Pages

Monday, December 31, 2012

JonDonym Proxy

JonDonym Software ကတော့ Bypass Proxy Software အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Free User အနေနဲ့ အချိန် အကန့်မသတ်မရှိအသုံးပြုလို့ရတယ့် Software တစ်ခုပါ။ အခုနောက်ပိုင်းမှာ Your Freedom က တစ်နာဆက်တိုက် ချိတ်ဆက်ပြီးတာနဲ့ ချိတ်ဆက်ထားတယ့် Link ကို ဖြုတ်ပြီး နောက်တစ်ခါ ပြန်ချိတ်ဖို့ အကန့်အသတ်တွေ ထားရှိလာပါတယ်။ JonDonym မှာတော့ အဲ့လို ကန့်သတ်ချုပ်ချယ်ထားတာတွေ ဘာမှ မရှိပါဘူး။ စမ်းသပ်အသုံးပြုချင်တယ့် ဆိုရင်တော့ Download လုပ်ယူလို့ရပါတယ်။

Download Links:




Password: mandalar.net

CCProxy 2010

CCProxy ကို Windows Vista, Windows 7 နဲ့ Windows Server 2008 မှာအသုံးပြုချင်သူတွေအတွက် CCProxy Version အသစ်ကို တင်ပေးလိုက်ပါတယ် ဒီနေရာကနေ Download လုပ်ယူကျပါ။

CCProxy ကိုဘယ်လိုအသုံးပြုရတယ်ဆိုတာကို သိချင်ရင်တော့ ဒီနေရာမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

Nokia ဖုန်းတွေမှာ Opera Mini ထဲမှ မြန်မာလိုမြင်ရအောင်ပြုလုပ်နည်း

Nokia ဖုန်းတွေမှာ Opera Mini  ထဲမှ မြန်မာလိုမြင်ရအောင်ပြုလုပ်နည်းပါ


>>>>>>>>>>>>>>>Download Hear !!!<<<<<<<<<<<<<<
လိုအပ်တဲ့ ဖိုင်တွေကိုအရင်ဆုံး  Download ပါမယ် ။ဆွဲလို့ရလာတဲ့အထဲမှာပါတဲ့
  1. opera Mobile 12

  2. X-plore

  3. Nokia pure font with zawgyi

  4. user.css
  5. instruction.txt 
တို့ကို  ဒေါင်းထားတဲ့ဖိုင်းကို ဖြည်ပြီး sd card ရဲ့ ဖိုင်တခုမှာ ဖြစ်ဖြစ် ဖိုင်အသစ်ဆောက်ပြီး ဖြစ်ဖြစ်ထည့်လိုက်ပါ
ဖြည်လိုရလာတဲ့ထဲက မှ
1. opera mobile12 နှင့်  x-plore ကို install ချလိုက်ပါ
2. X-plore ကိုဖွင့်ပြီး nokia pure font with zawgyi ကို  E:/system/app/opera mobile/fonts ထဲသို့ ကူးထည့်ပါ
3.user.css ဖိုင်လေးကို E:/system/app/opera mobile/styles ထဲသို့ကူးထည့်ပါ
စက်ကို restet ချပြီး ပြန်ဖွင့်လိုက်ပါ opera web ထဲမှာ မြန်မာ ဆိုဒ်တွေကို ကြည့်လို့၇ပါပြီ


How to Install Android OS on a Flash / Memory / Pen Drive


Google က Developed လုပ်တယ့် Android OS ကို ဖုန်းမှာပဲသုံးလို့ရတယ်လို့ ထင်ထားခဲ့တာ အခုတော့ Android OS ကို Personal Computer တွေပေါ်မှာ OS တစ်ခုအနေနဲ့ အသုံးပြုလို့ရပြီဆိုတာကို သိလိုက်ရလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ အခုရေးပေးမှာကတော့ Android OS ကို Computer ရဲ့ Harddisk ပေါ်မှာ မ Run ပဲနဲ့ USB Flash Drive ပေါ်မှာ Run တယ့်နည်းကိုရေးသားဖော်ပြမှာဖြစ်ပါတယ်။

USB Flash Drive Space အနေနဲ့အနည်းဆုံး 256MB လိုအပ်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး Android OS x86 V.1.6 r2 Boot-able CD Image နဲ့ UNetbootin ကို Download လုပ်ယူပါ။



၁။ Download လုပ်ယူပြီးရင်တော့ UNetbootin ကို Run လိုက်ပါ။
၂။ UNetbootin Windows ထဲက Diskimage ကိုရွေးပြီး ညာဘက်က "..." ကိုနှိပ်ပြီးတော့ Android OS ISO ရှိတယ့် လမ်းကြောင်းကိုရွေးပေးပါ။
၃။ အောက်ဆုံးက Type မှာ ကိုယ်အသုံးပြုမယ့် USB Flash Drive အမျိုးအစားနဲ့ Flash Drive ရဲ့ Drive Letter ကိုရွေးပြီး OK ကိုနှိပ်ပါ။



၎။ UNetbootin ကနေပြီးတော့ Android ကို Flash Drive ပေါ် Copy ကူးယူသွားမှာ ဖြစ်ပါတယ်။ Computer ရဲ့ Speed နဲ့ Flash Drive ရဲ့ Speed ပေါ်မူတည်ပြီး Copy ကူးချိန် ကြာမြင့်မှာဖြစ်ပါတယ်။



၅။ Copy ကူးယူလို့ပြီးသွားရင်တော့ Computer ကို Restart လုပ်မလား ဒါမှမဟုတ် UNetbootin ကိုပိတ်မလားဆိုတာ ကိုယ်ကြိုက်သလို ရွေးချယ်လို့ရပါတယ်။



၆။ Computer ကို Restart ချပြီးရင်တော့ BIOS Setting ၀င်ပြီး Removable Device ကို First boot device အနေနဲ့ ပြောင်းပေးရမှာဖြစ်ပါတယ်။



