Pages

Monday, December 30, 2013

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။  ဖြစ်အောင် လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။
မိုဘိုင်းဗားရှင်း m မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။
https://lite.facebook.com/
https://touch.facebook.com/
touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။
https://upload.facebook.com/
ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။
ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေ ရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

ဖုန်း တက်ပလပ် နှစ်မျိုးစလုံး သုံးလို့ရမယ့် Huawei Mate 2

မျက်နှာပြင် 6.1 လက်မရှိတဲ့ Huawei Mate 2 ကို ထုတ်လုပ် လိုက်ကြောင်း သိရပါတယ်။ 6.1 လက်မရှိသည့် အတွက် မျက်နှပြင် ကြီးတယ်လို့ ဆိုရမှာပေါ့။
ထူးခြားချက် ကတော့ ဖုန်း တက်ပလပ် နှစ်မျိုးစလုံး သုံးလို့ရခြင်းပဲ ဖြစ်ပါတယ်။ Resolution ကတော့ 720 x 1280 pixels ဖြစ်ပါတယ်။ RAM ကတော့ 2GB ဖြစ်ပါတယ်။ ကင်မရာ အနေနဲ့ ကတော့ နောက်ဘက်တွင် 13-megapixel ဖြစ်ပြီး ရှေ့တွင် 5-megapixel ဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် ဖုန်း တက်ပလပ် နှစ်မျိုးစလုံး သုံးလို့ရမယ့် Huawei Mate 2 ကိုနောက်နှစ် ဖေဖော်ဝါရီမှာ ဖြန့်ချီမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ မသိရသေးပါ။

           
ဖုန်း တက်ပလပ် နှစ်မျိုးစလုံး သုံးလို့ရမယ့် Huawei Mate 2

Samsung ရဲ့  သံတမန် အငယ်စား ဖြစ်ခွင့်ရမယ့် Facebook ပေါ်က ဓာတ်ပုံပြိုင်ပွဲ

Samsung မှ ကြီးမှူးကျင်းပမယ့် Samsung GALAXIAN ဓာတ်ပုံပြိုင်ပွဲကို မြန်မာပြည်မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ယင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး လစဉ် ပြုလုပ်သွားမှာ ဖြစ်ကြောင်း  ဆိုပါတယ်။ "ကျနော်တို့ ပြိုင်ပွဲကို ၁လ တစ်ခါ လုပ်မယ်။ ၁ လ ချင်းစီက Vote အများဆုံး ရတဲ့ သူ တစ်ယောက်ကို ရွေးချယ်ပြီး နောက်ဆုံး နှစ်ကုန် ဒီဇင်ဘာလောက်မှာ ၁၂ ဦးတည်း ပါဝင်မယ့် ပွဲတစ်ခု ထပ်ကျင်းပပေးမယ်။ ယင်း ပွဲမှာ အနိုင်ရသူကတော့ Samsung GALAXIAN အဖြစ် အရွေးချယ်ခံရပြီး သံတမန်အငယ်စားလို အသုံးပြု သွားပေးမှာ ဖြစ်ပါတယ်။ လစဉ် ဆုရသူတွေကိုလည်း ထိုက်ထိုက်တန်တန် ဆုချီးမြင့်သွားအုံး မှာပါ" လို့ Samsung Myanmar မှ တာဝန်ရှိသူ တစ်ဦးက ရိုးရာလေးသို့ ဖြေကြားပေး ပါတယ်။
ပြိုင်ပွဲအတွက် ဓာတ်ပုံကို Samsung Myanmar ရဲ့  Facebook လိပ်စာသို့ လိပ်မူပြီးတော့ ပို့ပေးရမှာ ဖြစ်ပါတယ်။ Samsung Myanmar Facebook page လိပ်စာ ကတော့ https://www.facebook.com/samsungmyanmar ဖြစ်ပါတယ်။ ၎င်းတို့ Facebook Page ကို Like လုပ်ပြီး မည်သူ မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဆိုပါတယ်။
ပြိုင်ပွဲ သတင်းအချက်အလက် အပြည့်အစုံကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
https://www.facebook.com/photo.php?fbid=228075210649764&set=a.165143200276299.5694.165109303613022&type=1&theater

iphone,ipad and ipod touch များအတွက် Firmware(ipsw)များကို One click လုပ်ရုံနဲ့ Download ရယူနိုင်ပါပြီ.

