Pages

Friday, January 31, 2014

7 th MCC Franchise Conference ဒုတိယနေ့ ဒုတိယပိုင်း အခမ်းအနား

ကျိုက်ထို                                                                                     ၃၁.၁.၂၀၁၄

(၇) ကြိမ်မြောက် MCC Franchise Conference အခမ်းအနား ကျင်းပရာ MICT Park သို့ ကျိုက်ထို MCC မှ Center Manager်ဦးသီဟဝင်း တက်ရောက်နေစဉ်

်7 th MCC Franchise Conference

ကျိုက်ထို                                                                ၃၀.၁.၂၀၁၄
ပထမနေ့ ပထမပိုင်း MCC Franchise Conference အခမ်းအနားသို့ ကျိုက်ထို MCC Center Manager ဦးသီဟဝင်းမှ အခမ်းအနားကျင်းပရာ MICT Park သို့ တက်ရောက်သွားခဲ့ပါသည်။

Thursday, January 30, 2014

မော်လမြိုင်တွင် မီးလောင်

မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာ ပြည်နယ်အစိုးရရုံးနဲ့ မာရ၀တီပန်းခြံအနီး ဗပိာုလမ်း ဓာတ်ဆီဆိုင်အရှေ့ နီလာ ကွန်ပျူတာနဲ့ ဖုန်းအပိုပစ္စည်း အရောင်းဆိုင်မှ ၁၂ နာရီကျော်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၁ နာရီ ကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။




  


ရန်ကုန်မှ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းသို့ ကျပ်ခြောက်သောင်းဖြင့် ကားလမ်းမှ သွားနိုင်ပြီ


ရန်ကုန်မှ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရား ကျောင်းသို့ ကားလမ်းခရီးဖြင့် သွားရောက်နိုင်ပြီဖြစ်ကာ ခရီးစဉ် (တစ်ကြောင်းစာ)အတွက် ကျပ်ခြောက် သောင်း ကျသင့်မည်ဟု အဆိုပါခရီးစဉ် ပြေးဆွဲပေးသည့် VEGA Travel လက်မှတ်အရောင်းကိုယ်စား လှယ် ကိုကျော်ကိုက ပြောသည်။

အဆိုပါခရီးစဉ်ကို ဇန်န၀ါရီလအတွင်း စတင်ခဲ့ခြင်းဖြစ်ကာ တစ်ညအိပ် နှစ်ရက် ခရီးစဉ် ဖြစ်သည်။

“ခရီးသည်ကတော့ အမြဲတမ်း ကိုးယောက်လောက်တော့ ပျမ်းမျှရပါတယ်။ ဘန်ကောက်ကိုရောက်ရင် တည်းခိုမယ့်နေရာအထိ လိုက်ပို့ပေးပါတယ်။ ကျွန်တော်တို့က တည်းခိုဖို့အတွက်စီစဉ်ပေးပါဆိုရင်လည်း စီစဉ်ပေးပါတယ်”ဟု ကိုကျော်ကိုက ဆိုသည်။

အဆိုပါခရီးစဉ်ကို ၁၂ ယောက်ဆံ့ မီနီဘတ်စ်ကားဖြင့် နံနက် ခြောက်နာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာ မည်ဖြစ်ပြီး ညနေလေးနာရီတွင် မြ၀တီသို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ထိုင်းနိုင်ငံဘန် ကောက်မြို့သို့ နှစ်ထပ်ဘတ်စ်ကားများဖြင့် ကားပြောင်းကာ ထပ်မံထွက်ခွာမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ သွားရောက်လိုသူ များအတွက် ထပ်မံ၍ ကားလမ်းကြောင်း စီစဉ်ပေးမည်ဖြစ်သည်။

ရန်ကုန်မှ ကားစတင်ထွက်ခွာသည့်ရက်များတွင် မဂဏန်းရက်များဖြစ်သည့် ၁ ရက် ၃ ရက် အစရှိသည့် ရက်များဖြစ်ပြီး ခရီးသည်အများစုမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိသာ သွားရောက်ကြသည်ဟုလည်း ကိုကျော်ကိုက ဆိုသည်။ ဘန်ကောက်မြို့အထိသာ သွားရောက်လိုသူ ခရီးသည်များအတွက် ခရီးစဉ်စ ဆုံး ငါးသောင်းကျပ်သာ ကျသင့်မည်ဖြစ်သည်။

ယင်းအပြင် မော်လမြိုင်နှင့် ဘားအံမြို့များမှလည်း အဆိုပါခရီးစဉ်ကို သွားရောက်နိုင်မည်ဖြစ်ကာ ယင်း မြို့များမှ ဘန်ကောက် ခရီးစဉ်အတွက် ကျပ် ၄၅,၀၀၀ ဖြစ်သည်။

ခရီးစဉ်အတွက် ထိုင်းဗီဇာ (ပြည်ဝင်ခွင့်လက်မှတ်)သာ လိုမည်ဖြစ်ပြီး ကမ္ဘောဒီးယားမှာ ဗီဇာကင်းလွတ် ခွင့်ရသောကြောင့် ဗီဇာလျှောက်ထားရန် မလိုပေ။ နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်လက်မှတ်များကို မိမိအစီအစဉ်ဖြင့်သာ ပြုလုပ်ရမည်ဖြစ်ပြီး VEGA Travel မှလည်း ၀န်ဆောင်မှုပေးမည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်သည့် တုံလေဆပ်ရေအိုင်၊ အန်ကောဝပ် ဘုရားကျောင်း၊ ကွန်မြူနစ်များ လူမျိုးတုန်း သတ်ဖြတ်ခဲ့သည့်နေရာတွင် ပြုလုပ်ထားသည့် အထိမ်းအ မှတ်နေရာ အစရှိသည့် လည်ပတ်စရာနေရာများ ရှိသည်။

Mizzima - News in Burmese

 30.1.2014

Tuesday, January 28, 2014

ဆီးဖြူသီးမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ


(၁) ဦးနှောက်နှင့် အာရုံကြောအတွက် အထောက်အကူပြုပါတယ်။

(၂) အသက်ရှုလမ်းကြောင်း အတွက်လည်း ကောင်းမွန်စေပါတယ်။

(၃) ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) အရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။

(၅) အနာကို ကျက်စေနိုင်သော အစွမ်းရှိပါတယ်။

(၆) အစာအိမ်နှင့် အူလမ်းကြောင်း အတွက်လည်း အထောက် အကူပြုနိုင် ပါတယ်။

(၇) ကိုယ်ခံ စွမ်းအားအတွက်လည်း ကောင်းမွန်စေပါတယ်။

(၈) နာကျင်ရောင်ရမ်း မှုတွေကိုလည်း လျော့ချပေးနိုင်သော အစွမ်းရှိပါတယ်။



ကျော်လင်းနိုင် (ကျန်းမာရေးသတင်းများ)

လွှတ်တော်နဲ့ သမ္မတအကြား အငြင်းပွားနေမှု

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ သမ္မတ အကြား မပြေမလည် ဖြစ်နေတဲ့ ကိစ္စကို သမ္မတဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီတာတွေ၊ ဒီမိုကရေစီ ကျင့်စဉ် မညီတဲ့ အချက်တွေ ပါနေတဲ့ အတွက် ဆိုပြီး သမ္မတက လက်မှတ်မထိုးပဲ အချက် ၁၆ ချက်ကို ပြန်ပြင်ဆင်ဖို့ မှတ်ချက် ပေးထားတာကို ပြည်ထောင်စု လွှတ်တော်က အချက် ၂ ချက်ကိုသာ ပြင်ဆင်ပြီး ကျန် ၁၄ ချက်ကို မူလ အတိုင်း ထားရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို သမ္မတဘက်ကနေ သတင်းစာထဲကနေတဆင့် သတင်း ထုတ်ပြန်တာဟာ သင့်တော်တဲ့ အလုပ် မဟုတ်ဘူးလို့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ဘီဘီစီကို ပြောပါတယ်။

