငယ်တွေဟာ မြို့မှာချည်းပဲ မနေဘဲ တောကို လည်း သွားပြီးတော့ အလုပ်လုပ် ကြပါ။

မြို့မှာ လုပ်ရင် ထင်ပေါ်တယ်။ လူ သိပေါတယ်။ ဒါပေမဲ့ တကယ် ထိရောက် မှာက တောကိုသွားမှ ထိရောက်မယ်။ အစိုးရ ကလည်း မြို့မှာရှိတဲ့ လူတွေရဲ့ အခြေအနေ ကိုပဲ သိတယ်။ တို့တိုင်းပြည် ငြိမ်းချမ်းရေး လုပ်ငန်း လုပ်ရင် မြို့မှာတော့ အောင်မှာပဲ။ ပြီးတော့ ထူထောင်ရေး တွေလည်း မြို့မှာတော့ မြန်မြန်ပြီးမှာပဲ။

သို့သော် တောမှာက ဘယ်သူမှ မရောက်တော့ အညံ့ဆုံး ဘဝဖြစ်နေရမှာ ပဲ။ အခြေအနေ မသိတော့ ဘယ်သူက မှ လုပ်ပေးဖော် မရှိဘူး။ တောကို သွား ပြီး အလုပ်လုပ် ရမယ်ဆိုရင် ပိုထိရောက် မယ်။ မြို့မှာလုပ်မယ့် လူတွေ လည်း ပြည့် လို့။ ခင်ဗျား တို့တော့ ကြိုက်တော့ ကြိုက် မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး သမား လည်း ဒီလိုပဲ ဘုန်းကြီး တွေလည်း ဒီလိုပဲ မြို့ချည်းပဲ ကပ်ချင် တယ်။ ဘုန်းကြီးတွေ သာသနာပြု စမ်းပါ ဆိုရင် တောထဲတောင်ထဲ မသွားချင် ဘူး။ ဆွမ်းတွေ ဘာတွေ မရ လို့။ ဟင်း ကောင်းမရလို့၊ သွားတဲ့အခါ မော်တော် ကားလည်း မစီးနိုင်လို့။ ရန်ကုန်မှာ ဆို ရင် မော်တော်ကား ရမယ်၊ ကြက်သား၊ ဝက်သား နဲ့ အမြဲတမ်း ကောင်းကောင်း မွန်မွန် စားရမယ်။ တော်သလို ဟင်းနဲ့ ဆွမ်းနဲ့ပဲ တင်းတိမ်နိုင် ရမယ်။ ကုန်း ကြောင်းသွားနိုင်ရမယ်။

တိုင်းပြည် အတွက် လုပ်ရာမှာ အလွန် ထိရောက်တာက တောက ပိုထိ ရောက်တယ်။ ဒါတော့ မှန်တဲ့အတိုင်း ပြောနေတာ။ နောက်ဆုံးကျတော့ ဘယ်သူမှ လုပ်မှာ မဟုတ် ဘူး။ ဥပမာ နိုင်ငံရေးသမားတွေ သူတို့နယ်ကရှိတဲ့ မြို့ နဲ့ ရန်ကုန် လာတဲ့အခေါက် နဲ့ဆိုရင် ဒီလာတဲ့ အခါက ပိုများတယ်။ ဘာဖြစ်လို့ ရန်ကုန် ခဏခဏ လာပြီး နေရာ လုနေကြ တာလဲ။ ဒီလိုပဲ လူငယ်တွေလည်း မြို့နေရင် ပိုထင် ပေါ်တယ်၊ စားစရာ သောက် စရာ ကောင်းတယ် ဆိုပြီး မြို့ခိုမနေဘဲ တကယ် အလုပ် လုပ်ချင် ကြရင် တော ကို သွားကြ ဖို့ပဲ။ ဟိုအရင် ၁၉၃ဝ ခုတုန်းက ဗမာတွေ ဟာ ဒီနေရာမှာ ခေါက်ဆွဲဆိုင် တည် ထောင်ရင် ဒီနေရာမှာဘဲ ဗမာဆိုင် တစ်ဆိုင် ထပ်ပြီးလာတယ်။ ဒီပြင် နေရာတွေ အများကြီး ပြည့်လို့ရှိတယ်။ ဆိုင် သက်သက် မရှိတဲ့နေရာ သွားမရောင်း ဘူး။ ဗမာ့ အကျင့်က ဒီလိုရှိတယ်။ ဒီလို အလုပ် လုပ်ချင်ရင် လုပ်စရာ နေ ရာတွေ ဟာ ပြည့်လို့၊ မလုပ်ချင်ဘူး ဆိုရင်တော့ မတတ်နိုင်ဘူး။ လုပ်ချင်ရင် လုပ်စရာ တွေ ပြည့်လို့။

စစ်ပြီး ဗမာပြည်မှာ ထူထောင်ရေး လုပ်ငန်းတွေ အများ ရှိတယ်။ ပညာရေး ဘက်က၊ ကျန်းမာရေး ဘက်က အများ ရှိတယ်။ တကယ်လုပ်ရင် မြို့မနေပါ နဲ့။ တော သွားကြပါ။ နာမည်ဖြစ်ရုံ၊ စတန့် ဖြစ်ရုံ လုပ်ချင်ရင် ခင်ဗျားတို အခုရှိတဲ့ အခြေအတိုင်းပဲ လုပ်ကြ၊ ဗမာပြည် တော့ ကြီးပွား မှာ မဟုတ်ဘူး။

ကျွန်တော်တို့ ဗမာပြည်မှာ ညီညွတ်မှု မရှိဘူး။ ဒါကြောင့်မို့ နိုင်ငံရေးမှာ ဥပမာဆိုရင် ဗမာပြည်ကို တကယ်လို့ နိုင်ငံ အုပ်ချုပ်ရေးပေးဖို့ ကိစ္စဖြစ် လာ တော့ ရှမ်း ကနေပြီးတော့ ကျွန်တော် တို့ မပါချင်ဘူး ဆိုရင် ခင်ဗျားတို့ ဘာမှ မတတ်နိုင်ဘူး။ ရှမ်းတွေက ကျွန်တော် တို့ ဗမာတွေထဲ မပါချင် ဘူး ပြောရင် ဘယ်သူမှ မတတ်နိုင်ဘူး။ ပါ ချင်အောင် လုပ်ရင် ရှမ်းပြည် သွားပြီး လုပ်ကြ။ ရှမ်း တွေက ကျွန်တော်တို့ သဘောထားတွေ သိလာမယ် ဆိုရင် ဘယ်သူမှ မပါချင်ဘူး ဆိုတဲ့ စကားပြောမှာ မဟုတ်ဘူး။ အခု တော့ ရှမ်းတွေ မပါချင်ဘူး ပြောတယ်ဆို ရင် ကျွန်တော်တို့ ဘာတတ်နိုင်မလဲ ရှမ်းတွေနဲ့ ကျွန်တော် တို့ ပေါင်းချင်လို့ ရှိရင် ရှမ်းပြည်ထဲမှာ သွားပြီးတော့ အလုပ် လုပ်ကြ။ တကယ် ထိရောက်တဲ့ အလုပ်က အဲဒီလိုလုပ်မှ ဖြစ်မယ်။ အလကား စကားတွေ ပြောနေလို့အပိုပဲ။ အလုပ်လုပ်ရင် တောကိုပဲ သွားကြဖို့ လိုတာ …ကျုပ်ပြော ချင်တယ်”

လူငယ်တွေ အတွက် မှာကြားခဲ့ သော ဗိုလ်ချုပ်သည် ထိုစကား၊ ထိုအ မှာများ ကို ပြောကြားစဉ် ကဆိုလျှင် အသက် ၃ဝ ကျော် အရွယ် လူရွယ်သာ ရှိပါသေးသည်။ တိုင်းပြည် အတွက်ဆိုလျှင် ကျရာနေရာ ရောက်ရာ အရပ်တွင် နေနိုင် အောင်လည်း ကျောင်းသား ဘဝကဆို လျှင် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက် အအုံ ခုံတန်းလျားပေါ် တွင် အိပ်စက်ခြင်းဖြင့် လည်းကောင်း၊ တက္ကသိုလ် ကျောင်းသားဘဝမှ သခင် ဘဝသို့ အရောက်တွင်လည်း ရေကျော်ရှိ တို့ဗမာ အစည်းအရုံး ဌာနချုပ် တွင် ကြမ်းပိုးများ ခြင်များဖြင့် နပန်းလုံး၍ လည်း ကောင်း နေထိုင်ခဲ့သလို ဂျပန်စစ်သင် တန်းကာလ၊ ဗမာပြည်သိမ်း တိုက်ပွဲများ တွင်လည်း ရဲဘော် များနှင့် အတူ ရှေ့တန်း အထိ ပါဝင် တိုက်ခိုက်ခဲ့သည့် ခေါင်း ဆောင်ကောင်း တစ်ဦး ဖြစ်ပါသည်။