iphone,ipad and ipod touch ကိုင်ဆောင်သူများအတွက် Firmware(ipsw)များကို One click နဲ့ Download ရယူနိုင်ဖို့ တင်ပေးလိုက်ပါတယ်..မိမိဖုန်း၊မော်ဒယ်တူရာ ကို ရွေးပြီး Download ရယူနိုင်ပါပြီ.. v 2.0 မှ စပြီး နောက်ဆုံး 7.0.4 အထိကိုယ့်ဖုန်းမော်ဒယ်နဲ့ တူရာကို Myanmar Mobile App Store မှာ Download ဆွဲယူနိုင်ပါပြီ..

download here

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရှင်များ

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ဥ ဇာတ်ကားမှ ကိုဇော် (အရုဏ်ဦး)

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို လက်ပံ ဇာတ်ကားမှ ဖွေးဖွေး

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဥ ဇာတ်ကားမှ ချောရတနာ

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို လက်ပံဇာတ်ကားမှ ပြေတီဦး

၂၀၁၂ ခုနှစ်အတွက် အထူးဆု (ကလေးသရုပ်ဆောင်) ဆုကို တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ မှ ယွန်းယွန်း

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ကယန်းအလှဇာတ်ကားမှ အောင်ကိုလတ်

၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်တည်း ဖြတ်ဆုကို ဥ ဇာတ်ကား တည်းဖြတ်သူ ဇော်မင်းဟံသာမြေ

၂၀၁၂ ခုနှစ်အတွက် အမွေခံ ထိုက်သူ ဖြစ်ပါစေ ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတ ဆုကို ဂီတမှူး ဦးဝင်းကို

၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင် တည်းဖြတ်ဆုကို ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးတဲ့ ဥ ရုပ်ရှင်ဇာတ်ကားနဲ့ ဟံသာမြေ ဇော်မင်း

၂၀၁၃ ခုနှစ် ရုပ်ရှင် အသံပိုင်းဆိုင်ရာဆုကို ကယန်းအလှ ရုပ်ရှင်ဇာတ်ကားမှ အသံပိုင်းဆိုင်ရာ ဖန်တီးသူ ဦးတိုနီလင်း

Credit to > Thithtoolwin < Thanks

ဖွဲ့စည်းပုံ ပြင်ပြင်/မပြင်ပြင် အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မည်

၂၀၁၅ ရွေးကောက်မှာ NLD ၀င်ပြိုင်ကိုပြိုင်မယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီဇင်ဘာ ၂၈ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်အဝေးအပြီး တောင်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်ပေါင်း ၁၆၈ ချက်ကို ပြင်ဆင်ဖို့ လွှတ်တော်ကော်မတီထံ အကြံပြုတင်ပြဖို့ရှိပြီး ဖွဲ့စည်းပုံပြင်ပြင် မပြင်ပြင် ၂၀၁၅ ရွေးကောက်ပွဲဝင်မယ်လို့ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေး အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
Credit to > DVB < Thanks

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို

သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆိုလာပါကလည်း ပြည်သူ့ဆန္ဒကိုမူတည်၍ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများနှင့်အညီ အစိုးရက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက်က CPI ကုမ္ပဏီက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဦးသိန်းစိန်ကို ယခင်အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်များအား လေးစားသင့်ကြောင်း ပြောကြားချက်အပေါ် တုံ့ပြန် ပြောကြားခြင်းလည်း ဖြစ်သည်။

ပြည်သူ့ဆန္ဒကို အလေးထားသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် အကျိုးမျှော်ကိုး ပြုလုပ်ထားခြင်းလည်းမဟုတ်ကြောင်း ၎င်းကပြောသည်။

“ကုမ္ပဏီကတော့ သူ့ဆန္ဒကို သူပြောတာပေါ့။ သမ္မတကြီး အကြိမ်ကြိမ်ပြောကြားထားသလိုပဲ သူ့အစိုးရသက်တမ်းမှာတော့ ဒါကို ဆိုင်းငံ့ထားမှာ။ ဘယ်လိုအကြောင်းနဲ့မှ ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ဘူး။ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ လုပ်လာလို့ ပြောဆိုဖြေရှင်းလာရရင်တောင် ကျွန်တော်တို့ အစိုးရသက်တမ်းအတွင်းမှာ နိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့ စာချုပ်ပါ စည်းမျဉ်းတွေအတိုင်းပဲ ရင်ဆိုင်တုံ့ပြန်သွားမှာပါ”ဟု ဦးရဲထွဋ်ကပြောကြားသည်။

မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းအားကစား ပိတ်ပွဲ၊ ဖွင့်ပွဲတွင် တရုတ်အစိုးရ၏ အဓိကပံ့ပိုးကူညီမှုရှိခဲ့ပြီးနောက် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လို၍ တရုတ်က ထိုသို့ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းကို အကြောင်းပြု၍ မြစ်ဆုံစီမံကိန်းပြန်စရန် ဖိအားပေးလာနိုင်ဖွယ်ရှိကြောင်း ဝေဖန်မှုများ ပေါ်ထွက်နေချိန်တွင် ဆီးဂိမ်းအပြီး လေးရက်အကြာတွင် CPI ကုမ္ပဏီက ယင်းသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်အထက်ပိုင်းရှိ မြစ်ဆုံတွင် ရေကာတာ ခုနစ်ခု တည်ဆောက်ရန် ၂၀၀၆ ခုနှစ်က စစ်အစိုးရနှင့် China Power Investment Corporation (CPI) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်းစီမံကိန်းကို ကန့်ကွက်မှုများကြောင့် သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားခဲ့သည်။စစ်အစိုးရနှင့် ချုပ်ဆိုထားသည့်စာချုပ် ဖြစ်သော်လည်း လက်ရှိသမ္မတဦးသိန်းစိန်မှာ စစ်အစိုးရမှ အရပ်ဝတ်သို့ ပြောင်းလဲထားသော ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်နေပြီး မြစ်ဆုံကိစ္စမှာ နောင်ကျင်းပမည့် ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် အစိုးရအတွက် အကျပ်အတည်းပြဿနာတစ်ခုဖြစ်နေကြောင်း၊ ယင်းကိစ္စကို အပြီးတိုင် ရပ်စဲပစ်စေလိုကြောင်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူ့အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားသည်။

ထိုစဉ်က စီမံကိန်းအတွက် မြန်မာဘက်က တာဝန်ယူလက်မှတ်ရေးထိုးထားသူအချို့မှာ လက်ရှိအစိုးရအတွင်း ဆက်လက်ပါဝင်နေဆဲဖြစ်ရာ ယခုမြစ်ဆုံစီမံကိန်းအပြီးရပ်စဲရန်မှာ လက်ရှိအစိုးရ၌ပါ တာဝန်ရှိကြောင်း ဥပဒေပညာရှင်အချို့ကလည်း ထောက်ပြကြသည်။

ထို့အပြင် ယခုနှစ်စက်တင်ဘာက စင်ကာပူနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိခဲ့စဉ် စင်ကာပူရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံခိုက် မြစ်ဆုံကိစ္စ နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။

“အစိုးရများကို တာဝန်ယူမှုရှိစေချင်ရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ ကျွန်မတို့ မြစ်ဆုံစီမံကိန်းအတွက် ဘာလုပ်မလဲဆိုတာက ဘယ်လို Contract မျိုး ရေးဆွဲထားလဲ။ ဘယ်လိုလက်မှတ်ထိုးထားလဲဆိုတာ မသိဘဲနဲ့ ကျွန်မ ပြောလို့မရဘူး။ ကျွန်မ မေးချင်တယ်။ လက်မှတ်ထိုးတဲ့လူတွေက ဘာလို့ တာဝန်ယူပြီးတော့ မရှင်းသလဲဆိုတာ ကျွန်မသိချင်တယ်” ဟု ပြောကြားခဲ့သည်။

“နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ အငြင်းပွားမှုတွေဖြစ်လာရင် နိုင်ငံတကာခုံရုံးတွေတက်ရတာတွေ ရှိနိုင်တယ်။ တရုတ်ကုမ္ပဏီကတော့ ခုထိ ဒါမျိုးလုပ်မယ်လို့ ထုတ်တော့ မပြောသေးဘူး။ အခုဦးပိုင်နဲ့ F&N ဖြစ်နေတဲ့ ပြဿနာလိုပေါ့။ ခုံရုံးတက်တဲ့အခါ စာချုပ်မှာပါတဲ့ အချက်တွေက အသက်ပဲ။ ဒါတွေကို အစိုးရက ကြိုပြီးပြင်ဆင်ထားဖို့လိုတယ်”ဟု နိုင်ငံတကာနှင့် အငြင်းပွားမှုပြဿနာများတွင် အတွေ့အကြုံရှိသည့် ဥပဒေပညာရှင်တစ်ဦးကပြောကြားသည်။
Credit to > 7Day News Journal < Thanks

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံများတွင် မြန်မာ ထိပ်ဆုံးနားမှပါဝင်

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ခက်ခဲသောနိုင်ငံ တစ်နိုင်ငံအဖြစ် (Doing Business 2014)က ဖော်ပြထားချက်အပေါ် လေ့လာသုံးသပ်ပြုပြင်နိုင်ရန် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေး ဆပ်ကော်မတီက စီးပွားရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များအား အကြံပြုစာ တောင်းယူနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့တို့က လေ့လာပြုစုထားသော (Doing Business 2014) တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၁၈၂ တွင် တည်ရှိနေသည်။ ထို့ကြောင့် နောက်ဆုံးမှ ရေတွက်လျှင် အဆင့် ၈ ဖြစ်သည်။