ဥပဒေ ပြုတဲ့အလုပ်မှာ သမ္မတရဲ့ အခန်းကဏ္ဍဍကို ကြည့်မယ် ဆိုရင် ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ် လက်မှတ် ရေးထိုးထားတဲ့ ဥပဒေကြမ်းကို ပြန်လည် စိစစ်ဖို့ သမ္မတက ပြောပိုင်ခွင့် ရှိကြောင်း၊ အဲဒီကနေ နောက်တကြိမ် ပြန်ပို့လိုက် တာကို သမ္မတ အနေနဲ့ လက်မှတ် ရေးထိုး အတည်ပြုပြီး ဥပဒေ ထုတ်ပြန်ရမှာ ဖြစ်ကြောင်း၊ အဲဒီလို မကြိုက်တာတွေ လက်မှတ်မရေးထိုးနိုင်တာတွေကို သတင်းစာမှာ အခုလို ထုတ်ပြန်ပြီး လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ဖို့ကိုတော့ သမ္မတကို အခွင့်အာဏာ ပေးထားတာမျိုး မရှိဘူးလို့ ဦးဘရှင်က ပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီလို သတင်းစာမှာ ထုတ်ပြန်တာမျိုး မလုပ်ဖို့ ဥပဒေအရ တားထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ် အတည်ပြုလိုက်တဲ့ ဥပဒေကို သမ္မတဆီ ပို့လိုက်ရင် ၁၄ရက်အတွင်း သမ္မတက လက်မှတ် ရေးထိုးရမှာ ဖြစ်ကြောင်း၊ လက်မှတ် မရေးထိုးနိုင်ဘူး ဆိုရင်လည်း အဲဒီ ၁၄ရက်အတွင်း သဘောထား မှတ်ချက် ပေးရမှာ ဖြစ်ကြောင်း၊ သမ္မတရဲ့ သဘောထားကို ပြည်ထောင်စု လွှတ်တော်က လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည် ဖြစ်စေ ပြည်ထောင်စု လွှတ်တော်က ထပ်မံ အတည်ပြုပြီးတဲ့ ဥပဒေကို သမ္မတက ၇ရက်အတွင်း လက်မှတ် ရေးထိုး ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း၊ တကယ်လို့ သမ္မတက လက်မှတ်ရေးထိုး အတည်ပြုတာမျိုး မရှိရင်လည်း ဒီဥပဒေကတော့ အတည် ဖြစ်သွားမှာ ဖြစ်ကြောင်း ဦးဘရှင်က ရှင်းပြပါတယ်။

အခု ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာလည်း ဥပဒေ အတည် ဖြစ်သွားပြီ ဖြစ်တဲ့အကြောင်း လွတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



လွတ်တော်နဲ့ သမ္မတအကြား မပြေမလည် ဖြစ်နေမှု ပိုကြီးထွား လာနေ

မြန်မာပြည် အဂတိလိုက်စားမှုအန္တရာယ် ကမ္ဘာ့ဘဏ်စောင့်ကြည့်မည်

မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၂ ထောင် အကူအညီပေးမယ့် ကမ္ဘာ့ဘဏ်အနေနဲ့- အကျင့်ပျက်ခြစားမှု အန္တရာယ်နဲ့ ပတ်သက်လို့တော့ သတိထား စောင့်ကြည့်သွားမှာဖြစ်တဲ့အကြောင်း ပြောလိုက်ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေ တွေ့မြင်လာရတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အကူအညီပေးဖို့ ကြေညာခဲ့ပေမဲ့ မသမာမှုတွေမဖြစ်အောင် စောင့်ကြည့်မှာဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ဥက္ကဋ္ဌ Jim Yong Kim က သတိပေးခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတုန်းက အကျင့်ပျက်ခြစားမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကူအညီပေးနေတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းခဲ့တာကိုလည်း နမူနာအဖြစ်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုသွားတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ကိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာတ၀ှမ်းက နိုင်ငံပေါင်း ၁၈၉ နိုင်ငံ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၈၂ မှာ ရှိနေတုန်းဘဲလို့ သတ်မှတ်ထားတာပါ။
ခရီးစဉ်အစ တနင်္ဂနွေနေ့မှာတုန်းကတော့ ကျန်းမာရေး စောင့်ရှောက်မှုမရနိုင်တဲ့  မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသက ခန့်မှန်းခြေ လူဦးရေ ၇၅% နဲ့ လျှပ်စစ်မီးမရကြတဲ့ လူဦးရေ ၇၀% ကျော်အတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းရေး ကူညီဖို့ ကမ္ဘာ့ဘဏ်က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရအကြီးအကဲ သမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့သလို နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မီတာခဈေးနှုန်း ပြန်လည်ညှိနှိုင်းသတ်မှတ်မည်

လျှပ်စစ်မီတာခ တိုးမြှင့်မယ်လို့ ၀န်ကြီးဌာနက ကြေညာထားတဲ့ နှုန်းထားအတိုင်း လာမယ့် ဘဏ္ဍာရေးနှစ်အစ ၂၀၁၄ ဧပြီမှာ စ ကောက်မယ်လို့ သမ္မတက လွှတ်တော်ဘက်ကို သ၀ဏ်လွှာ ပေးပို့ထားပေမယ့် အဲဒီနှုန်းထားအတိုင်း မကောက်ဘဲ ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က လျှပ်စစ်ကဏ္ဍ အရှုံးပေါ်နေတဲ့ကိစ္စ၊ နောက်ထပ် လိုအပ်လာမယ့် ဓာတ်အားအတွက် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ကိစ္စတွေ လွှတ်တော်ကို အသေအချာ တင်ပြပြီး မီတာခ တိုးမြှင့်မယ့်ကိစ္စ အဆင်ပြေအောင် ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာထားတဲ့ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁၀၀ အထိ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၀ အထက် ကျပ် ၅၀၊ လုပ်ငန်းသုံး ယူနစ် ၅ ထောင်အထိ ၁ ယူနစ် ကျပ် ၁၀၀၊ ယူနစ် ၅ ထောင်အထက် ကျပ် ၁၅၀ ဖြစ်ပါတယ်။

ဒီနှုန်းထားကို လွှတ်တော်က ကန့်ကွက်ထားတဲ့အတွက် မကောက်ခံသေးဘဲ ယာယီ ဆိုင်းငံ့ ထားပါတယ်။

လက်ရှိ ကောက်ခံနေတဲ့ နှုန်းထားကတော့ အိမ်သုံး ၁ ယူနစ်  ၃၅ ကျပ်၊ လုပ်ငန်းသုံး ၁ ယူနစ်  ၇၅ ကျပ် ဖြစ်ပါတယ်။

By ဒီဗွီဘီ


Air KBZ လေယာဉ် မတော်တဆဖြစ်ပြီး ပြန်လည်ဆင်းသက်

ရန်ကုန်-ဟဲဟိုး-မန္တလေး Air KBZ လေယာဉ် ATR-72 ခရီးစဉ်အမှတ် K7 266 ဟာ ဒီနေ့မနက်ပိုင်း ရန်ကုန်လေဆိပ်က ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာမှာ မီးခိုးတွေ ထွက်လာလို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အဲယား ကဗ္ဘောဇ လေကြောင်းလိုင်း အထွေထွေမန်နေဂျာ  ဦးမြတ်သူက “မနက် ၈ နာရီလောက်မှာ ရန်ကုန်-ဟဲဟိုး-မန္တလေး သွားမယ့် လေယာဉ် က ပြေးလမ်းပေါ်ရောက်နေ ပါပြီ။ ပြေးလမ်းပေါ် ရောက်ပြီးမှ အချက်ပေး သံပေါ်တော့ ပြန်လာ ပါတယ်။ ပြန်လာပြီးတော့မှ ဘီးတဖက်က အပူချိန်မြင့်သွားပြီး မီးခိုးတွေ ထွက်လာပါတယ်။ ခရီးသည်တွေကို အပြင်ထွက်ခိုင်းပြီး အဲဒါကို ငြှိမ်းကြပါတယ်” လို့ ပြောပါတယ်။

လိုက်ပါလာတဲ့ ခရီးသည် ၆၅ ဦးလုံး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့လည်း ဦးမြတ်သူက ပြောပါတယ်။