ယနေ့ခေတ် လူငယ်များ အတုယူ စံထားအပ်သည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ် ဗိုလ်ချုပ်၏ ၉၉ နှစ်မြောက် ရာပြည့်အကြို မွေးနေ့ အား ဂုဏ်ပြု တင်ဆက် လိုက် ခြင်း ဖြစ် ပါသည်။

Credit to > Popular Myanmar News Journal < Thank

၆၇ နှစ်မြောက်ပြည်ထောင်စုနေ့အား ရွှေကျိုက်ထိုမှ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း 

 ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ်ဆိုပြီး ပြောသွားပါတယ်။

ပြည်ထောင်စုနဲ့ပတ်သက်လို့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်မှန်တဲ့ ပြည်ထောင်စု တနည်းအားဖြင့် ဖယ်ဒရယ်စနစ်ဆိုတာကို ထိတ်လန့်နေစရာ မလိုဘူးလို့ ပြောထားပါတယ်။ NLD က ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် သတင်းယူထားတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

NLD နာယက ဦးတင်ဦးကနေ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖွင့်ပွဲမိန့်ခွန်း ပြောဆိုခဲ့တာဖြစ်ပြီး၊ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ညီညွတ်ရေးကြောင့်ဖြစ်ပြီး၊ ညီညွတ်ရေးဆိုတာဟာလည်း တူညီသော အလုပ်ဖြစ်ရမယ်ဆိုပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တာကို ပြန်ကိုးကား ပြောဆိုသွားပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေမှာ အဓိက လိုအပ်ချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ပြီး၊ ဒါကို အားလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ကြဖို့ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ NLD နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားသွားပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ပြည်သူ့ဝန်ထမ်းတွေသာဖြစ်ပြီး၊ နိုင်ငံရဲ့ အဆုံးအဖြတ်တွေမှာ ပြည်သူတွေရဲ့အခန်းကဏ္ဍကို အဓိက နေရာမှာရှိတယ်လို့လည်း ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ။ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးရခြင်းဖြင့် သဘောထားကို ဖျက်စီးကာ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဖြစ်ရမည့် အစဉ်အလာ ကောင်းများကိုပါ ဖျက်စီးလျက် တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ ဆိုတဲ့ သဘောထားကို အခိုင်အမာ ကိုင်ဆွဲလျက်ရှိနေပါသေးတယ်။ သို့ကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်များကို ပယ်သင့်တာတွေပယ်၊ ဖြုတ်သင့်တာတွေဖြုတ်၊ နှုတ်သင့်တာတွေနှုတ်၊ ဖြည့်သင့်တာတွေဖြည့်၊ အစားထိုးသင့်တာတွေ၊ ပြင်ဆင်သင့်တာတွေကို အစားထိုး ပြင်ဆင် ပြောင်းလဲပစ်မှသာ၊ ပြောင်းလဲပစ်ကြရမှာ အမှန်ပင်ဖြစ်ပါတယ်။ အခု ၂၀၀၈ အခြေခံဥပဒေတွင် ပြင်ဆင်နိုင်သည့်အချက်များကို တင်ထားသော်လည်းပဲ ပြင်လို့မရအောင် တင်းကျပ်ထားခြင်း ဖြစ်နေပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို မူဝါဒတခုလို ချမှတ်ပြီး ဒီအပေါ်မှာ ခိုင်မြဲစွာ ရပ်တည်ထားတယ်လို့ ပြောပါတယ်။ အခုဆိုရင် လွှတ်တော်ထဲရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေဘက်ကလည်း ဒီမူဝါဒအတိုင်း အောင်မြင်အောင် ဆောင်ရွက်နေကြသလိုပဲ၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးခရီးစဉ်တွေ ဆင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီး ဦးတင်ဦးက ပြောပါတယ်။

အဓိကအချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ သန္ဓေအားဖြင့်ကို မမှန်ဘဲ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာ ရှေ့နောက် မညီညွတ်တာတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ တချိန်တည်းမှာတာ့ တိုင်းရင်းသားတွေအကြား မသင့်မမြတ်ဖြစ်ပြီး ပြည်တွင်းစစ်ပွဲတွေ ဖြစ်လာခဲ့ရာမှာ၊ အခုအခါ အပြန်အလှန် သဘောပေါက် နားလည်ပြီးတော့ တနိုင်ငံလုံး အပစ်ရပ်ရေးအထိ အောင်မြင်ဖို့ အလားအလာ ရှိတဲ့အပေါ်မှာလည်း သူ့အနေနဲ့ စိတ်သက်သာရာ ရမိတယ်လို့ သူရဦးတင်ဦးက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

“ဆင်းရဲသားပြည်သူအပေါင်းတို့ဟာ အပြစ်ကင်းစင် ရိုးသားပြီး တိုင်းရင်းသားပြည်သူလူထုများဟာ မိမိတို့ရဲ့ အခြေကျနယ်မြေတွေကနေ ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည် ယနေ့တိုင် နယ်စပ်တွေမှာ၊ တဘက်နိုင်ငံတွေမှာ အလွန် ကြီးမားသော ဒုက္ခတွေကို အတောမသတ် ခံစားနေကြရတာဖြစ်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ဒို့ရိုးရာစားသောက်ဆိုင်မှာ ကျင်းပခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရကတော့ မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာထဲမှာတော့ နှစ် ၆၀ ကြာဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိနေပြီလို့ ဖော်ပြပါတယ်။ ကချင်ပြည်နယ် လိုင်ဇာမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)


Saturday, February 8, 2014

သူငယ်ချင်းတို့ သမီးလေးအတွက် ဂုဏ်ယူပါတယ်

အဖ ဦးချစ်သင်းဇော် + အမိ ဒေါ်မေသူအောင် (ခ) စုထွေး တို့၏ တစ်ဦးတည်းသော သမီးရတနာ မချစ်မြတ်နိုး မှ တတိယတန်းတွင် ရရှိသော ပညာရည်ချွန်ဆုအား ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက် အ.မ.က ကျောင်းတွင် ဆု လက်ခံရယူနေစဉ်
အဖ ဦးချစ်သင်းဇော် + အမိ ဒေါ်မေသူအောင် (ခ) စုထွေး တို့၏ တစ်ဦးတည်းသော သမီးရတနာ မချစ်မြတ်နိုး မှ တတိယတန်းတွင် ရရှိသော ပညာရည်ချွန်ဆုအား ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက် အ.မ.က ကျောင်းတွင် ဆု လက်ခံရယူနေစဉ်

Like · · · a few seconds ago ·

Tuesday, February 4, 2014

ရတနာပုံ တယ်လီပို့စ်က ဆင်းကတ် ရောင်းမည်

ရတနာပုံ တယ်လီပို့စ် အများပိုင်ကုမ္ပဏီဟာ လာမယ့် သြဂုတ်လက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ချပေးသွားမယ်လို့ Call Center တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ ကွန်ရက်တည်ဆောက်ရေးအတွက် တင်ဒါခေါ်ထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ရွေးချယ်နေတယ်လို့ ဒါရိုက်တာ အဖွဲ့ဝင် ဦးရှိန်းသူအောင် ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် စစ်တပ်ပိုင် မြ၀တီ သတင်းစာကလည်း ဖော်ပြပါတယ်။

မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချတဲ့အခါ ကျပ် ၁၅၀၀ နဲ့ ရောင်းပေးတာအပြင် ဖုန်းခေါ်ဆိုခနဲ့ SMS ပေးပို့တာတွေကို အကန့်အသတ်နဲ့ အခမဲ့ ပေးတာ၊ နောက်ပိုင်း ဆင်းကတ်တွေကို အလကား ဝေတာအထိ ၀န်ဆောင်မှု အမျိုးမျိုး လုပ်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

အလားတူ အော်ပရေတာ လုပ်ကိုင်မယ့် မြန်မာ့ဆက်သွယ်ရေးကလည်း လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆင်းကတ် ၅ သန်းလောက် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ


သမ္မတက ၀န်ကြီးဦးအုန်းမြင့်ကို ခေါ်တွေ့

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်အား မကွေးတိုင်း ဒေသကြီး သစ်ရာကောက်ကျေးရွာ ခရီးစဉ်မှ ပြန်ရောက်လျှင် ရောက်ချင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၃ ရက်တွင် ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

““ဘာအကြောင်း ခေါ်တွေ့လဲတော့ မသိရသေးဘူး။ ဒီမနက် (ဖေဖော်ဝါရီ ၃ ရက်) တော့ သမ္မတကြီးက သူ့ကိုခေါ်တွေ့တာပဲ သိတယ်”” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မွေးရေ/ကျေးလက်ဝန်ကြီးသည် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများသို့ သွားရောက်နေပြီး နေပြည်တော်သို့ ပြန်ရောက်လျှင်ရောက်ချင်း နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း ဦးရဲထွဋ်ကပြောသည်။