ယင်းသတ်မှတ်ချက်ကို ပြုပြင်ပြီး ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးအခက်အခဲများနှင့် ဆီလျော်အောင် ပြုပြင်ဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းများနှင့် လုပ်ငန်းရှင်များ၊ ပညာရှင်များထံမှ အကြံဉာဏ် ရယူဆောင်ရွက်သွားမည်ဟု ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

“၀ိုင်းဝန်းဆွေးနွေးမယ်ဆိုရင် အဖြေထွက်မှာပဲ။ လောလောဆယ်တော့ ဗျူရိုကရေစီကြိုးနီစနစ်က ရှိနေသေးတော့ လုပ်ရတာခက်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ကုန်သွယ်မှုနှင့်သက်ဆိုင်သော ဌာနများမှ အဖွဲ့ဝင် ၂၅ ဦး ပါဝင်သည်။
Credit to > 7Day News Journal < Thanks

Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့

တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

Credit to >  7day Daily < Thanks

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်

မန္တလေး၊                                                   ဒီဇင်ဘာလ ၂၂

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိသွားသည့် မြန်မာ အမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံများက ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်သိန်းတစ်ရာ ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့က မြန်မာ အမျိုးသမီးအသင်းကို ပေးအပ်မည့် စုစုပေါင်း ဆုကြေးငွေကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အခု လောလောဆယ်တော့ စာရင်းတွေကို အတိအကျ မပေါင်းရသေးဘူး။ အခု ပိတ်ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ တရားဝင် ထုတ်ပြန် ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲတွင် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ကြေးတံဆိပ် ရရှိခဲ့ကာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့တော်အတွင်း အောင်ပွဲခံ လှည့်လည်ခဲ့ရာ များစွာသော မန္တလေးမြို့ခံတို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

Credit to > The Voice Weekly < Thanks

ဒီဇင်ဘာလနောက်ဆုံးပတ်အတွက် ညအပူချိန်ခန့်မှန်းချက်များ

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သ ခန့်မှန်းချက်များ ပါ။ အခုလို ပြောပြတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

ဒီဇင်ဘာလနောက်ဆုံးပတ်အတွက် ညအပူချိန်ခန့်မှန်းချက်များ
Weather News Update
23-12-2013
11:08 am

ဒီဇင်ဘာလနောက်ဆုံးပတ် ခရစ်စ်စမတ်ကာလနဲ့ နှစ်သစ်ကူးကာလတွေအတွက် ညအပူချိန်(အနိမ့်ဆုံးအပူချိန်)တွေ ခန့်မှန်းချက်အရ ထူးထူးခြားခြားဆိုးဆိုးဝါးဝါးအေးဖို့ အခြေအနေ နည်းတာကိုတွေ့ရပါတယ်။ အများဆုံး ပုံမှန်လောက်သာရှိနှိုင်ပါတယ်။ နည်းနည်းတောင် အအေးပေါ့မယ်လို့ပြောနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

Credit To: Popular Journal

အကယ်ဒမီစင်မြင့် ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးတည်ဆောက်မည်

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေး ပွဲအခမ်းအနား၌ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို Barco Co., Ltd. (Singapore) ၏ မြန်မာ နိုင်ငံကိုယ်စားလှယ်ဖြစ်သည့် Clover Solution co., Ltd. က ဆောင်ရွက်မည် ဖြစ်သည်။
“ယခင်နှစ်က စင်မြင့်နဲ့ပတ်သက်တဲ့ ဝေဖန်ပြောကြားခဲ့တဲ့ အားနည်းချက်တွေကိုလဲ ပြင်ဆင်ဆောင်ရွက် သွားမှာပါ” ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောသည်။
ယခုနှစ်တွင် တာဝန်ယူဆောင်ရွက်ခွင့်ရသည့် Clover solution  Co., Ltd. သည် ဒစ်ဂျစ်တယ်စနစ် ရုပ်ရှင်ပြစက် နှင့် ပိတ်ကားများကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။
ယင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် စင်ကာပူနိုင်ငံက တင်သွင်းလာသည့် Pro- jector နှင့် Silver screen  အမျိုးအစားကို ယာယီတင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြခဲ့ ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
အဆိုပါ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် လိုအပ်သည့်စက်ပစ္စည်းများကို ပြန်ကြားရေးဝန်ကြီးဌာနက စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးအခွန်ဝန်ကြီးဌာနတို့ကို ထပ်မံဆက်သွယ်ထားပြီး ခွင့်ပြုမိန့် များရရှိရန် မြန်မာ့ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးတစ်ဦးကို တာဝန်ပေးလျက် ရှိသည်။
အသံနှင့်မီးပစ္စည်းများကို ပြည်တွင်းမှ သုံးစွဲသွားမည်ဖြစ်ပြီး မီးပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ အစီအစဉ်များ ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးသည့် ဒီဇင်ဘာ ၂၃ ရက်တွင် အားကစားရုံပြင်ပ၌ တည် ဆောက်နေသည့် ဆက်တင်ပိုင်းဆိုင်ရာများကို သုဝဏ္ဏအားကစားရုံအတွင်းသို့ ယူဆောင်ပြီး ဆက်တင် တည်ဆောက်မှုကို လုပ်ဆောင်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးသတ်တည်ဆောက်မည် ဖြစ်သည်။
ယခုနှစ် အကယ်ဒမီပေးပွဲတွင် ၁၂ ပေအမြင့်ရှိသည့် အကယ်ဒမီရွှေစင်ရုပ်တု နှစ်ခုကို ပစ်တိုင်းထောင်Construction Group က လုပ်ဆောင်နေပြီး ဦးမောင်ကို (ပဲခူး)က ပြန်လည်ပြုပြင်လျက်ရှိသည်။