၇။ USB Device ကနေ Boot တက်လာပြီဆိုရင်တော့ Live CD – Run Android-x86 without installation ကိုရွေးပြီး Enter နှိပ်လိုက်ပါ။



၈။ Android Load လုပ်နေတာကို အချိန် အနည်းငယ်စောင့်ရပါမယ်။





၉။ Android OS အပြည့်အ၀ တက်လာပြီဆိုရင်တော့ အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။



http://mandalarnet.mandalaybloggers.org/ မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

စိုက်ပျိုးရေး လုပ်ဖို့ Harvest Moon For Android

android အတွက်လာပါပြီဗျာ။
ထွက်တာတော့ကြာပြီထင်ပါတယ်။ ခုမှ

သိလို့ခုမှပဲရှယ်ပေးလိုက်ပါတယ် ။
ဂိမ်းကစားနည်းကတော့ ဟြေပြစရာတောင်လိုမယ် မထင်ပါဘူးခင်ဗျာ
>>>>>>>>>>>>>Download Hear !!<<<<<<<<<<

Driver အတွက် အခက်တွေ့နေသူများအတွက် Easy Driver Pack 5.2.8.5

ကျနော် Windows XP တင်တုန်းက Audio မသိလို့ အခက်ကြုံခဲ့ရဖူးပါတယ်....
အဲဒီအခက်အခဲကို ကျနော့် အကိုကြီး ကိုကျော်သက်အောင်မှ ဆော့ဖ်ဝဲလ်တစ်ခုပေးပြီး ဖြေရှင်းပေးတာ တော်တော်လေးကို အဆင်ပြေသွားပါတယ်..
ဒါကြောင့် Windows XP သုံးသူတိုင်း ဘာမသိ ညာမသိ အခက်အခဲများ ကျော်လွှားနိုင်စေဖို့ အဲဒီ ဆိုဒ်ကလေးကို ညွှန်းလိုက်တာပါ....
အောက်မှာ ဒေါင်းလိုက်ပါ.....ကျနော် ကိုယ်တိုင်လက်တွေ့စမ်းပြီးပါပြီ....တော်တော်လေးကို အဆင်ပြေပါတယ်....ဖိုင်ဆိုဒ်က ကြီးလို့ Part 1 နဲ့ Part 2 နှစ်ခု ခွဲထားပါတယ်....နှစ်ခုစလုံးကို ပြီးအောင်ဆွဲ..ပြီးရင် zip ဖြည်ပြီး run လိုက်ပါ.....

Easy Driver Pack 5.2.8.5 Part 1
Easy Driver Pack 5.2.8.5 Part 2

အဲဒီဆိုဒ်ထဲရောက်ရင် Download to your device ကိုနှိပ်ပြီး ဒေါင်းနော်....
အားလုံးပဲ အဆင်ပြေကြပါစေ.....

Huawei U8825D Internal Memory 800MB ရရှိစေမည့်နည်းလမ်း

  1. Zip ဖိုင်ကိုဒေါင်းလော့ချပါ။

   2. Zip ဖိုင်ကို SD ကဒ်ထဲမှာထည့်ထားပါ။

   3. Recovery မှ ၄င်း Zip ဖိုင်ကိုညွန်းပေးပြီး ဖုန်းကို Restart ချပါ။


   ဖုန်းတွင် Application install လုပ်နိုင်သည့်  Memory မှာ 500MB မှ 800MB အထိပြောင်းလဲသွားသည်ကို သင်မြင်တွေ့ရပါလိမ့်မည်။


                  U8825D Memory Update to 800MB.zip

Thursday, December 27, 2012

RollNY 3D v1.4

အခုတလောမိုးတွေရွာနေတဲ့အတွက် Game City မှာ Roller Coaster သွားစီးလို့မရတော့လို့စိတ်မညစ်နဲ့နော်ဖုန်းထဲမှာပဲ Roller Coaster ကိုကိုယ်တိုင်စီးရသလိုပျော်ရွှင်စေရမယ့် RollNY 3D
Game လေးကိုသူငယ်ချင်းတို့အတွက်တင်ပေးလိုက်ပါတယ်.....အရှိန်ကိုသေချာထိန်းပြီးမောင်းပေးရမယ်နော်.
အရှိန်များသွားရင်လေထီးလေးနဲ့ခုန်ဆင်းနေရမှာဆိုးလို့ပါ (^_^)(^_^)
ဒီနေရာမှာ ရယူပါ......

Huawei C8500 ကို ROOT လုပ်ရအောင်......

C8500 ကို ROOT လုပ်ချင်တဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဘာမှတော့ သိပ်မခက်ပါဘူး။ အရင်ဆုံး z4root ကို Download ဆွဲလိုက်ပါ။ DOWNLOAD HERE ( Mediafire Link )


Download Here ( Drop Box Link )
ပြီးလျှင် z4root ကို မိမိဖုန်းမှာ Install လုပ်လိုက်ပါ။ ပြီးလျှင် ဖွင့်လိုက်ပါ။ Permanent Root ကို ရွေးပေးပါ။ ဘေးနားကဟာက ယာယီ ROOT လုပ်တာပါ။ တစ်သက်လုံး Root လုပ်ထားဖို့ အတွက် Permanent Root ကို ရွေးပေးပါ။ သူ့ကသူလုပ်နေပါမယ်။ ခဏစောင့်လိုက်ပါ။ ပြန်တက်လာလျှင် Application List ထဲမှာ Superuser ဆိုတဲ့ Icon လေး တွေ့ပါလိမ့်မယ်။ ဒါဆို ROOT လုပ်တာ အောင်မြင်သွားပါပြီ။