““သမ္မတကြီးက ၀န်ကြီးဦးအုန်းမြင့်ပြောတဲ့စကားတွေနဲ့ ပတ်သက်ပြီး တော်တော်စိတ်ဆိုးနေတယ်လို့ ကြားတယ်”” ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မွေးရေ/ကျေးလက် ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်သည် မကြာသေးမီရက်ပိုင်းက မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာရှိ ဒေသခံများနှင့် တွေ့ ဆုံစဉ် ဒေသခံများနှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကို ရိုင်းစိုင်းကြမ်းတမ်းသောစကားများ ပြောဆိုခဲ့သဖြင့် နယ်ပယ်အသီးသီးမှ ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။ ဖေဖော်ဝါရီ ၃ ရက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က အဆိုပါဝန်ကြီးအား ရာထူးမှနုတ်ထွက်ပေးရန် ရန်ကုန်မြို့ ဆူးလေစေတီအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Author: အောင်သူရ
7day Daily



ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို တွေ့ရစဉ် ဓာတ်ပုံ - အောင်သူရ

ဝန်ကြီးဦးအုန်းမြင့်ကို ကန့်ကွက်ဆန္ဒပြ သမ္မတ ခေါ်ယူဆုံးမမည်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ နယ်လှည့် ပါးရိုက်ခဲ့ သည်ဟူသော စကားကို မနှစ်သက်၍ ဒီမိုကရေအင်အားစုက ဦးဆောင်ကာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်က ရန်ကုန်မြို့ ဆူးလေ မြို့တော်ခန်းမအနီး တရားလွှတ်တော် ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေကြစဉ်။ (ဓါတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် မကွေးတိုင်း သစ်ရာကောက်ကျေးရွာ၊ ရွာသူရွာသားနှင့်တွေ့ဆုံစဉ် ဦးအုန်းမြင့်ပြောဆိုခဲ့သည့် စကားများ နှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က ခေါ်ယူတွေ့ဆုံ မေးမြန်းမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“၀န်ကြီးတစ်ဦးပြောတဲ့စကားက အခု သမ္မတဖော်ဆောင်နေတဲ့ လူထုဗဟိုပြု သိမ်သိမ်မွေ့မွေ့ ဆက်ဆံ မှုနည်းနဲ့ မကိုက်ဘူး။ ဒါပေမဲ့ သူ့အနေနဲ့ ဒီလိုအသုံးအနှုန်းကို ဘယ်လိုစိတ်လိုက်မာန်ပါ သုံးနှုန်းထားတာ လဲဆိုတာကို ဆွေးနွေးဆုံးမဖို့တွေ့မှာ”ဟု ဦးရဲထွဋ်က ပြောသည်။

ဦးအုန်းမြင့်သည် မကွေးတိုင်း၊ သစ်ရာကောက်ကျေးရွာမှ ရွာသားများနှင့်တွေ့ဆုံစဉ် “ဘယ်ကောင်မှ ဂရု မစိုက်ဘူး။ ကြိုက်တဲ့ကောင်ပြော၊ ရေးချင်တဲ့ကောင်ရေး ကျွန်တော်ကလည်း ပုဆိုးလှန်ပြလိုက်မယ်။ဒီလို မျိုးနေခဲ့တဲ့ကောင်လေ၊ သေမှာတောင် မကြောက်တဲ့ကောင်၊ ကျွန်တော်က ဘာကိုကြောက်ရမလဲ”ဟု ပြောဆိုခဲ့သည်။

ဝန်ကြီးဦးအုန်းမြင့်ပြောဆိုခဲ့သည့်အပေါ်တွင် သမ္မတရုံးကလည်း မည်သည့်အကြောင်းအရာကြောင့် နိုင်ငံ ရေးသမားများနှင့် နိုင်ငံရေးပါတီများအပေါ် ယခုလို ပြောဆိုခဲ့သည်ကို ဆွေးနွေးနေသည်ဟု သမ္မတရုံးအ ကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးတစ်ဦးက ပြောဆိုသုံးနှုန်းခဲ့သည့် အသုံးအနှုန်းများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “ဒီကိစ္စနဲ့ပက်သတ်ပြီးတော့ ၀န်ကြီးပြောတဲ့စကား တွေက လက်ရှိနိုင်ငံသွားနေတဲ့ လမ်းကြောင်းမှာဆိုရင် ခေတ်နဲ့မကိုက်ညီတဲ့အပြင် တာဝန်မဲ့ပြောဆိုခြင်း သာဖြစ်တယ်”ဟု ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်ကို နိုင်ငံတော်သမ္မတက မည်သည့်အချိန်တွင် ခေါ်ယူတွေ့ဆုံမည်ကို အတိအကျ မသိ ရှိရသေးသော်လည်း ခေါ်ယူတွေ့ဆုံရန် စီစဉ်နေသည်ဟုလည်း ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

ဆန္ဒပြမှုများဖြစ်ပေါ်

ဝန်ကြီးဦးအုန်းမြင့်၏ ပြောစကားများနှင့်ပတ်သက်၍ ဒီမိုကရေစီအင်အားစုဆိုသူများက လူအင်အား ၂၅ ဦးခန့်ဖြင့် ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့တရားလွှတ်တော်ရုံးရှေ့ မဟာဗန္ဓုလပန်းခြံအနီး ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

နိုင်ငံရေးအင်အားစုများနှင့် ပြည်သူကို အာဏာအားကိုးဖြင့် ခြိမ်းခြောက်နေသော အစိုးရခေါင်းဆောင် များ အလိုမရှိ၊ သမ္မတကြီး၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အနှောင့်အယှက်ဖြစ်အောင် ပြည်သူ ကို စော်ကားပြောဆိုနေသော ၀န်ကြီးများကို အရေးယူပေး၊ ဒီမိုကရေစီဖော်ဆောင်ရေးကို နှောင့်ယှက် နေသော အစိုးရ၀န်ကြီးများ ချက်ချင်းနုတ်ထွက် စသည့် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ကြ ခြင်း ဖြစ်သည်။

ဒီမိုကရေစီအင်အားစုမှ ဦးဘမြင့်က “နယ်တကာလှည့်ပြီး ပါးရိုက်ခဲ့တာလို့ပြောခဲ့တဲ့အတွက် ဆန္ဒပြတဲ့ ရည်ရွယ်ချက်က ပါးရိုက်ခံဖို့ ရည်ရွယ်ချက်ပါ။ ဒါကြောင့် ပါးရိုက်ခံရအောင် စောင့်နေတာပါ”ဟု ဆိုသည်။

“ဒီလိုအပြောမျိုး အဆိုမျိုးတွေဟာ အများကြီး အဆင့်အတန်းနိမ့်တယ်လို့ ပြောချင်ပါတယ်။ ၀န်ကြီးအနေ နဲ့ ဒါမျိုးတွေကို နောက်နောင် မပြောစေချင်ဘူး။ ၀န်ကြီးရဲ့ခေါင်းထဲကို ငါလည်းပြည်သူပဲလို့ ထည့်ပေးပါ” ဟုလည်း ပြောဆိုခဲ့သည်။

Written by  ဟိန်းကိုစိုး၊ နန်းမြင့်
Mizzima - News in Burmese

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ရရှိမည်ဟုပြောဆိုကာ ငွေများလိမ်လည် ရယူသွားသူအား ဖမ်းဆီးရမိပြီ

Tuesday, February 4, 2014

၂၀၁၃ ခုနှစ် မတ်လခန့်က ကြည့်မြင်တိုင်မြို့နယ်အတွင်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရရှိမည်ဟု ပြောဆိုကာ ငွေများလိမ်လည်ရယူ သွားသူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့မှုမှာ ၂၀၁၃ ခုနှစ် မတ်လခန့်က ကြည့်မြင်တိုင် မြို့နယ်နေ ဒေါ်သက်နွယ်လှထံသို့ တာမွေမြို့နယ် ဒဂုံလွင်လမ်းနေ ဉာဏ်မြင့်ဇော် ရောက်ရှိလာပြီး ၎င်းသည် နိုင်ငံတော်သမ္မတရုံးမှ စုံစမ်းသတင်း ပေးဌာနအဖွဲ့ဝင် ၁၄ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိတန်ဖိုး နည်းအိမ်ရာ စီမံကိန်း (ပါရမီ) တိုက်ခန်းများကို အရစ်ကျဝယ်ယူရရှိထားသည့် အစိုးရ ဝန်ထမ်းများက ပြန်ရောင်းမည်ဖြစ် ကြောင်းပြောဆိုကာ စာရွက်စာတမ်းများ ပြသရောင်းချခဲ့သဖြင့် ဒေါ်သက် နွယ်လှကတိုက်ခန်းနှစ်ခန်းအတွက် ငွေကျပ်သိန်း ၅၀ အား ပေးအပ်ခဲ့ကြောင်း၊ ဉာဏ်မြင့်ဇော်မှာအခြား သူများအားလည်း ယခုကဲ့သို့ပင်တိုက် ခန်းများရောင်းချ ထားကြောင်း၊ ယခုအခါ ၎င်းမှာ ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရပြီး ၎င်းပေးခဲ့သော စာရွက်စာတမ်းများတွင် နိုင်ငံတော်တံဆိပ်ကို အတုပြုလုပ်ထားခြင်း၊ ငွေသွင်းစာအုပ်များနှင့်တိုက်ခန်းပိုင် ဆိုင်မှုစာရွက် စာတမ်းများမှာ မမှန် မကန်ပြုလုပ်ထားခြင်းများ ဖြစ်ကြောင်းကို သိရှိရသဖြင့် ဉာဏ်မြင့်ဇော်အား စုံစမ်းအရေးယူပေးပါရန် ဒေါ်သက် နွယ်လှမှတိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မ ရဲစခန်းက အမှုဖွင့်စုံစမ်းဆောင် ရွက်ခဲ့သည်။