Credit to > Mizzima < Thanks

“ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ” ရုပ်ရှင်ဇာတ်ကား ၂၀၁၅ တွင် ပြသရန်မဖြစ်နိုင်ဟု ဇာဂနာသုံးသပ်ပြောကြား

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို လာမည့် ၂၀၁၅ ခုနှစ်တွင် ကျရောက်မည့် ဗိုလ်ချုပ်၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်အမီတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ပြသနိုင်ရန် မဖြစ်နိုင်တော့ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဇာဂနာက မဇ္ဈိမသို့ သုံးသပ်ပြောကြားခဲ့သည်။
“၂၀၁၄ ဗိုလ်ချုပ်မွေးနေ့မှာ ရိုက်မယ်ဆိုရင် စရိုက်ပြီး ခြောက်လအတွင်းကနေ ၂၀၁၅ ဖေဖော်ဝါရီ ၁၃ရက်မှာ ပြသနိုင်ဖို့ အာမ,မခံနိုင်တော့ဘူး။ လုံးဝ ၁၀၀ ရာခိုင်နှုန်း ပြသနိုင်ဖို့ ဖြစ်နိုင်စရာမရှိပါဘူး” ဟု သူ၏ အမြင်ကို ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ဖြစ်ရခြင်းသည် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုအချိန်ကြန့်ကြာခြင်း၊ နည်းပညာရပ်ပိုင်းဆိုင် ရာများ၊ ဇာတ်ညွှန်းပိုင်းဆိုင်ရာများ၊ ထုတ်လုပ်ရိုက်ကူးမည့် သူများကို ရှာဖွေနေရခြင်းကြောင့် ဖြစ်သည်။ ယင်းဇာတ်ကားဖြစ်မြောက်ရန်အတွက် ဆရာချစ်ဦးညို၊ ကြည်စိုးထွန်း၊ မြမြင့်မိုရ်တို့က ၁၉၁၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် အထိ အဖြစ်အပျက်များ အကြောင်းအရာများဖြစ်သည့် ဗိုလ်ချုပ် တက္ကသိုလ်မရောက်ခင်ကာလ၊ တက္ကသိုလ်ရောက်ပြီး နိုင်ငံရေးလောကထဲသို့ ရောက်သည့်ကာလ နှင့် ဗိုလ်ချုပ်လုပ်ကြံခံရသည့် နောက်ဆုံးကာလများအထိ ဇာတ်ညွှန်းများကို အပိုင်းသုံးပိုင်းခွဲပြီး ရေးသားခဲ့ကြ သည်။
အဆိုပါ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ကနေဒါနိုင်ငံရှိ Rhombust Media မှ ထုတ်လုပ်သူ တစ်ဦးဖြစ်သည့် Niv Fichman သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် လာရောက်ပြီး ဇာတ်ကား ထုတ်လုပ်ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ယင်းသည် ဗိုလ်ချုပ်၏အကြောင်းအရာများကို များစွာသိရှိထားသူဖြစ်ပြီး ယခုရိုက်ကူးမှုတွင် ပြည်ပဒါရိုက် တာများ၊ ဇာတ်ညွှန်းရေးဆရာများ၊ ထုတ်လုပ်သူများကို အသုံးမပြုဘဲ မြန်မာနိုင်ငံအတွင်းက ထုတ်လုပ် သူ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာသုံးဦးကို ၎င်းနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတွင် မှားယွင်းစွာ လုပ်ကိုင်နေသည့် ဇာတ်ညွှန်းရေး သားခြင်းများ၊ ထုတ်လုပ်ခြင်းများ၊ ဒါရိုက်တာတို့၏ ရိုက်ကူးမှုတို့ကို ဇာတ်ကားရိုက်ကူးဆောင်ရွက်နေ စဉ်တွင် ပူးပေါင်းဆောင်ရွက်ကူညီသွားမည် ဖြစ်သည်။ ယင်းသည် ဟောလိဝုဒ်တွင် နာမည်ကြီး ဒါရိုက် တာတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ရိုက်ကူးမှု ကုန်ကျစရိတ်သည် ဒေါ်လာ ၂၄ သန်းကုန်ကျမည်ဖြစ်သည်ဟု ယင်း ဒါရိုက်တာက သုံးသပ်ပြောဆို ကြောင်း ဇာဂနာက ဆိုသည်။