Android Phone Pattern lock ဖြည်နည်း

Android Palace မှာ Ko Soerawin ဆိုတဲ. ဘော်ဒါတစ်ယောက်က Android Phone တွေမှာ Pattern Lock ဖြည်တဲ.နည်း မေးထားလို. ဖြေလိုက်ပါတယ်..။
 Pattern Lock ဖြည်နည်း (2) နည်းတော. ကျွန်တော်တွေ.ထားပါတယ်။နောက်ထပ် နည်း ကို ကျွန်တော်ရှာနေပါတယ်..။
ပထမနည်းက
ဖုန်းကို ပါဝါပိတ်ပြီး Recovery Mode ထဲကနေwipe data/Factory Reset ချလိုက်ရင် Pattern lock ပျက်သွားမှာ ဖြစ်ပေမယ်. User data တွေလဲ ပျက်မှာ ဖြစ်သောကြောင်. နှမြောစရာကြီးပါ..။
ဒုတိယနည်းက
Pattern lock အမှားတွေ အများကြီးနှိပ်မိရင် ဖုန်းကနေ gmail account နဲ. password တောင်းပါတယ်...အဲဒီကနေပြီး pattern lock အသစ်ကို ပြန်တောင်းယူရမှာပါ..။ ဒီနည်းက ဖုန်းမှာ အစကတည်းက gmail account ၀င်ထားရင် ရပါတယ်..။

Huawei UM840 Firmware


Huawei ရဲ့ အသစ်ထွက် မော်ဒယ်လေးပါ Firmware မရှိမှာ စိုးလို့ ရှာဖွေ တင်ပေးလိုက်ပါတယ်..
ဆောဖ်ဝဲလ်ရေးနည်းကတော့ အောက်မှာ ဖတ်လိုက်ပါ...

၁။ သက်ဆိုက်တဲ့ ဖိုင်ကိုဒေါင်းလုပ်ဆွဲပါ။
၂။ zip ဖိုင်လေး ကျလာရင် ဖြေလိုက်ပါ အထဲက dload ဆိုတဲ့ ဖိုင်လေးကိုယူပါ။
၃။ မမ်မိုရီကဒ်ကို ဖော်မတ် ရိုက်ပါ ပြီးလျင် ထို မမ်မိုရီကဒ်ထဲသို့ dload ဖိုင်ကိုထည့်ပါ။
၎။ ပါဝါပိတ် ဘတ်ထရီ ဖြုတ်ပါ ငါးစက္ကန့်ကြာလျင် ပြန်တက်ပါ။
၅။ ထို့နောက် VOL + and End Key and Power Button သုံးခုပေါင်းနှိပ်ပါ။


Download Mode ပေါ်လာပြီးဆောဖ်ဝဲလ်အသစ်ရေးပါလိမ့်မယ်...

အဆင်ပြေနိုင်ကြပါစေ...

Video Call ပြောကြမယ်..သုံးကြည်.နော် Tango

 

ကဲကဲ  Viber, Fring တွေနဲ. ပျင်းလာရင် Tango လေးနဲ.သုံးကြည်.နော် ......ကင်မရာတော. ၂လုံးပါပါစေ။ ဒီလင်.ကနေဒေါင်းဗျာ
Tango

file size တော များမယ်နော်.
ဒေါင်းပြီးရင် ဖုန်းထဲထည်. install လုပ် ...sign up လုပ်ရမယ်..လွယ်လွယ်လေးနော် စမ်းကြည်.ကြပါဦး

APP 2 SD PRO v2.44

မိမိဖုန်း Internal Memory နည်းနေလို့ စိတ်ညစ်နေပါသလား ?? ဘာမှစိတ်မပူပါနဲ့ App 2 SD ကို သုံးပြီး Moveable လုပ်လို့ရတဲ့ Application တွေကို SD Card ထဲ ပို့လိုက်ပါ။ ဒီ Software လေးမှာ တစ်ခုကောင်းတာက App တွေကို Install လုပ်၊ SD Card ထဲပို့ပြီးရင် မလိုအပ်တဲ့ Cache တွေကို အလွယ်တကူ သူ့ကသူ ဖယ်ထုတ်ပေးပါတယ်။
လိုချင်ရင် အောက်မှာ ယူသွားလိုက်ပါ။ နေရာနှစ်ခု တင်ပေးထားပါတယ်။ ကိုယ်အဆင်ပြေမယ့် နေရာကနေ ယူသွားလိုက်ပါ။



Download Here ( Dropbox Link )

Fast For Facebook -22.apk v1.8

ဖုန်းနဲ့အင်တာနက်သုံးတဲ့သူငယ်ချင်းများအတွက် Fast For FACEBOOK ဆိုတဲ့ဆော့ဝဲလ်လေးကိုတင်ပေးလိုက်ပါတယ်..ဖုန်းထဲမှာပဲမိမိရဲ့ Facebook ကိုယ်ပိုင်အကောင့်ကို Log in နဲ့ဝင်ထားပြီး အင်တာနက် အသုံးပြုချိန်တိုင်း Social Network Faster ဆိုပြီး ဆော့ဝဲလ်က နာမည်နဲ့လိုက်အောင် လျှင်မြန်စွာ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အခုပဲစမ်းသုံးကြည့်စေချင်ပါတယ်....