ဖမ်းဆီးရမိ
----------
အမှုနှင့် ပတ်သက်၍ ပြစ်မှုကျူး လွန်သူဉာဏ်မြင့်ဇော်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ် မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက ၎င်းထွက်ပြေးတိမ်းရှောင်နေ သည့်နေရာများအား သတင်းစုံစမ်း ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲက ရန်ကင်းမြို့နယ် ကလေးဆေးရုံရှေ့ လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူ ဉာဏ်မြင့်ဇော်အားစစ်ဆေးရာ ၎င်းသည် အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်သည့်အပြင် အလားတူတန်ဖိုးနည်း တိုက်ခန်းများ ဝယ်ယူရရှိမည်ဆိုကာ အင်းစိန် မြို့နယ်နေ ဒေါ်မိမိငယ်ထံမှ ငွေကျပ် ၂၇ သိန်းအားလည်းကောင်း၊ အင်းစိန် မြို့နယ်နေ မအယ်လ်ဘောမ်ဘုံထံမှ ငွေကျပ် ၂၁ သိန်းခွဲအားလည်းကောင်း၊ လှိုင်မြို့နယ်နေ ဒေါ်နော်ကပေါ် ထူးထံမှငွေကျပ် ၂၁ သိန်းအားလည်းကောင်း၊ အလုံမြို့နယ်နေ ဒေါ်ဖြူဝင်းညွန့်ထံမှငွေကျပ်သိန်း ၂၀ အားလည်းကောင်း၊ ဗဟန်းမြို့နယ်နေ ဒေါ်တင်ဝေနှင်း ထံမှငွေကျပ် ၄၅ သိန်းအားလည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်နေ ဒေါ်ခင်မမထံမှငွေကျပ် ၂၉၅၀၀၀ အားလည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ်နေဒေါ်နော်ဂျူးဒစ်ဖေထံမှ ငွေကျပ်၂၆၅၀၀၀ အားလည်းကောင်း လိမ်လည်ရယူခဲ့သဖြင့် ကြည့်မြင် တိုင်မြို့မရဲစခန်းတွင် ဖွင့်လှစ်အရေး ယူထားရှိခဲ့သည့် အမှုများမှ ထွက်ပြေး နေသော ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း စစ်ဆေးဖော် ထုတ်ရရှိသဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်လိုက်သည်။

MOI Webportal Myanmar

ယူနတီဂျာနယ်ကိစ္စ စိုးရိမ်ကြောင်း စာနယ်ဇင်းအဖွဲ့များ ကြေညာချက်ထုတ်

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ယူနတီဂျာနယ် သတင်းထောက် ၄ ဦး နဲ့ အမူဆောင်အရာရှိချုပ်တို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အဖွဲ့အစည်း ၄ ဖွဲ့က စိုးရိမ်မကင်းဖြစ်မိကြောင်း ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်နဲ့ စာရေးဆရာ အသင်းတစ်ခုဖြစ်တဲ့ Pen Myanmar တို့ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က အခုလိုပြောပါတယ်။

“အဓိကမီဒီယာအဖွဲ့ ၃ ဖွဲ့နဲ့ စာပေအဖွဲ့ ၁ ဖွဲ့ နေ့လယ်မှာတွေ့တယ်၊ တွေ့ပြီးတော့ ၄ ဖွဲ့စလုံးရဲ့ တူညီတဲ့အချက်တွေ အဲဒါဟာကို စာတစ်စောင်ရေးပြီးတော့ မနက်ဖြန်မှာ စာနယ်ဇင်းကောင်စီကိုပို့ဖို့ စီစဉ်ထားပါတယ်၊ စာနယ်ဇင်းကောင်စီက မနက်ဖြန်မှပဲ အစည်းအဝေးရှိတယ်၊ စာနယ်ဇင်းကောင်စီက ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ ကျနော်တို့ တိုက်တွန်းထားတဲ့ဟာပါတယ်၊ မီဒီယာအပေါ်မှာ အခုလိုမျိုး ဖမ်းဆီးတဲ့ဟာမျိုးက ဒီဟာမလျော်ကန်ဘူး၊ တရားဥပဒေနဲ့ ကိုက်ညီလား မညီလား မေးခွန်းထုတ်တဲ့ ဟာမျိုး၊ နောက်တစ်ခုက သတင်းမီဒီယာတွေ အချက်အလက်ခိုင်လုံစွာနဲ့ ရေးကြဖို့ဆိုတာမျိုးအပိုင်းကို ကျနော်တို့တိုက်တွန်းထားပါတယ်”

အခုလို ဖမ်းဆီးအရေးယူလိုက်တာဟာ သတင်းသမားတွေအပေါ် ခြိမ်းခြောက်လိုက်တဲ့ အဓိပ္ပါယ်လို့ဆိုနိုင်ပြီး၊ အများပြည်သူသိရှိလိုတဲ့ သတင်းအချက်အလက်တွေ ရယူတင်ပြရတာဖြစ်တဲ့ သတင်းအလုပ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ရက်နေ့က ထုတ်ဝေခဲ့တဲ့ ယူနတီဂျာနယ်မှာ လျှို့ဝှက်ဓါတုလက်နက်စက်ရုံဆိုတဲ့ သတင်းဆောင်းပါး ဖေါ်ပြခဲ့ပြီးတဲ့နောက်၊ ဂျာနယ်ရဲ့ မကွေးတိုင်း ပေါက်မြို့နယ် ဌာနေသတင်းထောက် ကိုလူမော်နိုင်ကို ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ခဲ့သလို၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဂျာနယ်ရဲ့ အမူဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်တဲ့ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုးတို့ကို သတင်းတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။

RFA Burmese



ဖမ်းဆီးထားသူ သတင်းသမားတွေ ပြန်လွှတ်ဖို့ CPJ တောင်းဆို

Unity သတင်းဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်လေးဦးကို ပြီးခဲ့တဲ့ စနေနေ့က မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ကမ္ဘာတ၀န်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ က ဝေဖန်ရှုတ်ချလိုက်ပြီး ဒီလူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းလို့ဆိုပြီး ခုလို သတင်းထောက်တွေကို ဖမ်းဆီးတာဟာ မြန်မာအစိုးရအနေနဲ့ အရင်အာဏာရှင်ခေတ်က လုပ်ခဲ့တာနဲ့ မခြား ပြုမူ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း CPJ က ဝေဖန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်လက်နက်ပစ္စည်းစက်ရုံကို လျှို့ဝှက် ဓာတု လက်နက် စက်ရုံဆိုပြီး Unity သတင်းဂျာနယ်က ဖော်ပြခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဒီဂျာနယ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆွေနဲ့ သတင်းထောက် ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ကြည့်ရင် မြန်မာအစိုးရဟာ အရင် စစ်အစိုးရလိုပဲ အာဏာရှင်ဆန်ဆန် ပြုမူနေဆဲ ဆိုတာကို ပြနေတယ်လို့ ကမ္ဘာတ၀န်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ ရဲ့ အာရှရေးရာ တာဝန်ခံတဦး ဖြစ်တဲ့ Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

“သတင်းထောက်တွေ ဖမ်းဆီးခံနေရတာကို ကျနော်တို့ ခုထိ တွေ့နေရတုန်းပဲ။ ဒီလို အခြေအနေမျိုးက လက်ရှိအစိုးရ မတိုင်ခင်ကရှိခဲ့တဲ့ အာဏာရှင် စစ်အစိုးရပုံစံမျိုးကို ပြန်ရောက်နေတာပါ။ ကျနော်တို့ကတော့ မြန်မာအစိုးရဟာ တကယ်တမ်း သိပ် ပြောင်းလဲမှု မရှိသေးဘူးလို့ ထင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို ထုတ်ဖော်ရေးသားနေကြတဲ့ သတင်းထောက်တွေ သူတို့ရဲ့ တင်ပြမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရမှာကို စိုးရိမ်နေရတာမျိုး မဖြစ်သင့်တော့ ပါဘူး။ မြန်မာအစိုးရဟာ အခြေအနေ အတော်များများမှာ သူတို့ရဲ့အာဏာကို တော်တော်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတုန်းပဲ ဆိုတာကို တွေ့နိုင်ပါတယ်။”