ယင်းသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် ထပ်မံစီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
“ကုန်ကျစရိတ် သက်သာအောင်လိှု့Studio တွေ မဆောက်တော့ဘဲ နိုင်ငံခြားမှာ သွားရိုက်မယ်။ ဒီမှာ ကတော့ ဆောက်ရင် နောင်ငါးနှစ်တောင် မပြီးနိုင်ပါဘူး။သူက ဒီအချက်တွေကို ထောက်ပြပါတယ်” ဟု ဇာဂနာက ပြောသည်။
ယင်းဇာတ်ကား ရိုက်ကူးရန်အတွက် ဦးဝင်းဖေကို ဒါရိုက်တာအဖြစ် ကမ်းလှမ်းခဲ့ရာ စိတ်ဝင်စားမှုရှိသော် လည်း ယင်းသည် ပြည်ပနိုင်ငံတွင် ရောက်ရှိနေခြင်းကြောင့် ရိုက်ကူးနိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။ ယင်းအပြင် ဗိုလ်ချုပ်ဇာတ်ကားအတွက် ဇာတ်ညွှန်းပိုင်းဆိုင်ရာတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် မိသားစု အကြောင်းအရာများ ထည့်သွင်းရေးထားခြင်းသည် နည်းပါးခြင်းကြောင့် ထပ်မံ ထည့်သွင်းသွားရန် အကြံ ပြုဆွေးနွေးခဲ့ သည်။ အဆိုပါ ဇာတ်ကားရိုက်ကူးနိုင်ရန် အတွက် လူငယ်ဒါရိုက်တာတစ်ဦးကို ရွေးချယ် သွားမည်ဖြစ်ပြီး ထုတ်လုပ်ရေး အပိုင်းကိုလည်း ထပ်မံဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုက်ကူး၍မရနိုင်သည့် ဇာတ်ဝင်ခန်းများကို ထိုင်း၊ မလေးရှားနှင့် ဂျာမနီနိုင်ငံများရှိ Studio များတွင် ဇာတ်ဝင်ခန်းများကို သွားရောက် ရိုက်ကူးရမည်ဖြစ်သည်။ အဆိုပါဇာတ်ကားတွင် ဗိုလ်ချုပ်နေ ရာ၌ ပါဝင်သရုပ် ဆောင်ကြမည့် ကျော်ကျော်မျိုးကို Studio 35 တွင် အရာခံဗိုလ်တစ်ဦးနှင့် စစ်ပညာများ ကို သင်ကြားပေးနေပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာတွင် သရုပ်aဆာင်မည့် ဇာခြည်လင်းကို ပြင်ပတွင် ဖွင့်လှစ်ထားသည့် သူနာပြုကျောင်းတွင် အခြေခံသုံးလသင်တန်းများ တက်ရောက်ခိုင်းထား သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီး ဗိုလ်ချုပ်ရုပ် ရှင် ဖြစ်မြောက်ရေးကော်မတီရုံးခန်းကို စတင်ဖွင့်လှစ်ပြီး ဇာတ်ကားရိုက်ကူးရန်အတွက် လုပ်ကိုင်ခဲ့ခြင်း jဖစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်များသည် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊အတွင်းရေးမှူး မောင်မိုးသူ၊ ဇာဂနာ (ဦးသူရ)၊ ဦးစိမ်းနီ၊ ဦးမော်ခင်း၊ မင်းထင် ကိုကိုကြီး၊ လူမင်း၊ အရိုင်း၊ ဝေဠုကျော်၊ အိအိခိုင်၊ ထွန်းအိနြေ္ဒာဗို၊ ကြည်ဖြူသျှင်တို့ ပါဝင်ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့ သည်  ၂၀၁၃ ဧပြီလတွင် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာခဲ့သည့် ရုပ်ရှင်ကုမ္ပဏီအဖွဲ့ကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်စေရန် တွေ့ဆုံခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ၂၀၁၃ သြဂုတ် ၆ ရက်တွင်လည်း မလေးရှားနိုင်ငံတွင် ရုပ်ရှင်များအတွက် အခြေပြုလုပ်ကိုင်နေသူ သြစတြေးလျ နိုင်ငံသူ ဖြစ်သည့် Kate James နှင့်လည်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Credit to > Mizzima < Thanks