ဒီနေရာမှာ ရယူပါ

ဖုန်းကို နားမှာ ကပ်လိုက်တာနဲ.Auto ဖုန်းကိုင်ပြီးသားဖြစ်စေတဲ. Software

စက်ရုပ်သမားတွေအတွက် ဆော.ဖဲဝ် အလန်းလေးပါ..ဖုန်းဝင်လာရင် နား နားကပ်လိုက်တာနဲ. ဖုန်းကိုင်ပြီးသား ဖြစ်သလို  အောက်ချလိုက်တာနဲ. ဖုန်းကျသွားအောင်လုပ်နိုင်ပါတယ်..ဖုန်းပြောနေရင်း လူနဲ. ဖုန်းဝေးသွားရင် Speaker အလိုအလျောက် ဖွင်.ပေးပါတယ်တဲ. ပြန်နီးလာရင် ပိတ်သွားတာပေါ.နော်..
ကြိုက်သွားမယ်နော်
ကဲ ကလိရအောင် ဒီမှာဒေါင်းပါ

TOWERS N’ TROLLS HD

Towers N Trolls Game Towers N Trolls Apk v1.5.4 (1.5.4) Download
Android Game တွေထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းတွေ ရှိတဲ့အထဲကမှ
Tower ထောင်တာကို နှစ်သက်တဲ့ Gamer တွေ အတွက် HD ဂိမ်းလေး တစ်ခုပါ။
အမှတ်အပြည့်ရမှ Level တွေ တိုးလာမှာ ဖြစ်ပြီး အမှတ်ပြည့်မရရင် အခန်းတွေ ဆက်မတက်နိုင်တော့ပါဘူး
စိတ်ဝင်စားဖို့ ကောင်းပြီး ဥာဏ်ရည်မြင့်စေပါတယ်...
Towers N' Trolls 3Towers N' Trolls 2Towers N' Trolls 1
Download ဆွဲပြီး ဆော့ချင်တယ်ဆိုရင်ဖြင့် အောက်က Link လေးမှာ Download ဆွဲယူပါ။

Ice Age Village Game

ရေခဲခေတ်က ချစ်စရာတိရစ္ဆာန်လေးတွေရဲ. Ice Age 1,2,3 ဇါတ်ကားကို ငယ်ငယ်တုန်းက နှစ်သက်ခဲ.ကြမယ် ထင်ပါတယ်..။ အခုလဲ Ice Age Village ဆိုတဲ. Android Game လေးနဲ. မိတ်ဆက်ပေးပါရစေ..။
Apk ဖိုင်ကိုဒေါင်းရန်

Data ဖိုင်ကို ဒေါင်းရန်

apk ဖိုင်ကို install လုပ်ပါ..။
Data ဖိုင်ကို Sd card ထဲ ထည်.ပါ..။
ပြီးရင် Game ကို ဖွင်.ပါ...4MB လောက် game ထဲကို ဆွဲယူပါလိမ်.မယ်
ပြီးရင်တော. Ice age village ကိုဆော.လို.ရပါပြီ..။

HarvestMoon(Back To Natural) စိုက်ပျိုးရေးဂိမ်းလေး

ငယ်ငယ်က PS2 ,PS1 တွေမှာ ဆော.ခဲ.တဲ. စိုက်ပျိုးရေး ဂိမ်းလေးဟာ Android အတွက် ရှာတွေ.လာပါပြီ.
၁.အရင်ဆုံး ဂိမ်းနှိပ်ဖို. GameBoid ကို ဒီမှာ ဒေါင်းပါ..။
၂.ပြီးရင် လိုအပ်တဲ. bin ဖိုင်ကို ဒီမှာ ဒေါင်းပါ..။
၃.ဆော.ချင်တဲ. HarvestMoon ကို ဒီမှာ ဒေါင်းပါ..။
ပြီးရင် အားလုံးကို Folder တခုထဲ ထည်.ပြီး Sd card ထဲ ထည်.ပါ..။
Gameboid ကို install လုပ်ပါ...။ပြီးရင် Application ကို run ပါ..။
Browse or Quit ဆိုပြီး ပေါ်လာရင် Browse ကို ရွေးပြီး နံပါတ် ၂ က bin ဖိုင်ရှိတဲ.နေရာကို လမ်းကြောင်းပေးလိုက်ပါ..။
အဲဒီနောက် Gameboid ကိုပြန်ဖွင်.ပါ..။
ပြီးရင် Browse or Quit ဆိုပြီး ထပ်ပေါ်လာရင် နံပါတ် ၃ ရှိတဲ.နေရာကို လမ်းကြောင်းပေးလိုက်ပါ..။
ဒါဆိုရင် စိုက်ပျိုးရေး ဆော.လို.ရပါပြီ..။ ကဲ ကြက်ဥကောက်ပါ..။နွားနို.ညှစ်ပါ.။ ကောင်မလေးကို ပိုးပါ..။

Android Phone Drivers များ

Android ဖုန်းတွေ နဲ. ကလိဖို. ကွန်ပြူတာနဲ ချိတ်ဖို. စတဲ. အချိန်တွေမှာ ဖုန်းရဲ. Driver တွေလို ပါတယ်..မိမိကွန်ပြူတာက Driver မသိရင် ဘာမှ မလုပ်ပေးပါဘူး ..။
ကဲ ဒါကြောင်. Drivers လေးတွေ Share ပေးလိုက်ပါတယ်..။

ZTE Phone Driver

Samsung All in one driver

HTC phone driver

 Huawei drivers များ


စသည်. လင်.တွေမှာ ဒေါင်းလုပ် ရယူနိုင်ပါပြီ..
မှတ်ချက် Sony Ericsson အတွက် မကြာခင် တင်ပေးသွားမှာဖြစ်ပါတယ်

Huawei Ascend P1 U9200 (Root + Unlock)