ခရီးသည်တွေကို တခြားလေယာဉ်တစီးနဲ့ ရန်ကုန်-ဟဲဟိုး-မန္တလေး ခရီးစဉ်အတိုင်း စီစဉ်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ နာရီဝက်လောက်ကပဲ အဲဒီခရီးသည်အတိုင်း ရန်ကုန်-ဟဲဟိုး-မန္တလေးကို လေယာဉ်အခြားတစီးနဲ့ အစားထိုးတင်ပေးလိုက်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။ ဘာမှကို မဖြစ်တာ။ ဒီအတိုင်းပြန်လှည့်လာတာပါ။ ”

ပြီးခဲ့တဲ့အပတ်က အဲပုဂံ လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရမှု အားနည်းတယ် ဆိုသည့်သတင်းတွေ ထွက်ပေါ်လာပြီး မကြာမီ Air KBZ လေယာဉ် မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

By ဒီဗွီဘီ


ကုလ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့မှာ မြန်မာ ပါတော့မယ်

မြန်မာ့ တပ်မတော်ကို ကုလ သမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့မှာ ပါဝင်ဖို့ ကုလ သမဂ္ဂက ဖိတ်ခေါ်တာကို မြန်မာ ဘက်က လက်ခံ လိုက်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် သူက ကမ်းလှမ်းတာလို့ အစိုးရ အရာရှိကြီးတွေက ပြောပါတယ်။

အရင် တုန်းကတော့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့မှာ မြန်မာ့ တပ်မတော် က ပါဝင်ခဲ့ဘူးတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ယောက်က ပြောပါတယ်။

အခု နောက်ပိုင်းမှာလည်း ကုလ သမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ က ဆက်သွယ် မှုတွေရှိခဲ့တဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် အဖြစ် မြန်မာ နိုင်ငံ ပါဝင်နိုင်ခြင်း အားဖြင့် တပ်မတော် ပြုပြင် ပြောင်းလဲရေး အတွက် အထောက် အကူ ဖြစ်စေ နိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Cobra Gold လို့ ခေါ်တဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန် တို့ရဲ့ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ နိုင်ငံ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရခဲ့တဲ့ အခါ တပ်မတော် ခေါင်းဆောင်တွေရဲ့ စိတ်ကူးသဘောထားတွေ ပြောင်းလဲ လာတာ တွေ့ခဲ့ရတယ်လို့ သူက ဥပမာပေး ပြော ပါတယ်။

ဒါ့အပြင် ဒေသတွင်းရေးရာကိစ္စတွေမှာ မြန်မာ နိုင်ငံ ပါဝင် ဆောင်ရွက်တဲ့ အခါမှာလည်း အကျိုး သက်ရောက်မှု အများကြီး ရှိနိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

လောလောဆယ်မှာ ကုလသမဂ္ဂရဲ့ ဖိတ်ခေါ်ချက်ကို မြန်မာ နိုင်ငံဘက်က လက်ခံထားတဲ့ အဆင့်မှာပဲ ရှိနေပြီး နောက်ထပ် အသေးစိတ်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)



ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာ စစ်တပ်နဲ့ နိုင်ငံတကာ ဆက်သွယ်မှု ပိုများလာ

Tuesday, January 21, 2014

M C C interview

Interview အောင်မြင်သူ "မ၀ါဝါနွယ်" ရုံးသို့ ဆက်သွယ်ပါ။

Sunday, January 19, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဘားအံ ခရီးစဉ်

18.1.2014                                                        စနေနေ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပမည့်
(၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
၁၈၊၁၊၂၀၁၄ ရက်နေ့နံနက်တွင်နေပြည်တော်နေအိမ်မှ ကားဖြင့်ထွက်ခွါလာရာ ကျိုက်ထိုမြို့ စိမ်းလဲ့တင် ဟိုတယ်သို့ နံနက် (၁၁းဝဝ) နာရီခန့်တွင် ရောက်ရှိလာခဲ့ပါသည်။
ထို့နောက် နေ့လည်စာ သုံးဆောင်ပြီး နေ့လည် (၁းဝဝ) နာရီကျော်တွင် ဆက်လက် ထွက်ခွာလာရာ ဘီးလင်းမြို့သို့ နေ့လည် (၂းဝ၅) မိနစ်တွင် ရောက်ရှိခဲ့ပြီး ကြိုဆိုနှုတ်ဆက်ကြသော
ပြည်သူများအား ပြန်လည်နှုတ်ဆက်ခဲ့ပါသည်။ ယင်းနောက်မှ သထုံမြို့နယ်သို့ နေ့လည် (၃း၄၅) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ဘားအံသို့ ဆက်လက်ထွက်ခွာလာရာ လမ်းခရီးတစ်လျှောက်
ပြည်သူများမှ ဒုံးယိမ်းအကများ၊ ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ လမ်းခရီးတစ်လျှောက်ကြိုဆိုနှုတ်ဆက်သူများ များပြားသဖြင့်
လူထုဆန္ဒခံယူပွဲ ကျင်းပရာ ဘားအံမြို့နယ် အောင်သံလွင် ဘောလုံးကွင်းသို့ ယခင်ခန့်မှန်းချိန်ထက် အနည်းငယ်နောက်ကျပြီး (၅း၃ဝ) ခန့်တွင် ရောက်ရှိခဲ့ပါသည်။
ထို့နောက် တဆက်တည်း မိန့်ခွန်းပြောကြားပြီး (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် (သို့) အသစ်ရေးဆွဲရန် ပြည်သူ့ဆန္ဒခံယူရာ တက်ရောက်
နားထောင်ကြသော ပြည်သူများမှ တညီတညွတ်တည်း ပြင်ဆင်ရန် သဘောတူသဖြင့် ၉၇ % ဟု သတ်မှတ် အတည်ပြုပြီး ယခင် ဟောပြောပွဲများအတိုင်း မေးမြန်းခွင့် လူ(၇)ဦး သတ်မှတ်ကာ မေးမြန်း၊ ဖြေဆိုပြီး
ညနေ (၆း၄၅) နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွဲကပင်ဟိုတယ် (Hotel Zwekabin) တွင် တစ်ညတာ တည်းခိုပြီး
ယနေ့ (၁၉.၁.၂ဝ၁၄) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၇းဝဝ) နာရီကျော်တွင် ဇွဲကပင်ဟိုတယ်မှ စတင်ထွက်ခွာပြီး လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲနှင့် ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ပါသည်။

Credit to > ရွှေကျိုက်ထို < Thank

ဒေါ်အောင်ဆန်းစုကြည်၏ ဘားအံခရီးစဉ်တစ်လျှောက် မှတ်တမ်းဓါတ်ပုံများ

Thursday, January 16, 2014

မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာ စတင်ထုတ်ပေး

မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက်နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ ထုတ်ချေးမယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တိုကျိုမြို့မှာတွေ့ဆုံစဉ် ကတိပြုပြောကြားထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရတွေအကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားပါတယ်။