အသက်မပြည့်သေးသူကို ခိုးယူပေါင်းသင်းမှုဖြင့် တပ်ပြေးတစ်ဦး အမှုဖွင့်ခံရ

အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းမှုဖြင့် စစ်တပ်မှတပ်သားတစ်ဦးကို အရေး ယူပေးရန် တိုင်တန်းမှုတစ်ခုကို မင်္ဂလာဒုံရဲစခန်းက ဒီဇင်ဘာ ၂၁ ရက်တွင် အမှုဖွင့် ဖမ်းဆီးထားသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို မင်္ဂလာဒုံ ထောက်ကြန့်နေ ကာယကံရှင် ကလေးငယ်၏ အုပ်ထိန်းသည့် အဒေါ်ဖြစ်သူ က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
အသက် (၁၃နှစ် ၇) လရှိ တူမဖြစ်သူကို ဒီဇင်ဘာ ၁၇ ရက်ည ၉ နာရီက ဓာတ်ခဲဝယ်ရန် စေလွှတ်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာမှု မရှိခဲ့သည့်အတွက် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ဘဲ ဒီဇင်ဘာ ၁၉ ရက်တွင် ကလေးငယ်၏ အဘွားဖြစ်သူ နေအိမ်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် လိုက်လံခေါ်ယူပြီး မေးမြန်းခဲ့ရာမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။
ထိုအခါတွင် တူမဖြစ်သူက ဓာတ်ခဲဝယ်ခိုင်းသည့်ညက ၎င်းနှင့်ချစ်ကြိုက်နေသည့် တစ်ရပ်ကွက်တည်းနေ အသက် ၁၉ နှစ်အရွယ်ရှိ တပ်သားတစ်ဦးနှင့် ချိန်းတွေ့ခဲ့ခြင်းကို ပြန်လည်ပြောပြသည်ဟုလည်း တရားလိုက ရဲထံတွင် ပြောပြထားသည်။
တပ်သားက သားမယားအဖြစ် သုံးကြိမ်ခန့် နေထိုင်ခဲ့ပြီး တစ်ညလုံး ၎င်းနှင့်အတူရှိနေခဲ့သည်ဟု အဆိုပါ ကလေးငယ်က ပြန်ပြောပြထားသည်။
ထို့ကြောင့် အုပ်ထိန်းမှုအောက်မလွတ်ကင်းသေးသော ကလေးငယ်ကို သားမယားပြုကျင့်သူအဖြစ် အဆိုပါ တပ်သားအား အရေးယူပေးရန် တရားလို အဒေါ်ဖြစ်သူက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၄၅၄/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အရေးယူ နိုင်ရန် စခန်းမှူးဖြစ်သူ ရဲအုပ်မြင့်အောင်က စစ်ဆေးနေသည်။
ထို့ပြင် တိုင်တန်းခံထားရသူ တပ်သားသည် အမှတ် (၅)စစ်အခြေခံလေ့ကျင့်ရေး တပ်၊ တောင်ငူ ရေနီမှ ခွင့်မဲ့စစ်သည်တစ်ဦးဖြစ်ပြီး အမှတ် (၅) ပညာရေးသင်တန်းကျောင်း (တောင်ငူ)တွင် သင်းတန်းတက် ရောက်နေသူတစ်ဦးဖြစ်သည်ကို စစ်ဆေးအတည်ပြုထားသည်။
၎င်းသည် သင်တန်းမှ ထွက်ပြေးခဲ့ပြီး အဘိုးဖြစ်သူ နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တိုးချဲ့ (၂/၁) ရပ်ကွက်၊ လမ်းသစ်လမ်း၊ အမှတ်မရှိ နေအိမ်တွင် တိမ်းရှောင်နေသူတစ်ဦးဖြစ်သည်ဟု ရဲစခန်း က အတည်ပြုထားသည်။
လက်ရှိတွင် ၎င်းအား မိခင်တပ်ရင်းသို့ လွှဲပြောင်းပေးရန်အတွက် ဆက်သွယ်ထားပြီး စခတ(၅) တောင် ငူနှင့် အမှတ် (၅) ပညာရေးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး နှစ်ဦးတို့မှ လာရောက်ခေါ်ဆောင်ရန် စီစဉ်နေသည်ဟုဆိုသည်။