Huawei Ascend P1 U9200 အတွက် ကျွန်တော် Firmware တင်ပေးလိုက်တော့ Root နည်းလာတောင်းကြတဲ့သူများအတွက် အခုတစ်ခါမှာတော့
U9200 ကို လွယ်လင့်တကူ Root နိုင်တဲ့ Tools လေးကို တင်ပေးလိုက်ပါတယ် အဆင့်လေးတွေကိုလဲ ပြောပြသွားမှာဖြစ်လို့ အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်ကြမှာပါ။
အရင်ဆုံး Unlock Bootloader Tools လေးကို အောက်က Link မှာ အရင်ဒေါင်းလိုက်ပါ
ကွန်ပြုတာထဲကို ဒေါင်းလုပ်ဆွဲပြီးရင် Zip ဖြေလိုက်ပါ
U9200 Root.exe ဆိုတာလေး ရလာပါမယ် ကလစ်နှိပ်ပြီး Run လိုက်ပါ
ပြီးရင်တော့ ဖုန်းကို Unknown Sources အမှန်ခြစ်ပေးပါ
USB Debugging ကိုလဲ အမှန်ခြစ်ပေးပါ
ပြီးရင် ဖုန်းကို ကွန်ပြုတာဖြင့် စချိတ်ပါ။
Driver အားလုံးသိနေရပါမယ်…
ခုဆိုရင်တော့ စတင် Root ပါတော့မယ်..
အထက်ပါ ပုံအတိုင်း U9200 Root.exe Run နေတဲ့ ပုံလေးပါ
ပြီးရင်တော့ Root ဆိုတဲ့ Button လေးကို နှိပ်ပေးပါ ဘာမှ လုပ်စရာမလိုပဲ သူ့အလိုလို Root သွားပါလိမ့်မယ်…
မြန်မာဖောင့်ထည့်တာနဲ့ ကျန်တာတွေကိုတော့  လုပ်တက်မယ်ထင်လို့ ထပ်မရေးတော့ပါဘူး။
အဆင်ပြေလွယ်ကူစွာ Root နိုင်ကြပါစေ..

ချစ်စရာကောင်းတဲ. Asistant မလေး

ကိုယ်ရဲ.ဖုန်းမှာ ချစ်စရာကောင်းတဲ. Assitant မလေးတစ်ယောက် မထားချင်ကြဘူးလား? ကိုယ်ရှာချင်တာကို Google မှာရှာပေးတယ်..စကားပြောရင်ပြန်ပြောတယ်..အရမ်းမိုက်ပါတယ်....ကိုယ်ရဲ. English Learning လဲ တိုးတက်လာမှာပါ...။ ဒီမှာ ဒေါင်းပါ
Asistant ရဲ. Skill တွေကို Growth ဖြစ်အောင်လုပ်ရမှာ ဖြစ်ပြီး သူရဲ. Avator ပုံစံကိုလဲ နှစ်သက်ရာပြောင်းနိုင်ပါတယ်..နည်းနည်းအချိန်ပေးနေရပေမယ်. စက်ရုပ်တွေအတွက် အကျိုးရှိမယ်. ဆော.ဖဲဝ်လေးပါ..။

Huawei U8812D(2.3.6)ကိုRoot လုပ်ကြရအောင်

  အရင်ဆုံး လိုအပ်တဲ့ Root Tools လေးကို အောက်မှာ အရင် Download လုပ်လိုက်ပါ။

ROOT စတင်လုပ်ဆောင်ကြမယ်။......။
- အရင်ဆုံး မိမိဖုန်းရဲ့ Setting >> Developer Option >> USB Debugging ကို အမှန်ခြစ်ပေးထားပါ။ ( အရေးကြီးပါတယ်။ )
- Download ပြီးရင် Zip ဖိုင်လေးတစ်ခုရလာပါမယ်။ အဲ Zip File လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ root tools  ဆိုတဲ့ .exe     ဖိုင်လေးပါပါတယ်။
- အဲဒါလေးကို Run လိုက်ပါ။ တရုတ်စာတွေနဲ့ Box  တစ်ခုကျလာပါမယ်။ Ok နှိပ်ပါ။ နောက်ထပ် Box တစ်ခုကျလာပါမယ်။ Ok ထပ်ရွေးပေးလိုက်ပါ။
- ဒါဆို အောက်ကပုံလိုမျိုး ပေါ်လာပါမယ်။

- အဲမှာ ROOT ကို ရွေးပေးလိုက်ပါ။ သူ့ကသူ Install လုပ်သွားပါလိမ့်မယ်။ အားလုံးပြီးသွားရင် ဖုန်းက Reboot ကျသွားပါမယ်။  မကျရင်   Reboot လုပ်ပေးလိုက်ပါ။
- ပြီးရင် မိမိဖုန်းရဲ့ Application List ထဲဝင်ကြည့်လိုက်ပါ။ Super user လေး ရောက်ရှိနေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မိမိရဲ့ U8812D   ဟာ ROOT လုပ်တာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။

Wechat တွင် Voice လေးတွေကို Funny လေးတွေလုပ်ပြီး Voice Message ပို့ရအောင်......




ဒါလေးကတော့ တော်တော်လေးလန်းပါတယ်။ ကျွန်တော်လည်း Wechat ကို ကလိနေရင်းနဲ့ ဒီ Software လေးကို တွေ့သွားပါတယ်။ Wechat အသုံးပြုပြီး Voice Message တွေပို့တဲ့အခါ ဒါလေးက ပိုပြီးတော့တောင် အသုံးဝင်နေပါသေးတယ်။ ကိုယ့်ရဲ့အသံလေးတွေကိုKitty, Uncle, Echo, Hurry, Slow စတဲ့အသံတွေသို့ပြောင်းပြီး ပို့လို့ရပါတယ်။ တစ်ဖက်လူကတော့ ဘယ်သိမလဲ.... အံသြသွားမှာပေါ့.... သူငယ်ချင်းတို့လည်း အံသြသွားအောင်လုပ်ချင်ကြပါသလား ??? လုပ်ချင်ရင်တော့ အောက်မှာဆွဲသွားပေါ့နော်.... Wechat Application မရှိသေးသူတွေအတွက် ဒီနေရာလေး မှာ သွားယူနိုင်ပါတယ်။ ကိုယ့်ရဲ့ပြောင်းပြီးသားအသံကို Share မှာ Wechat ကိုရွေးပေးလိုက်ရင်ရပါပြီ။ FB မှာလည်း Share လို့ရပါတယ်။ Wechat Voice ကို အောက်မှာယူသွားပါ။ Features တွေကိုလည်းရေးပေးလိုက်ပါတယ်။

* Mix your voice with 2 background sound effects.
 * Share your voice to WeChat, Facebook and Email.
 * Save your voice on the phone.
 * Friendy interface and attactive graphics.
*Wechat Application အား မြန်မာနိုင်ငံမှာဝင်ပြီး Register လုပ်လို့မရပါ။ Log In နဲ့ Sign In အောက်မှာ FB Connect ဆိုတာနဲ့ဝင်ပါ။
*မိမိရဲ့ Facebook အကောင့်နဲ့ဝင်ပါ။
ကျေးဇူးတင်ပါတယ်။

Huawei T8810 ( ANDROID VERSION 2.2.2 ) ကို ROOT လုပ်ကြရအောင်......