ယခုလအကုန်မှာ GSM ဖုန်းလိုင်းတွေ ဖလန်းဖလန်းထလာတော့မည်

နယ်ဒေသအချို့ အပါအဝင် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖုန်းခေါ်ဆိုရ ခက်ခဲခြင်းကိုဖြေရှင်းရန် မိုဘိုင်းလ် ဖုန်းလိုင်းများ ထပ်မံတိုးချဲ့ပြီး ရေဒီယို စက်ပစ္စည်းသစ်များ လဲလှယ် လိုက်ပြီးနောက် ယခုလကုန်တွင် GSM မိုဘိုင်းလ် ဖုန်းလိုင်းများ ပြန်ကောင်း လာတော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စက်ချိန်ညှိခြင်း၊ တိုင်းတာ စမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ယခုလကုန် လုပ်ငန်းများ ပြီးစီးပါက GSM ဖုန်းလိုင်းများ ကောင်းလာတော့မည်ဟု ၎င်းကဆိုသည်။
“လကုန်ပိုင်းလောက်မှာ အပြီးသတ်ဖို့ ရည်ရွယ်ထားတယ်။ လိုင်းမကောင်းတာတွေ၊ လိုင်းကျပ်တာတွေ အရင်ကထက် ပိုအဆင်ပြေသွားမယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ဝန်ဆောင်မှု ညံ့ဖျင်းသည်ဟု အမြဲတစေ ဝေဖန် ခံနေရသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဆက်သွယ်ရေး ကွန်ရက် အထောက်အကူပြု ပစ္စည်းများကို တရုတ်ကုမ္ပဏီများ ဖြစ်သော Huawei နှင့် ZTE တို့ထံမှ သုံးစွဲလျက်ရှိရာ အချို့ဒေသများတွင် ကုမ္ပဏီ နှစ်ခုစလုံးမှ ပစ္စည်းများ သုံးထားခြင်းကြောင့် ဆက်သွယ်မှု ခက်ခဲခြင်း၊ အသံအရည်အသွေး မကောင်းခြင်းများဖြစ် နေရာဒေသ တစ်ခုတွင် ကုမ္ပဏီ တစ်ခုတည်းမှ ပစ္စည်းများသာ သုံးစွဲရန် စက်ပစ္စည်းအသစ်များ လဲလှယ် တပ်ဆင်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရှိရသည်။
“ဒေသတစ်ခုစီမှာ Vendor နှစ်ခုကို တစ်ခုတည်း ပြောင်းလိုက်တာ တကယ်ကောင်းတယ်။ Vendor တွေက တစ်ခုနဲ့တစ်ခု စက်ပစ္စည်းရော၊ နည်းပညာရော မတူညီတော့ ဖုန်းပြောတဲ့အခါမှာ အသံအရည်အသွေးက မကောင်းတော့ဘူးလေ။ အခု ခေါ်ဆိုရ တော်တော် ကောင်းလာမယ် ထင်တယ်” ဟု ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုတွင် တာဝန် ထမ်းဆောင်နေသော အင်ဂျင် နီယာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့်က ဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပါအဝင် မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System) မိုဘိုင်းလ်ဖုန်းလိုင်း အရေအတွက် လေးသန်း ထပ်မံရောင်းချ ထားပေးသွားရန် စီစဉ်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်းတိုးချဲ့ရန် စက်ပစ္စည်း သစ်များကို ယခုနှစ် ဇွန်၊ ဇူလိုင် လတို့တွင် အပြီးသတ် တပ်ဆင်သွားရန် မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
By The Voice

Wednesday, January 15, 2014

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ဟောပြောပွဲ ခရီးစဉ်


ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ်။ *********************************** အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၁၈၊ ၁၊ ၂၀၁၄ ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့၌ ကျင်းပမည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ပါသည်။ ၁၈၊၁၊၂၀၁၄ ရက်နေ့နံနက်တွင် နေပြည်တော်နေအိမ်မှ ကားဖြင့်ထွက်ခွါပြီး ကျိုက်ထိုမြို့တွင် နေ့လည်စာ စားသုံးကာ ညနေ ၄:၃၀ နာရီတွင် ကရင်ပြည်နယ် ဖားအံမြို့ အောင်သံလွင်ဘောလုံးကွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာလူထုဆန္ဒရယူပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားပါမည်။ ယင်းနေ့တွင် ဖားအံမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ပါသည်။ ထို့နောက် ၁၉၊၁၊၂၀၁၄ ရက်နေ့ နံနက်တွင် ဖားအံမြို့မှ လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲ ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောပွဲပြီးဆုံးလျှင် ဖားအံမြို့သို့ ပြန်လည်ထွက်ခွါမည်ဖြစ်ပြီး ယင်းမှတဆင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွါမည် ဖြစ်ကြောင်း သတင်းမီဒီယာဌာနများအား လေးစားစွာ အသိပေးအပ်ပါသည်။ News credit to News and Information Department of NLD

ဖမ်းမိသောငါးကြီးတစ်ကောင်အားငွေကျပ် ၂၂၅သိန်းဖြင့်ဝယ်

မွန် ပြည်နယ် မော်လမြိုင်မြို့ ကော့ တွန်ကျေးရွာအုပ်စု၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု၏သား မောင် သာထူးသည် မော်လမြိုင်
ခေါင်း ဆေးကျွန်းအနီးတွင် ဇန်န၀ါရီ ၁၃ရက် နံနက် ၁၁နာရီက ငါး ပြက်ပိုက်ဆွဲရာမှ အလေးချိန် ၅၂ပိဿာခန့်ရှိ ကသမြင်ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

အဆိုပါငါးကြီးအား မော် လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံ လွင်ဈေး ငါးအ၀ယ်ဒိုင်တွင် လာရောက်ရောင်းချရာ ကျိုက္ခ မီမြို့မှ ငါးအ၀ယ်ဒိုင်ပိုင်ရှင် တစ်ဦးက ငွေကျပ် ၂၂၅သိန်း ပေးဝယ်ပြီး ရန်ကုန်မြို့သို့နေ့ ချင်းအပြီး သယ်သွားကြောင်း၊ ငါးထက် ငါးအဆီပေါင်းက ပိုမို ဈေးရကြောင်း ငါးလုပ်ငန်းရှင် များက ပြောဆိုကြသည်။

““ကသမြင်ငါးအကြီးကြီး ရလိုက်တဲ့လူဟာ နောက်ဆို တံငါလုပ်ငန်းလုပ်လို့ မရတော့ ဘူး။ တံငါလုပ်ငန်းပြန်လုပ် ရင် ခိုက်တယ်တဲ့။ အရင်က လဲ ဒီလိုငါးအကြီးကြီးရဖူးကြ ပါတယ်””ဟု ချမ်းအေးရပ်ကွက် မှ တံငါသည်တစ်ဦးက ပြော သည်။

Credit to > Yangon Media Group < Thanks

Monday, January 13, 2014

ထိုင်းနိုင်ငံ ယာဉ်တိုက်မှု သတင်းလေး....အရေးကြီးလို့ သက်ဆိုင်သူ မိသားစုများကို အကြောင်းကြားပေးကြပါ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ၁၀၀ ကီလိုမီတာ အကွာရှိ လရှ်ဘူလီ ခရိုင် ဘန့်ပုံမြို့တွင် ဇန်န၀ါရီလ (၁၀)ရက်နေ့ ညနေ ၆း၃၀ ဆိုင်ကယ်နှင့် ယဉ်တိုက်မှု ဖြစ်ပွားခဲ့သည် ။

ယာဉ်တိုက်မှု့ဖြစ် ပွားခဲ့သည့်နေရာကို နယ်မြေရဲစခန်း နှင့် အသက် ကယ်ဆယ်ရေးကားများရောက်ရှိလာကာ ကားတိုက်ခံရသူကို ဆေးရုံမပို့ခင် စစ်ဆေးမှု့များပြုလုပ်ခဲ့ရာ ကားတိုက်ခံရသူမှာ မြန်မာနိုင်ငံသား များဖြစ်ကြောင်း

စက်ရုံအလုပ်ကဒ်များကိုစစ် ဆေးကြည့်သည့်အခါ (မှတ်ပုံတင်အထောက်အထားအရ) မရီရီမွန် (ဈေးရောင်း၊ ကံ့ကော်ရပ်ကွက်၊ ကျိုက်ထိုမြို့) နေသူ အသက် ၂၈ နှစ် နှင့် ကိုမျိုးဝင်း အသက် ၃၅ နှစ်သည် ကားပစ္စည်းထုတ်လုပ်သော စက်ရုံတွင် အလုပ်လုပ်ပြီး အိမ် သို့ ဆိုင်ကယ်ဖြင့်ပြန်အလာတွင် တိုက်မိနိုင်ကြောင်း ယဉ်တိုက်သည့် နေရာ အနီးပတ်ဝန်းကျင်မှ ထိုင်းလူမျိုးဖီးစီလိချိုင်း၏ ထွက်ဆိုချက်အရ ဆိုင်ကယ်စီးလာပြီး ဆယ်ဘီးကား ရှေ့တွင်ဆိုင်ကယ် တိမ်းမှောက်ကာ လူက ကားကြိတ်ခံရပြီး ဆိုင်ကယ်မှာလမ်းဘက်တွင် ရောက်ရှိ သွားခဲ့သည်ပာု ထွက်ဆိုခဲ့သည်ပာု သိရသည်။