Credit to > Mizzima < Thanks

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

ရန်ကုန်၊                                                    ဒီဇင်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

Credit to > The Voice Weekly < Thanks

THE ETERNITY RESORT HOTEL

THE ETERNITY RESORT HOTEL ကို ကင်မွန်းစခန်း-ကင်မွန်းချောင်းကျေးရွာ၊ကျိုက်ထိုမြို့ နယ် ကျိုက်ထီးရိုးတောင်တက်ကားလမ်း နံဘေးတွင် မကြာမှီဖွင့်လှစ်တော့မည်ဖြစ်ပါသည်။  ဒီဇင်ဘာလအကုန် ဆီမီးကိုးထောင်ပွဲအမှီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းလဲ သိရှိရပါသည်။

ပြည်သူများအား အသိပေးကြေညာချက်

မစိုးရိမ်တိုက်သစ်၊                                                   ဒီဇင်ဘာ -၂၂
 မစိုးရိမ်တိုက်သစ်သည် ပရိယတ္တိသာသနာ့တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေသော စာသင်တိုက် တတိုက်ဖြစ်ပါသည်။ ပြည်သူများအတွက် မဖြစ်မနေ လိုအပ်လျှက်ရှိသော အချိန်အခါမှ လွဲ၍ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လေ့မရှိပါ။ မြန်မာနိုင်ငံ၏ ခေတ်တခေတ်ကို ပြောင်းလဲရောက်ရှိစေခဲ့သော ကမ္ဘာနှင့် မြန်မာကပါ လေးစားတန်ဖိုးထားသော စေတနာလည်းမှန်၍ အရည်အချင်းပြည့်ဝသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီအား ဝေဖန်ရှုံ့ချခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါကြောင်း ၊ သို့ဖြစ်ပါ၍ “ မစိုးရိမ်တိုက်သစ် ဘုန်းကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက်တဲ့စာတွေ ဝေနေပါသည်” ဟူသော သတင်းမှာ လုံးဝမဟုတ်ပါကြောင်း အတိအလင်း အသိပေးကြညာအပ်ပါသည်။
 မစိုးရိမ်တိုက်သစ်        မဟာအောင်မြေမြို့နယ်                 မန္တလေးမြို့ 


ကျိုက်ထိုမြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်များမှ ကြက်တိုက်လောင်းကစားဝိုင်းဖမ်းဆီး

ကျိုက်ထို၊ဒီဇင်ဘာ - ၂၂

၂၂ ၊ ၁၂ ၊ ၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ကျိုက်ထိုမြို့၊ကျွန်းတောကျေးရွာတွင် ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းမြင့်၏ ညွှန်ကြားချက်၊ကျိုက်ထိုမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ် ရဲထွန်း၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ ကျွန်းတောကျေးရွာရှိ စားကျက်မြေအတွင်း၌ ကြက်တိုက်လောင်းကစားနေသည်ကိုတွေ့ရှိရ၍ ၀င်ရောက်ဖမ်းဆီးရာ တရားခံ မိုးဇော်(ဘ)ဦးစောတင်၊(၃၁)နှစ်၊တောင်သူစုရပ်ကွက်၊ကျိုက်ထို။ ဦးထွန်းအေး(ဘ)ဦးဘိုကေ(၅၈)နှစ်၊တောင်ပိုင်းရပ်ကွက်၊ ဦးသန်းဝင်း(ဘ)ဦးလှတင်(၅၁)နှစ်၊တောင်ပိုင်းရပ်ကွက်၊ မောင်ဇော်(ဘ)ဦးဇော်ဝိတ်(၃၃)နှစ်၊ဘိုက္ကားကျေးရွာ၊ ချစ်မင်း(ဘ)ဦးတင်ဦး(၁၇)နှစ်၊ကျိုက်ပိကျေးရွာ၊ကျိုက်ထိုမြို့နေသူတို့အား တိုက်ကြက်အထီး(၆)ကောင်၊ငွေစက္ကူရောရာ(၁၆၅၀၀ိ/)၊လောင်းကစားပြုလုပ်သည့်နေရာတွင် ဆိုင်ကယ်မျိုးစုံ(၃၁)စီးတို့အားတွေ့ရှိသိမ်းဆည်းခဲ့ပြီး ကျိုက်ထိုမြို့မရဲစခန်း(ပ) ၂၅၁/၂၀၁၃၊လောင်းကစားအက်ဥပဒေပုဒ်မ-၁၂(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။

Credit to < Kyaikhto Police Force > Thanks