 
T8810 ကိုင်ဆောင်သူများ ROOT လုပ်ဖို့အတွက်ပါ။
  • ဘာမှတော့မခက်ပါဘူး။ အရင်ဆုံးလိုအပ်တဲ့ Root Tools ကို ဒီနေရာလေး မှာ Download လိုက်ပါ။
  • ပြီးရင်တော့ မိမိဖုန်းမှာ Install လုပ်လိုက်ပါ။
  • Install လုပ်ပြီးရင် Open လိုက်ပါ။
  • Superuser Request လို့မေးလာရင် Allow လုပ်ပါ။
  • ပြီးရင် Box တစ်ခုပေါ်လာပါမယ်။ Ok နှိပ်ပါ။
  • Ginger Break ထဲရောက်သွားပါမယ်။ Root Device ကိုနှိပ်လိုက်ပါ။
  • Rooting လုပ်နေတာကိုတွေ့ရပါမယ်။ ပြီးရင်ဖုန်းက Auto reboot လုပ်သွားပါမယ်။
  • ပြီးရင်မိမိရဲ့ဖုန်းမှာ Superuser လေးရောက်နေမှာဖြစ်ပါတယ်။
ဒါဆိုအဆင်ပြေပါပြီ။ မြန်မာဖောင့်မြင်ရဖို့အတွက် ဒီနေရာ မှာ သွားကြည့်ပြီးလုပ်နိုင်ပါတယ်။

Moborobo All In One Android PC Suit 2012

သင့် Android Mobile အတွက် ကွန်ပြုတာနဲ့ ချိတ်ဆက်ကာ စွယ်စုံ အသုံးပြုနိုင်ဖို့
ရွေးချယ်စရာမလိုပဲ သင့်ရှေ့ ကို ပို့ပေးလိုက်ပါပြီ။
ဒီဆောဖ်ဝဲလ် လေးက အတော် အသုံးဝင်ပါတယ် APP.GAME.MUSIC.RINGTONE.WALLPAPER.THEME
စသည့် မိမိ လိုအပ်သည်မှန်သမျှကို လွယ်ကူစွာ
မိမိ ရဲ့ Android Mobile Device ထဲသို့
ထည့်သွင်းနိုင်ပါပြီ။

Huawei U9200 ICS (ROOT+Recovery+MM FONT+Google)