အလောင်းများကိုလဲ ဘန့်ပုံဆေးရုံသို့ ပို့ဆောင်ပြီး နောက် အလုပ်ရုံရှိ အလုပ်သမားများ၏ ကာယကံရှင်များက ဆေးရုံးသို့ သက်သေအထောက်ထားများပြပြီးအလောင်းကို ထုတ်ယူ ကာ မီးသဂြိုလ်ပြီးနောက် ကားပိုင်ရှင်နှင့် အသက်အာမခံရုံးများမှ ရသင့်ရထိုက်သော အခွင့်ရေးများကို ရနိုင်ရန်အတွက် ထိုင်းနိုင်ငံမြန်မာသံရုံးမှ လိုအပ်သော စာရွက်စာတမ်းများကို ထုတ်ပေးနေသည် ပာု သိရပါသည်။

Posted From Tee Saionetwo                   Credit to > Thithtoolwin < Thanks
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ၁၀၀ ကီလိုမီတာ အကွာရှိ လရှ်ဘူလီ ခရိုင် ဘန့်ပုံမြို့တွင် ဇန်န၀ါရီလ (၁၀)ရက်နေ့ ညနေ ၆း၃၀ ဆိုင်ကယ်နှင့် ယဉ်တိုက်မှု ဖြစ်ပွားခဲ့သည် ။

ယာဉ်တိုက်မှု့ဖြစ် ပွားခဲ့သည့်နေရာကို နယ်မြေရဲစခန်း နှင့် အသက် ကယ်ဆယ်ရေးကားများရောက်ရှိလာကာ ကားတိုက်ခံရသူကို ဆေးရုံမပို့ခင် စစ်ဆေးမှု့များပြုလုပ်ခဲ့ရာ ကားတိုက်ခံရသူမှာ မြန်မာနိုင်ငံသား များဖြစ်ကြောင်း

စက်ရုံအလုပ်ကဒ်များကိုစစ် ဆေးကြည့်သည့်အခါ မရီရီမွန် အသက် ၂၈ နှစ် နှင့် ကိုမျိုးဝင်း အသက် ၃၅ နှစ်သည် ကားပစ္စည်းထုတ်
လုပ်သော စက်ရုံတွင် အလုပ်လုပ်ပြီး အိမ် သို့ ဆိုင်ကယ်ဖြင့်ပြန်အလာတွင် တိုက်မိနိုင်ကြောင်း ယဉ်တိုက်သည့် နေရာ အနီးပတ်ဝန်းကျင်မှ ထိုင်းလူမျိုးဖီးစီလိချိုင်း၏ ထွက်ဆိုချက်အရ ဆိုင်ကယ်စီးလာပြီး ဆယ်ဘီးကား ရှေ့တွင်ဆိုင်ကယ် တိမ်းမှောက်ကာ လူက ကားကြိတ်ခံရပြီး ဆိုင်ကယ်မှာလမ်းဘက်တွင် ရောက်ရှိ သွားခဲ့သည်ပာု ထွက်ဆိုခဲ့သည်ပာု သိရသည်

အလောင်းများကိုလဲ ဘန့်ပုံဆေးရုံသို့ ပို့ဆောင်ပြီး နောက် အလုပ်ရုံရှိ အလုပ်သမားများ၏ ကာယကံရှင်များက ဆေးရုံးသို့ သက်သေအထောက်ထားများပြပြီးအလောင်းကို ထုတ်ယူ ကာ မီးသဂြိုလ်ပြီးနောက် ကားပိုင်ရှင်နှင့် အသက်အာမခံရုံးများမှ ရသင့်ရထိုက်သော အခွင့်ရေးများကို ရနိုင်ရန်အတွက် ထိုင်းနိုင်ငံမြန်မာသံရုံးမှ လိုအပ်သော စာရွက်စာတမ်းများကို ထုတ်ပေးနေသည် ပာု သိရပါသည်။

Posted From Tee Saionetwo

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အကြောင်းအရာသုံးရပ်ကို အဓိကဦးတည် ဆွေးနွေး

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အကြောင်းအရာသုံးရပ်ကို အဓိကဦးတည် ဆွေးနွေးမည်

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူပြီးနောက် ပထမဆုံးပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Ministers Retreat) ကို ဇန်န၀ါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး အစည်းအဝေးတွင် အကြောင်းအရာသုံးရပ်ကို အဓိကဦးတည် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံး

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးနောက် ၁၇ နှစ်တာကာလအတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်အချိန်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူရန် အခွင့်အရေး ပေါ်ပေါက်ခဲ့သော်လည်း ထိုအချိန်က မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအ၀င် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ကန့်ကွက်ခဲ့ကြသဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်လွှတ်ခဲ့ရသည်။ ထို့အတွက် မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ရယူခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ တာဝန်ယူခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားချိန် ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ ကြိုးပမ်းမှု၏ ရလဒ်အနေဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာက အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးပွဲတွင် မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာက ပြုလုပ်ခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန်က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တရားဝင်ရယူခဲ့သည်။

ခရေဆယ်ပွင့်နှင့် အရှည်လျားဆုံးဆောင်ပုဒ်

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူချိန်တွင် အသုံးပြုမည့် အာဆီယံအထိမ်းအမှတ် အမှတ်အသား (logo) မှာ အာဆီယံ အမှတ်တံဆိပ်အား ခရေပန်းဆယ်ပွင့်ဖြင့် ၀န်းရံထားသည့် ပုံသဏ္ဌာန်ဖြင့် ဖော်ကျူးခဲ့သည်။

အလှည့်ကျ ဥက္ကဋ္ဌတာဝန်အရ မြန်မာနိုင်ငံအတွက် ရွေးချယ်ပေးခဲ့သည့် အာဆီယံကြွေးကြော်သံဆောင်ပုဒ်မှာ အာဆီယံသမိုင်းတစ်လျှောက် အရှည်လျားဆုံး ဆောင်ပုဒ်တစ်ခုဖြစ်သည်။ ထိုဆောင်ပုဒ်ကို ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဆောင်ပုဒ်အပြည့်အစုံမှာ Moving forward in unity towards a peaceful and prosperous Community ဖြစ်ပြီး ‘ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ’ ဟူ၍ မြန်မာဘာသာဖြင့် ဖွင့်ဆိုခဲ့သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရရှိပြီးနောက် မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်မည့် အစည်းအဝေးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖြစ်သည်။

ထိုအစည်းအဝေးကို ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထားပြီး ညောင်ဦးခရိုင်၊ ပုဂံမြို့၊ ရွှေနန်းတော်ဟိုတယ်၊ နန်းမြင့်ဆောင်၌ ပြုလုပ်မည်ဖြစ်သည်။

လေးရက်ကြာပြုလုပ်ရန် သတ်မှတ်ထားသော်လည်း အစည်းအဝေး၏ အဓိကဖြစ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်န၀ါရီ ၁၇ ရက် တစ်ရက်တည်းသာ ပြုလုပ်မည်ဖြစ်သည်။ ဇန်န၀ါရီ ၁၆ ရက်တွင် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ အစည်းအဝေးနှင့် အာဆီယံအဆင့်မြင့် အရာရှိများ (Prep-SOM) အစည်းအဝေးကို ပြုလုပ်မည်ဖြစ်သည်။ “အဆင့်မြင့် အရာရှိတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်တွေက ဇန်န၀ါရီ ၁၄ မှာ ရန်ကုန်ရောက်မယ်။ ၁၅ ရက်မှာ ပုဂံရောက်ပြီး ၁၆ ရက်မှာ အစည်းအဝေးလုပ်မယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေက ၁၅ ရက်နေ့မှာ ရန်ကုန်ရောက်ပြီး ၁၆ ရက်မှာ ပုဂံရောက်မယ်။ ၁၇ ရက်မှာ အစည်းအဝေးလုပ်ပြီး ၁၈ ရက်မှာ ပြန်ကြမယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထူးက Weekly Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။