တိုင်းပြည်အတွက်၊ ကမ္ဘာအတွက် အရေးကြီးတဲ့သတင်းတွေကို ရေးသား ဖော်ပြကြတဲ့ သတင်းထောက်တွေကို တရားလက်လွတ် ဖမ်းဆီးမှုတွေ ဆက်ရှိနေသရွေ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် သတ်မှတ်ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုပြီး အခု ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း CPJ အဖွဲ့က တောင်းဆိုပါတယ်။

“အခုဖမ်းဆီးခံရတဲ့ သတင်းထောက်တွေ အားလုံး ချက်ချင်း ပြန်လွတ်လာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ပြန်လွတ်လာရုံတင် မကပါဘူး။ သူတို့အပေါ် စွဲထားတဲ့ စွဲချက်တွေကိုလည်း ပြန်ရုပ်သိမ်းပေး စေချင်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ မဖြစ်မနေ လုပ်သင့်တာက ဒီအခြေအနေ ဘာကြောင့် ရောက်ခဲ့ရတာလည်း ဆိုတာကို သေချာ စမ်းစစ်ရပါမယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီလို့ ပြောချင်ရင်တော့ ခုလို ဖမ်းဆီးတဲ့ လုပ်ရပ်မျိုးတွေ၊ အပြုအမူတွေနဲ့တော့ ဆက်သွားလို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း အစိုးရအနေနဲ့ နားလည် ရပါလိမ့်မယ်။”

အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်ကတော့ သတင်းထောက်တွေကို ဥပဒေလမ်းကြောင်းအတိုင်း စစ်ဆေးမေးမြန်း နေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပေါက်မြို့က စစ်လက်နက်စက်ရုံကို လျှို့ဝှက် ဓာတုလက်နက်စက်ရုံဆိုပြီး Unity ဂျာနယ်က ရေးသားဖော်ပြခဲ့တာနဲ့ဆက်နွယ်ပြီး နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး အခု ပခုက္ကူထောင်မှာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုထားသလို ဂျယ်နယ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ ကျန်တဲ့ သတင်းထောက် သုံးဦးကိုတော့ ဘယ်လို အကြောင်းပြချက်၊ စွဲချက်တွေနဲ့ ဖမ်းဆီးထားတယ် ဆိုတာတော့ မသိရသေးပါဘူး။

ခုလို Unity သတင်းဂျာနယ်က သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း စိုးရိမ် ပူပင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဒီဖြစ်ရပ်ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့လည်း ဝေဖန် ပြောဆိုနေကြပါတယ်။

မခင်ဖြူထွေး (VOA)


တပ်မတော်သားတစ်ဦး မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွား

မော်လမြိုင်ဆေးရုံ အမျိုးသမီး ခွဲစိတ်ဆောင် အခန်း(၁)မှာ ရိုက်ထားတဲ့ မိချို ဓါတ်ပုံပါ။ 

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ၀ါရက်ကျေးရွာ အခြေစိုက် အမှတ်(၃၁၅) အမြောက်တပ်ရင်းမှ ဒုတပ်ကြပ်ရဲလင်းထွန်းက ၂၆/၀၁/၂၀၁၄ ရက်နေ့ မနက်(၂)နာရီ အချိန်မှာ ဝါရက်ကျေးရွာနေ မိချို(အသက်-၃၄-နှစ်)ကို မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

ဇန်န၀ါရီလ(၂၆)ရက်နေ့ မနက်(၂)နာရီ အချိန်မှာ မိချို က တပ်ရင်း တောင်ဘက် ၃ ခြံကျော်က ရော်ဘာခြံမှာ အစေးလှီနေတုန်း ဒုတပ်ကြပ် ရဲလင်းထွန်းက အနောက်ဘက်ကနေ မိချိုကို ဝင်လုံးပြီး ကြံစည်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ မိချိုက ဘာလိုချင်လို့ လူကိုဝင်လုံးတာလဲလို့  မေးပါတယ်။ ရဲလင်းထွန်းက ဘာမှမလိုဘူး လူကိုဘဲ လိုချင်တယ်လို့  ပြောပါတယ်။ အဲဒီမှာမိချို မာယာသုံးပြီး ဘောင်းဘီ ချွတ်ခိုင်းပါတယ်။ ရဲလင်းထွန်း ဘောင်ဘီချွတ်တဲ့ အချိန်မှာ မိချို က ယောကျာင်္တန်ဆာကို ဆွဲညှစ်လိုက်ပြီး သူတပြန် ကိုယ်တပြန် သတ်ပုတ်ခဲ့ကြောင်း သိရပါတယ်။

လုံးထွေး သတ်ပုတ်နေစဉ် မိချိုက ရဲလင်းထွန်းရဲ့ လက်ကို ကိုက်ပါတယ်။ ရဲလင်းထွန်းက နာလွန်လို့ လက်ကိုဆွဲနူတ်တဲ့ အချိန်မှာ မိချိုရဲ့ သွားနှစ်ချောင်း ကျွတ်ထွက်သွားပါတယ်။ ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ ရဲလင်းထွန်က မိချိုကို ရိုက်နှက်ထားလို့ ဦးခေါင်းခွံကွဲ ဒါဏ်ရာ၊ ညာမျက်စိ ဖူးရောင်ဒါဏ်ရာ နှင့် လက်ညိုးပြတ်ရှ ဒါဏ်ရာ ရထားပါတယ်။

ရဲလင်းထွန်းလည်း တန်ဆာဆွဲခံထားရတဲ့ ဒဏ်ကြောင့် ထွက်ပြေးသွားပါတယ်။ မိချိုက ခြံနီနားခြင်းတွေကို အကူညီတောင်းပြီး ဝဲရက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိန်အောင်ဆီ သွားရောက် တိုင်ကြားခဲ့စဉ်မှာ အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးလည်း ရဲကို အကြာင်းကြားပြီး အခင်းဖြစ်နေရာကို သွားကြည့်တဲ့ အခါမှာ တပ်မတော်သား ကတ်တစ်ခုနဲ့ ဆိုင်ကယ်သော့တွေ့လို့ သက်ဆိုင်ရာ တပ်ကို သွားအပ်ခဲ့ပါတယ်။ (အခင်းဖြစ်နေရာကို သွားကြည့်တဲ့အချိန်မှာ သံဖြူဇရပ် မြို့ မ ရဲစခန်မှုးဦးစိုးအောင်နဲ့ နယ်ထိန်းပါ ပါတယ်။)ခုချိန်ထိဘာမှ အကြောင်းမှ မထူးသေးပါဘူး။

ရိုက်နှက်ခံထားရတဲ့ မိချို ကတော့ ဒီနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့ မှာ မော်လမြိုင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲပြောင်း ကုသဖို့ ရန်ကုန်မြို့ ကိုသွားနေပြီ ဖြစ်ပါတယ်။

ဒီအမှုကို ရဲစခန်းမှာ အမှူဖွင့်ထား သလားလို့ မေးတဲ့ အခါမှာ ကာယကံရှင်က ကျေအေးလို့ မဖွင့်ကြောင်း သံဖြူဇရပ်စခန်းမှူးဦးစိုးအောင်က ပြန်ပြောပါတယ်။ မိချိုရဲ့ ခင်ပွန်းက တပ်ရင်းမှူးက အမှုဖွင့်ရင် ကုသဖို့ ပိုက်ဆံမပေးဘူး ပြောလို့ လက်မ နှိပ်ရကြောင်း ပြောပါတယ်။

အမှတ်(၃၁၅)အမြောက်တပ်ရင်းဟာ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာမှာ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရော်ဘာခြံ ဧက(၃၅၀)ကျော်ကို သိမ်းယူပြီး အခြေစိုက်ထားတာ ဖြစ်ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

BY THIT HTOO LWIN

တယ်လီနောက ၀န်ဆောင်မှု ပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ ထည့်သွင်း ပေးထားမည်


 ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီက ၀န်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ တပါတည်း ထည့်သွင်းပေးထားမည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberge က ဘားကမ့်ရန်ကုန်ပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

Mr.Petter Furberge က “ ကျွန်တော်တို့ ရောင်းမယ့် မိုဘိုင်းဆင်းကတ်တွေမှာ အင်တာနက် ဝန်ဆောင်မှု ပါဝင်လာမှာဖြစ်ပါတယ်။ အင်တာနက် လျှောက်ထားခ ထပ်ပေးရတာမျိုး မရှိပါဘူး။ အဲဒီ အင်တာနက်လိုင်းကို အသုံးပြုမှသာ အသုံးပြုခကို ပေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများ၌ အင်တာနက် ဝန်ဆောင်မှု ရရှိသော်လည်း အဆိုပါ အင်တာနက် လျှောက်ထားမှုအတွက် ငွေကျပ် တစ်သောင်း ထပ်ပေးရခြင်းဖြစ်သည်။

ဆက်လက်၍ Mr.Petter Furberge က“ တစ်နိုင်ငံလုံးကို အင်တာနက် Access ပေးနိုင်ဖို့ အဓိက ထားတယ်။ Internet Access သုံးနိုင်မှသာ တစ်နိုင်ငံလုံး မဟုတ်ဘူး တစ်ကမ္ဘာလုံးကိုပါ ချိတ်ဆက် နိုင်မယ်” ဟု ဆိုသည်။