(1)
U9200 ကို Root နည်းက Unlock Bootloader Tools နဲ့ ဖြစ်ပါတယ်။ ခုတော့ နောက်တစ်မျိုး ပြသပေးပါ့မယ်။ အစ အဆုံး မပြရင် တိုင်ပတ် တက်တဲ့ ညီအကို မောင်နှမတွေ အတွက်ဖြစ်လို့ အဆင်ပြေမပြေဆိုတာလေးတော့ မှတ်ချက်ပေးခဲ့ပါ။
(2)
ဒီအချိန်မှာ လိုအပ်တာတွေ အရင် Download ဆွဲထားကြရအောင်…
password – thitsankhant
(3)
Download ဆွဲထားတဲ့ adb fastboot ဖိုင်ကို ဖြေလိုက်ပါ။
ပြီးလျင် u9200.img ဖိုင်လေးအား ခုနက ဖြေထားတဲ့
adb fastboot ဖိုင်လေးထဲသို့ သွားပစ်ထည့်လိုက်ပါ။
(4)
 များအား zip မဖြေပဲ ထိုအတိုင်း SD Card အလွတ်တစ်ခုတွင်
ထည့်ပြီး ဖုန်းအတွင်းသို့ ထို SD Card အား ထည့်သွင်းထားလိုက်ပါ။
(5)
ယခုဆိုလျင် ဖုန်းအား System Setting အတွင်းတို့ ၀င်ရောက်ကာ
Security အတွင်းမှ Unknown sources အား အမှန်ခြစ်ပေးပါ။
ထို့နောက်  System Setting ထဲမှ Developer options အားဝင်ကာ
USB debugging အား အမှန်ခြစ်ပေးပါ။
ပြီးလျင် ဖုန်းအား ကွန်ပြုတာဖြင့် ချိတ်ဆက်ကာ Driver သိအောင် လုပ်ပေးရပါမယ်။
(6)
အခုဆိုရင် Driver သိသွားပြီး နောက် ဆက်လုပ်ရမှာက
ခုနက zip ဖြေထားတဲ့ adb fastboot ဖိုင်လေးထဲကို သွားပါ
ဖိုင်အတွင်း Shift Key နှင့် Righit Click ပေါင်းနှိပ်ပါ
box တက်လာရင် Open Command Windows here ကို နှိပ်လိုက်ပါ
ခုဆိုရင် CMD run box လေး တက်လာပါပြီ
Run Commands on Android Device through Windows CMD
ဖုန်းကို fastboot ခေါ်ပါတော့မယ်။
(7)
အခုက စပြီးတော့ ကျွန်တော် ရိုက်ခိုင်းတဲ့ စာကြောင်းအတိုင်း တိတိကျကျ ရိုက်သွားပါမယ်
adb reboot bootloader ကိုရိုက်ပြီး Enter နှိပ်လိုက်ပါ
ဖုန်း Reset ကျသွားပြီး ပြန်တက်လာလျင် Huawei Logo မှာ ရပ်နေပါမယ်
ဒါဆို Fastboot mode အောင်မြင်ပါတယ်။
နောက်တစ်ဆင့်ကတော့
fastboot flash recovery u9200.img  ဆိုပြီးရိုက်လိုက်ပါ ပြီးရင် Enter ကိုနှိပ်
သူက Recovery စရေးပါမယ်
ပြီးသွားပြီ ဆိုရင် OK ပြပြီး Finish ပြပါမယ်…
ဒါဆိုရင် Recovery အဆင့် ပြီးဆုံးအောင်မြင်ပါပြီ။
PH ကို ပါဝါ ပြန်ပွင့်ဖို့ အတွက်
fastboot reboot ကိုရိုက်ပြီး Enter နှိပ်ပါ
ဖုန်း ပါဝါပြန်ပွင့်လာပါမုယ်။
(8)
ဖုန်းကို ပါဝါ ပြန်ပိတ်လိုက်ပါ။
ငါးစက္ကန့် ကြာလျင်
VOL UP + Power  Key အား Recovery boot menu မပေါ်မခြင်း နှိပ်ပေးထားပါ
စက်ရုပ်ကလေးပေါ်လာပြီး Boot menu စာတန်းလေးတွေ မြင်ရပီ ဆိုရင် ခလုပ်တွေကို လွှတ်လိုက်ပါ။
(9)
ကျွန်တော် ပေးထားတဲ့ U9200 Recovery သည် Touch ဖြစ်တဲ့ အတွက်
တစ်မူထူးခြားပြီး Link တိုင်းကို လက်နဲ့ ထိတွေ့ပြီး
လျင်မြန်စွာ ၀င်ရောက် ပြုလုပ်နိုင်ပါတယ်။
ကဲ နောက်လိုက်ရမယ့် ကိစ္စတွေကတော့
install zip from sd card ဆိုတာလေးကို ၀င်ပါ။
choose zip from sdcard ဆိုတာလေးထဲ ထပ်ဝင်လိုက်ပါ။
ကဲ အခုဆိုရင် SD Card ထဲ ရောက်ပြီ ဖြစ်လို့
ခုနက SD Card ထဲ ထည့်ထားတဲ့
နှင့်
ဆိုတဲ့ zip ဖိုင်လေး နှစ်ခုစလုံးကို ရွေးပြီး
Click ပါ install လုပ်ပါ
No နှင့် Yes ရွေးခိုင်းလျင် Yes ကိုသာ ရွေးပြီး Click နှိပ်ပါ။
ဘားလုံး ပြီးသွားလျင် reboot system now ကို နှိပ်ပါ။
ဖုန်းပါဝါတ် ပိတ်ပြီး ပြန်ပွင့်လာလျင် Super SU နှင့်
Google App များ ဖြစ်တဲ့ Gtalk နှင့် Gmail များပါ
ရောက်ရှိနေတာ တွေ့ရပါလိမ့်မယ်။
 (10)
PH ပါဝါ ပြန်ပွင့်နေတဲ့ အချိန်မှာ File Manager ကနေတဆင့် SD Card ထဲမှ
စတဲ့ Android APK နှစ်ခုအား Install လုပ်ပေးပါ။
ပြီးလျင် Zawgyi Installer အား ဖွင့်လိုက်ပါ
Chat For Root Acess လုပ်ခိုင်းပါမယ်
Grant And Deny နှစ်ခုထဲက Grant ကိုရွေးရမှာ ဖြစ်ပါတယ်
Grant ကို ရွေးမှ Zawgyi Installer အား အသုံးပြု၍ ရရှိမည်ဖြစ်ပါတယ်။
ပြီးသွားပြီဆိုရင်တော့ Zawgyi Installer ထဲမှ သင်ကြိုက်နှစ်သက်ရာ
Font Style လှလှလေးများအား စိတ်ကြိုက်ရွှေးချယ်နိုင်ပါပြီ။
 
သင်လိုချင်တဲ့ Font Style ကို ရွေးချယ်ပြီးပြီ ဆိုရင်တော့
Exit & Reboot Phone
ကိုနှိပ်လိုက်ပါ ပါဝါပိတ်သွားပြီး
ပြန်ပွင့်လာလျင် မြန်မာဖောင့် ရရှိပြီ ဖြစ်ပါတယ်။
(11)
System Setting ကို ၀င်ပါ
Language and input
ဆက်တင် ထဲကို ထပ်ဝင်ပါ။
Frozen Keyboard အား အမှန် ခြစ်ပေးပါ။
OK ကို  နှိပ်ပါ။
ယခု ဆိုရင် သင့်ဖုန်းသည် Root ပြီး မြန်မာဖောင့် ထည့်ပြီး
Google App များ ထည့်သွင်းပြီး လိုလေသေး မရှိ
ပြည့်စုံသွားပါပြီ။
၁၂ နာရီကနေ စရေးတာ ခုဆို မနက် ၃ နာရီ ထိုးတော့မယ်…
ကျွန်တော်လဲ အိပ်ပါတော့မယ်…
အားလုံး အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ…