အဓိကအကြောင်းအရာ သုံးရပ်

ပုဂံမြို့တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ကြိုတင်သတ်မှတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ သို့ရာတွင် ဦးတည်ဆွေးနွေးရမည့် အဓိကအကြောင်းအရာ သုံးရပ်ကို အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဘက်က ကြိုတင်ရေးဆွဲထားကြောင်း သိရသည်။

ထိုအကြောင်းအရာ သုံးရပ်မှာ (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သော အကြောင်းနောက်ဆက်တွဲများကို ဆွေးနွေးခြင်း၊ ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အမြုံ (ASEAN Community) အလွန် မျှော်မှန်းချက်များနှင့် အာဆီယံ ပြင်ပဆက်ဆံရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု သိရသည်။

“နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရော၊ အာဆီယံ အမြဲတမ်းကိုယ်စားလှယ် အစည်းအဝေးရော၊ အဆင့်မြင့် အရာရှိများ အစည်းအဝေးရော ဒီသုံးခုလုံးက မြန်မာက ဥက္ကဋ္ဌတာဝန်ယူပြီး ပထမဆုံးလုပ်တဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်” ဟု ဦးအောင်ထူးက ပြောကြားသည်။

မေလထိပ်သီးအတွက် ကြိုတင်ပြင်ဆင်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အာဆီယံ အဆင့်မြင့်အရာရှိများ၏ အစည်းအဝေးများကို မြန်မာနိုင်ငံ၌ ဆက်တိုက်ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ထိုအစည်းအဝေးများသည် မေလတွင် နေပြည်တော်၌ ပြုလုပ်ရန် စီစဉ်ထားသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲအတွက် အကြိုပြင်ဆင်သည့် အစည်းအဝေးများ ဖြစ်လာမည်ဟု ဦးအောင်ထူးကဆိုသည်။


(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို မေ ၄ ရက် နှင့် ၅ ရက်တွင် နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါထိပ်သီးအတွက် အကြိုဆွေးနွေးပွဲများကို ဧပြီလအတွင်း ဆက်တိုက်ပြုလုပ်ရန်ရှိကြောင်း သိရသည်။

ဇန်န၀ါရီလအတွင်း၌ အာဆီယံ စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေး၊ အာဆီယံ ဗိသုကာပညာရှင်များ ကောင်စီအစည်းအဝေး၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ အစည်းအဝေး အစရှိသည်တို့ကို ပြုလုပ်ရန်ရှိသည်။ မတ်လတွင် အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ အာဆီယံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိများ အစည်းအဝေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ၊ လူမှုရေးနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာ အစည်းအဝေးများအပြင် အာဆီယံ လူထုဖိုရမ်ကိုပါ ကျင်းပရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားချိန်တွင် အစည်းအဝေး မည်မျှကျင်းပမည်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း တစ်နှစ်တာကာလအတွင်း အစည်းအဝေး ၃၀၀ မှ ၄၀၀ အတွင်း ကျင်းပရန် အကြမ်းဖျင်းလျာထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

အာဆီယံ စတင်တည်ထောင်သည့် ခုနှစ် - ၈ ရက် သြဂုတ်လ ၁၉၆၇ ခုနှစ်
အဖွဲ့ဝင်နိုင်ငံ - ၁၀ နိုင်ငံ ( အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီး ယား၊လာအို၊ ဗီယက်နမ်)
လေ့လာသူ နိုင်ငံများ - အရှေ့တီမော၊ ပါပွာနယူးဂီနီရာ
အာဆီယံပဋိဥာဏ် စတင်သည့်နေ့ - ၁၆ ရက် ဒီဇင်ဘာ ၂၀၀၆
အာဆီယံလူဦးရေ - ၆၀၂ သန်း
အာဆီယံဂျီဒီပီ (၂၀၁၁ ခုနှစ်စာရင်း) - ၂၃၅၆ ထရီလီယံ
အာဆီယံ အတွင်းရေးမှူးချုပ် - လီလောင်မင်း (ဗီယက်နမ်)
အာဆီယံ အတွင်းရေးမှူးချုပ် ရုံးစိုက်ရာနိုင်ငံ - အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့။
အလှည့်ကျဥက္ကဋ္ဌ (၂၀၁၄ ခုနှစ်အတွက်) - မြန်မာနိုင်ငံ


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ

၁။ အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊
၂။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political-Security Community) ကို သုံးသပ်ခြင်း၊
၃။ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံစီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ASCC (ASEAN Socio-Cultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊
၎။ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှ အာဆီယံနိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊
၅။ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊
၆။ အာဆီယံနိုင်ငံများအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊
၇။ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊
၈။ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များ
၉။ နိုင်ငံတွင်းကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်း


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားထားသည့် အချက်များ

အာဆီယံအသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး-

၁။ ရာသီဥတု ပြောင်းလဲခြင်း
၂။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း
၃။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ
၎။ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊
၅။ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစပ်ဆက်သွယ်ရေး
၆။ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ

ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအား ကြိုဆိုထားသည့်မုခ်ဦးကို တွေ့ရစဉ်

မြိတ်တွင် ကျောက်မီးသွေးစက်ရုံကို ဆန္ဒပြ၊ မီတာခ သာတူညီမျှရရေး တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖျက်သိမ်းရေးအတွက် ယင်းကျေးရွာတစ်ဖက်ကမ်းရှိ သမုတ်ဒေသခံ ၁၅၀ ဦးဝန်းကျင်ခန့်က ဇန်န၀ါရီ ၁၂ ရက် မွန်းလွဲတစ်နာရီအချိန် ယင်းကျေးရွာ ပဂျီရှောင်ရပ်ရှိ ဘော်လုံးကွင်းတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ ကြသည်ဟု ဆန္ဒထုတ်ဖော်သူများမှ သိရသည်။

သဘာဝဓာတ်ငွေ့ များစွာ ထွက်ရှိနေသော်လည်း လျှပ်စစ်တစ်ယူ နစ်လျှင် ၄၅၀ ကျပ်ရရှိသော တနင်္သာရီတိုင်းအတွင်း လျှပ်စစ်ဈေးနှုန်း သာတူညီမျှရရှိရေးကိုလည်း ဆန္ဒပြရာတွင် ထည့်သွင်းတောင်းဆိုခဲ့ကြသည်။

Credit to > Thithtoolwin < Thanks

ပေါင်းစည်းမွန်နှစ်ပါတီ မတ်လတွင် မှတ်ပုံတင်မည်

ပူးပေါင်းမွန်နှစ်ပါတီဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီနှစ်ခု ပူးပေါင်း၍ မွန်အမျိုးသားပါတီအမည်ဖြင့် ၂၀၁၄ မတ်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ မှတ်ပုံတင် သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး(၁) ဦးနိုင်စိုးမြင့်က မဇ္ဈိမကို ပြောသည်။
ဇန်န၀ါရီလ ၁၂ ရက်တွင် မော်လမြိုင်မြို့၊ ဓာတုမာလာကျောင်းတိုက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီး ပါတီတည်ထောင်ခွင့်ရရှိရန် ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်မည်ဟုလည်း သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။
“ဒီနေ့အစည်းအဝေးကတော့ ပါတီနှစ်ခုက ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်မယ်။ လူအတိအကျတော့ မရွေးရသေးဘူး”ဟု ဦးနိုင်စိုးမြင့်က ပြောသည်။
ပါတီ၏ အမှတ်တံဆိပ်ရွေးချယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပါတီ၏ မူဝါဒစည်းမျဉ်းစည်းကမ်းများအား ပါတီ တည်ထောင်ခွင့်ယူပြီး ကော်မရှင်၏မူအတိုင်း လုပ်ဆောင်မည်ဖြစ်သည်။ ကော်မရှင်က အသိအမှတ်ပြုမှ သာ ပါတီတံဆိပ်ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု မွန်အမျိုးသားပါတီဥက္ကဌအဖွဲ့ဝင် ဦးနိုင်ငွေသိန်းက ဆိုသည်။