တယ်လီနော အနေဖြင့် လိုင်စင်ရပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ၃၀ က လုပ်ငန်းလိုင်စင်အတွက် လက်မှတ်ရေးထိုးခဲ့သည်။ တယ်လီနောက ကနဦးအနေဖြင့် ဖုန်းဆက်သွယ်ခြင်း (Voice) နှင့် အင်တာနက် အသုံးပြုခြင်း (Data) တို့ကို 2G နှင့် 3 G ကွန်ယက်များပေါ်တွင် ဝန်ဆောင်မှု ပေးသွားဖြစ်ကာ ငါးနှစ်အတွင်း နိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်ဟု တယ်လီနောကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင်ဖုန်းပြောဆိုခကိုလည်း တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်အထိသာ ကောက်ခံရန် စီစဉ်ထားပြီး မိုဘိုင်းဆင်းကတ်ဈေးနှုန်းမှာလည်း ၁၅၀၀ ကျပ် ဝန်းကျင်ဖြင့်သာ ရောင်းချသွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Petter Furberge က ပြောသည်။

၎င်းက “ ဖုန်းပြောဆိုခကိုတော့ တရားဝင် မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် တစ်မိနစ်ကို အများဆုံး ၂၅ ကျပ် အထိသာ ကောက်ခံသွားမယ်။ ဒီဈေးနှုန်းထက် နည်းရင်လည်း နည်းသွားလိမ့်မယ်။ လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ ”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ယက်များတည်ဆောက်ရန်အတွက် တယ်လီနောအနေဖြင့် Huawei နှင့် Ericsson ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သော အူရီဒူးနှင့် တယ်လီနောကို ဇန်န၀ါရီ ၃၀ ရက်တွင် လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့သည်။

အဆိုပါ လိုင်စင်သည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ လိုင်စင်သက်တမ်းမှာ ၁၅ နှစ်ဖြစ်ပြီး အော်ပရေတာ တစ်ခုစီက လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း၅၀၀ ပေးဆောင်ရမည်ဖြစ်သည်။
 Mizzima - News in Burmese


ကင်ဆာရောဂါ မြန်မာနိုင်ငံကို ခြိမ်းခြောက်နေဆဲ

နှစ်တိုင်းနှစ်တိုင်း မြန်မာအမျိုးသမီး ၃၀ဝ၀ နီးပါးဟာ သားအိမ်ခေါင်း ကင်ဆာနဲ့ အသက်ဆုံး နေရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်တဲ့ ကင်ဆာနှင့် အခြားဆက်နွယ်သော ရောဂါများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဌာနရဲ့ မှတ်တမ်းတွေအရ သားအိမ်ခေါင်းကင်ဆာ ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတွေ ဖြစ်ပါတယ်။

နိုင်ငံတော်က ဉီးစားပေး အနေနဲ့ တိုက်ဖျက်နေတဲ့ ရောဂါတွေစာရင်းမှာ ကူးစက်နိုင်စွမ်း နည်းပါးတဲ့ ကင်ဆာလို ရောဂါဟာ တော်တော်လေး နောက်ကို ရောက်နေပြီး နိုင်ငံတကာက အကူအညီတွေ ကင်ဆာရောဂါအတွက် ပေးတာမျိုးလဲ အတော်လေးကို နည်းနေပါသေးတယ်။

နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ကင်ဆာရောဂါနဲ့ ပက်သက်တဲ့ အချက်အလက်တွေ စုဆောင်းကောက်ယူတာနဲ့ သုတေသန လုပ်ငန်း လုပ်ဆောင်တာတွေ မရှိသလောက် နည်းပါးလာပါတယ်။

သုတေသန နဲ့ စစ်တမ်းကောက်ယူမှုတွေ စံနစ်တကျ မရှိတာဟာ ကင်ဆာရောဂါ တိုက်ဖျက်ရေးရဲ့ အဓိက အားနည်းချက် ဖြစ်နေတယ်လို့ ကနေဒါနိုင်ငံမှာ ခေတ္တ ရောက်ရှိနေတဲ့ မြန်မာ ဆရာဝန် ဒေါက်တာ ယဉ်နွယ်အောင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဆေးရုံတွေထက် အပြင်ဆေးခန်းတွေကို လူနာတွေက သွားတာ ပိုများတဲ့အတွက် တိကျတဲ့ အချက်အလက်တွေ ရရှိဖို့ ပိုခက်ခဲလာတယ်လို့ သူက ဆက်ပြောပါတယ်။

လာမယ့် ဘဏ္ဏာရေးနှစ်မှာ အစိုးရက ကျန်းမာရေး စောင့်ရှောက်မှု အတွက် ငွေပိုသုံးမှာ ဖြစ်ပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲပါ။ စစ်ဆေးရုံတွေကို ဖယ်ထားလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တစ်ခုလုံးမှာ ကင်ဆာ ဓာတ်ရောင်ခြည်ကင်တဲ့စက် လေးလုံးပဲ ရှိပါတယ်။ ရောဂါနဲ့ပက်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကိုလဲ ထိထိရောက်ရောက် မလုပ်နိုင်သေးပါဘူး။ ကင်ဆာဟာ အချိန်မီ သိရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါ ဖြစ်ပေမယ့် ပြည်သူလူထု က ကျန်းမာရေး အသိပညာ မရှိကြတာကြောင့် အသိနောက်ကျပြီး မလိုအပ်ဘဲ အသက်သေဆုံးရတာတွေ မြန်မာပြည်မှာ တော်တော်များများ တွေ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က ကင်ဆာရောဂါနဲ့ ပက်သက်တဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကင်ဆာရောဂါကြောင့် လူသေဆုံးမှု ဟာ အမျိုးသားတွေကြားမှာ တတိယအမြင့်ဆုံး ဖြစ်နေပြီး အမျိုးသမီးတွေကြားမှာ ပဉ္စမနေရာမှာ ရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ဆင်ဘိုမြို့နယ်ခွဲ လူထုအစည်းအဝေးမှ KIA အား ဆက်ကြေးမပေးတော့ကြောင်း ဆုံးဖြတ်

Monday, February 3, 2014

မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့၌ (ယနေ့) ၂၀၁၄ ခု၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် လူထုအစည်းအဝေးပွဲတစ်ရပ် ပြုလုပ်ကာ KIA အား ဆက်ကြေး မပေးဆောင်နိုင်တော့ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရသည်။

ဆင်ဘိုမြို့ လူထုအစည်းအဝေးပွဲကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ဆင်ဘို)မှ ဦးဆောင်ကျင်းပကာ ဆင်ဘိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံနှင့် ရက်ကွက်ပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးမှ KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်သွားကြရန်နှင့် KIA အား ဆက်ကြေးမပေးဆောင်နိုင်တော့ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့လည်း သိရှိရပါသည်။

"အဓိက ကတော့ KIA အဖွဲ့၏ နီးရာဓါးကို ကြောက်နေရ၍ ဆက်ကြေးပေးဆောင်နေရမှု၊ လူသစ်တောင်းခံနေရမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ယနေ့မှစ၍ ဆန့်ကျင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ဆက်ကြေးလည်း မပေးဆောင်နိုင်တော့ကြောင်း ဆင်ဘိုမြို့ ဤလူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်လို့ '' ဆင်ဘိုမြို့နယ်ခွဲ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းမျိုးဝင်းမှ ပြောကြားသည်။

ဧရာဝတီမြစ်ဖျားဆီက

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ အလိုမရှိကြောင်းနှင့် ရပ်တန့်ရန် ပြည်သူ့ဆန္ဒပြု လက်မှတ်များ ရေးထိုးပြီး သမ္မတရုံးနှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့ တင်ပြသွားမည်

Tuesday, February 4, 2014

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ အလိုမရှိကြောင်းနှင့် ရပ်တန့်ရန်အတွက် ပြည်သူများအကြား ဆန္ဒပြု လက်မှတ်ရေးထိုး လှုပ်ရှားမှုများ ပြုလုပ်နေပြီး ရရှိလာသော လက်မှတ်များကို နိုင်ငံတော် သမ္မတရုံးနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ တင်ပြသွားမည် ဖြစ်ကြောင်း Karen Rivers Watch အဖွဲ့မှ သိရသည်။

အဆိုပါ လက်မှတ်များကို မတ် ၁၄ ရက် အပြည်ပြည်ဆိုင်ရာ ရေကာတာ ဆန့်ကျင်ရေးနေ့တွင် တင်ပြသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့များအပြင် တရုတ်၊ ထိုင်းနှင့် အဆိုပါစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ၊ World Bank ၊ADB တို့ထံသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“သံလွင်ရေကာတာ စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ၊ တရုတ်၊ ထိုင်းကုမ္ပဏီတွေ၊ သံလွင် ရေကာတာ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေအပြင် မြန်မာအစိုးရနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်များတွေကိုပါ သံလွင်မြစ်ပေါ်မှာ အန္တရာယ်များပြီး ပျက်စီးဆုံးရှုံးမှု များစေမယ့် အကြီးစား ရေကာတာ တည်ဆောက်ခြင်းတွေကို မလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ရေးလုပ်ငန်းတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု Karen Rivers Watchအဖွဲ့မှCampaign Coordinator စောသာပိုးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားသည်။