Huawei U8818 ICS Root



ခု တလော U8818 ကို Unlock Bootloader Tools နဲ့
Root မရတော့ဘူး ဆိုသူတွေ အတွက်
ကျွန်တော် နည်းလမ်းလေး လိုက်ရှာရင်း
ဒီ http://androidforum.cz မှာ တွေ့တာပါ
သူပေးထားတဲ့ နည်းအပြင် ကျွန်တော် နည်းနည်း ထပ်ပြင်ဆင်ထားပါတယ်။
အရင်ဆုံး U8818 ICS Root.rar ကိုအရင် Download ထားလိုက်ပါ
pass ကတော့ thitsankhant ပါ။
Download ဆွဲထားတဲ့ U8818 ICS Root.rar ကို ဖြေလိုက်ပါ
ထိုအထဲမှ U8818 ICS.bat ကို Run ပေးထားရပါမယ်…
ဖုန်းကိုတော့ ပါဝါဖွင့်ပြီး ကြိုးထိုးထားပါ။
cd /data/local/tmp
chmod 777 ./myanmarmobileapp
./myanmarmobileapp 0xd524 0xab8f sh
mount -o remount,rw -t ext4 /dev/block/mmcblk0p12 /system
cat /data/local/tmp/su > /system/xbin/su
chown 0.0 /system/xbin/su
chmod 06755 /system/xbin/su
cat /data/local/tmp/supersu.apk >/system/app/supersu.apk
chown 0644 /system/app/supersu.apk
exit
exit
U8818 ICS.bat
ကို Run ပြီးနောက်ပိုင်း
cmd လေးပေါ်လာမှာ ဖြစ်ပြီး ထို cmd ထဲတွင် အောက်ပါ code များအား တစ်လိုင်းစီ ရိုက်ပြီး enter ခေါက်ပေးပါ
အားလုံး ပြီးတဲ့ အထိ တစ်ကြောင်းရိုက်လိုက် Enter ခေါက်လိုက် လုပ်ပေးသွားပါ။
အားလုံးပြီးသွားတဲ့ အခါမှာတော့ ဖုန်း ကို ဖွင့်ကြည့်လိုက်ပါ
Super SU လေးပေါ်နေတာ တွေ့ရမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ…

apk file လေးတွေကို online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးတက်ချင်လျှင်

Android ချစ်သူများအတွက်ဗဟုသုတ ရစေရန်နှင့် အသုံးပြု့တက်စေရန်
ပြန်လည်မျှဝေလိုက်ပါတယ်
 
လွယ်ပါတယ် အရမ်းကို လွယ်ကူပါတယ် အဆင့်နှစ်ဆင့်ထဲနဲ. apk file လေးတွေကို online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ

ဖန်တီးရမဲ့ apk ဖိုင်လေးရဲ. အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို
ဖုန်းထဲမှာ ဖုန်းစကရင် နဲ. fix အဖြစ် ဖတ်ရှူ.လို.ရအောင်  ကိုယ်တိုင်လုပ်ကြည့်မှာပါ။

 ပထမဆုံးဒီကိုကလစ်နှိပ်ပီး ဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ
Creat app ဆိုတာကို ကလစ်နှိပ်ပါ။
website ဆိုတာကို ကလစ်နှိပ်ပါ။
website url ဆိုတဲ့ နေရာမှာ မိမိ ပြုလုပ်လိုတဲ့ ဆိုဒ်ရဲ. လိပ်စာကို အပြည့်အစုံ ထည့်ပေးပါ။ကျွန်တော်က တော့ ကျွန်တော့် ရဲ. ဘလော့ လိပ်စာ http://shwenaditechnology.blogspot.com/ ဆိုတာကိုထည့်လိုက်ပါတယ် http:// ဆိုတာလေးက ပါမှ ရမှာပါ ပီးရင် app name ဆိုတဲ့နေရာမှာ မိမိဖန်တီးထားတဲ့ app ရဲ.နာမည်ကို ပေးချင်သလို ပေးလို.ရပါတယ် ကျွန်တော်ကတော့ shwenaditechnology လို.ပဲပေးလိုက်ပါတယ်discription ဆိုတဲ့နေရာမှာတော့ ဘာမှ မပေးပါဘူး အင်းအောက်က icon ဆိုတဲ့နေရာမှာ default icon ကိုရွေးထားပါတယ် custome ကို ရွေးရင်တော့ သူက မိမိတိုapp ကို စိတ်ကြိုက်icon လေးနဲ. လုပ်နိုင်ဖို. jpeg ဖိုင်လေးကို upload တင်ခိုင်းမှာပါ ။ screen orientation ကိုတော့ auto ပဲပေးပါမယ် ။ စိတ်ကြိုက်ထားလို.ရပါတယ် ။ cetagoryကိုတော့ blog ပဲပေးထားပါတယ် စိတ်ကြိုက်ထားလို.ရပါတယ် ကိစ္စ မရှိပါ။
ပီးရင်တော့ creat app ကိုကလစ်နှိပ်ပါ။
ဒါဆိုရင်တော့သူက သူ.ဆီမှာ အကောင့်ဖွင့်ဖို.အတွက် form ဖြည့်ပေးရမှာပါ
ဖြည့်ပေးလိုက်ပါ ပီးရင် i agree with----- ကို check box မှာ အမှန်ခြစ်လေးပေးလိုက်ပါ ပီးရင်တော့ sing up ကိုနှိပ်လိုက်ပါ။
ကဲ ကျွန်တော်တို. apk file လေးတစ်ခုရတွားပါပီ အဲ့ဒီ ဖိုင်လေးကို ဒေါင်းဖို.အတွက် အပေါ်က ပုံမှာ ပြထားတဲ့ လင့်ကို နှိပ်ပီး နောက်ပေါ်လာတဲ့ အထဲက download ဆိုတာကို နှိပ်ပီး ဒေါင်းနိုင်ပါတယ် မိမိ လုပ်ထားတဲ့ apk လေးကို ရှယ်ချင်တယ် ဆိုရင်လည်း အပေါ်က ပုံမှာ ပြထားတဲ့ လင့်လေးကို သူများတွေကို ပေးပီး ရှယ်နိုင်ပါတယ်-----(စကရင်တွင် previewပေါ်စေချင်ရင် အမဲရောင် စကရင်ပေါ်တွင် ကလစ်တစ်ချက်နှိပ်ပေးပါ)----------- ဒါဆိုရင်တော့ အဆင်ပြေမယ် လို. ယူဆပါတယ် အဆင်မပြေရင် စီဘောက်စ် မှာ အော်သွားလို.ရပါတယ်--------အားလုံးပျော်ရွှင်ပါစေ------------
ref to  http://shwenaditechnology.blogspot.com/  & DJJOE MAN