Credit to > Mizzima < Thanks

Sunday, January 12, 2014

ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ဆောက်လိုသူများကို ငွေချေးမည့်ဘဏ် စတင်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အိမ်ဆောက်လိုသည့် မြေပိုင်ရှင်များနှင့် အိမ်ဝယ်လိုသူများ အတွက် ငွေထုတ်ချေးမည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

ယင်းဘဏ်သည် ကျပ် ၁၀၀ ဘီလီယံဖြင့် မတည်ထားသည့် အများပိုင် ဘဏ်ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့ ဘဏ်ဖွင့်ရက်မှ စတင်ကာ ငွေချေးလိုသူများ လာရောက် ဆွေးနွေးနိုင်ကာ ဘဏ်ခွဲများကိုလည်း နိုင်ငံအဝန်း ဆောက်လုပ်ရေးလုပ်ငန်း ပိုမိုတွင်ကျယ်မည့် နေရာများတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင်း လိုအပ်နေသော တန်ဖိုးမျှ၊ တန်ဖိုးနည်း အိမ်ရာများ တိုးတက် ဆောက်လုပ်နိုင်ရန် ဗဟိုဘဏ်က ဦးဆောင် ကြီးကြပ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဥက္ကဋ္ဌ ညွန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အဆိုပါဘဏ်သည် အိမ်ရာ ဆောက်လုပ်ရေး အထောက်အကူ ဖြစ်စေမည့် ချေးငွေများ ထုတ်ချေးခြင်းအပြင် ပုံမှန် ဘဏ်လုပ်ငန်းများ ဖြစ်သည့် ငွေစုခြင်း၊ ငွေချေးခြင်း၊ ငွေလွှဲခြင်း လုပ်ငန်းများနှင့် အငှားဝယ် စနစ်ဖြင့် ငွေစိုက်ထုတ်ပေးခြင်း စသည့် ဝန်ဆောင်မှုများလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း လက်ကမ်း ကြော်ငြာတွင် ဖော်ပြထားသည်။

MPU အဖွဲ့ဝင် ဘဏ်လည်းဖြစ်ရာ ATM တိုင်းတွင် ငွေထုတ်ယူနိုင်မည် ဖြစ်ပြီး မကြာမီ VISA၊ Master card များ၊ JCP၊ CUP Card များဖြင့်လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း အိမ်ရာ ယူနစ် ပေါင်း ၃၅,၀၀၀ ခန့် ဖော်ထုတ်သွားမည် ဖြစ်ရာ ပြည်သူများ အိမ် ပိုင်ဆိုင်ခွင့် မြှင့်တင်ပေးရန်၊ အိမ်ရာ ချေးငွေစနစ်တစ်ခု ထူထောင်ပေးခြင်းနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဘဏ်ဖွင့်ပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Credit to > The Voice Weekly < Thanks

ခလရ(၃၁)တပ်ရင်းက တပ်သားတစ်စု မုဒိန်းမှု ကျူးလွန်း

မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲ  ကျုံညဲကျေးရွာနေ နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ ၏ သမီး မိပရွဲမွန် ကို   ခလရ(၃၁) တပ်ရင်းမှ တပ်သား သိန်းဝင် အပါအ၀င်(၃)ဦးက  (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် အဓမ္မပြုကျင့် ခဲ့ကြောင်း သိရပါတယ်။

နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ အိမ်ကို ခလရ (၃၁) မှ သက်ကယ် ဖက်ထိုးရန် ငှားရမ်းထားပြီး (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် တပ်သား သိန်းဝင်းအပါ (၃)ဦးတို့သည် သက်ကယ်ဖက် ဆင်းယူစဉ်တွင် နိုင်ဖဒွတ် နှင့်  မိကျင်ဝိုင်း တို့ နေအိမ်မှာ သမီးဖြစ်သူ မိပရွဲမွန်ကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

သမီးဖြစ်သူ ငိုယိုးပြေးလာတာကို အဖေ နိုင်ဖဒွတ် တွေ့သွားပြီး အကြောင်းစုံ သိရှိကာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းကြည် နေအိမ်သို့ ဖြစ်စဉ်အားလုံး အကြောင်းကြားခဲ့ပါတယ်။

ဖြစ်စဉ်ကို သိရှိပြီးသည်နှင့် ကျုံညဲကျေးရွာ အုပ်ချူပ်ရေးမှူး နိုင်ထွန်ကြည်က ရပ်မိ ရပ်ဖ အနည်းငယ်နှင့် မိပရွဲမွန်တို့ မိသားစုအား ခေါ်ကာ တပ်ရင်း(၃၁) အားသွားရောက်တိုင်းတန် ခဲ့ရာ တပ်ရင်းရုံးက တာဝန်ရှိသူများက နှစ်နာကျေး ငွေကျပ် ငါးသိန်း(၅၀၀၀၀၀)ကျပ် ပေးကာ ခြိမ်းခြောက်ပြီး  ကျေးအေးလွှာအား အတင်း လက်မှတ်ထိုးခိုင်းပေမဲ့လည်း မိပရွဲမွန် မိသားစုမှ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ လျော်ငွေကို ရပ်မိရပ်ဖမှ လက်ခံခဲ့ပြီး (၂.၁.၂၀၁၄) နေ့တွင် မိပရွဲမွန် မိသားစု အားပေးပို့  ခဲ့ကာ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြောင်းတစ်စုံ တစ်ခု ပေါ်ပေါက်ခဲ့ပါက ရွာမှနှင်းထုတ်မည်ဟု မိသားစုအား ခြိမ်းခြောက်ခဲ့ကြောင်း ရပ်မိရပ်ဖတွေက Myanmar News Now ကို ပြောပါတယ်။

ခလရ(၃၁)မှ ယခုလို ကိုယ်ထိလက်ရောက် မုဒိန်းမှု ကျူးလွန်းခြင်းသည် လည်းကောင်း ၊ ကျူးလွန်ပြီး ကာယကံရှင်အပေါ် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ကို လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်ရေး တည်ဆောက်မှု လမ်းစဉ်အား များစွာထိခိုက်စေသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးပါရန် ကာယကံရှင် မိသားစုနှင့် ရပ်မိရပ်ဖ တွေက Myanmar News Now ပြောဆိုထားပါတယ်။

Credit to > THIT HTOO LWIN < Thanks

ဒေါ်စုသမ္မတဖြစ်ရေး ဥက္ကဌ သူရဦးရွှေမန်းက အခြေအနေကြည့်ပြီး လုပ်မည်ဟု UDSP ပြော

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ)ကို အသေးစိတ်ဆွေးနွေးခဲ့ပြီး အဖြေမထွက်ခဲ့တာကြောင့် ပါတီဥက္ကဌ သူရဦးရွှေမန်းက အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လုပ်သွားမယ်လို့ အာဏာရပါတီက ဇန်နဝါရီ ၁၂ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

သမ္မတအရည်အချင်းသတ်မှတ်ချက်ကို ပြင်ဆင်လိုတဲ့ ပါတီတွင်းက ဒုတိယအုပ်စုနဲ့ မပြင်ဆင်လိုတဲ့ ပထမအုပ်စုရှိနေတာကြောင့် ယတိပြတ်မဆုံးဖြတ်သေးဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့သလို ဖွဲ့စည်းပုံမှာ ထပ်မံထည့်သွင်းသွားရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်အပေါ် သုံးသပ်ခဲ့တဲ့ အချက်ပေါင်း ၂၅ချက်ရှိတယ်လို့ ရန်ကုန်တိုင်းပါတီလူငယ်အဖွဲ့နဲ့ တွေ့ဆုံပွဲနဲ့ တာဝန်ပေးအပ်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