အဆိုပါစီမံကိန်းတွင် ပါဝင်လုပ်ကိုင်မည့် ကုမ္ပဏီများတွင် ကီလိုမီတာ ၂၈၂ဝ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး မြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်း ခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း (ခ) မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟက်ကြီး ရေကာတာတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများတွင် ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှHanergy Holding Comapany ၊ Hydrochina Corporation ၊ China Three Corporation၊ China Datang Over Seas Investment ၊ Sinohytro ၊ ထိုင်းနိုင်ငံမှ EGAT International Co,Ltd ၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World၊ IGE တို့ ပါဝင်နေသည်ဟု အကြမ်းဖျင်း သိရှိထားကြောင်း Karen Rivers Watch အဖွဲ့က ဆိုသည်။

ရေကာတာများ ဆောက်လုပ်ရေး ပြင်ဆင်နေသည့် ကာလအတွင်းမှာပင် ရေကာတာများ အနီးရှိ ဒေသများမှ ကျေးရွာများကို ဖယ်ရှားသိမ်းဆည်းခြင်းများ၊ သစ်တောများ ပြုန်းတီးမှုများ ဖြစ်ပေါ်ကာ ကျေးရွာများကို ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ချက် များအရ သိရသည်။

Eleven Media Group

Sunday, February 2, 2014

လူ့အခွင့်အရေး ကော်မရှင် ဒူချီရာတန်းကို သွားရောက် စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒူချီရာတန်းရွာမှာ ဇန္နဝါရီလ (၁၃)ရက်နေ့ည အဖြစ်အပျက်ကို စုံစမ်းဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အဲဒီကျေးရွာ နဲ့ အနီးတဝိုက် ဒေသကို ရောက်ရှိနေပါတယ်။

ဒုချီးရားတန်းရွာ ဖြစ်စဉ်မှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး ဖြစ်ရပ်အမှန်ကို စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အစိုးရအာဏာပိုင်တွေ နဲ့ ဒေသခံ ရွာသား တွေကို သွားရောက် တွေ့ဆုံနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ဒူချီရာတန်းရွာမှာ ပျောက်သွားတဲ့ ရဲတပ်ကြပ်ကြီးကိုရှာဖို့ ရဲဝန်ထမ်းတွေသွားရာမှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ အနောက်နိုင်ငံတွေက ပြောဆိုနေကြပြီး ဒါကိုစုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆို ထားပါတယ်။

ဒီကိစ္စကို မြန်မာအစိုးရဘက်က ငြင်းဆိုပေမယ့် ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးအကြောင်းနဲ့ အဲဒီ ရဲတပ်ကြပ်ကြီးကို ရှာဖွေစဉ်မှာ ရွာသားတွေကို ရဲတွေက ရိုက်နှက်ခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒီကိစ္စဆောင်ရွက်နေတဲ့ ရဲတွေနဲ့ လည်း တွေဖို့ရှိတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ခုချိန်ထိတော့ ပြဿနာတွေဖြစ်ခဲ့တဲ့ ဒူချီရာတန်းရွာမှာ အမျိုးသမီးတွေ ပြန်လည် နေထိုင်လျက်ရှိပေမယ့် အမျိုးသားတွေကတော့ ရှောင်တိမ်းနေဆဲ ဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ဒီဒေသတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကတော့ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရထံကို တင်ပြ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


မောင်တောမှာ မီးလောင်မှု ဖြစ်ခဲ့တုန်းက မြင်ကွင်း

နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ သတင်းထောက်ကို တရားစွဲ

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ထဲက ကာကွယ်ရေး ပစ္စည်း ( ကပစ )စက်ရုံ အမှတ်၂၄ ရဲ့ အကြောင်းကို လျှို့ဝှက် ဓါတုလက်နက် စက်ရုံဆိုတဲ့ ခေါင်းစည်းနဲ့ ရေးသား ဖေါ်ပြခဲ့တဲ့ အပတ်စဉ်ထုတ် Unity ဂျာနယ်ရဲ့ နယ်မြေခံ သတင်းထောက် တဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပုဒ်မတပ် တရားစွဲလိုက်တယ်လို့ သိရပါတယ်။

အဲဒီ သတင်းထောက် ကိုလူမော်နိုင်ကို ဇန္နဝါရီလ ၃၁ရက်နေ့ ညက ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

ဒီနေ့ စနေနေ့ နေ့လည် ၁၂ နာရီလောက်မှာ ဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းကို ရဲကခေါ်သွားပြီး ညနေ ၃နာရီလောက်မှာ ဒီသတင်းရေးသားခဲ့တဲ့ သတင်းထောက် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုး တို့ကိုလည်း ရဲက ထပ်ခေါ်သွားပါတယ်။

ဒီစက်ရုံ အကြောင်း သတင်း ရယူနိုင်ဖို့အတွက် Unity ဂျာနယ် သတင်းထောက် တွေဟာ အလုပ်သမားတွေနဲ့ စက်ရုံထဲကို ရောလိုက်သွားပြီး စုံစမ်းခဲ့တာလို့ ဆိုပါတယ်။

စက်ရုံထဲမှာ ဓါတ်ပေါင်းဖိုလို့ ယူဆရတဲ့ ပေါင်းအိုးဖြူကြီးတွေ တွေ့ရတယ်လို့ ရေးထားပေမယ့် ဘယ်လို ဓါတ်ပေါင်းဖို ဆိုတာတော့ တိတိကျကျ ရှင်းပြထား တာမျိုး မတွေ့ရပါဘူး။

ဒီစက်ရုံဟာ ဓါတုလက်နက် စက်ရုံလို့ ဆိုရာမှာလည်း ဒေသခံတွေရဲ့ အပြောကိုပဲ အခြေခံထားပြီး ခိုင်လုံတဲ့ အထောက်အထားနဲ့ တင်ပြ မထားပါဘူး။

ဒါပေမယ့် ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းကတော့ ဒီထက် ခိုင်လုံတဲ့ အကြောင်းအရာတွေ သူတို့ လက်မှာ ရှိထားတယ်လို့ ဘီဘီစီကိုပြောခဲ့ပါတယ်။

အဲဒီ စက်ရုံ အတွက် မြေဧက ၃သောင်းကျော် သတ်မှတ်ခဲ့ပြီး ဒေသခံ တောင်သူ တွေရဲ့ လယ်မြေ ဧက ၃ထောင်ကျော်ကို ၂၀ဝ၈ ခုနှစ်က သိမ်းယူခဲ့တယ်လို့ လယ်ယာမြေ သိမ်းဆည်းမှုကို လိုက်ပါ ကူညီပေးနေတဲ့ မြစ်ကွေ့ဧရာ အဖွဲ့ အတွင်းရေးမှူး ကိုအောင်ကျော်ကျော်က ပြောပါတယ်။

ဒီစက်ရုံအပါအဝင် မြိုင်မြို့နယ်နဲ့ ဆောမြို့နယ်၊ ဂန့်ဂေါမြို့နယ်တွေဘက်မှာ ကပစ စက်ရုံတွေကို ၂၀ဝ၃ခုနှစ် နောက်ပိုင်းတွေမှာ ဆောက်လုပ်ခဲ့ပြီး စက်ရုံ နယ်မြေလို့ သတ်မှတ်ထားတဲ့ ဧရိယာတွေထဲမှာ ဒေသခံတွေ နွားကျောင်း၊ ဆိတ်ကျောင်း လုပ်တာကိုတောင် ခွင့်မပြုဘူးလို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက် စီမံကိန်းတွေ ရှိနေတဲ့ အကြောင်း ထုတ်ဖေါ် ပြောခဲ့သူ တပ်မတော် အရာရှိဟောင်း ဦးစိုင်းသိန်းဝင်းကတော့ အရင် ဝမ်ခသစ် တိုက်ပွဲမှာ မြန်မာ စစ်တပ်က ကလိုရင်း ဓါတ်ငွေ့တွေ ထုတ်ပြီး တိုက်ခဲ့ဖူးတယ်လို့ သူသိထားကြောင်း၊ ဒါပေမယ့် အရင် ရှိထားတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေနဲ့တင် ဓါတု ပစ္စည်း ထုတ်လုပ်ဖို့ လုံလောက်နေတာမို့ အခုလို စက်ရုံသစ် ဆောက်ပြီး ထုတ်လုပ်မယ်လို့ သူ့အနေနဲ့ မထင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဓါတု လက်နက်တွေ လျှို့ဝှက် ထုတ်နေတယ် ဆိုပြီး Unity ဂျာနယ်မှာ ဖေါ်ပြခဲ့

နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ သတင်းထောက်လေးဦး အဖမ်းခံရ

မကွေးတိုင်း၊ ပေါက်မြို့က စက်ရုံတစ်ခုအကြောင်းရေးထားတဲ့ ဆောင်းပါးဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က  အမူဆောင်အယ်ဒီတာချုပ်အပါအ၀င် သတင်းထောက် ၄ ဦးကို   စစ်ဆေးမေးမြန်းဖို့ အတွက်လို့ ပြောပြီး အာဏာပိုင်တွေက ခေါ်ယူထိန်းသိမ်းထားပါတယ်။  နယ်သတင်းထောက် တစ်ဦးကိုတော့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ (၃ / ၁ က - ၉)  နဲ့ တရားစွဲဆိုထားပြီး ပခုက္ကူထောင်ကို ပို့လိုက်ပါတယ်။ သူတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် စုံစမ်းစစ်ဆေးနေတာ ဖြစ်တယ်လို့လည်း တာဝန်ရှိပုဂ္ဂိုလ်တယောက်က VOA ကို ပြောပါတယ်။

အပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ (၂၅) ရက်နေ့ထုတ် ယူနတီဂျာနယ်မှာ ဖော်ပြထားတဲ့ မကွေးတိုင်း၊ ပေါက်မြို့က စက်ရုံတစ်ခုကို လျှို့ဝှက်ဓာတုစက်ရုံလို့ ယူဆရတဲ့ အကြောင်းနဲ့ စက်ရုံဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြမိပြီးနောက်ပိုင်းမှာ ယူနတီဂျာနယ်က အမှုဆောင် အယ်ဒီတာချုပ်နဲ့ သတင်းထောက် (၄) ဦးကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမယ်ဆိုပြီး ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ နယ်သတင်းထောက် ကိုလူမော်နိုင်ကိုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ညက ဖမ်းဆီးပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃/၁ (က) နဲ့ စွဲဆိုထားပြီး ပခုက္ကူထောင်ကို ပို့လိုက်တဲ့အကြောင်း ဇနီးဖြစ်သူ မလွင်လွင်မြင့်က ပြောပါတယ်။

“မြို့နယ်မှူးက စကားနည်းနည်း မေးစရာရှိလို့ ပေါ့လေ၊ လိုက်ခဲ့ပါလို့ အဲလိုမျိုးပြောတာ။ သူက လိုက်သွားပြီးတော့ စစ်ချက်ယူတာပေါ့လေ။ စစ်ချက် ယူပြီးတော့ ကိုလူမော်က စက်ရုံထဲကသတင်းတွေ ဘာမှမသိဘူး၊ သူယူတာလည်းမဟုတ်ဘူး၊ ဓာတ်ပုံရိုက်တာလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း စစ်ချက်ထွက်ခဲ့ပါတယ်။ မနေ့ညကလေ- ကျနော့်ကို အာမခံနဲ့လွှတ်ပေးလို့ ရလား-ဆိုတော့ မရဘူး-တဲ့။ အထက်က ဘာမှ မပြောသေးဘူးပေါ့နော်။ နေပြည်တော်က ဒုရဲမှူးကြီးဆင်းလာမှ-တဲ့။ ကျမကို ပြောတယ် ကိုမော်က။ ဘာပြောလဲဆိုတော့ တရားသူကြီး ဒေါ်စန်းသီတာအောင်က လာပြီးတော့-တဲ့၊ သူ့ကို ၃/၁ (က) နဲ့ ပုဒ်မတပ်တယ်-တဲ့။ အဲဒါနဲ့ ကျမ အပြန်ကျတော့ ဒေါ်စန်းသီတာအောင်ဆီကို ဝင်တယ်ပေါ့လေ၊ ဝင်တော့ မေးတဲ့အခါကျတော့၊ - ဟုတ်တယ်၊ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပုဒ်မတပ်တယ်ပေါ့။ အမှုမှန်ပေါ်အောင် သူတို့လုပ်မယ်ပေါ့လေ။ စုံစမ်းမယ်။”
ဖေဖော်ဝါရီလ (၁) ရက်နေ့မှာတော့ ယူနတီဂျာနယ်ရဲ့ အမှုဆောင် အယ်ဒီတာချုပ် ကိုတင့်ဆန်းနဲ့ သတင်းထောက် (၃) ဦးကို လာရောက် ခေါ်ဆောင် သွားကြောင်း ကိုတင့်ဆန်းရဲ့ မိသားစုဝင်လည်းဖြစ်၊ ဂျာနယ်တိုက်က ရုံးလုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ရှိသူလည်းဖြစ်တဲ့ ကိုအောင်ဝင်းထွန်းက အခုလို ပြောပါတယ်။

“ယူနတီဂျာနယ်က ပထမဦးဆုံး ခေါ်တာမှာ CEO ကို အရင်ခေါ်သွားတာပေါ့။ ဦးတင့်ဆန်းကို ခေါ်သွားပါတယ်။ ဦးတင့်ဆန်းကို ခေါ်တဲ့အခါမှာ သူတို့ ကားသမားနဲ့ဆို အားလုံးလေးယောက်ပေါ့။ သူတို့လာခေါ်တာလေ၊ CEO ခေါ်သွားပြီးတော့ နောက် ညနေ သုံးနာရီခွဲလောက်မှာ သတင်းထောက် (၃) ယောက်၊ ဟန်သက်ကျော်ရယ်၊ ရာဇာဦးရယ်၊ စည်သူစိုးရယ်၊ အဲဒီညီလေး သုံးယောက်ကို လာခေါ်သွားတယ်။ လာခေါ်တာကတော့ ဒုရဲအုပ်လို့ ပြောပါတယ်ခင်ဗျာ။ သူ့နာမည်က ညီညီသန်း၊ ဘာကြောင့်လဲဆိုတော့ - ပြီးခဲ့တဲ့အပတ်က အမှတ်စဉ် (၃) – (၄) မှာ ပါတဲ့ သတင်းကိစ္စနဲ့ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့ပေါ့လေ၊ လျှို့ဝှက်ဓာတု ဆိုတာလေ၊ Volume(၃)၊ နံပါတ် (4) မှာပေါ့၊ အဲဒီမှာ လျှို့ဝှက်ဓာတု ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒါ ဖြစ်ဖို့များပါတယ်။ ဓာတုလက်နက်စက်ရုံ ဆိုတာလေ၊ အဲဒီခေါင်းစဉ် ဖြစ်ဖို့ များတယ်ခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နဲ့ တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ-ဆိုပြီးတော့လေ အဲဒီခေါင်းစဉ်နဲ့၊ အဲဒါ ဖြစ်ဖို့များတယ်ခင်ဗျ။ အဲဒီအတွက်ပဲ လာစုံစမ်းတယ်လို့ ထင်ပါတယ်။”

ယူနတီဂျာနယ်က အမှုဆောင် အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်တွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ ပတ်သက်လို့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ခေါ်ယူစုံစမ်း စစ်ဆေးနေတာ ဖြစ်တယ်လို့လည်း အစိုးရတာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးကတော့ ကာကွယ်ရေးဌာနနဲ့သာ သက်ဆိုင်တယ်ဆိုပြီး အခုလို ပြောပါတယ်။

“Case က ကာကွယ်ရေး case ဗျ။ တပ်မတော်ရဲ့ case ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ အဲဒီဟာကိုပဲ ပြည်ထဲရေးတို့၊ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ လူတွေကို မေးလိုက်ဗျာ နော်။”

ဂျာနယ်ထွက်ပြီးတဲ့နောက် တပြည်လုံးက ဖြန့်ချိရေးတွေမှာ ရောက်နေတဲ့ ဂျာနယ်တွေကို အာဏာပိုင်တွေက လိုက်လံသိမ်းဆည်း နေပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နဲ့ (၁၂) မိုင်ကျော်ဝေးတဲ့ လယ်ဧက (၃၃,၀၀၀) ကျော်မှာ ဆောက်လုပ်ထားတဲ့ စက်ရုံကြီးနဲ့ ပတ်သက်လို့ မြေသိမ်းခံထားရတဲ့လယ်သမားတွေရဲ့ နစ်နာမှုတွေကို သတင်းထောက်တွေက မေးမြန်းရင်းနဲ့ အခုလိုမျိုး ထိန်းသိမ်းခံရတာလို့ နယ်သတင်းထောက် ကိုလူမော်နိုင်ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်က ခေါ်ဆောင်သွားတဲ့ အမှုဆောင် အယ်ဒီတာချုပ်ကိုတင့်ဆန်းနဲ့ သတင်းထောက် (၃) ယောက်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာကို မသိရသေးကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ မကြာသေးခင်လတုန်းကပဲ သတင်းမီဒီယာတွေ လွတ်လပ်စွာ  သတင်းယူခွင့်ရှိဖို့ သတင်းသမားတွေက ဆန္ဒပြခဲ့ကြပါတယ်။

မအေးအေးမာ (VOA)