သမ္မတအရည်အချင်းသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ပါတီရဲ့ဆွေးနွေးချက်ထဲမှာ သားသမီးမှာပြဿနာရှိရင် မိဘပါ ထိခိုက်နိုင်တာကြောင့် ဝန်ထမ်းနယ်ပယ်မှာ သားသမီးကြောင့် အလုပ်ပြုတ်တဲ့သူတွေ အများကြီးရှိခဲ့ပြီး မြန်မာမှုနယ်ပယ်ထဲ ဒီလိုအတွေးအခေါ်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံရေးနယ်ပယ်ထဲမှာ လိုအပ်တာကြောင့် ဖွဲ့စည်းပုံထဲထည့်သွင်းထားတာဖြစ်ပြီး တပ်မတော်ရဲ့အခန်းကဏ္ဍ အချို့နေရာတွေမှာ ကျန်နေဦးမယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီရုံးပ်မှာ ပြောဆိုခဲ့ပါတယ်။

Credit to > Kamayut Media < Thanks



တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာ စီရင်ပေးရန် သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် တောင်းဆို

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက် ခံရသည့် အပေါ် ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်း က တောင်းဆိုလိုက်ပါသည်။

“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်တန်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့် တယ်။ အာဏာပိုင်တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလို ပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်း မတွ ပဲ နဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက် ချိန်၊ အသေးအမွှား ကအစ ငြိမ်းချမ်းရေကိုမထိခိုက် စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန် တယ်ဆိုတော့ တခြား မြန်မာ့ သတင်းထောက်တွေလဲ ဒီကိစ္စ အပေါ် စောင့်ကြည့် နေမှာသေခြာတယ် ” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ချုပ် ဦးခွန်စိုင်း ကပြောသည်။

၂၀၁၄ ဂျန္နဝါရီလ ၄ ရက် ည ၈.၃၀ နာရီ အချိန် သျှမ်းသံတော်ဆင့် သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်း အား မူးယစ်ရမ်းကားသည့် စိုင်းပြည့်ဖြိုးထွန်းမှ ၎င်းနေထိုင်ရာ တောင်ကြီးမြို့ ကျောင်းကြီး စုရပ် အနောက်မြို့ပတ်လမ်း နေအိမ်ရှေ့တွင် မိန်းမကာယ အိနြေ္ဒပျက်ပြားအောင်၊ နာကျင် ဒဏ်ရာရ အောင် ရိုက်နှက်ကျူးလွန်ကြောင်း၊ ထိုအတွက် ကာယ ကံရှင် ရှမ်းမလေး မှ ပြစ်မှုကျူးလွန်သူ စိုင်းပြည့်ဖြိုးထွန်း အား ပုဒ်မ ၃၅၄၊ ၃၂၃၊ ၂၉၄ တို့ဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်တမ်း ထားခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် ရှမ်းမလေးကပြောသည်။

“ ဥပဒေက ထိရောက်စွာ အရေးယူစေချင်ပါတယ် ၊ဒါဟာ အမျိုးသမီး တစ်ယောက်ကို အကြမ်းဖက် တာ ဖြစ်သလို ၊ မီဒီယာတစ်ယောက်ကိုလည်း တိုက်ခိုက်တာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူပေး စေ ချင်ပါတယ်။ ၄ ရက်နေ့ ဖြစ်တာ။ တရားခံကို ၆ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အခုဖြစ်တာ တပတ်ကျော်နေပြီ၊ တိတိကျကျအရေးယူတာ ဘာမှလဲ မရှိသေးဘူး” - ဟု ရှမ်းမလေးကပြောသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အခြေစိုက် သတင်းသမားများက သျှမ်းပြည်နယ်ဝန်ကြီးနှင့်တကွ ပါတီ ၊အရပ်ဖက်လူ့အဖွဲ့အစည်းများထံ စာတင်ဖို့ စီစဉ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

ဂျန္နဝါရီလ ၄ ရက်က အပြင်သို့သတင်းသွားယူပြီး အိမ်ပြန်ချိန် ညပိုင်းတွင် ရှမ်းမလေး တို့အိမ်ရှေ့၌ စိုင်းပြည့်ဖြိုးထွန်းက စောင့်ဆိုင်းနေပြီး ရှမ်းမလေးအား ရိုက်နှက်သဖြင့် ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာ ရရှိကြောင်း၊ ရှမ်းမလေး၏ ညာဘက်လက်ကိုပါချိုးလိမ်သဖြင့် လက်တွင်လည်း နာကျင်ဒဏ်ရာ ရရှိကြောင်း ၊ ထိုသို့ရိုက်နှက်ပြီး တရားခံကထွက်ပြေးရာ ရှမ်းမလေးကအော်ဟစ် အကူအညီတောင်း သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရိုက်နှက်ခံရသူ သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်းထံမှ သိရှိရပါသည်။

Credit to > သျှမ်းသံတော်ဆင့် < Thanks

Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

မန္တလေး၊ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ နေအိမ်တစ်ခု၌ Grand Royal အရက်အတု ပြုလုပ်နေသူကို အတုပြုလုပ်သည့် ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက်နေ့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့သည် သတင်းအရ ယင်းနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း (ကျွဲဆည်ကန်ကားဝင်း) ရှိ ပြည်ခိုင်ဖြိုးကား ဂိတ်ရှေ့တွင် စောင့်ဆိုင်းနေစဉ် အမျိုးသမီး တစ်ဦးသည် ဆိုင်ကယ်ဖြင့် Grand Royal အရက်ဂျပ်ဖာတစ်ဖာ တင်ဆောင်ကာ ယင်းကားဂိတ်သို့ ရောက်ရှိလာကြောင်း၊ အဆိုပါ အမျိုးသမီးကို မသင်္ကာသဖြင့် ပူးပေါင်း စစ်ဆေးရာ ဂျပ်ဖာအတွင်း Grand Royal Whisky 700 ml အရက်အတု ၁၂ ပုလင်းကို တွေ့ရှိရကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ယင်းအမျိုးသမီးမှာ မဖြူ (ခ) မခင်ဖြူခိုင် အသက် ၃၄ နှစ် ပြည်ကြီးတံခွန် မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယင်းယူဆောင်လာသော အရက်အတုများမှာ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်မှ ယူဆောင်လာခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သဖြင့် အဆိုပါ Grand Royal Whisky အတုပြုလုပ်သည့် နေအိမ်ကို IBRC ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သက်သေဖြစ်သော ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာမှ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“အရက်ကတော့ ဘယ်အရက်မဆို- ကျန်းမာရေးကို ထိခိုက်နေတာပဲ။ Grand Royal ကဝီစကီဖြစ်ပြီး ဈေးသင့်တဲ့ ပြည်တွင်းထုတ် အရက်ဖြစ်လို့ သောက်တာများတယ်။ လူကြိုက်များတယ်။ အဲဒီလို အရက်မျိုးကို မသမာနည်းနဲ့ အတုထုတ်တဲ့သူတွေက ရှိနေပြီဆိုတော့ ထိခိုက်ပြီးရင်း ထိခိုက် ဖြစ်လာမှာကတော့ သေချာပါတယ်။ ဒါတွေကို စစ်ဆေးကြပ်မတ်ပေးဖို့ လိုပါတယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ ဘီယာနှင့် အရက်အရောင်းဆိုင်ပိုင်ရှင် ဦးလှမင်းက ဆိုသည်။

အဆိုပါ နေအိမ်မှ အရက်အတု ပြုလုပ်သည့် ဆက်စပ် ပစ္စည်းနှင့်တကွ မဖြူနှင့် အရက်အတု ပြုလုပ်နေသူများကို ဖမ်းဆီးရမိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်နေ IBCT ကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးဂျော်နီက အရေးယူပေးရန် တိုင်တန်းသဖြင့် အောင်မြေသာစံ မြို့မရဲစခန်းတွင် (ပ) ၂၈/၂၀၁၄ ပြစ်မှု ပုဒ်မ ၄၂၀/၄၆၈/၄၈၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း အဆိုပါ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

Credit to > The Voice Weekly < Thanks

Saturday, January 11, 2014

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်နည်း

ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။ Viber သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။ အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ်ကတည်းက အတွင်း data ကို copy/backup ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊ ပြီးတာနဲ့ iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။ Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအခြေအနေ ၊ အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။

Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ root access တော့ရှိဖို့လိုပါလိမ့်မယ်

အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊ Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Credit to > သက်နိုင်စိုး (Myanmar Mobile App Store) < Thanks

https://www.facebook.com/thetnaing.mmas?ref=tn_tnmn